• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

သူရိယနေဝန်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား

by ထက်နိုင်ဇော်
26 November 2013
in Crime
A A
ခရိုနီ, ဦးတေဇ, သူရိယနေဝန်း, စာနယ်ဇင်း, ဦးမိုးဟိန်း

ခရိုနီ စီးပွားရေးသမားများကို ဝေဖန် ရေးသားထားသော သူရိယနေဝန်း ဂျာနယ်၊ ဦးတေဇ နှင့် သူရိယနေဝန်း ဂျာနယ် ပြဿနာကို ဖော်ပြထားသော ပြည်တွင်း စာနယ်ဇင်း တချို့ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

19.9k
VIEWS
Share on FacebookShare on Twitter

အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ခရိုနီများကို ပြင်းထန်စွာ ဝေဖန်သည့် သူရိယနေဝန်း ဂျာနယ်အား ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇက တရားစွဲဆိုမည့် ဖြစ်စဉ်အပေါ် ပြည်တွင်း စာနယ်ဇင်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ စိတ်ဝင်တစား ရေး သား ဖော်ပြလာကြောင်း တွေ့ရသည်။

ယခင်စစ်အစိုးရ အကြီးအကဲ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများက ပြောဆိုနေသော ဦးတေဇ ကလည်း သူ၏ လူမှု ကွန်ရက် စာမျက်နှာ ကိုယ်ပိုင် ဖေ့စ်ဘုတ်မှတဆင့် တုံ့ပြန်ထားသည်။

“ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက် လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေဘောင် အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိ ဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်း အရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်”ဟု ဦးတေဇ က ရေးသားထားသည်။

ဦးတေဇ၏ ဖေ့စ်ဘုတ် စာမျက်နှာမှာ အမှန်ဖြစ်ပြီး ယင်းရေးသားချက်များမှာလည်း ဦးတေဇ၏ အာဘော်များ ဖြစ်ကြောင်း ထူးကုမ္ပဏီ အုပ်စုမှ ရုံးအဖွဲ့မှူး ဦးညီညီအောင်က ဧရာဝတီသို့ ပြောသည်။

“ဦးတေဇနှင့် စိန်စီသောညများ” ခေါင်းစဉ်ဖြင့် ဦးတေဇ အပါအဝင် ခရိုနီများကို အတိအလင်း စစ်ကြေညာလိုက်ကြောင်း စာစုကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် သူရိယနေဝန်း ဂျာနယ်တွင် ထောင်သူရဲ ဘအုပ် အမည်ဖြင့် သူရိယနေဝန်း အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက သူကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ထောင်သူရဲ ဘအုတ် ၏ စာစု၌“ခင်ဗျားတို့ ခရိုနီအားလုံး ရန်ကုန်မြစ်ထဲက မော်တော်တစင်းနဲ့ ဘင်္ဂလားပင်လယ်အော်ထဲထိ မောင်း သွားပြီး အားလုံးခုန်ချပြီး အဆုံး စီရင်လိုက်တာ ပိုကောင်းပါတယ်။ ရန်ကုန်မြစ်ထဲမှာဆို ပေါ်လာမယ့် Body က မြင်မကောင်းရှုမကောင်း ဖြစ်နေမှာ စိုးလို့ပါ။ ဘင်္ဂလား ပင်လယ်အော်ထဲမှာဆိုတော့ Body တွေ ပြန်ပေါ်မလာတော့ဘူးပေါ့ဗျာ။ ဘင်္ဂလား ပင်လယ် အော်ထဲမှာက ငမန်းတွေ ရှိတယ်လေ”ဟု ပါရှိသည်။

ထိုသို့သော သူရိယနေဝန်း ဂျာနယ်၏ ရေးသား ဖော်ပြချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း၊ မီဒီယာတခု အနေဖြင့် ရပ်တည်မည်ဆိုပါက မီဒီယာကျင့်ဝတ်နှင့် အညီ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရေးသားသင့်သည်ဟု အကြံပြုလိုကြောင်း သတင်းစာပညာ သင်တန်းများ ပို့ချနေသည့် ဦးကြည်မင်းက ပြောသည်။

“အကုန်လုံးကတော့ ဒုက္ခတော့ ရောက်ကုန်တော့မှာ။ ဦးတေဇ ဘက်ကလည်း အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ စွဲခွင့် ရှိတယ်။ သူရိယနေဝန်း ဘက်ကလည်း ဦးတေဇက နဝတ(နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်မှာ ယူကရိန်း ကနေ ဟယ်ရီကော်ပတာတွေ ဝယ်တဲ့ ကိစ္စတွေ ရှိတယ်။ ကော်မရှင်ခ ဒေါ်လာ သန်းချီ သွားတာ။ အဲဒီနောက်ပိုင်း သစ်တောတွေ အကုန်ခုတ်။ တခြားလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့တော့ အဲဒါကို တွယ်ရင် ပြဿနာတက်မှာ”ဟု ဦးကြည်မင်းက ဆိုသည်။

မြန်မာ ဂျာနယ်လစ်များ ကွန်ရက် အဖွဲ့(MJN) မှ ဦးမြင့်ကျော် ကလည်း အသေရေဖျက်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အချက် အလက် အထောက်အထားမရှိဘဲ လူတယောက်ကို နစ်နာစေပါက အသရေဖျက်မှု မြောက်သောကြာင့် ဦးတေဇဘက်မှ အသေရေ ပျက်စေနိုင်သော အထောက်အထားများ ရရှိထားပါက တရားစွဲခွင့်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်မှာက လူတွေ မုန်းတဲ့ အာဏာရှင်၊ ခရိုနီတွေကို ပြောတယ်ဆိုရင်ပဲ အဲဒီလူက သူရဲကောင်းလို ဖြစ်နေတယ်။ ပြဿနာ က သူက ဘာသူရဲကောင်းမှ မဟုတ်ဘူး။ မကျေနပ်လို့ လမ်းပေါ်ထွက်ဆဲတဲ့ အဆင့်ပဲရှိတာ။ ဆဲတော့ အခု လူတွေထွက်ကြည့်နေ တယ်။ အခုထွက်ကြည့်နေတဲ့ ကာလလို့ပြောရမှာပေါ့။ ဆဲလိုက်တော့ တဖက်က တုံ့ပြန်မှုတခုခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ကတော့ အဝါရောင် စာနယ်ဇင်းလို့ပဲ မြင်တယ်”ဟု ဦးမြင့်ကျော်က ဆိုသည်။

ကျင့်ဝတ်နှင့်မညီသော အရေးအသားများကြောင့် မြန်မာနိုင်ငံ၏ မီဒီယာ ပုံရိပ်မှာ ထိခိုက်လျက်ရှိပြီး ဆင်ဆာမူဝါဒများနှင့် ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုတို့ကြောင့် လွတ်လပ်သော မီဒီယာများ ရှားပါးသွား၍ ယခုအချိန်တွင် အမှန်တကယ်လွတ်လပ်သော သတင်း မီဒီယာများ ပေါ်ထွက်လာစေရန် အရေးကြီးကြောင်း ပဲ့တင်သံ ဂျာနယ် တာဝန်ခံအယ်ဒီတာ မသီတာ(စမ်းချောင်း)ကလည်း ပြော သည်။

“အချက်အလက်နဲ့ဝေဖန်ထောက်ပြနိုင်ရင် ဂျာနယ်တစောင်၊ သတင်းထောက်တယောက် အကျိုးထက် တိုင်းပြည်အတွက်ပါ အကျိုး ရှိနိုင်တယ်။ ခရိုနီတွေရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ မသမာမှုတွေ အခွန်ရှောင်မှုတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် ဖော်ထုတ် နိုင်တယ် ဆိုရင်တော့ ကောင်းပါတယ်။ သတင်းဖတ်တဲ့သူတွေမှာ Right to Know လို့ခေါ်တဲ့ သတင်းသိပိုင်ခွင့်ရှိဖို့ လိုသလို သတင်း ပေးတဲ့ Source(သတင်း ရင်းမြစ်) နဲ့ သတင်းကို ဆန်းစစ်ခံရတဲ့ သူတို့ဘက်မှာလည်း ပြောရေးဆိုခွင့် ဆိုတာ ရှိရမယ်”ဟု မသီတာ(စမ်းချောင်း)က ဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

လက်ရှိအခြေအနေအရ သူရိယနေဝန်း ဂျာနယ်ကို တရားစွဲဆိုရန် စီစဉ်နေပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အချက်အလက် များ စုဆောင်းလျက်ရှိကြောင်း ထူးကုမ္ပဏီ အုပ်စု ရုံးအဖွဲ့မှူး ဦးညီညီအောင် က ဧရာဝတီသို့ ပြောသည်။

“တရားစွဲနိုင်ဖို့ အချက်အလက်တွေ စုဆောင်းနေတယ်။ တိုင်ပင်နေတယ်။ သူရိယနေဝန်းကိုပဲ တရားစွဲဖို့ လုပ်မှာပါ”ဟု ဦးညီညီ အောင် က ပြောပြသည်။

ဦးတေဇမှာ တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းရှင်ဖြစ်သောကြောင့် စာစောင်များက စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ အမြင်အမျိုးမျိုးဖြင့် ရေးသားနေကြသည်မှာ ပြဿနာမရှိကြောင်း၊ သို့သော် သူရိယနေဝန်းဂျာနယ်မှာ ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်မှုများသာမက အလွန် ဆိုး ဝါး လာသောကြောင့် ဥပဒေကြောင်းအရ အရေးယူရန် စဉ်းစားရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

“တော်ရုံတန်ရုံ ကိစ္စဆိုရင် တိုင်းရေးပြည်ရေး မီဒီယာ ကိစ္စတွေကို အကုန်လုံး နားလည်ပါတယ်။ ဘာမှမပြောပါဘူး ။ သူရိယ နေ ဝန်း ကတော့ လူပုဂ္ဂိုလ်အနေနဲ့ ခြိမ်းခြောက်တာတွေရော တခြားကိစ္စတွေရော တော်တော် ဆိုးဆိုးဝါးဝါး မို့လို့ပါ”ဟု ဦးညီညီအောင် က ပြောဆိုသည်။

သူရိယနေဝန်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းကမူ ဦးတေဇ၏ သူရိယနေဝန်း အပေါ် တုံ့ပြန်လာမှုကို လုံးဝအံ့သြခြင်း မရှိဘဲ ကမ္ဘာ့သမိုင်းတွင် တရားလိုမှ တရားခံဖြစ်သွားသော ဖြစ်စဉ်များစွာရှိသောကြောင့် ဆက်လက် လှုပ်ရှားသွားမည်ဖြစ်ပြီး မည်သည့် အခြေအနေတွင်မှ နောက်ကြောင်း ပြန်လှည့်မည်မဟုတ်ကြောင်း ပြောသည်။

“ကျနော်တို့လို လူထုဘက်ကရပ်တည်နေတဲ့ ဂျာနယ်တစောင်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ သဘောသဘာဝတွေကိုက အာဏာရှင် ကရော၊ အာဏာပိုင်ကရော၊ ခရိုနီတွေကရော အထူးသဖြင့် သူရိယအလင်းနဲ့ သူရိယနေဝန်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့၊ ပါဝင်ရေးသား ခံရတဲ့ ခရိုနီဇာတ်ကောင် အကြီးကြီးတွေအနေနဲ့ ကျနော်တို့ကို တနေ့မဟုတ် တနေ့ ဒီလိုလုပ်လာမယ်ဆိုတာ အစကတည်းက ကြိုတွက်ထားပြီးသားပါ။ တခုပြောချင်တာက တရားစွဲမယ့်လူကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ် ဆိုတာမျိုးက ကမ္ဘာ့သမိုင်းမှာ ပြည့်နှက်နေတာပါပဲ”ဟု ဦးမိုးဟိန်းက ဆိုသည်။

ပြည်တွင်ငြိမ်းချမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ခရိုနီစနစ် အမြစ်ဖြုတ်ရေးဆိုသော အချက်များနှင့် ညီညွှတ်သော ဆောင်း ပါး၊ သတင်းများ အားလုံးကို ဆက်လက်ဖော်ထုတ်ပြီး ပြည်သူလူထု၏ တထောင် တန်သော ပိုက်ဆံကို တကျပ်နှင့် ယူထားသော ကိစ္စရပ်များကို ဆက်လက် ဖော်ပြပေးရမည်မှာ သူရိယအလင်း၏ တာဝန် ဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့က ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ၈၈ ကတည်းကစပြီး တခါမှ နောက်ပြန်မလှည့်ခဲ့ဘူး။ ကျနော်တို့ ၈၈ ကျောင်း သား ခေါင်းဆောင်တွေက ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ရှေ့ကိုပဲ ရအောင်ထိုးဖောက်တာ”ဟု ဦးမိုးဟိန်းက ဆိုသည်။

Your Thoughts …
Tags: CronyMedia
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.4k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

ခရိုနီဝါဒ ဘာလဲ

ခရိုနီဝါဒ ဘာလဲ

by သစ်စာနီ
30 May 2013
8.6k

Carpet Beggar ဟူသော စကားရှိ၏။ ခေတ်ပျက် သူဌေးများကို ခေါ်ခြင်းဖြစ်သည်။ တိုင်းပြည် ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူကာ စီးပွားရှာနေသူများပင်။

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
126

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

Next Post
ထိုင်း ဝန်ကြီးချုပ် မစ္စ ယင့်လပ်, သက်ဆင်, ထိုင်း ဝန်ကြီးချုပ်ဟောင်း, အစိုးရ ဆန့်ကျင် ဆန္ဒပြ, ဘန်ကောက်

ဘန်ကောက်မြို့တွင် အရေးပေါ် အခြေအနေ ကြေညာထား

မြန်မာ့တပ်မတော်၏ မြေမြှုပ်မိုင်း အသုံးပြုမှု တိုးတက်

မြန်မာ့တပ်မတော်၏ မြေမြှုပ်မိုင်း အသုံးပြုမှု တိုးတက်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved