• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ သတင်းလွတ်လပ်ခွင့် မြင့်တက်လာဟု RSF ထုတ်ပြန်

by ရန်ပိုင်
30 January 2013
in သတင်း
A A
မြန်မာ သတင်းလွတ်လပ်ခွင့် မြင့်တက်လာဟု RSF ထုတ်ပြန်

ရောင်းချမည့် သတင်းစာများကို စီနေသော လူငယ်တဦးကို ရန်ကုန်တွင် ဇန်နဝါရီလ ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

5k
VIEWS
Share on FacebookShare on Twitter

အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးကြောင့် မြန်မာ့မီဒီယာ လွတ်လပ်ခွင့် ပိုမိုလာကြောင်း ကမ္ဘာ့နိုင်ငံများ၏ မီဒီယာ လွတ်လပ်ခွင့်ကို စောင့်ကြည့် လေ့လာနေသည့် ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ၏ ယနေ့ထုတ်ပြန်သည့် ၂၀၁၃ ခုနှစ် ကမ္ဘာ့ မီဒီယာ လွတ်လပ်မှု အညွှန်း အစီရင်ခံစာက ဖော်ပြလိုက်သည်။

မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့်မှာ ကမ္ဘာ့အဆင့် ညွန်းကိန်းများအရ စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်တွင် အောက်ဆုံးအဆင့် သာရှိပြီး ၂၀၁၂ ခုနှစ်တွင် အဆင့် ၁၆၉ ရှိရာမှ ယခုနှစ်တွင် အဆင့် ၁၅၁ သို့ ရောက်ရှိလာကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မီဒီယာလွတ်လပ်ခွင့် သတ်မှတ်ချက် မြင့်တက်လာခြင်းမှာ စစ်အစိုးရလက်ထက် ဖမ်းဆီးထောင်ချခံထားရသည့် သတင်းသမားများနှင့် ဘလော်ဂါများ အကျဉ်းထောင်များအတွင်း မရှိတော့ခြင်း၊ မီဒီယာဥပဒေကို ရေးဆွဲနေဆဲဖြစ်သော်လည်း စာပေစိစစ်ရေးအဖွဲ့ ဖျက်သိမ်းလိုက်ခြင်း၊ ပြည်ပမီဒီယာများကို ပြည်ဝင်ခွင့်ပေးခြင်း စသည့် ဆောင်ရွက်ချက်များသည် စစ်မှန်သည့် သတင်းလွတ်လပ်ခွင့်ကို ဦးတည်နေသည့် သိသာသော ခြေလှမ်းများ ဖြစ်ကြောင်း RSF က ရေးသားထားသည်။

ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က “လက်ရှိ အခြေအနေကတော့ စာပေစိစစ်ရေးကို တင်ပြစရာမလိုဘဲ ရေးသားခွင့် ရနေပြီ။ ဒါပေမယ့် ဒီထက်ပိုပြီး ပုံနိုပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေကိုတော့ အပြီးတိုင် ဖျက်လိုက်ရင် အတိုင်း ထက်လွန်ပေါ့” ဟု ဆိုသည်။

အဆိုပါ ဥပဒေသည် ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက် ပြဋ္ဌာန်းသည့် ထုတ်ဝေခွင့်နှင့် ပုံနိုပ်သူမှတ်ပုံတင် ဥပဒေ ဖြစ်ပြီး၊ ထုတ်ဝေခွင့် လျှောက်ထားသည့်အခါ ကြိုတင်စိစစ်ခြင်းနှင့် ထုတ်ဝေသည့်အခါ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် မညီပါက သက်တမ်းတိုးမပေးခြင်း၊ ဖျက်သိမ်းပစ်ခြင်း ပြုလုပ်နိုင်သည့် ဥပဒေဖြစ်သည်။

ထို့အပြင် စာနယ်ဇင်းများ၏ အရေးသားများနှင့် ပတ်သက်ပြီး အရေးယူမှုများရှိလာခဲ့လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ ရပိုင်ခွင့် အခွင့်အရေးများနှင့်အညီ ဆောင်ရွက်ရန်လိုသည်ဟု ဦးဖေမြင့်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကာစ ပါလီမန် ဒီမိုကရေစီ အစိုးရ ဖဆပလခေတ်တွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် အပြည့်အ၀ ရှိခဲ့သည်။

RSF ၏ ညွှန်းကိန်းများအရ သတင်း လွတ်လပ်ခွင့်ရှိသည့် နိုင်ငံများ စာရင်းတွင် ဥရောပနိုင်ငံများဖြစ် ဖင်လန်၊ နယ်သာလန်၊ နော်ဝေ တို့က ထိပ်ဆုံး၌ ရှိနေပြီး၊ အာရှနိုင်ငံများဖြစ်သည့် တာ့ခ်မန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် အာဖရိကတိုက်ရှိ အီရီထရီးယားတို့က အောက်ဆုံးအဆင့်၌ ဆက်လက်ရှိနေဆဲဖြစ်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
542
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
46
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
96

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာ အဆင့်သတ်မှတ်ချက် ၁၇၃၊ ဗီယက်နမ်မှာ ၁၇၂၊ ကမ္ဘောဒီးယားမှာ အဆင့် ၁၄၃ တွင် အသီးသီး ရပ်တည်လျက်ရှိသည်။

RSF ၏ ကမ္ဘာ့ မီဒီယာလွတ်လပ်ခွင့် ညွှန်းကိန်းများသည် ဒီမိုကရေစီအရေး၊ လူအခွင့်ရေးနှင့် လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းထုတ်ပြန်ခွင့် အပေါ်တွင်သာ မူတည် ကောက်ယူထားခြင်း ဖြစ်ပြီး နိုင်ငံရေးစနစ် အပေါ်တွင် တိုက်ရိုက် မူတည်မထားကြောင်း အဆိုပါအဖွဲ့၏ အထွေထွေအတွင်းရေးမှူး Christophe Deloire က ဆိုသည်။

ထိုအစီရင်ခံစာ ထွက်ပေါ်လာသည့် တချိန်တည်းမှာပင် လတ်တလော ဖြစ်ပွားနေသည့် ကချင်ပဋိပက္ခနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား သတင်းမှတ်တမ်း ယူနေသည့် ပြင်သစ်နိုင်ငံသား Mr. Christofa ဆိုသူကို ယနေ့ နေ့လယ်ပိုင်းတွင် အာဏာပိုင်များက သူတည်းခိုနေရာ တောင်ငူမြို့ အမေ့အိမ် တည်းခိုခန်းမှ လာရောက် ခေါ်ဆောင်သွားပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ယနေ့ညနေပိုင်းတွင် ပြည်နှင်ဒဏ် ပေးမည်ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: MediaPress Freedom
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.4k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
126

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

Next Post

ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ မှတ်တမ်းယူသူ ပြင်သစ် နိုင်ငံသားအား ပြည်နှင်ဒဏ် မပေးဟုဆို

ဆီးဂိမ်းမှာ အားကစားနည်း ၃ မျိုးသာ ဖြုတ်ရန် မြန်မာ သဘောတူ

ဆီးဂိမ်းမှာ အားကစားနည်း ၃ မျိုးသာ ဖြုတ်ရန် မြန်မာ သဘောတူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved