• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)

by အောင်သစ်
18 March 2024
in Investigation, ဆောင်းပါး
A A
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)
2.5k
VIEWS
Share on FacebookShare on Twitter

ကျားဖြန့် ဝရမ်းတွင် မပါခဲ့သည့် “လျူ” မိသားစု

ဦးလျူကွယ်ရှိ

ကိုးကန့်၏ ခေါင်းဆောင် မိသားစု ငါးစုထဲတွင် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ ဝရမ်းအထုတ် မခံရခဲ့သည့် မိသားစုမှာ “လျူ” မိသားစု ဖြစ်သည်။

“လျူ” မိသားစု၏ ခေါင်းဆောင် လျူကွယ်ရှိ မှာ ဦးဖုန်ကြားရှင်တို့ကဲ့သို့ပင် ငယ်ရွယ်စဉ်ကတည်းက ကိုးကန့်တပ်တွင် ပါဝင်ခဲ့သူ ဖြစ်သည်။ အော်လစ်ယန်းနှင့် သူ့အကို စော်ဘွား ယန်ကျင်စိုင်တို့ ဖွင့်လှစ်ခဲ့သည့် ကိုးကန့်စစ်သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ဖူးသူ တဦးလည်း ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကိုးကန့်တော်လှန်ရေးတပ်တွင် ပါဝင်ခဲ့ပြီး ထိုတပ် ပြိုကွဲပြီးနောက်ပိုင်း ဦးဖုန်ကြားရှင် ပြန်လည်ထူထောင်သည့် ကိုးကန့်တပ်တွင် ပါဝင်ခဲ့သူ ဖြစ်သည်။

ဦးဖုန်ကြားရှင်တို့ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းသည့် ၁၉၆၇ ခုနှစ်မှ ၁၉၈၉ ခုနှစ် အတောအတွင်း ကာလများ၌ ဦးလျူကွယ်ရှိသည် ဗမာပြည်ကွန်မြူနစ်ပါတီတွင် လက်ထောက် ဘဏ္ဍာရေးမှူး၊ ဘဏ္ဍာရေးမှူး တာဝန်များကို ယူခဲ့ဖူးသူလည်း ဖြစ်သည်။

၁၀၀၆ နယ်ခြားစောင့်တပ် ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲ၌ တွေ့ရသည့် ဦးလျူကွယ်ရှိ

ကိုးကန့်တို့ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်တပ်နှင့် ငြိမ်းချမ်းရေးယူသည့် ၁၉၈၉ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁) တည်ထောင်ချိန်တွင် ဦးလျူကွယ်ရှိက အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးတာဝန် ယူခဲ့သည်။ ထိုစဉ်က ဦးဝေရှောက်ရင်က စစ်ဦးစီးမှူးဖြစ်ပြီး အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဖြစ်သည်။ ဦးမြီရှောက်ချန်းသည်လည်း ကော်မတီအဖွဲ့ဝင် ဖြစ်သည်။

၁၉၉၀ ဝန်းကျင်ကာလများတွင် ဦးလျူကွယ်ရှိကို ဟီရိုးအင်း အရောင်းအဝယ်သမား မူးယစ်ရာဇာ တဦးအဖြစ် ဟောင်ကောင် အခြေစိုက် Far Eastern Economic Review မဂ္ဂဇင်းက ရေးသားဖော်ပြခဲ့ဖူးသည်။

ကိုးကန့်တို့ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်တပ်နှင့် ငြိမ်းချမ်းရေးယူသည့် ၁၉၈၉ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁) တည်ထောင်ချိန်တွင် ဦးလျူကွယ်ရှိက အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးတာဝန် ယူခဲ့သည်။

၂၀၀၉ ခုနှစ် အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ဦးဖုန်ကြားရှင်နှင့် လက်တွဲဖော်များ အကွဲအပြဲဖြစ်ကြသည့်အခါ ဦးလျူကွယ်ရှိက ဦးပယ်ဆောက်ချိန်တို့နှင့်အတူ ပူးပေါင်းကာ စစ်တပ်အလိုကျ ခရီးဆက်လျှောက်ခဲ့သူ ဖြစ်သည်။ ဦးလျူကွယ်ရှိသည် ထိုစဉ်က ဒုရဲချုပ် (နောင် ရဲချုပ်ဖြစ်လာသည့်) ဇော်ဝင်းနှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသူ တဦးဟုလည်း Euro Burma Office (Myanmar) ၏ အစီရင်ခံစာတခုတွင် ဖော်ပြခဲ့သည်။

ဦးပယ်ဆောက်ချိန်၊ ဦးဝေရှောက်ရင်၊ ဦးလူကွယ်ရှိ၊ ဦးမြီရှောက်ချန်းတို့အုပ်စု ကိုးကန့်ကို အာဏာသိမ်းအပြီး တဖက်တွင်လည်း ဖွဲ့စည်းပုံဥပဒေအရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြောင်းလဲကာ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းသည့်အခါ ဦးပယ်ဆောက်ချိန်က ဥက္ကဋ္ဌလုပ်၍ ဦးလျူကွယ်ရှိက ဒုဥက္ကဋ္ဌ ဖြစ်ခဲ့သည်။

အခြားသော ၂၀၀၉ ခုနှစ် ကိုးကန့် ခေါင်းဆောင်များနည်းတူ ဦးလျူကွယ်ရှိသည်လည်း ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့သည်။ ယှဉ်ပြိုင်မည့်သူ မရှိဘဲ ၂၀၁၀ ပြည့်နှစ် အမျိုးသားလွှတ်တော် အမတ် ဖြစ်လာခဲ့သည်။

“လွှတ်တော်ထဲက မူးယစ်ရာဇာများ” ဆိုသည့် အမည်ဖြင့် Shan Drug Watch က ၂၀၁၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် အစီရင်ခံစာ၌ ဦးလျူကွယ်ရှိကိုလည်း မူးယစ်ရာဇာဟောင်း အမတ်တဦးအဖြစ် ထည့်သွင်း ဖော်ပြခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မန္တလေး မောင်ကိန်းရွှေဆိုင် ဓားပြတိုက်ခဲ့သူမှာ ဦးလျူကွယ်ရှိ၏တူ ဖြစ်ခဲ့သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် ကိုးကန့်ဒေသ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ ဖျက်ဆီးသည့် အခမ်းအနား၌ တွေ့ရသော တချိန်က မူးယစ်ရာဇာ ဖြစ်ခဲ့သည့် ဦးလျူကွယ်ရှိ (ဝဲဘက်မှ ပထမမြောက်)

ဦးလျူကွယ်ရှိတွင် သားသမီး လေးဦး ရှိပြီး အကြီးဆုံးသားမှာ လျူတယ်ရှို့၊ သားလတ် လျူတယ်ချုံနှင့် အငယ်ဆုံးသားမှာ လျူတယ်ဟုန် ဖြစ်သည်။ သမီးမှာ လျူဟန့်ကျူ ဖြစ်သည်။ သားအငယ်ဆုံး ဖြစ်သည့် လျူတယ်ဟုန်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် လောက်ကိုင် အမှတ်(၁) မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးအမတ် ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုးကန့်ဒေသမှ ယှဉ်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းများ။
(ဝဲမှယာ) မောင်မောင်၊ ဗိုလ်မှူးကြီး ဝေဆန်း (ငြိမ်း)၊ ကျောက်တယ်ချန် (ကိုးကန့် ဥက္ကဋ္ဌ / ၂၀၁၆ -၂၀၂၁)၊ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း အောင်သန်းထွဋ်၊ ဘေရင်နယ်၊ မြင့်ဆွေ(ကိုးကန့် ဥက္ကဋ္ဌ / ၂၀၂၁ -၂၀၂၃ နိုဝင်ဘာ) နှင့် လူတယ်ဟုန်

ဦးလျူကွယ်ရှိတွင် သားသမီး လေးဦး ရှိပြီး အကြီးဆုံးသားမှာ လျူတယ်ရှို့၊ သားလတ် လျူတယ်ချုံနှင့် အငယ်ဆုံးသားမှာ လျူတယ်ဟုန် ဖြစ်သည်။ သမီးမှာ လျူဟန့်ကျူ ဖြစ်သည်။ သားအငယ်ဆုံး ဖြစ်သည့် လျူတယ်ဟုန်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် လောက်ကိုင် အမှတ်(၁) မဲဆန္ဒနယ်မှ ဝင်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေးအမတ် ဖြစ်သည်။

ဦးလျူကွယ်ရှိသည် အသက် ၇၆ နှစ်အရွယ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်ခဲ့မှုဖြင့် ကိုးကန့်၏ အခြားသော ဦးဆောင်မိသားစုများ ဇာတ်သိမ်း ဆိုးခဲ့သော်လည်း “လျူ” မိသားစုကမူ ထိုသို့ မဖြစ်ခဲ့ပေ။

ကိုးကား
Boundary map for Yunan and Burma, Guangxu period, 1894

International Boundary Study, Burma – China Boundary, Office of the Geographer, Bureau of Intelligence and Research

BURMA-CHINA BOUNDARY/ Document Type: CREST/Collection: General CIA Records

မောင်မောင်စိုး – ကျိုင်းတုံစစ်တမ်း – အခန်း (၃)၊ အပိုင်း (၂၃)

Myanmar’s Warrior Princess: Opium Queen Olive Yang

曾经的“果敢王”彭家声离世 功过是非任凭说

A Life of Poppies and Profits for Deceased Drug Kingpin Lo Hsing Han

讣告 | 果敢自治区原国会议员刘国玺先生逝世

缅甸果敢“女皇帝”杨二小姐高龄辞世

杨振材

金手指讲:缅北风云3果敢土司

The House of Yang: Guardians of an Unknown Frontier

缅甸“果敢王”彭家声去世

同盟军原司令员彭家富谈果敢禁毒

ကိုးကန့် သမိုင်း စာမျက်နှာများကို ပြန်လှန်ခြင်း – ဘာတီး(လ်) လင့်တနာ

果敢1006边防营成立十周年 各级各界领导/嘉宾应邀参加系列纪念活动

The Rise and Fall of the Communist Party of Burma – Bertil Lintner

မြန်မာ့အလင်းသတင်းစာ / ၃၁၊ ၈၊ ၂၀၀၉

မန်းဖိုးအေး (ဝါးခယ်မ) – (ဘာသာပြန်) – အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၂)

မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့များ/ မူဝါဒရေးရာ ဆွေးနွေးချက် စာတမ်းငယ် အမှတ်(၁၃)

THE KOKANG CLASHES – WHAT NEXT? EBO Analysis Paper No.1/2009

မြန်မာ့အလင်းသတင်းစာ / ၁၊ ၁၁၊ ၂၀၀၉

အောင်သန်းထွဋ်

သျှမ်းပြည်နယ် လွှတ်တော်အကြီးအကဲများနေရာ ပြည်ခိုင်ဖြိုးပါတီရရှိ – သျှမ်းသံတော်ဆင့်

果敢边防军1006营举行成立十三周年系列纪念活动

မြန်မာ့အလင်းသတင်းစာ / ၂၁၊ ၈ ၊ ၂၀၁၀

မြန်မာ့အလင်းသတင်းစာ / ၃၁၊ ၃၊ ၂၀၁၁

မြန်မာ့အလင်းသတင်းစာ / ၁၈၊ ၂၊ ၂၀၁၅

မြန်မာ့အလင်း သတင်းစာ / ၁၈၊ ၁၁၊ ၂၀၁၅

China, Thailand, Myanmar and Laos initiate joint operation to crack down on gambling, fraud

China, Thailand, Myanmar, Laos Launch Joint Police Operation

ကိုးကန့်သတင်း / Kokangnews

China arrests 11 Kokang businessmen

公安机关公开通缉陈岩板(鲍岩板)、肖岩块(何春田)2名电信网络诈骗犯罪集团头目/ 时间: 2023年10月12日

公安机关公开通缉缅北果敢自治区电信网络诈骗犯罪集团重要头目明学昌、明国平、明菊兰、明珍珍

公安机关公开通缉白所成、魏怀仁、刘正祥等10名缅北果敢自治区电信网络诈骗犯罪集团重要头目

ကိုးကန့်ကျောက်မျက်ကုမ္ပဏီများကို နာမည်ပျက်စာရင်းသွင်း – ဧရာဝတီ

MIC Designates Kokhang Economic Zone

Baisheng Corporation

ပယ်စိမ်းကျိတင် အင်တာနေရှင်နယ်ဟိုတယ်

Myanmar New Yum Casino

Changsheng Sciences and Technology Park

ပယ်စောချိန်ပညာရေးဖောင်ဒေးရှင်းမှ ပညာရေးအဖွဲ့သို့ ဩဂုတ်လအတွက် ပညာရေး ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

电诈头目白所成74岁寿宴记录:武装安保、应接不暇

Bai Xuoqian, head of the Kokang Self-Administered
21 MARCH 2012

မြန်မာ့အလင်းသတင်းစာ / ၂၆၊ ၂၊ ၂၀၁၅

လောက်ကိုင်မှာ လောင်ချာနဲ့ပစ် / ၁၇ စက်တင်ဘာ ၂၀၁၆

白应能 ဦးခင်မောင်လွင်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင်ဟောင်း ယာဉ်တန်းအား MNDAA အဖွဲ့ တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ထိတွေ့မှုဖြစ်ပြီး ရဲနှင့်အရပ်သား ၁၂ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရရှိ

果敢自治区民兵大队举行成立六周年纪念庆典仪式

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
47
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
280
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.2k

缅甸北部果敢苍胜科技园+生日宴会明星贺词真相

緬北四大家族之首白家遭通緝 「愛心女神」白應蘭用慈善掩護電詐

白應蘭

缅北的四大家族,究竟是何方神圣?

လောက်ကိုင်နယ်ခြားစောင့်တပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေး

Hanley Group of Companies

Hanley Specialist Hospital

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

0名缅北重大犯罪嫌疑人被成功押解回国

缅甸果敢老街。 毕会军,刘正琦,魏青涛四大家族成员劝降:不要再伤害中国人了!

မြန်မာ့အလင်းသတင်းစာ / ၂၁၊ ၃၊ ၂၀၁၉

果敢刘正祥先生荣获国家最高弘法杰出贡献奖

福利来集团恒安地产斥资6000万人民币打造新兴科技产业园

刘积光

Fully Light Group of Companies

Fully Light Travel

Fully Light International Hotel

Eastern Myanmar Hotel

Eastern Myanmar Hotel Yangon Fb

Phwint Phyo Thit Company

Yé Dagun Taung City Development

http://www2.maaconsultants.com/en/projects/detail.php?dpid=478

https://www.archetype-group.com/projects/yedagon-taung-international-school/

Shacman Myanmar

Gobo East Entertainment

GoBo’s grand opening was presided over by a deputy PM, and former Sville Governor Yun Min joined an anniversary celebration in 2020. Fulilai’s director received a tourism award from the PM in 2020. 6/ China-Cambodia Monitor

Regarding the 1020 Crouching Tiger Villa incident, all bloody Chinese people were angry after seeing it. It was so tragic!

Ming Xuechang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း) (ခ) Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen (မြီကျိန်းကျိန်း) တို့ကို ဥပဒေအရ အရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

缅北果敢自治区电信网络诈骗犯罪集团重要头目明国平、明菊兰、明珍珍被成功缉拿归案

Peking University denies grandson of telecom fraud leader in Myanmar a student

自治区领导委员会率地区各级机关单位、部门共同吊唁刘国玺老领导

Heroin traffickers elected in Burma

မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူအသုံးပြုသည့် သေနတ်မှာ ဦးလေးဖြစ်သူ ကိုးကန့် လွှတ်တော်ကိုယ်စားလှယ်၏ လုံခြုံရေးများထံမှ ယူလာဟုဆို

(ပြီး)

ဆက်စပ်အကြောင်းအရာများ

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၂)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၃)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၅)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၆)

ကိုးကန့်ဒေသ လွတ်မြောက်ခြင်းအောင်ပွဲ ညီနောင်မဟာမိတ် ခေါင်းဆောင်များတက်

ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး

ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAABGFMNDAATNLAUSDPကိုးကန့်ကျားဖြန့်စစ်ကောင်စီတရုတ်နယ်ခြားစောင့်တပ်ပြည်သူ့စစ်ဗကပရွေးကောက်ပွဲ
အောင်သစ်

အောင်သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

AA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရသေ့တောင်မြို့

AA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ရသေ့တောင်မြို့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved