နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီအထောက်အထားတွေထဲမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ စတာတွေကို လေကြောင်းက တိုက်ခိုက်တာ၊ ခေါင်းမပါတော့တဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေနဲ့ လိင်အင်္ဂါဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို လူမြင်ကွင်းမှာပြသတာ အပါအဝင် တိုက်ပွဲတွေအတွင်း ဖမ်းဆီးထားသူတွေကို ကိုယ်လက်အင်္ဂါ ဖြတ်တောက်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာကို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် လေးရာကျော် အပါအဝင် သတင်းရင်းမြစ် ကိုးရာကျော်ဆီကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်၊ အထောက်အထားတွေအရ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုလ်တုဓာတ်ပုံ၊ ဆိုရှယ်မီဒီယာပို့စ်တွေ အပါအဝင် မှုခင်း ဆေးပညာဆိုင်ရာ အထောက်အထားတွေ ပါဝင်တယ်လို့လည်း IIMM ရဲ့ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်တပ် #စစ်ရာဇဝတ်မှု #IIMM #အစီရင်ခံစာ #ကုလသမဂ္ဂ