• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ပေါ်ပြူလာ ဖြစ်လာသော ထိုင်းသရဲကားများ

by သူဇာ
21 April 2015
in Lifestyle
A A
ထိုင်း သရဲကား, မြဝတီ ရုပ်သံ , MWD Documentary

ထိုင်း သရဲကား တကား ဖြစ်သည့် Make me Shudder ရုပ်ရှင်ကား

12.3k
VIEWS
Share on FacebookShare on Twitter

ရှေးဟောင်းအိမ်ကြီး တအိမ်၏ ဧည့်ခန်းမထဲတွင် လူတရပ်ကျော် ပန်းချီကားချပ်ကြီးသုံးခု ချိတ်ဆွဲထားသည်။

ကွယ်လွန်ပြီးဖြစ်သည့် အမျိုးသမီး နှစ်ဦးနှင့် အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ်တဦး၏ ဝိညာဉ်က ယင်းပန်းချီကား ချပ်များအတွင်း နှစ်တရာကျော်အထိ တည်ရှိနေသည်။

၎င်းတို့ နေထိုင်ခဲ့သည့် ယင်းအိမ်ကြီးနှင့် ပတ်သက်သူမှန်သမျှကို ခြောက်လှန့်မှု အမျိုးမျိုးနှင့် အသက်သေဆုံးသည်အထိ ဒုက္ခမျိုးစုံ ပေးသည့် ဇာတ်လမ်းကျောရိုးကို တည်ထားသည်။

ပရိသတ် စိတ်ဝင်စားရန် ရိုက်ကူးပုံဖော်ထားသည့် ထိုင်း ရုပ်ရှင်၏ ဇာတ်လမ်းဇာတ်ကွက်များက ကိုရီးယား ဒရာမာဇာတ်လမ်းတွဲများကို ငြီးငွေ့နေသည့် မြန်မာပရိသတ်များအတွက် စိတ်အပန်းဖြေစရာ အပတ်စဉ် စောင့်ကြည့်ရသည့် ဇာတ်လမ်းတွဲတခု ဖြစ်လာ နေ သည်။

အပတ်စဉ် သောကြာ၊ စနေနေ့ ည ၈ နာရီ ဆိုလျှင် မြန်မာလူထု၏စိတ်ကို အပန်းဖြေမှုတမျိုး အနေနှင့် ဖြည့်ဆည်းပေးနေသော ပန်းချီ ကားထဲမှ လူ ၃ ဦး၏ ချစ်ခြင်းမေတ္တာ ကြီးမားပုံကို ရိုက်ကူး ပုံဖော်ထားသည့် “မှော်ဝင် ပန်းချီကား” ဆိုသည့် ထိုင်းရုပ်ရှင် အခန်းဆက် ဇာတ်လမ်းတွဲများလိုပင် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းလောက်မှ စတင်၍  မြဝတီရုပ်သံလိုင်းတွင် ဆက်တိုက်ဆိုသလို ပြ သခဲ့သည့် “သေတ္တာနက်ထဲမှ ငိုရှိုက်သံ”၊ “ ကဝေမလေး၏ ချစ်ခြင်းမေတ္တာ”၊ “ဝိညာဉ် ရှိုက်သံ” စသည့် ထိုင်း သရဲကားအများစုကို မြန်မာပရိသတ်များ နေ့စဉ် ဆိုသလို ကြည့်ရှုမှု များပြားလာသည်ကို တွေ့ ရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ရန်ကုန်မြို့ ဒဂုံအရှေ့ ပိုင်းမြို့နယ် ၈ ရပ်ကွက်တွင် နေထိုင်သည့် အိမ်ရှင်မ တဦးဖြစ်သူ မစန်းစန်းဌေးက“ရပ်ကွက်ထဲမှာ ထိုင်း သရဲ ကား အကြောင်း လူပြောများတာနဲ့ ကျမတို့လည်း MWD Documentary ရုပ်သံလိုင်းကို အပတ်တိုင်း ကြည့်ဖြစ်တယ်။ ကျမက အင်္ဂလိပ် သရဲကားတွေကို မကြိုက်ဘူး။ ဒါပေမယ့် ထိုင်းသရဲကားတော့ စောင့်ကြည့်ဖြစ်တယ်။ ကြောက်ဖို့ကောင်းတာထက် ဇာတ်လမ်း က စိတ်ဝင်စားဖို့ ကောင်းတယ်”ဟု ပြောသည်။

MWD Documentary ရုပ်သံလိုင်းကြည့်ရှုမည်ဆိုလျှင် မြဝတီမှ ရောင်းချနေသည့် မြဝတီရုပ်သံဖမ်းစက် ရှိရန်လိုအပ်ပြီး ရုပ်သံ ဖမ်းစက် တပ်ဆင်ထားခြင်း မရှိသည့် ပရိသတ်တချို့က လမ်းဘေးအခွေဆိုင်များတွင် ဝယ်ယူကြည့်ရှုကြကြောင်း သိရသည်။

“အခုနောက်ပိုင်း ရုပ်သံလိုင်းက ထွက်တဲ့ ထိုင်းသရဲကားတွေကို လာမေးတဲ့သူတွေ များလာတယ်။ အဲဒီ ဇာတ်လမ်းတွဲတွေက ကိုရီးယား ဇာတ်လမ်းတွဲ အများစုလို ဇာတ်လမ်း အစ၊အဆုံး ကြိုတင်မထွက်ဘူး။ ရုပ်သံမှာ ပြပြီးသားလောက်အထိပဲ ထွက်တော့ ရောင်းလိုအားတော့ ထင်သလောက် မသွက်သေးဘူးလို့ ပြောရမယ်”ဟု ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းအနီး အခွေရောင်းချသူတဦးက ပြောသည်။

ယင်းသို့ အခန်းဆက် ထိုင်းသရဲကား ဇာတ်လမ်းတွဲများ မပြသမီကတည်းက မြန်မာပရိသတ်များအကြား ထိုင်းသရဲကားများအပေါ် စိတ်ဝင်စားမှု အသင့်အတင့် ရရှိပြီးဖြစ်သည်။

မြန်မာပရိသတ်၏ လက်ခံအားပေးမှု ရရှိခဲ့သည့် ဇာတ်ကားတချို့ကို ပြောမည်ဆိုလျှင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရန်ကုန်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသခဲ့သောထိုင်းရုပ်ရှင်ကားများထဲမှ ကိုယ်ဝန်အရင့်အမာကြီးနှင့် မီးလောင်သေဆုံးသွားခဲ့ပြီးနောက် စစ်တိုက်ထွက်သွားသည့် ခင်ပွန်းကို စောင့်ဆိုင်းရင်း မကျွတ်မလွတ် ဖြစ်နေသည့် အမျိုးသမီးတဦးအကြောင်း ဟာသနှင့်အချစ် ရောစပ်ရိုက်ကူးထား သည့် ထိုင်းသရဲကား “ Pee Mak ” ၊ ထို့နောက် မကြာခင်လပိုင်းက ရုံတင်ပြသခဲ့သည့် သရဲခြောက်သည့် ကျောင်းတခုအကြောင်း နောက်ခံထား ရိုက် ကူးသည့် “Make me Shudder” ဇာတ်ကားများသည် မြန်မာပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည့် ဇာတ်ကား များဖြစ်သည်။

ထိုင်းယဉ်ကျေးမှု၏ အခြေခံဓလေ့စရိုက် လက္ခဏာအများစုသည် မြန်မာနိုင်ငံတွင်ရှိသည့် ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများနှင့် တူညီ သည့်အချက်များ ရှိခြင်းကလည်း ထိုင်းရုပ်ရှင်ကားများအပေါ် စိတ်ဝင်စားခံရမှုများသည့် အချက်တခု ဖြစ်သည်ဟုလည်း ဆိုနိုင် သည်။

ထို့အပြင် ထိုင်းသရဲကားများတွင် ပါဝင်သည့် စုန်းတိုက်ခြင်း၊ ကဝေပြုစားခြင်း စသည့် သက်ဝင်ယုံကြည်မှု တချို့သည်လည်း မြန်မာနိုင်ငံ၏ ပြည်နယ်၊ ကျေးရွာ အချို့တွင် ယနေ့အချိန်ထိ ကျန်ရှိနေသေးသည့်အတွက် အနောက်တိုင်း သရဲကားများထက် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံ၏ သရဲဇာတ်လမ်း ရုပ်ရှင်ကားများကို ပို၍ အားပေးလက်ခံခြင်း ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ယင်းအချက်များကို အခြေခံပြီး အခမဲ့ရုပ်သံလိုင်းများတွင် မြန်မာပရိသတ် လက်ခံမှု အပြည့်အဝရှိနေသည့် ကိုရီးယား ဇာတ်လမ်းတွဲများကို ထိုးဖောက်၍ ထိုင်းသရဲကား၊ စုန်း၊ ကဝေ ဇာတ်လမ်းတွဲများကို အစိုးရနှင့် ပုဂ္ဂလိက နှစ်ဦးနှစ်ဖက် အကျိုးတူ လုပ်ဆောင်နေသည့် Myanmar Media United ကုမ္ပဏီက အမြင်သစ်နှင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း မြဝတီရုပ်သံလိုင်း အစီအစဉ် ရေးဆွဲရေးဌာနထံမှ  စုံစမ်းသိရှိရသည်။

“ရုပ်သံလိုင်းမှာ ပြသနေတဲ့ ဇာတ်လမ်းတွဲတွေကို ရွေးချယ်တာကတော့ ကျနော်တို့နဲ့ အကျိုးတူ ဆောင်ရွက်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီ တွေက လုပ်တာပါ။ အခု ထိုင်းရုပ်ရှင်တွေကိုလည်း အဲဒီလိုပဲ တင်ပြတာပါ။ တင်ပြတဲ့ ဘယ်ဇာတ်လမ်းတွဲတွေကိုမဆို ကျနော်တို့ သတ်မှတ်ထားတဲ့အတိုင်း စိစစ်ပြီးပြသလို့ရရင် ပြသပါတယ်”ဟု မြဝတီရုပ်သံလိုင်း အစီအစဉ်ရေးဆွဲရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

မြန်မာပရိသတ် အများစု လက်ခံသည့် ထိုင်းသရဲရုပ်ရှင် ဇာတ်လမ်းများကို ကြည့်မည်ဆိုလျှင် ဇာတ်သဘောအားဖြင့် ချောက်ချားမှု၊ ဟာသမြောက်မှု အပါအဝင် ဇာတ်အိမ်ဖွဲ့တည်မှုခိုင်မာသည့် ဇာတ်လမ်းတွဲမျိုးကို ပရိသတ်စိတ်ဝင်စားမှုများကြောင်း တွေ့ရှိရသည်။

Your Thoughts …
Tags: EntertainEntertainmentThai
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

by ရန်ပိုင်
25 March 2014
4k

မန္တလေးတိုင်း အမရပူရ လင်းဇင်းကုန်း သင်္ချိုင်းမှာရှိတဲ့ ထိုင်း ဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက မြန်မာ ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တရားဝင် လေ့လာမှုတွေ ပြုလုပ်တော့မယ်လို့...

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
496

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
346

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

Next Post
Teo Seng Chan, Song Singha, သာသာရေး, ဗုဒ္ဓ, ယမကာ, ရွှေတိဂုံစေတီ,

ရွှေတိဂုံစေတီပုံပါ မလေးရှားအရက် ကန့်ကွက်လာနေ

ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ , နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စံချိန်တင် မြင့်တက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved