• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲမတိုင်ခင်ထိ သက်တမ်းတိုးနေဦးမည့် ကာလုံ

by ဧရာဝတီ
31 January 2025
in သတင်း
A A
ရွေးကောက်ပွဲမတိုင်ခင်ထိ သက်တမ်းတိုးနေဦးမည့် ကာလုံ

ယနေ့ ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး/ စစ်ကောင်စီ

1.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံ၏ မတည်ငြိမ်မှုများအကြောင်းပြ၍ အရေးပေါ်အုပ်ချုပ်ရေးကာလအဖြစ် ၆ လတကြိမ်ဖြင့် ၆ ကြိမ်ထိ သက်တမ်း တိုးထားခဲ့သော စစ်ကောင်စီသည် ယနေ့ကျင်းပသည့် ကာလုံအစည်းအဝေး၌လည်း နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း ထပ်မံ ကြေညာသည်။

လွတ်လပ်ပြီး တရားမျှတမှုအပြည့်ဖြင့် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းရေး လိုအပ်နေသည့်အတွက် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးရန် ယာယီသမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ် တင်ပြမှုအပေါ် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုများ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ နောက်ထပ် သက်တမ်းတိုးလိုက်သော်လည်း လာမည့် ၆ လကာလအတွင်း ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များသာ ပိုမိုပြုလုပ်သွားမည့်အခြအနေရှိကြောင်းနှင့် သက်တမ်းတိုးမှုများ ထပ်ကာကြုံနေရဦးမည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ” ၂၀၀၈ ဖွဲ့စည်းပုံက ခွင့်ပြုထားတာလားဆိုတော့ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံက ၂ ကြိမ်ပဲခွင့်ပြုတာ။ ဒါပေမယ့် သူက စစ်အာဏာသိမ်းထားတာလေ ။ အဲဒီတော့ ဘာမဆိုလုပ်ခွင့်ရှိတော့ လုပ်နေတာပေါ့ဗျာ။ တကယ်က ဘာအဓိပ္ပာယ်မှမရှိတဲ့ ထင်ရာလုပ်နေတဲ့ အာဏာရှင်တယောက်ပါ။ နောက်ထပ်သူလုပ်နိုင်တာက ၇ ကြိမ်ပြီး ၈ ကြိမ်ပေါ့ဗျာ။ ၈ ကြိမ်ပြီး ၉ ကြိမ်ထပ်လာမှာပဲ။ သူမပြုတ်မချင်းကတော့ အဲဒါလုပ်နေမှာပဲ။ အဲဒါမျိုး နောက် ဖြစ်မလာဖို့ လုပ်မယ်ဆိုရင်တော့ နေပြည်တော်အပိုင်သိမ်းပြီး မင်းအောင်လှိုင်ကို မောင်းထုတ်မှဖြစ်မယ် ” ဟုပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် ၊ သြဂုတ်လ ၁ ရက်တွင် နိုင်ငံတော်၏ အာဏာကိုရယူထိန်းသိမ်းထားရသည့် အခြေအနေများနှင့်ပတ်သက်၍ ထုတ်ပြန်ပြောဆိုခဲ့ရာ၌ အရေးပေါ်ကာလဆိုသည်မှာ အကန့်အသတ်ရှိပြီး ပုဒ်မ ၄၂၁ ပုဒ်မခွဲ ခ အရ အရေးပေါ်ကာလ ၁ နှစ်အတွင်း၌ တာဝန်များကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါက နောက်ထပ် ၆ လ နှစ်ကြိမ်သာ သက်တမ်းတိုးနိုင်ကြောင်း ပြောကြားခဲ့သည်။

စစ်အုပ်စုစိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန် ချိုးဖောက်နေသည့်အပြင် ၎င်းကိုယ်တိုင်ပြောကြားထားခဲ့မှုများကို ရှေ့နောက်မညီလုပ်ဆောင်နေမှုများက စစ်ခေါင်းဆောင်အနေဖြင့် အဆုံးထိအာဏာကို ရရာနည်းလမ်းများဖြင့် ရယူချုပ်ကိုင်သွားမည့်သဘောထားကို ပိုမိုပေါ်လွင်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုသည်။

တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ” သူက အာဏာကိုလွှဲကို မပေးချင်ဘူး။ တကယ်လို့ သဘောရိုးရှိမယ် ဆိုလို့ရှိရင် အာဏာသိမ်းထားပြီးတော့ ပထမ ၆ လနှစ်ကြိမ်တိုးပြီးကတည်းက ရွေးကောက်ပွဲတွေ လုပ်လို့ရတယ်။ သူထိန်းနိုင်သေးတယ် ။ ၁၀၂၇ စစ်ဆင်ရေးလည်း မလာသေးဘူး။ သူက စေတနာကို မရှိတာ ။ အာဏာကိုအကြာကြီး ရယူထားမယ်ဆိုတဲ့စိတ်ရှိတာ။ အခုချိန်မှာကတော့ အရမ်းဆိုးသွားပြီ ။ သူပြောသလို အခြေအနေ မပေးတော့ဘူး ” ဟုပြောသည်။

ယနေ့ ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး/ စစ်ကောင်စီ

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် အရေးပေါ်အုပ်ချုပ်ရေးကာလ ၆ ကြိမ်မြောက် သက်တမ်းတိုးခဲ့ရာ၌ စစ်ကောင်စီက တနိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ရှိစာရင်းများကို ဦးစားပေးကောက်ယူသွားမည်ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရန် အခက်အခဲရှိသည့် နေရာများအတွက်လည်း မြေပြင်တွင်ရှိသည့်စာရင်းများနှင့် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး စာရင်း ကိုက်ညီမှုရရှိသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းနှင့် ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၏ ရွေးကောက်ပွဲဥပဒေများနှင့်အညီ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး ဒေသအလိုက် လုံခြုံရေးအခြေ အနေပေါ်မူတည်၍ ကျင်းပနိုင်သည့်နယ်မြေများကို ဦးစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

သို့သော်လည်း စစ်ကောင်စီ၏ ပြီးခဲ့သော ၆ လသက်တမ်းကာလအတွင်း ၎င်းတို့အသိပေးပြောဆိုခဲ့သလို အကောင်အထည်ဖော်နိုင်ခြင်းမရှိသည့်အပြင် ၂၀၂၅ ခုနှစ်၌ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲသည်လည်း နယ်မြေစိုးမိုး ထိန်းချုပ်မှု ကျဥ်းကျဥ်းလာသည့် အခြေအနေကြောင့် ပိုမို ဝေးကွာသွားပြီဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ပြောသည် ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

၎င်းက ” အခုက သက်တမ်းတိုးတာ ၇ ကြိမ်မြောက်ဖြစ်လာပြီ။ ၆ ကြိမ်မြောက်နဲ့စာရင် နယ်မြေက ပိုကျဥ်းကျုတ်လာတာပေါ့ဗျာ။ ၆ ကြိမ်လောက်တုန်းက မြို့ပေါင်း ၇၀ ကနေ အခု ၇ကြိမ်မြောက်ရှိလာချိန်မှာ မြို့ပေါင်း ၉၀ ကျော် ၁၀၀ လောက် ဆုံးရှုံးထားပြီ ။ အဲဒီတော့နောက် ၈ ကြိမ်မြောက်ဆိုရင်တော့ ဒီထက်ပိုပြီး ကျဥ်းသွားမလား၊ ဒါမှမဟုတ် သူပဲ နေပြည်တော်က ထွက်ပြေးရမလားဆိုတာ ပြည်သူလူထုက တောင့်တ မျှော်လင့်နေတာပါ။ ဒီအတွင်းမှာရွေးကောက်ပွဲလုပ်နိုင်တာ ၊ မလုပ်နိုင်တာကို ပြည်သူတွေလည်း စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး ” ဟု ပြောသည် ။

စစ်ကောင်စီသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်နိုင်ရန်အကြောင်းပြ၍ သက်တမ်းတိုးခဲ့သည့် ပြီးခဲ့သော ၆ ကြိမ်မြောက်အရေးပေါ်အုပ်ချုပ်ရေးကာလ ၂၀၂၄ သြဂုတ်လ ၁ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုထိ ကျဆုံးခဲ့သော သမိုင်းဝင်ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် လက်ရှိတွင်လည်း တနိုင်ငံလုံး၌ မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထို့ပြင် လက်ရှိ၌ တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်များသည် ဧရာဝတီ ၊ မကွေး ၊ ပဲခူးတိုင်းတို့အထိပါ ထိုးဖောက်ဝင်ရောက်လာသောကြောင့် ၇ ကြိမ်မြောက် ထပ်ထိုးကာလအတွင်း စစ်ကောင်စီ၏ နောက်ထပ် ဆုံးရှုံးမှုများစွာရှိလာနိုင်သလို ထိုအခြေအနေများကြောင့် လူငယ်လူရွယ်များစွာကို စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းခြင်းများနှင့် ဆုံးရှုံးနယ်မြေများကို ဗုံးကြဲဖျက်ဆီးခြင်းများ ပိုမိုလုပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

You may also like these stories:

၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီ တပြည်လုံး စစ်ရှုံးခဲ့သည် (အပိုင်း ၁)

“မျှတတဲ့ရွေးကောက်ပွဲ” ကျင်းပဖို့ တရုတ်ကို မင်းအောင်လှိုင် ကတိပေး

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

Your Thoughts …
Tags: ကာ/လုံရွေးကောက်ပွဲလုံခြုံရေးသက်တမ်းတိုးအရေးပေါ် အုပ်ချုပ်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
စစ်ကောင်စီ အကြီးစားစစ်လက်နက်တွေ ထုတ်ဖို့ တရုတ်နဲ့ ရုရှား ကူနေ (ရုပ်/သံ)

စစ်ကောင်စီ အကြီးစားစစ်လက်နက်တွေ ထုတ်ဖို့ တရုတ်နဲ့ ရုရှား ကူနေ (ရုပ်/သံ)

အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ပြည်ပထွက်ခွင့်ပိတ် (ရုပ်/သံ)

အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ပြည်ပထွက်ခွင့်ပိတ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved