• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
in သတင်း
A A
နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယား နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော် Ahn Jae-wook (ဓာတ်ပုံ - The Korea Times)

23.2k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယား နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော် Ahn Jae-wook အပါအဝင် နာမည်ကြီး ကိုရီယား အနုပညာရှင်တွေနဲ့ ဆိုးလ်မြို့ ဟိုတယ်တခုမှာ တွေ့ဆုံပြီး ညစာ အတူသုံးဆောင်ကြမယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အရ ကိုရီယား ကျော်ကြား အနုပညာရှင်တွေနဲ့ တွေ့ဆုံဖို့ကို မနက်ဖြန် ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်း ဆိုးလ်မြို့ ဟိုတယ်တခုမှာ ကျင်းပသွားဖို့ စီစဉ်ပြီးပြီလို့ ကိုရီယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိတယောက်ကို ကိုးကားပြီး The Korea Times သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့် အစီအစဉ်မှာ “နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက အဓိက သရုပ်ဆောင် ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်လို့ ဆိုပေမယ့် အနုပညာရှင်တွေရဲ့ နာမည် အတိအကျတော့ မသိရသေးပါဘူး။

အဆိုတော် Ahn Jae-wook ဟာ ၁၉၉၇ ခုနှစ်က ကိုရီယား MBC ရုပ်သံလိုင်းရဲ့ Star in My Heart ဆိုတဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ရာက ရုပ်ရှင်ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့သူလည်း ဖြစ်ပါတယ်။

ကိုရီယားလှိုင်းလို့ အဓိပ္ပါယ်ရတဲ့ Hallyu ခေါ် ကိုရီးယား ကျော်ကြား အနုပညာရှင်တွေကတော့ မြန်မာနိုင်ငံမှာ ၂၀၀၂ ခုလောက်က စတင်ပြီး ဝင်ရောက်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ကိုရီယား ပေါ့ပ်အပါအဝင် ဂီတတွေထက် ဇာတ်လမ်းတွဲတွေကိုပဲ ပိုပြီး လူကြိုက်များကြတာပါ။

အဲဒီတုန်းက ကိုရီယား KBS တီဗီဇာတ်လမ်းတွဲတခု ဖြစ်တဲ့ Autumn in My Heart ဆိုတဲ့ ဇာတ်လမ်းမှာ မင်းသမီး ဆောင်းဟေကို၊ မင်းသား ဆုန်ဆန်ဟုန်း (Song Seung–heon)၊ Boys Over Flowers က အဓိက သရုပ်ဆောင် လီမင်ဟို၊ အဆိုတော် သရုပ်ဆောင် Ahn စတဲ့သူတွေဟာ လူကြိုက်များလာခဲ့သူတွေလည်း ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ တွေ့ဆုံကြမယ့်သူတွေထဲမှာ သူတို့တွေလည်း ပါနိုင်တယ်လို့ ကိုရီယားရောက် မြန်မာများက ခန့်မှန်းပြောဆိုနေကြပါတယ်။

တောင် ကိုရီယားနိုင်ငံ၊ ဂွမ်ဂျူးမြို့မှာ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် ဒီမိုကရေစီလှုပ်ရှားမှု သူရဲကောင်းတွေဂုဏ်ပြုပွဲ တက်ရောက်ပြီး ၂၀၀၄ ခုနှစ်က ရရှိခဲ့တဲ့ ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို လက်ခံရယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် က ကိုရီယား အကျော်အမော် အနုပညာရှင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ကိုရီယားတိုင်းမ် သတင်းစာက ဆိုပါတယ်။

ယမန်နေ့ညက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖျောင်ချန် အထူးအိုလံပစ်လို့ ခေါ်တဲ့ မသန်စွမ်းသူတွေရဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲကိုလည်း အထူးဧည့်သည်တော် တဦးအနေနဲ့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဲဒီအဖွင့်မိန့်ခွန်းမှာ “မသန်စွမ်းတာနဲ့ နားလည်မှုလွဲတာတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ကျမတို့ အတူတကွ ကျော်လွှား နိုင်တယ်ဆိုတာ ဒီကနေ့ ကျမတို့ သက်သေပြမယ်လို့ ကျမမျှော်လင့်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ဒီကနေ့ နံနက်ပိုင်းကတော့ ဖျောင်ချန် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က အဓိက ဆွေးနွေးသူ တဦးအဖြစ်လည်း တက်ရောက်ခဲ့ပါတယ်။

“ကမ္ဘာကြီးမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုတွေကို ပပျောက်အောင် လုပ်ဆောင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ထားပြောတာကတော့ ကမ္ဘာပေါ်မှာ ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတာ အဓိက မဟုတ်ဘူးပေါ့ဗျာ။ လူသားအားလုံး အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာယာတဲ့ လောကကို တည်ထောင်ဖို့က အဓိက ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောသွားတာပါ” လို့ တောင် ကိုရီယားနိုင်ငံမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) က ကိုရန်နိုင်ထွန်းက ဧရာဝတီကို ပြောပါတယ်။

ကိုရီယားရောက် မြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုးလ်မြို့ရှိ သမ္မတဟောင်း ကင်မ်ဒေးဂျုံး စာကြည့်တိုက်နဲ့ ပြတိုက် အဆောက်အဦမှာ ကျင်းပမှာဖြစ်ပြီး အင်တာနက်မှ တဆင့် တိုက်ရိုက်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: Aung San Suu KyiEntertain
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.2k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

by ဧရာဝတီ
19 June 2025
233

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်း ဗီဒီယိုဖိုင် အများဆုံးနဲ့ ဂင်းနစ်စံချိန် တင်ဖို့ ကြိုးပမ်းနေတာမှာ ရုပ်သံဖိုင်ပေါင်း တသိန်းကျော် ရရှိထားပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းက စီစစ်အောင်မြင်ပြီးဖြစ်တယ်လို့...

ထိုင်း သရဲကား, မြဝတီ ရုပ်သံ , MWD Documentary

ပေါ်ပြူလာ ဖြစ်လာသော ထိုင်းသရဲကားများ

by သူဇာ
21 April 2015
12.3k

ပရိသတ် စိတ်ဝင်စားရန် ရိုက်ကူး ပုံဖော်ထားသည့် ထိုင်း ရုပ်ရှင်၏ ဇာတ်လမ်း ဇာတ်ကွက်များက ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲများကို ငြီးငွေ့နေသည့် မြန်မာ ပရိသတ်များ အတွက် စိတ်အပန်းဖြေစရာ အပတ်စဉ် စောင့်ကြည့်ရသည့် ဇာတ်လမ်းတွဲတခု ဖြစ်လာနေသည်။

ထိုင်းဘုရင်နရဲစွမ်, ဘုရင့်နောင်, ထိုင်းနိုင်ငံ, မြန်မာနိုင်ငံ, ရုပ်ရှင်ဇာတ်ကား

The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းရုပ်ရှင်ရုံတွေမှာ အခမဲ့ ပြသ

by ရန်ပိုင်
16 June 2014
14.9k

ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ချဉ်းကပ်လို့ မဖြစ်၊ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော် (City-state) များကို အောင်နိုင်ခဲ့သူ ဖြစ်ပြီး မြန်မာတွေကို ထိုင်းတွေရဲ့ ထာဝရ ရန်သူအဖြစ် ရိုက်ကူးခြင်း...

သက်တံသစ်

ထူးခြားမှုတွေနဲ့ ကြုံခဲ့ရတဲ့ ရုံတင်တော့မယ့် “သက်တံသစ်”

by မြတ်သူအောင်
27 November 2014
9.4k

သဘာဝ ဘေးအန္တရာယ် ကျရောက်မယ့် အချိန်၊ ခုနှစ်တွေ ပါရှိနေတာကို တွေ့ရပြီး ထူးခြားမှု တခုကတော့ မြန်မာပြည် - နှစ်ထောင့်တဆယ့်ခြောက် ဆိုတဲ့ စာတန်းပါပဲ။ ကျန်တဲ့ ဘာဖြစ်မယ် ဆိုတဲ့ အကြောင်းအရာ ရေးထားတဲ့ စာရွက်တပိုင်းကတော့...

မြန်မာ့ရုပ်သေး ကမ္ဘာကသိအောင် ကြိုးပမ်းခဲ့တဲ့ ဦးခင်မောင်ထွေးနဲ့ …

မြန်မာ့ရုပ်သေး ကမ္ဘာကသိအောင် ကြိုးပမ်းခဲ့တဲ့ ဦးခင်မောင်ထွေးနဲ့ …

by နဒီထိုက်
5 July 2013
8k

နိုင်ငံတကာမှာတော့ မြန်မာ့ရုပ်သေးကို သိအောင်လုပ်နိုင်ခဲ့ပြီ။ တခုပဲ လုပ်ဖို့လိုမယ်။ ကမ္ဘာ့အဖွဲ့ချုပ်မှာ ဝင်ဖို့အတွက် လိုတယ်။ အဲဒီအတွက်က နိုင်ငံတွင်းမှာ ရုပ်သေးပညာရှင်တွေ ပါတဲ့ အဖွဲ့ရှိဖို့လိုတယ်

Next Post
ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ

ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ

မြန်မာ သတင်းလွတ်လပ်ခွင့် မြင့်တက်လာဟု RSF ထုတ်ပြန်

မြန်မာ သတင်းလွတ်လပ်ခွင့် မြင့်တက်လာဟု RSF ထုတ်ပြန်

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved