• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
in သတင်း
A A
အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရပိုင် သတင်းစာများ ဖြစ်သော မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2k
VIEWS
Share on FacebookShare on Twitter

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေနေသည့် မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာများ ကြော်ငြာခနှုန်း လျှော့ချသည့် အစီအစဉ်သည် ပုဂ္ဂလိက စာနယ်ဇင်း များ၏ ကြော်ငြာဈေးကွက်ကို ထိခိုက်စေနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောဆိုကြသည်။

ထိုအစိုးရ သတင်းစာများ၏ ကြော်ငြာ နှုန်းထားများကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန် ကြေညာထားသည်။

ယခုကဲ့သို့ ကြော်ငြာ ဈေးနှုန်းများ လျှော့ချလိုက်ခြင်းသည် ဈေးကွက် ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ ပြည်သူလူထုကိုသာ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း၊ အစိုးရ သတင်းစာများအနေဖြင့် စောင်ရေတက်လာသောကြောင့် ပြည်သူများ ကြော်ငြာခ သက်သာစွာဖြင့် ထည့် သွင်းနိုင်ရန် ဝန်ဆောင်မှုပေးခြင်းသာဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဋ္ဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်က ဧရာဝတီသို့ ပြောသည်။

ဦးရဲနိုင်က“အရင်တုန်းက ကျနော်တို့ သတင်းစာတွေက နိုင်ငံတော် ဘဏ္ဍာငွေပဲ ရှာဖွေပေးတာပေါ့။ အခုကတော့ ပြည်သူ့ ဝန် ဆောင်မှုကိုပါ ထည့်စဉ်းစားပြီး ဦးတည်လုပ်လာတာ။ အရင်တုန်းကတော့ နိုင်ငံတော်ဘဏ္ဍာကို များများ ရှာပေး နိုင်ရင်ရပြီ။ အခု ကတော့ နိုင်ငံတော်ဘဏ္ဍာကို မရှုံးရင်တော်ပြီ။ ပြည်သူ့ဝန်ဆောင်မှုကို ပိုလုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူတွေ ကြော်ငြာခ သက်သက်သာသာနဲ့ထည့်နိုင်အောင် လုပ်ပေးတာ”ဟု ရှင်းပြသည်။

ပြည်သူ့ဘဏ္ဍာဖြင့် ထုတ်ဝေနေသည့် သတင်းစာများ၏ ကြော်ငြာခ လျှော့ချမှုကြောင့် ပုဂ္ဂလိက ဂျာနယ်၊ သတင်းစာများ၏ ရပ်တည် အသက်မွေးမှုကို ရေရှည်တွင် ထိခိုက်လာနိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများက ပြောဆိုကြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
498
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
81

အစိုးရသတင်းစာများ အနေဖြင့် အရှုံးပေါ်သည်ဆိုသော်လည်း လွှတ်တော်တွင် ဘတ်ဂျက်ထပ်တောင်းပြီး ဆက်လက် ရပ်တည်နိုင် ကြောင်း၊ ပုဂ္ဂလိက သတင်းစာများကမူ အရှုံးပေါ်သည့်ဒဏ်ကို မခံနိုင်ပါက ပျောက်ကွယ် သွားနိုင်ကြောင်း၊ တချို့သော သတင်းစာ၊ ဂျာနယ်တိုက်များသည် ဝန်ထမ်းများ၏ လစာကို သတင်းစာ၊ ဂျာနယ်များမှ ရရှိသည့် ကြော်ငြာခများအပေါ်တွင် ရပ်တည်ရသည့် အနေအထားတွင် ကြော်ငြာခ ကောင်းကောင်းမရပါက ရေရှည် ရပ်တည်နိုင်ရေးအတွက် အခက်အခဲ ဖြစ်နိုင်ကြောင်း ပုဂ္ဂလိက ဂျာနယ် အသိုင်းအဝိုင်းကလည်း ပြောဆိုသည်။

The Voice သတင်းစာ နှင့် ဂျာနယ်၏ Marketing Manager ဖြစ်သူ ကိုကျော်သန်းက“ကျနော်တို့ ပုဂ္ဂလိကတွေ ကျတော့ ရှုံးသွားလို့ ထည့်စရာ ပိုက်ဆံမရှိဘူးဆိုရင် ဘာနဲ့သွားရပ်တည်မလဲ။ အဓိကကတော့ ပျောက်သွားနိုင်တယ်။ ပုဂ္ဂလိကသတင်းစာတွေ ပျောက်သွားနိုင်တဲ့ အနေအထားမျိုးကို မဖြစ်အောင် ကျနော်တို့ကလည်း ဘယ်လို Recover ဖြစ်အောင်လုပ်ရမလဲ”ဟု ပြောသည်။

“အခုလည်း နာရေးကြော်ငြာတွေ၊ စည်ပင်ကိစ္စတွေ၊ ဥပဒေရေးရာ ကန့်ကွက်တာတွေကို အစိုးရသတင်းစာမှာပဲ ထည့်တာများတယ်။ တချို့ဟာတွေဆိုရင် အစိုးရဆီထည့်မှ တရားဝင်သလိုလို လုပ်ထားတော့ အစကတည်းက ပုဂ္ဂလိက သတင်းစာတွေထက် ဈေးကွက် ဝင်ပြီး နေရာက ပိုရပြီးသားလေ။ အခုလို ထပ်ပြီးလုပ်တယ်ဆိုရင် ပုဂ္ဂလိက သတင်းစာတွေရဲ့ ကြော်ငြာဈေးနှုန်းကို ထိခိုက်နိုင် တာပေါ့”ဟု မြန်မာသံတော်ဆင့် ဂျာနယ် အယ်ဒီတာချုပ် ဦးဆန်းဝင်းထွန်းကလည်း ပြောဆိုသည်။

နှစ်စဉ် ကျပ်သန်းပေါင်းများစွာ အရှုံးခံ ထုတ်ဝေနေသည့် အစိုးရ သတင်းစာများနှင့် ပတ်သက်၍ တိုင်းပြည် ပြုပြင်ပြောင်းလဲနေချိန် တွင် ပြည်သူ့ ဘဏ္ဍာငွေ ဖြုန်းတီးပြီး သတင်းစာ ထုတ်ဝေနေခြင်းသည် မဖြစ်သင့်ကြောင်း သတင်းစာဆရာများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး လှုပ်ရှားသူများက ဝေဖန်မှုများလည်း ရှိနေသည်။

ယခုအချိန်သည် ပုဂ္ဂလိက စာနယ်ဇင်းလုပ်ငန်းများ အားကောင်းလာပြီး မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် လုပ် ဆောင်ရမည့် အချိန်ဖြစ်ပြီး ယင်းသို့မလုပ်ဆောင်ဘဲ သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်နေပါက ရေရှည်တွင် နှစ်ဘက် စလုံးအတွက် အလား အလာ မကောင်းနိုင်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်တဦးဖြစ်သူ ဦးသီဟစောက ထောက်ပြသည်။

ဦးသီဟစောက“ဗီယက်နမ်တို့၊ အီရတ်တို့မှာဆို သူတို့လည်း အရှုံးခံ ထုတ်တယ်၊ ပြောမယ်ဆိုရင် ဝါဒဖြန့်ချိရေး အရမ်းများတယ်။ ဒီမှာ က ဝါဒဖြန့်ချိရေး ယန္တရားအတွက်လည်း မဟုတ်တော့ဘူးဆိုရင်တော့ အဲဒါတွေက ပုံစံပြင်ရမှာ။ ဒီ ခေတ်ပြောင်းတဲ့အချိန်မှာ မပြင် ရသေးတဲ့ သဘော သက်ရောက်နေတာပေါ့”ဟုလည်း သုံးသပ်သည်။

ပုဂ္ဂလိကသတင်းစာများအနက် တချို့မှာ အရှုံးပေါ်သောကြောင့် ထုတ်ဝေမှု ရပ်နားသွားကြရသည်များရှိသကဲ့သို့ တချို့ မှာ ဝန်ထမ်း လျှော့ချခြင်းများ ပြုလုပ်နေကြရသည်။

၂၀၁၃ ခုနှစ်က စတင်ထုတ်ဝေခွင့်ပြုခဲ့သော သတင်းစာအရေအတွက်မှာ ယခုအချိန်တွင် အနည်းငယ်သာ ကျန်ရှိနေတော့ပြီး အပြင်း အထန် ရုန်းကန်နေကြရကြောင်းလည်း သိရသည်။

“လက်ရှိ ပုဂ္ဂလိကသတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီးသွားရမလဲဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီးသွားရမယ်။ ကြော်ငြာ ရရင် အရှုံးသက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာမရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့မလွယ်ဘူး”ဟု The Voiceမှ ဦးကျော်သန်းက ပြောသည်။

ကြော်ငြာခနှုန်းထားများ သတ်မှတ်ရာတွင် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်များသည် စောင်ရေအလိုက် အဓိကထား သတ်မှတ်ကြခြင်းဖြစ်ပြီး စံတခုထား၍ သတ်မှတ်ထားခြင်းမရှိပေ။ လက်ရှိပုဂ္ဂလိကစာနယ်ဇင်းများ၏ ကြော်ငြာခ နှုန်းထားများသည် အစိုးရ သတင်းစာ ကြော်ငြာခဈေးနှုန်း အောက်တွင်ပင် ရှိနေသည်။

နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားခဲ့သော အစိုးရသတင်းစာများသည် ဈေးနှုန်းလျှော့ ရောင်းချသော်လည်း ပုဂ္ဂလိက သတင်း စာ များအား ဈေးကွက်ဝေစု ခွဲပေးခဲ့ရပြီး စီးပွားရေးကြော်ငြာအများအပြားကိုပါ ခွဲဝေပေးလိုက်ရချိန်တွင် ကြော်ငြာဈေးနှုန်းများလျှော့ချလိုက်ခြင်းသည် ပုဂ္ဂလိက သတင်းသတင်းစာများကို သတ်ရာရောက်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင်ကမူ“အဓိကက ပြည်သူကို ဘယ်လိုဝန်ဆောင်မှုပေးမလဲ ဆိုတာကို စဉ်းစားတာဖြစ်တဲ့အတွက် အားလုံးကလည်း ဒီပေါ်မှာပဲ မူတည်စဉ်းစားရင်တော့ ဒီလိုဖြစ်မှာမဟုတ်ဘူး။ ပြည်သူကိုပေးတာပဲလေ။ ကောင်းသော ယှဉ်ပြိုင်ခြင်းပဲလို့ ယူဆပါတယ်။ လုပ်ပေးနိုင်တဲ့သူကို ကျန်တဲ့သူတွေက မုဒိတာပွားပေးဖို့ပဲ လိုပါတယ်”ဟု ပြောသည်။

ယင်းကဲ့သို့ ကြော်ငြာဈေးနှုန်းများ လျှော့ချလိုက်ခြင်းသည် အစိုးရသတင်းစာအနေဖြင့် စောင်ရေအားကောင်းသည့် အတွက် အမြတ် အစွန်းများ ရနေခြင်းကြောင့် စီးပွားရေးအရ ပြိုင်ဆိုင်ခြင်းလားဟု မေးခွန်းထုတ်စရာရှိသော်လည်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် ၏ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းချက်အရ အရှုံးခံထုတ်ဝေနေရကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ၃၆ ဒသမ ၅၆၆ ဘီလီယံ တောင်း ခံခဲ့ပြီး ထိုအသုံးစရိတ် အနက် ကျပ် ၃ ဘီလီယံ(သန်း ၃၀၀၀) ကျော်သည် သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်း နှင့် စာနယ်ဇင်း လုပ်ငန်း အတွက် ဖြစ်ကြောင်း ထိုစဉ်က ပြန်ကြားရေး ဝန်ကြီးဖြစ်သူ ဦးအောင်ကြည်က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

လက်ရှိတွင် မြန်မာ့လင်း သတင်းစာ ၏ စောင်ရေသည် ၁၄၆၀၀၀ ဝန်းကျင်ရှိပြီး ကြေးမုံ သတင်းစာ၏ စောင်ရေသည် ၁၈၀၀၀၀ ခန့် ရှိကြောင်း၊ ယင်း သတင်းစာ ၂ စောင်လုံးကို တစောင်လျှင် ကျပ် ၅၀ နှုန်းဖြင့် ဖြန့်ချိ ရောင်းချကြောင်း မြန်မာ့အလင်း သတင်းစာ တာဝန်ရှိသူ တဦးက ပြောပြသည်။

Your Thoughts …
Tags: MediaNewspaper
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.4k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
126

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

သတင်းစာပညာ

မြန်မာ သတင်းထောက် အက်စတာထုဆန် ပထမဆုံးအကြိမ်အဖြစ် ပူလစ်ဇာ ဆုရ

by ထွန်းထွန်း
19 April 2016
3.7k

အက်စတာထုဆန်သည် ဧပြီ ၁၈ ရက်နေ့ အမေရိကန် နိုင်ငံတွင် ကျင်းပသည့် သတင်းစာ ပညာရပ်ဆိုင်ရာ ပူလစ် ဇာ ဆုပေးပွဲတွင် Public Service ဆုကို အေပီ သတင်းဌာနမှ အမျိုးသမီး သတင်း ထောက်...

Next Post
အားကစား, မီဒီယာ, အယ်ဒီတာ, သတင်းထောက်, `ဘ´၆ လုံး

အားကစား မီဒီယာလောက တိုးတက်ပါစေ

Cobra Gold, ထိုင်း , အမေရိကန်, မြန်မာ

Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းတွင် ဆက်လက်ပြုလုပ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved