• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ

by ခင်ဦးသာ
30 January 2013
in သတင်း
A A
ကချင်ရွာထဲသို့ လက်နက်ကြီးကျ၊ ၂ ဦးသေ

ကချင်စစ်ပွဲများရပ်တန့်ရန် ယခုလဆန်းပိုင်းက ရန်ကုန်မြို့တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

11.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ အရပ်သားများနေထိုင်သည့် မရမ်းရွာသို့ အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပြီး သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

“မနေ့က ညနေ ၇ နာရီလောက်မှာ အမြောက်ကြီးနဲ့ တနာရီလောက် ပစ်ခတ်ခဲ့တယ်။ ဗုံးခိုကျင်းထဲမှာ ပုန်းဖို့လုပ်နေတဲ့ မိသားစုကို ထိသွားတော့ အမေဖြစ်သူနဲ့ ၈ နှစ်အရွယ် ကျောင်းသားလေး သေသွားတယ်။ နို့စို့ကလေးရယ်၊ သူ့ယောကျာ်ကလည်း ဒဏ်ရာ ရသွားကြတယ်” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

သေဆုံးသွားသည့် ကလေးမိခင် မလဘမ်လုသည် အသက် ၂၇ နှစ်ဝန်းကျင်ရှိကြောင်း၊ ဒဏ်ရာရသူ ၃ ဦးတွင် မလဘမ်လု၏ လသားအရွယ် ကလေးငယ်နှင့် ခင်ပွန်း အပြင် ၎င်း၏ ယောက္ခမ အသက် ၉၅ နှစ်အရွယ် အဘိုးအိုလည်း ပါဝင်ကြောင်း၊ ၎င်းတို့ကို ယခုအခါ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“မလုဘမ်ရဲ့အမျိုးသားကလည်း လက်နှစ်ဖက်စလုံး ဖြတ်ပစ်ရမယ့် အနေအထားအထိ ဒဏ်ရာရသွားတာပါ။ လက်ချောင်းတချို့ ပြတ်သွားတယ်” ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
542
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
46
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
96

အစိုးရစစ်တပ်၏ အမြောက်တပ်ရင်း (၃၇၂) မှ ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ မရမ်းရွာသည် ကချင်လူမျိုး အများစုနေ ထိုင်သည့် အိမ်ခြေ ၅၅၀ ကျော်ရှိသည့် ကျေးရွာတခုဖြစ်ကြောင်း၊ အစိုးရ စစ်တပ်သည် အကြောင်းအရာမဲ့ ပစ်ခတ်မှုကို ယခင်ကလည်း မကြာခဏ လုပ်ဆောင်လေ့ ရှိကြောင်း သိရသည်။

“မနေ့ညက ၁၂၀ မမ၊ ၆၀ မမ တွေနဲ့ ၁၁ ချက် ပစ်ခတ်တယ်။ ဗုံးကျလာတော့ သားအမိတွေက ဗုံးခိုကျင်းထဲ ဆင်ပြေးတာမှာ ထိပြီးသေတာ။ နု့ိစို့ကလေးကတော့ လွင့်စင်သွားပြီး ခြေထောက်တွေမှာပဲ ဒဏ်ရာရသွားတယ်” ဟု မရမ်းရွာခံ အမျိုးသားတဦးက ပြောသည်။

သေဆုံးသွားသည့် သားအမိ နှစ်ဦးအား ယနေ့၊ နေ့လည်ပိုင်းတွင် အသုဘ အခမ်းအနားပြုလုပ်၍ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း၊ စစ်တပ်မှ နောက်ထပ် ပတ်ခတ်လာမည်ကို ရွာသားအများစုက စိုးရိမ်နေကြကြောင်း သိရသည်။

ပစ်ခတ်သည့်တပ်ရင်းမှ တပ်ရင်းမှူးသည် အသုဘသို့ လာရောက်၍ ငွေ ၃ သိန်းကျပ် ထောက်ပံ့ ပေးသွားကြောင်း မရမ်းရွာခံက ဆက်ပြောသည်။

“မရမ်းရွာက KIA/KIO တို့နဲ့ ဘာမှ ဆက်စပ်မှု မရှိပါဘူး။ ဒါပေမယ့် ကချင်လူမျိုးအများစု နေထိုင်တဲ့ရွာပါ။ မကြာခဏ ပစ်ခတ်နေတော့ လူမသေရင်လည်းဘဲ ကျွဲတွေ၊ နွားတွေ ခဏခဏ သေကြရတယ်” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က ဖားကန့်မြို့နယ် မန်နားအောက် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထောင်ထားသည့် မိုင်တလုံး နင်းမိပေါက်ကွဲခါ အမျိုးသား ၂ ဦး ဒဏ်ရာရရှိပြီး ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ထို့အပြင် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်က ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာအနီး ရတနာတောင်တန်း ကုမ္ပဏီကို KIA က မီးရှို့သဖြင့် ဝန်ထမ်း နှစ်ထပ် အိပ်ဆောင် မီးလောင်သွားကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။

မိုးကောင်းမြို့နယ်၊ မရမ်းရွာသို့ လက်နက်ကြီး ကျရောက်သည့် သတင်းနှင့် စပ်လျဉ်း၍ မြဝတီ၏ ထုတ်ပြန်မှုကိုမူ မတွေ့ရှိရသေးပေ။

KIA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်မှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်လဆန်းမှ ယနေ့အထိ ဖြစ်သည်။ ထိုတိုက်ပွဲများကြောင့် နှစ်ဖက် စလုံးတွင် ထိခိုက်ကျဆုံးမှု များပြားပြီး၊ အရပ်သား အများအပြားလည်း သေဆုံးခဲ့သည်။

လက်ရှိတွင် KIA ထိန်းချုပ်သည့် နယ်မြေများနှင့် အရေးပါသည့် စခန်းများ၊ တောင်ကုန်းများကို အစိုးရ စစ်တပ်က သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်းလည်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုကို မကြာမီ ပြုလုပ်ရန် ပြင်ဆင်နေကြပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ နယ်မြေ၌ ဆွေးနွေးရန် နှစ်ဘက်စလုံးက သဘောတူညီထားကြောင်း UWSA က ပြောဆိုထားသည်။

Your Thoughts …
Tags: ArmyKachin State
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

စစ်တပ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ တွေ့ရှိ (ရုပ်/သံ)

by ဘုန်းအောင်
14 August 2024
353

နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့

by ရန်ပိုင်
6 September 2012
20.1k

“တချို့က ငြိမ်းချမ်းရေး အတွက်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ အကျအဆုံးများရင် ရည်မှန်းချက်ကို မသိမ်းနိုင်ဘူးဆိုရင် ဒီလိုပဲ အပြောင်းအရွှေ့ လုပ်ကြတာပါပဲ”

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်

by မေခ
16 May 2013
28.5k

အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။

အမျိုးသမီး ဗိုလ်လောင်း, တပ်မတော်

အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော

by မေစစ်ပိုင်
17 October 2013
8k

သင်တန်း အောင်မြင်ပါက ဒုတိယဗိုလ် အဆင့်ဖြင့် လည်းကောင်း ၊ မဟာဘွဲ့ ၊ ပါရဂူဘွဲ့ရအမျိုးသမီးများ သင်တန်း အောင်မြင် ပါက ဗိုလ်အဆင့်ဖြင့် စတင် ခန့်အပ်ခံရမည် ဖြစ်ပြီး နောက်ပိုင်းတွင် တပ်မတော် ရာထူး ခန့်ထားရေး...

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

by သန်းထိုက်ဦး
19 September 2012
5.2k

“လောလောဆယ်ကတော့ ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ရှိပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က, သိမ်းဆည်းမြေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး

by မေခ
27 September 2013
7.9k

တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ...

Next Post
မြန်မာ သတင်းလွတ်လပ်ခွင့် မြင့်တက်လာဟု RSF ထုတ်ပြန်

မြန်မာ သတင်းလွတ်လပ်ခွင့် မြင့်တက်လာဟု RSF ထုတ်ပြန်

ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ မှတ်တမ်းယူသူ ပြင်သစ် နိုင်ငံသားအား ပြည်နှင်ဒဏ် မပေးဟုဆို

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved