အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။
အမေရိကန်အနေနဲ့ နိုင်ငံတကာကို ကူညီပေးနေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အားလုံးနီးပါးကို ပြန်သုံးသပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကူညီထောက်ပံ့ပေးမှုတွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင် နေရတဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာ ၆၀ ကျော်နဲ့ သတင်းထောက် ၁၀၀၀ ကျော်ရှိတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ပြောပါတယ်။
လက်ရှိမှာ လုပ်ငန်းတွေဆိုင်းငံ့လိုက်ရတာနဲ့ သတင်းမားတွေရဲ့ လစာကိုဆိုင်းငံ့ထားတဲ့ သတင်းဌာနာတွေရှိလာနေပြီး ကျန်ရှိတဲ့အထောက်အပံ့တွေ၊ လူမှုကွန်ရက်စာမျက်နှာကရတဲ့ငွေကြေးတွေနဲ့ ဆက်လက်ရပ်တည်ဖို့ စဉ်းစားနေကြတာတွေ အပြင် ဘယ်လိုပုံစံမျိုးနဲ့ သတင်းအချက်အလက်တွေရယူကြပြီး ဘယ်လိုမျိုး ဆက်လက်ရပ်တည်ကြမလဲနဲ့ပတ်သက်လို့ စဉ်းစားနေကြပါတယ်။
#မြန်မာ #ဧရာဝတီ #Media #USAID #IPCM
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR