• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
in သတင်း
A A
ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မက်စ်မြန်မာကုမ္ပဏီကလှူဒါန်းထားသော ရန်ကင်းကလေးဆေးရုံတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုမ္ပဏီပိုင်ရှင်ဦးဇော်ဇော်။ (ဓာတ်ပုံ-မက်စ်မြန်မာ)

10.2k
VIEWS
Share on FacebookShare on Twitter

စစ်အစိုးရလက်ထက် ချမ်းသာကြွယ်ဝလာသော ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် ပြန်လည် အခွင့်အရေး ပေးရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

နေပြည်တော် တွင် ဇန်နဝါရီလ ၉ ရက်နေ့က ပြန်လည် ကျင်းပသော လွှတ်တော် အစည်းအဝေးများ တက်ရောက်ရင်း သတင်းထောက်များ နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်းပြောဆို လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး လုပ်ဆောင်ကြရာတွင် အာဃာတကို အခြေခံသော လုပ်ဆောင်မှုမျိုးကို လက်မခံနိုင်ကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တို့တွင် ချမ်းသာကြွယ်ဝလာသော သူဌေးများကို ခရိုနီဟု ခေါ်ဆိုနေကြပြီး ချမ်းသာလာပုံ ချမ်းသာလာနည်းများတွင် မတရားမှုများ ပါဝင်ခြင်းရှိ၊ မရှိ စိစစ်ရမည်ဖြစ်ကြောင်း၊ မည်သူမဆို ပြစ်မှု ကျူးလွန်ကြောင်း မတွေ့သမျှ အပြစ်မဲ့ဟု သတ်မှတ် ရမည်ဖြစ်ပြီး ပြစ်မှုရှိခဲ့သည်တိုင် ပြန်လည် ပြုပြင်ပိုင်ခွင့်ပေး ရမည်ဖြစ်ကြောင်း ပြောသည်။

“ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ နဝတ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊ သူတို့ချမ်းသာပုံ ချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံချမ်းသာနည်းက မတရားမှုတွေ ပါလားမပါလား၊ အဲဒါတွေ စိစစ်ရမယ်။ အဲဒါက တခု။ အန်တီ အမြဲတမ်းပြောတဲ့အတိုင်းပဲ ဘယ်သူပဲဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့လို့ သတ်မှတ်ရမယ်။ နောက်ပြီးတော့ ပြစ်မှုရှိတဲ့သူတွေကလည်း ကိုယ်ကိုယ့်ကိုယ် ပြုပြင်ပိုင်ခွင့်ရှိရမယ်။ ဒါ အန်တီရဲ့ ယုံကြည်ချက်ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တရားဥပဒေစိုးမိုးရေးဟုဆိုရာတွင် ဒဏ်ပေးခြင်းနှင့် ပညာပေးချင်သောစိတ်၊ ပြန်လည်ပြုပြင်ရေး နှင့်ပြန်လည်ထူထောင်ရေးလုပ်နိုင်သော အခွင့်အရေးများ တပါတည်းရှိရမည်ဖြစ်ပြီး နာစေလိုသော စိတ်ဖြင့် ဒဏ်ပေးခြင်းသည် လူရိုင်းဆန်ကြောင်း၊ အမှားများကျူးလွန်စေခဲ့စေကာမူ ပြုပြင်နိုင်သော အခြေအနေပေးရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

“ပြန်လည်ထူထောင်ရေး ပြန်လည်ပြုပြင်ရေးဆိုတာက တရားဥပဒေအရ ဒဏ်ပေးတဲ့စနစ်မှာတောင် ပါသင့်တယ်။မပါလို့ရှိရင် ဒီဟာက လူရိုင်းဆန်တယ်လို့ပဲပြောရမှာပဲ။ဒဏ်ပေးမှုသပ်သပ်ဆိုတာက လူရိုင်းဆန်တဲ့အမြင်ပဲ။ တကယ်လူ့ယာဉ်ကျေးတွေလုပ်ရမယ့်ဟာဆိုလို့ရှိရင် ဒဏ်ပေးတာဟာ ဒဏ်ပေးဖို့ မဟုတ်ဘူး၊ ပြုပြင်ဖို့ဆိုတဲ့ အမြင်ရှိရမယ်။အဲဒီတော့ ဒဏ်ပေးတာအပြင် ပြုပြင်ဖို့အစီအစဉ်တွေပါ တခါတည်းရှိရမယ်။ အဲဒါကြောင့် ဘယ်သူမဆို အန်တီအမြင်မှာတော့ ဘယ်လောက်ပဲမှားဖူးမှားဖူး၊ ကိုယ့်ကိုယ်ကိုယ်ပြုပြင်နိုင်တဲ့ အခွင့်အရေးတော့ပေးရမယ်” ဟု ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံကဲ့သို့သော ဒီမိုကရေစီနိုင်ငံကြီးများတွင်ပင် ချမ်းသာကြွယ်ဝသော သူဌေးကြီးများသည် မတရားခေါင်းပုံဖြတ်မှုများအသုံးပြုချမ်းသာခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပရိဟိတအကျိုး၊ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးသယ်ပိုးသော သူများဖြစ်လာကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ခရိုနီသူဌေးကြီးအချို့ နှင့်ကုမ္ပဏီများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေး၊ ကျန်းမာရေး၊ ဒီမိုကရေစီပြောင်းလဲရေးအတွက် ငွေကြေးများလှူဒါန်းလာ ခြင်းအပေါ် ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အန်တီက လူတယောက်ကို ကြည့်တဲ့အခါ တခါဆိုးလို့ တသက်လုံးပဲ ဆိုးမယ်လို့ အင်မတန် အမြဲပဲ ပထားမယ်ဆိုတဲ့ စိတ်ဓာတ် လုံးဝမရှိဘူး။ အန်တီတို့ ဒီလို စိတ်ဓာတ်ရှိလို့ရှိရင် ဘာကိုမှပြုပြင်လို့ ရမှာမဟုတ်ဘူး။ အဲဒီတော့ အခု ခရိုနီလို့ အခေါ်ခံရတဲ့ သူတွေက NLD နဲ့ အခြားလူမှုရေးလုပ်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးတယ်ဆိုလို့ရှိရင် ဘာဖြစ်လဲ၊ ပံ့ပိုးပစေပေါ့။ ပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿဖြစ်အောင် ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာအတွက် ပံ့ပိုးတယ်၊ သုံးတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲ။ NLD ကို ချဉ်းကပ်လာတာလား၊ ဘယ်အဖွဲ့ကို ချဉ်းကပ်တာလား၊ ဒါကို အန်တီမကြည့်ဘူး။ လုပ်တာက ဘာအတွက် လုပ်တာလဲ။ ဘာကိုထောက်ပံ့တာလဲ။ ဘယ်နေရာကို အကျိုးပြုသလဲ။ ပြည်သူကို အကျိုးပြုမယ်၊ ဒီမိုကရေစီပြောင်းလဲရေး အကျိုးပြုမယ်၊ လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေ အကျိုးပြုတယ်ဆိုရင် ဒါက ကြိုဆိုရမယ့်ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပညာရေး ကွန်ရက်၏ ၂ နှစ်ပြည့် ပညာရေး ရန်ပုံငွေပွဲတော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး စစ်အစိုးရနှင့် နီးစပ်သော ခရိုနီသူဌေးကြီးများဟု သတ်မှတ်ခံထားရသည့် ဦးကျော်ဝင်းပိုင် ရွှေသံလွင်ကုမ္ပဏီ လက်အောက်မှ Sky Net ရုပ်သံလိုင်းက အလှူငွေကျပ်သိန်း ၁၃၅၀၊ ဦးတေဇပိုင် ထူးကုမ္ပဏီက အလှူငွေကျပ်သိန်း ၇၀၀ အသီးသီး လှူဒါန်းခဲ့ကြသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီက ဆောက်လုပ် လှူဒါန်းထားသည့် ရန်ကင်း ကလေးဆေးရုံသို့လည်း သွားရောက် လည်ပတ်ခဲ့သေးသည်။

အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံကြီးများက လူ့အခွင့်အရေး ချိုးဖောက်သည့် စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို စီးပွားရေးပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း အများစုကို စစ်အစိုးရနှင့် နီးစပ်သော ခရိုနီသူဌေးကြီးများ၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုးရေးရှင်းတို့က အဓိက ထိန်းချုပ်ထားကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများ၏ အဆိုအရ သိရှိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော်တွင် လွှတ်တော် တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက လာရောက်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း အနောက်နိုင်ငံ ခရီးစဉ်များတွင် မကြာခဏဆိုသလို ထောက်ပြပြောဆိုလေ့ရှိသည်။

သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်ကမူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် မြန်မာ့ခရိုနီ သူဌေးကြီးများကို ပစ်ပယ်မရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

စစ်အစိုးရလက်ထက် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်လာသည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်ကမူ ၎င်းအနေဖြင့် တိုင်းပြည်၏ ဒီမိုကရေစီအရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အကျိုးပြုသည့် ခရိုနီ သူဌေးတဦးဖြစ်လိုသည်ဟု ထုတ်ဖော်ပြောဆိုသည်။

“ကျနော်က ဆိုးရွားတဲ့ ခရိုနီ မဖြစ်ချင်ဘူး။ ကောင်းမွန်တဲ့ ခရိုနီပဲ ဖြစ်ချင်ပါတယ်” ဟု ဦးဇော်ဇော်က ဧရာဝတီသို့ ပြောဆိုသည်။

Your Thoughts …
Tags: Aung San Suu KyiCronyDonation
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

ခရိုနီဝါဒ ဘာလဲ

ခရိုနီဝါဒ ဘာလဲ

by သစ္စာနီ
30 May 2013
8.6k

Carpet Beggar ဟူသော စကားရှိ၏။ ခေတ်ပျက် သူဌေးများကို ခေါ်ခြင်းဖြစ်သည်။ တိုင်းပြည် ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူကာ စီးပွားရှာနေသူများပင်။

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

by ဧရာဝတီ
19 June 2025
233

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်း ဗီဒီယိုဖိုင် အများဆုံးနဲ့ ဂင်းနစ်စံချိန် တင်ဖို့ ကြိုးပမ်းနေတာမှာ ရုပ်သံဖိုင်ပေါင်း တသိန်းကျော် ရရှိထားပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းက စီစစ်အောင်မြင်ပြီးဖြစ်တယ်လို့...

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

by ဧရာဝတီ
13 June 2025
115

Opinion Talk Snapshot

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

by ဧရာဝတီ
16 December 2025
109

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ကြောင်းသိရပါတယ်။

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဖိလစ်ပိုင်သို့ ငြိမ်းချမ်းရေးအကြောင်း လေ့လာရန် သွားမည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved