• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
in သတင်း
A A
ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

၂၀၁၁ ခုနှစ်က ကုတင် ၅၀၀ ဆန့် ကလေးအထူးကု ဆေးရုံကြီး ဖွင့်ပွဲတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း၏ မြေးကို တွေ့ရစဉ် (ဓာတ်ပုံ - Demo Kaungkin / Burma Today)

171.3k
VIEWS
Share on FacebookShare on Twitter

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က မီးပွိုင့်တွင် ကားလမ်းရှင်းပေးသည့် ကိစ္စနှင့် ပတ်သက်၍ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရခြင်းမှာ ဟုတ်မှန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ကောလာဟလများ ပျံ့န့ှံနေသကဲ့သို့ ငွေကြေး လက်ခံရယူမှု မရှိခဲ့ကြောင်း၊ ဂျာနယ်တချို့တွင် ဖော်ပြထားသော နှစ်ဘက်ကျေအေးသည် ဆိုသည်မှာ လုံးဝမဟုတ်ဘဲ ၎င်းအနေဖြင့် အေးအေးဆေးဆေးသာ နေလိုသောကြောင့် မည်သည့်အဖွဲ့အစည်းကိုမျှ တင်ပြတိုင်ကြားတော့မည် မဟုတ်ကြောင်း ရဲတပ်သား စံသိန်းထွေးက ရှင်းပြသည်။

တပ်သားစံသိန်းထွေးမှာ ၎င်း တာဝန်ထမ်းဆောင်နေသော နေရာကို ဖော်ထုတ်ပြောဆိုရန်နှင့် ဧရာဝတီ သတင်းဋ္ဌာနနှင့်
လူချင်းတွေ့ဆုံရန်လည်း ငြင်းဆိုသည်။

“ကျနော် အေးအေးဆေးဆေးပဲ နေချင်တယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆက်သွယ်ချင်ဘူး” ဟု သူက ပြောသည်။

ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိ၏ အဆိုအရ တပ်သားစံသိန်းထွေးကို ၎င်းတို့ ဋ္ဌာန အင်အားမှ ထုတ်နုတ်သွားပြီ ဖြစ်ပြီး နေပြည်တော်မှ ခေါ်ယူထားသည်ဟုသာ နောက်ဆုံး သိရှိရကြောင်း သိရသည်။

နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးရုံးကမူ ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးကို နေပြည်တော်တွင် ခေါ်ယူထားခြင်းမှာ မဟုတ်မှန်ဘဲ ရန်ကုန်ရုံးသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်သောကြောင့် ရန်ကုန်တွင်သာ စုံးစမ်းမေးမြန်းရန် ပြောကြားသည်။

ယခုအခါ တပ်သား စံသိန်းထွေးမှာ ရန်ကုန်မြို့ရှိ ၅၁ လမ်း ယဉ်ထိန်းရုံးတွင် တာဝန် ထမ်းဆောင်နေကြောင်း ဧရာဝတီ သတင်းဋ္ဌာန၏ စုံစမ်း သိရသည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက မတ်လကုန်ပိုင်းတွင် ခေါ်ယူခဲ့သေးသည်။ နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိရဘဲ နေပြည်တော် ယဉ်ထိန်း တပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ကမာရွတ် ယာဉ်ထိန်းရုံးမှ အရာရှိတဦးက မတ်လ ၂၁ ရက်နေ့က ပြောပြခဲ့ဖူးသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစုမှ ဦးထင်ကျော်က ဖိုးလပြည့်လက်သီးနှင့် ထိုးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မခံနိုင်သောကြောင့် နိုင်ငံသားတဦး၏ တရားဥပဒေ စိုးမိုးရေးကို ပုံဖော်သည့် ပုံစံဖြင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့သို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ရာ စခန်းမှူး ဦးအောင်မော်က အမှုတိုင်တန်းချက်ကို လက်ခံခဲ့သော်လည်း အမှုဖွင့်မပေးခဲ့ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

“အမှုဖွင့်တဲ့ တိုင်စာကို လက်ခံထား လိုက်တယ်။ သူ့ဆီမှာ ကမာရွတ် ယဉ်ထိန်းတပ်ဖွဲ့စု ၂၅ က လာရောက် တိုင်ကြား ထားတာ မရှိဘူး။ ကာယကံရှင် ဖြစ်တဲ့ ရဲတပ်သား စံသိန်းထွေးကလည်း လာရောက် တိုင်ကြားထားတာ မရှိတဲ့အတွက် တိုင်စာကို လက်ခံတယ်။ အမှုဖွင့် မပေးဘူး။ လူကြီးကို တင်ပြပေးပါ့မယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

တာဝန် ထမ်းဆောင်နေသော ယူနီဖောင်းဝတ် အစိုးရဝန်ထမ်းတဦး တာဝန်ချိန်တွင် ပါးရိုက်ခံရခြင်းသည် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကာယကံရှင် ကိုယ်စား အမှုလိုက်ဖွင့်နေခြင်းမှာ သက်ဆိုင်သူများကို ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း သက်သေပြလို၍ ဖြစ်ကြောင်း ဦးထင်ကျော် က ဆိုသည်။

“သူ့ဟာသူ အမှုဖွင့်တာ ဖြစ်ပါလိမ့်မယ်။ ကျနော်နဲ့ မဆိုင်ပါဘူး” ဟု တပ်သား စံသိန်းထွေးက ဧရာဝတီသို့ ပြောသည်။

ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း၊ ကာယကံရှင် ကိုယ်တိုင် မဆောင်ရွက်လိုသော ကိစ္စကို ဝင်ရောက် ဆောင်ရွက်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

“တရားဥပဒေ စိုးမိုးရေးဆိုတာက အာဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မျက်နှားကြီးငယ် မလိုက်ဘဲနဲ့ ကျောသားရင်သား မခွဲခြားဘဲနဲ့ ဥပဒေရဲ့ ရှေ့မှောက်မှာ အားလုံး အညီအမျှ ဖြစ်ရမယ်။ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတွေအားလုံး ဥပဒေရဲ့ အကာအကွယ်ကို ရရှိခံစားရမယ်။ အဲဒီလိုမှ တရားဥပဒေ စိုးမိုးရေးက ပြည့်စုံတယ်လို့ ပြောလို့ရမယ်” ဟု ၎င်းက ဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖိုးလပြည့်သည် ၉ ဂ/ ၉၉၁၄ ကို မောင်းနှင်လာပြီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင် ကားလမ်းရှင်းပေးရန် တောင်းဆိုသောကြောင့် ယဉ်ထိန်းရဲ တပ်သားစံသိန်းထွေးက လမ်းရှင်း ပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးဖြင့် ဆင်းထိုးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားခဲ့ရာ ဖြစ်စဉ်များမှာ မှန်ကန်ကြောင်း စုံစမ်းမေးမြန်းချက်များအရ သိရသည်။

အစိုးရ ယူနီဖောင်းဝတ် ဝန်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း၊ တာဝန် ဝတ္ထရား နှောင့်ယှက်မှုတွင် နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တား နှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၅ ရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ဝန်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း သိရသည်။

Your Thoughts …
Tags: PoliceReligiousRule of Law
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k


ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် ပြေးရှောင်ရသည့် ဒုက္ခသည်များ နေရပ်ပြန်မည်

SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် ပြေးရှောင်ရသည့် ဒုက္ခသည်များ နေရပ်ပြန်မည်

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved