• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ခရိုနီဝါဒ ဘာလဲ

by သစ္စာနီ
30 May 2013
in သူ့အတွေး သူ့အမြင်
A A
ခရိုနီဝါဒ ဘာလဲ

“ခရိုနီ” ဆိုတာ မလိုလားအပ်တဲ့ ဝေါဟာရဟု Noam Chomsky က ဆို၏

8.6k
VIEWS
Share on FacebookShare on Twitter

မကြာမီ နှစ်ကာလ အနည်းငယ် အတွင်းမှ စတင်ကာ ခရိုနီဆိုသော စကား မြန်မာ့ လူ့အဖွဲ့အစည်းတွင် ခေတ်စား လူပြော များလာသည်။ Crony ဆိုသော ဝေါဟာရမှာ ၁၈ ရာစုတွင် လန်ဒန်၌ ပေါ်ထွန်းလာသော စကားဖြစ်သည်။ မူရင်းမှာ ဂရိ ဘာသာစကား xpovioc (chronios) ဖြစ်ကာ တိုက်ရိုက် အဓိပ္ပာယ်မှာ ကာလရှည်ကြာသော ဟု အဓိပ္ပာယ်ရသည်။ ဒီတုန်းက မိတ်ဟောင်းဆွေဟောင်းတွေ စုပေါင်းကာ တယောက်အကျိုး တယောက် ကြည့်ကြသည်။  The old boys club သို့မဟုတ် The golden circle ဟုခေါ်ကြသည်။ သို့ဖြင့် အစိုးရဌာနများတွင် ရာထူး ကြီးကြီးမားမား ရရှိသောသူတွေက မိတ်ဆွေတွေကို စီးပွားရေးနှင့်ပတ်သက်၍ အထူးအခွင့်အရေး ပေးရာမှ ခရိုနီဝါဒ (cronyism) ဟူ၍ ဖြစ်ထွန်းလာ သည်။ Collins အင်္ဂလိပ် အဘိဓာန်တွင် cronyism ဆိုသော ဝေါဟာရအား The practice of appointing friend to high-level posts, political posts regardless of their suitability ဟု ဖွင့်ဆိုပြထားသည်။

သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာ ကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

တချို့က governmental favoritism လက်သင့်ရာ စားတော်ခေါ်သော ဝါဒ ဟုလည်း ဖွင့်ဆိုကြသည်။ အထူးသဖြင့် အစိုးရက စီးပွားရေးနှင့် လူမှုရေးကို ချုပ်ကိုင်ထားသော (dirigisme) တိုင်းပြည်များတွင် သူတို့သည် အခွင့်ထူးခံ လူတန်းစားများ ဖြစ်လာသည်။ ကြီးမားသော စီးပွားရေး လုပ်ငန်းကြီးများကို တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့် ရကြသည်။ အခွန် ကင်းလွတ်ခွင့် ရကြသည်။ ဒါမှမဟုတ် အင်မတန် နည်းပါးသော အခွန်သာ ဆောင်ကြရသည်။ တခုတော့ ရှိသည်။ အမြတ်အစွန်းကို သူတို့နှင့် ပုလင်းတူ ဗူးဆို့ အာဏာပိုင်များကို ခွဲဝေပေးရသည်။ သို့ဖြင့် ခေတ်အဆက် ဆက် ခရိုနီများသည် “လူနပ်”ချမ်းသာ (ပါးနပ်တဲ့လူ ချမ်းသာတာ)များ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်၏ သယံဇာတ မျိုးစုံ နှင့် ဘဏ္ဍာငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုနေသော အာဏာပိုင်များနှင့် ကြံရာပါများ ဖြစ်ကြသည်။ အမှုတွဲများ ဖြစ်ကြသည်။ အနိုင်နိုင်ငံတွင် သူတို့သည် တကယ့် စီးပွားရေး အရှင်သခင်ကြီးများ ဖြစ်ကြသဖြင့် crony capitalism ခရိုနီ အရင်းရှင်ဝါဒ ဟုပင် ခေါ်ကြသည်။ သူတို့သည် မည်သည့်နိုင်ငံတွင်မဆို (free and not so free state) ရှိနေသည်။

အစိုးရ အရင်းရှင် စံနစ်ဟု ဆိုနိုင်သော ကွန်မြူနစ် နိုင်ငံများတွင်လည်း ရှိသည်။ ခရိုနီ ဆိုရှယ်လစ်ဇင် ဒါမှမဟုတ် Red capitalism တရုတ်တွင်လည်း ရှိသည်။ အိန္ဒိယတွင်လည်း ရှိသည်။ ယနေ့ကမ္ဘာတွင် သန်းကြွယ်သူဌေး အပေါများဆုံး နိုင်ငံများမှာ ထိုနိုင်ငံများ ဖြစ်နေတာ တွေ့ရမည်။ အင်ဒိုနီးရှား၊ မလေးရှား၊ အာဂျင်တီးနားနှင့် ဘရာဇီး နိုင်ငံများမှာ ရှိသည်။ အစ္စရေး၊ ရုရှားနှင့် အမေရိကားမှာ ရှိသည်။ မကြာခင်က အမေရိကန်တွင် ဖြစ်ပေါ်ခဲ့သော “ဝေါစထရိကို သိမ်းပိုက်ကြ” Occupy Wall Street လှုပ်ရှားမှုမှာ အမေရိကန် ခရိုနီတွေကို ဆန့်ကျင်သော ပြည်သူတွေ၏ သာဓကတခု ဖြစ်သည်။ အာဖရိကတွင် အာဏာရှိသူတွေသာ အလွန်အမင်း ကြွယ်၀ ချမ်းသာနေသဖြင့် (Rule by wealth) Plutocracy ဟုဆိုကြသည်။ တချို့ကတော့  Kleptocracy (Rule by thief ) ဟုဆိုကြသည်။

ခရိုနီ အရင်းရှင် ဝါဒ ဖွံ့ဖြိုးလာရင် ဘာတွေ ဖြစ်မလဲ။ လက်တဆုပ်စာ ခရိုနီတစုနှင့် ဝါးစေ ဝေစား  အာဏာပိုင် တစုသာ သုံးမကုန် ဖြုန်းမကုန် ကြွယ်ဝချမ်းသာပြီး တိုင်းပြည်ကတော့ ချွတ်ခြုံကျကာ ဒေဝါလီ ခံရတော့သည်။ အခွန် တိမ်းရှောင်မှုနှင့် လာဘ်စားမှုတွေ ကြောက်ခမန်းလိလိ ကြီးထွားမည်။ ငွေကြေး အကြပ်အတည်း ကပ်ဆိုက်မည်။ (Helen Hughes ၏ Crony capitalism and the East Asian currency and financial crises,  1999 စာအုပ်တွင် ရှုပါ။) ဖီလစ်ဒဲယ်ဖီးယား က ဘာသာမဲ့ အမေရိကန် ၂၁ ရာစု ဒဿနိကဆရာ Noam Chomsky က အရင်းရှင်ဝါဒ အကြောင်း ထုတ်ဖေါ်ရှင်းလင်းတဲ့ နေရာမှာ  “ခရိုနီ” ဆိုတာ မလိုလားအပ်တဲ့ ဝေါဟာရ တလုံးဖြစ်လိမ့်မယ်ဟု ပြောခဲ့၏။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
116
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64

ဈေးကွက်စီးပွားရေးကို တရုတ် ကူးပြောင်းတဲ့ နေရာမှာ ခေါင်းဆောင်တဦး ဖြစ်သူ Wu Jinglin က It faces two starkly contrasting future, a market economy under the rule of law or crony capitalism ဟု ပြောခဲ့သည်။ ကျနော်တို့ နိုင်ငံမှာရော။ ဈေးကွက် စီးပွားရေးဟု ကြွေးကြော် ပါသည်။ ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့သော ခရိုနီဝါဒ (cronyism) ကို မဖယ်ရှားနိုင်လျှင် crony capitalism စံနစ်သာ ဖြစ်ကာ လက်တဆုပ်စာ လူတစုကသာ ကောင်းစားမြဲ ကောင်းစား နေပေမည်။ နိုင်ငံရေးတွင်လည်း တင်းပြည့် ဒီမိုကရေစီမဟုတ်၊ ကန့်သတ်ထားသော ဒီမိုကရေစီ (Limited Democracy) ၌သာ နေထိုင်နေရသည်ကို ဂရုပြုရမည်။

သူတို့ဆီတွင် carpet beggar ဟူ သော စကားရှိ၏။ ခေတ်ပျက် သူဌေးများကို ခေါ်ခြင်းဖြစ်သည်။ တိုင်းပြည် ဒုက္ခရောက် နေတာကို အခွင့်ကောင်းယူကာ စီးပွား ရှာနေသူများပင် ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် ဖြစ်သောအခါ ငတေမာ ချင်သူ တသိုက်က မြောက်ပိုင်းက နေ၍ တောင်ပိုင်းသို့ သွားကာ စီးပွားရှာ ကြသည်။ ( သူတို့ ယူဆောင် သွားသော ကော်ဇောနှင့် ချုပ်ထားသည့် ခရီးဆောင်အိတ် carpet bag ကို အစွဲပြုကာ carpet beggar ဟု ခေါ်ခြင်းဖြစ်သည်။)

တော်လှန်ရေး ကောင်စီခေတ် နှင့် မ.ဆ.လ တခေတ်လုံးတွင် စီးပွားရေး လောက၌ ခေတ်စားခဲ့သော စကားလုံးတလုံးရှိ၏။ အဆက်အသွယ် (Connection) ဟူသော စကားဖြစ်၏။ ယနေ့ ထင်ရှားသော မြန်မာနိုင်ငံ၏ ခရိုနီကြီး တချို့မှာ မ.ဆ.လ ခေတ်ကပင် ထိုအဆက်အသွယ်ကို အမှီပြု၍ ကြီးပွား ချမ်းသာနေသူများဖြစ်သည်။

ကျနော်တို့ နိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းသောအခါ ကြိုတင်လာဘ်မြင်သော ခရိုနီတစု သည် “ပေးကမ်းခြင်းသည် အောင်မြင်ရာ၏” ဟူသောစကားကို လက်ကိုင်ပြုကာ ထင်ရှားပြီး သြဇာရှိသည့် နိုင်ငံရေး အဖွဲ့အစည်းများ၊ ကျောင်းသား အဖွဲ့အစည်းများကို ချဉ်းကပ် သိမ်းသွင်း လာကြသည်။ ပြည်ပမှ လောင်းကစားဝိုင်းများတွင် တညတည်းမှာပင် ဒေါ်လာ သိန်းချီ ရှုံးအောင် ကစားနေသူတွေက ထောင်မြင် ရာစွန့် လုပ်လာသော မဖြစ်စလောက် ငွေကြေးလေးကို ကြည့်၍ သဘောထား ပြောင်းမသွားဖို့၊ မမှားကြဖို့ လိုပါသည်။

နှစ်ပေါင်းများစွာ တိုင်းပြည်၏ သယံဇာတနှင့် ဘဏ္ဍာငွေများကို အလွဲသုံးစားပြုကာ တိုင်းပြည် ဆင်းရဲတွင်း နက်အောင် ဖန်တီးခဲ့ရာ၌ ခရိုနီတို့သည် အဓိက ပါဝင်ခဲ့သည်ကို မေ့ပျောက်မထားသင့်။ ဒီအတွက် ဒီလူတွေ ဘယ်လောက်တာဝန် ယူမည်နည်း။ ငွေနဲ့ လာတော့ ငွေဧည့်သည်၊ ရွှေနဲ့ လာတော့ ရွှေဧည့်သည် သဘောထား နေရင်တော့ သိပ်ဟန်မကျ ဟု ထင်ပါသည်။ ကျနော်တို့ အကျိုး အတွက် မပါပါဘူး၊ နိုင်ငံအကျိုး အတွက်ပါ ဟု သူတို့ပြောလာလျှင်လည်း ကျနော်ကတော့ ဇီးသီးစားပြီး ပြောရင်တောင် မယုံချင်။ ခရိုနီတွေကို လူတွေလို ကြည့်မြင်၍ မရပေ။ အဘယ်ကြောင့် ဆိုသော် ခရိုနီ ဆို သည်မှာ ဝါဒတခု ဖြစ်နေသောကြောင့် ဖြစ်လေသည်။

Your Thoughts …
Tags: Crony
သစ္စာနီ

သစ္စာနီ

Contributor

Similar Picks:

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

ဦးဒါဝိတ်, ဦးတေဇ, လူပုကလေး, ထူးဖောင်ဒေးရှင်း, ထရုန်

ဦးတေဇ အစီအစဉ်နဲ့ ထရုန်လူပုကလေးတဦး ရန်ကုန်ရောက်ရှိ

by ဧရာဝတီ
25 September 2013
6.1k

ဦးတေဇ ထူထောင်ထားတဲ့ ထူးဖောင်ဒေးရှင်းရဲ့ စီစဉ်မှုနဲ့ ကချင်ပြည်နယ် ပူတာအို ခရိုင်အတွင်း ဝေးလံခေါင်ဖျား ဒေသမှာနေတဲ့ ထရုန်အမျိုးသား လူပုကလေး ဦးဒါဝိတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ခရိုနီ, ဦးတေဇ, သူရိယနေဝန်း, စာနယ်ဇင်း, ဦးမိုးဟိန်း

သူရိယနေဝန်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား

by ထက်နိုင်ဇော်
26 November 2013
19.9k

လမ်းဘေး စရိုက်ဆန်စွာ စိန်ခေါ်မှု အတွက် မိမိ ဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များ ကိုလည်း ဥပဒေကြောင်း အရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်

ဦးတေဇ, ပူတာအို, ကချင်ပြည်နယ်

ဦးတေဇ၏ ပူတာအို စီမံကိန်း ဝေဖန်ခံနေရ

by စောရန်နိုင်
29 November 2013
12.2k

“အခုဆိုရင် ပူတာအို တောင်ကြားကို ဦးတေဇ ပိုင်သွားပြီလို့ ကျနော်တို့ ကြားရပါတယ်၊ ကျနော်နဲ့ တွေ့ခဲ့တဲ့ ဒေသခံ ပြည်သူ အားလုံးကတော့ အစိုးရဆီက သူ ၀ယ်လိုက်တယ် ပြောကြတယ်”

Next Post
နှစ်ယောက်ထက် မပိုရ

နှစ်ယောက်ထက် မပိုရ

ထိုင်းနိုင်ငံက မြန်မာကြက်ခြေနီ အသင်းအတွက် ရံပုံငွေလှူဒါန်း (ရုပ်/သံ)

ထိုင်းနိုင်ငံက မြန်မာကြက်ခြေနီ အသင်းအတွက် ရံပုံငွေလှူဒါန်း (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved