အမေရိကန်အရေးယူမှုနှင့် ဦးထွန်းမြင့်နိုင်တို့ သားအဖ

အာဏာရှင် စစ်တပ်အား ပံ့ပိုးမှုဖြင့် ဦးလော်စစ်ဟန်၊ ဦးထွန်းမြင့်နိုင်နှင့် ၎င်း၏ ဇနီး Cecilia Ng တို့ကို ၂၀၀၈ ခုနှစ် နှင့် ၂၀၁၀ ပြည့်နှစ် တို့တွင် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အဆိုပါ အရေးယူမှုတွင် ဦးထွန်းမြင့်နိုင်၏ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံမှ ကုမ္ပဏီများစွာ ပါဝင်ခဲ့သည်။ ထို့ပြင် ထပ်မံ၍ အေးရှားဝေါလ်ကုမ္ပဏီက ၅၀ ရာခိုင်နှုန်းအထက် ရှယ်ယာပိုင်ဆိုင်သည့် ကုမ္ပဏီ ခြောက်ခုကို ၂၀၁၆ ခုနှစ်တွင် အရေးယူပိတ်ဆို့မှုစာရင်းသွင်းခဲ့သည်။

မြောက်ပိုင်းလမ်းများကို ပိုင်စိုးသူ
ဗိုလ်ချုပ် ခင်ညွန့် နှင့် မြန်မာ့ထောက်လှမ်းရေး တန်ခိုးထွားစဉ်အချိန် ၁၉၉၀ ကျော် ကာလများတွင် ၎င်း၏ တိုင်းရင်းသားရေးရာ အကြံပေး ကိုးကန့်သားကြီး ဦးလော်စစ်ဟန်က မြန်မာပြည် မြောက်ပိုင်း၏ လမ်းများစွာကို စီမံလုပ်ကိုင်ခွင့် ရရှိခဲ့သည်။ မြောက်ပိုင်းသားကြီးအား မြောက်ပိုင်း၏ လမ်းများကို ပြန်လည် နေရာပေးသည့်သဘော ဖြစ်သည်။
ထိုအထဲတွင် တချိန်က Burma Road ဟု လူသိများခဲ့သည့် လားရှိုး-ကူမင်းလမ်း၏ မြန်မာဘက်ခြမ်း လားရှိုး-မူဆယ်လမ်းကိုလည်း ဦးလော်စစ်ဟန်က ၁၉၉၆ ခုနှစ်တွင် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
ဧရာဝတီက ရရှိထားသည့် အချက်အလက်များအရ အေးရှားဝေါလ် ကုမ္ပဏီက တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် လုပ်ကိုင်ခွင့်ရခဲ့သည့် မြန်မာပြည် မြောက်ပိုင်းလမ်းများမှာ လားရှိုး -မူဆယ်လမ်း၊ နောင်ချို-လားရှိုးလမ်း၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း၊ မူဆယ်- နမ့်ခမ်းလမ်း၊ မိုင်းယု-မူဆယ်လမ်း၊ မူဆယ်-ကြူကုတ်လမ်းနှင့် ကျောက်မဲ-လားရှိုး လမ်းပိုင်းတို့ ဖြစ်သည်။

မြောက်ပိုင်းလမ်းများကို လုပ်ကိုင်ခွင့်ရခဲ့သည့် ထိုကာလများတွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ကျောက်မဲ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ-၁) တွင် ဗိုလ်မှူးချုပ်တာဝန်၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး စသည့် တာဝန်တို့ကို ထမ်းဆောင်နေသည့် ကာလဖြစ်ရာ ဦးလော်စစ်ဟန်တို့ သားအဖနှင့် ရင်းနှီးသည့် ဆက်ဆံရေး ကိုတည်ဆောက်ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ စတင် ဖော်ဆောင်ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲများက အေးရှားဝေါလ် ကုမ္ပဏီ၏ လမ်းအခွန်အခ ဝင်ငွေကို ထိခိုက်စေသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ စတင် ဖော်ဆောင်ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲများက အေးရှားဝေါလ် ကုမ္ပဏီ၏ လမ်းအခွန်အခ ဝင်ငွေကို ထိခိုက်စေသည်။
လေဆိပ်များ၏ အော်ပရေတာ

၂၀၀၀ ပြည့်နှစ်ကျော် ကာလများတွင်မှု အေးရှားဝေါလ် ကုမ္ပဏီက မြန်မာပြည် လေဆိပ်များစွာ၏ ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ပိုင်ခွင့် ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတကာ လေဆိပ် သုံးခုတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို ဦးထွန်းမြင့်နိုင်၏ ကုမ္ပဏီများက စီမံလုပ်ကိုင်ခွင့်ရထားပြီး မန္တလေး လေဆိပ်ကိုသာ နိုင်ငံခြား ကုမ္ပဏီဖြစ်သည့် Mitsubishi Group က လုပ်ကိုင်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ Yangon Aerodrome Company က စီမံခန့်ခွဲပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Pioneer Aerodrome Services Company က စီမံခန့်ခွဲသည်။

Pioneer Aerodrome Services Company အစုအဖွဲ့ကို မြန်မာမှ Pioneer Aerodrome Service ကုမ္ပဏီ၊ တရုတ်နိုင်ငံ China Harbor Engineering, စင်ကာပူမှ CPG Consultant, မလေးရှားမှ Malaysia Airport Consultancy Services ကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲနေသည့် Yangon Aerodrome Company ကို စစ်ကောင်စီအား လေယာဉ်ဆီ တင်သွင်းရာတွင် ကူညီမှုဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အမည်ပျက်စာရင်းသွင်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။
ဦးထွန်းမြင့်နိုင်၏ Pioneer Aerodrome ကုမ္ပဏီသည် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခွင့်ကို ဦးသိန်းစိန် လက်ထက် ၂၀၁၄ ခုနှစ်ကတည်းက ရရှိခဲ့သည်။ ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲနေသည့် ၎င်း၏ Yangon Aerodrome Company ကိုမူ စစ်ကောင်စီအား လေယာဉ်ဆီ တင်သွင်းရာတွင် ကူညီမှုဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အမည်ပျက်စာရင်းသွင်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၏ အဓိက ကန်ထရိုက်တာ
ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီသည် စစ်ခေါင်းဆောင်တို့ နေပြည်တော်ကို တည်သည့် အချိန်က ဆောက်လုပ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်ခွင့်ရခဲ့သည့် ရခဲ့သည့် ကုမ္ပဏီကြီး ၂ ခုအနက်မှ တခု ဖြစ်ခဲ့သည်။ အခြား တခုမှာ ဦးတေဇ၏ ထူးကုမ္ပဏီ ဖြစ်သည်။
နေပြည်တော်၏ အရေးပါသည့် အဆောက်အဦများကို အေးရှားဝေါလ်က ဆောက်လုပ်ခွင့် ရခဲ့သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်ကိုလည်း ဆောက်ခွင့်ရခဲ့သည်။ အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ကိုလည်း တည်ဆောက်ခွင့် ရခဲ့သည်။

နေပြည်တော်၏ အဓိက ဆောက်လုပ်ရေး ကုမ္ပဏီများတွင် ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီနှင့် ဦးချစ်ခိုင်၏ ဧဒင်အုပ်စုလည်း ပါဝင်ခဲ့သည်။ လွှတ်တော် အဆောက်အဦများကိုမှု ဦးသိန်းစိန် အစိုးရလက်ထက် အားကစားဝန်ကြီး ဖြစ်ခဲ့သည့် ဦးတင့်ဆန်း၏ ACE ကုမ္ပဏီက ဆောက်လုပ်ခွင့် ရခဲ့သည်။

ဦးထွန်မြင့်နိုင်က နေပြည်တော်တွင် ၎င်း၏ ဟိုတယ်လုပ်ငန်းအတွက် Horizon Lake View Resort နှင့် Myat Taw Win ဟိုတယ်တို့ကိုပါ တခါတည်း ဆောက်လုပ်ခဲ့သည်။ ရန်ကုန်မြို့ နာမည်ကြီး လှည်းတန်းလမ်းဆုံ၌ တည်ရှိသည့် လှည်းတန်းစင်တာကို အကောင်အထည်ဖော်သူ မှာလည်း အေးရှားဝါးလ် ကုမ္ပဏီပင် ဖြစ်သည်။
မြန်မာ့ခေတ်ဦး ဆက်သွယ်ရေးလုပ်ငန်းရှင်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့နှင့် ဆက်ဆံရေးကောင်းမွန်သူ၊ နေပြည်တော် တည်ဆောက်ရေးတွင် အစဉ်အလာ ရှိခဲ့ပြီးသူ ဦးထွန်းမြင့်နိုင်က နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ် မြန်မာ့စီးပွားရေးတွင် အမြတ်အစွန်းများလွန်းသော ဆက်သွယ်ရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ရခဲ့သည်။
မြန်မာနိုင်ငံတွင် ငွေကြေးချမ်းသာ ကြွယ်ဝသူများနှင့် အာဏာရှင် စစ်တပ်နှင့် မကင်းသူများသာ ဖုန်း ကိုင်ဆောင်နိုင်ခဲ့သည့်ခေတ်တွင် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ Asia Mega Link Company က ဆက်သွယ်ရေးလုပ်ငန်း စက်ရုံကို ၂၀၁၀ ပြည့်နှစ်၊ ဧပြီတွင် ပြင်ဦးလွင်၊ ရတနာပုံမြို့သစ်၌ တည်ထောင်ခဲ့သည်။
မြန်မာနိုင်ငံတွင် ငွေကြေးချမ်းသာ ကြွယ်ဝသူများနှင့် အာဏာရှင် စစ်တပ်နှင့် မကင်းသူများသာ ဖုန်း ကိုင်ဆောင်နိုင်ခဲ့သည့်ခေတ်တွင် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ Asia Mega Link Company က ဆက်သွယ်ရေးလုပ်ငန်း စက်ရုံကို ၂၀၁၀ ပြည့်နှစ်၊ ဧပြီတွင် ပြင်ဦးလွင်၊ ရတနာပုံမြို့သစ်၌ တည်ထောင်ခဲ့သည်။ ထိုအချိန်က ၂၀၁၀ ရွေးကောက်ပွဲပင် မကျင်းပရသေးသည့် ကာလဖြစ်သည်။
အဆိုပါ ကုမ္ပဏီက မြန်မာပြည်၌ GSM, CDMA 450 MHz, CDMA 800 MHZ ကွန်ရက်များကို လုပ်ကိုင်ခွင့် ရခဲ့ပြီး ငွေဖြည့်ကတ်များ၊ တခါသုံး GSM Sim Card များကို နိုင်ငံတဝန်း ဖြန့်ချိခဲ့သည်။

Asia Mega Link Company သည် ဆက်သွယ်ရေး လုပ်ငန်းကို ထိုစဉ်က နအဖ စစ်အစိုးရ လက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် တွဲဖက် လုပ်ကိုင်ကာ ပြည်သူ့ဆီမှ အကျိုးအမြတ်များကို ယူခဲ့ခြင်း ဖြစ်သည်။ ထိုကုမ္ပဏီသည် မကွေး-ရေနံချောင်း-ဂွေးချို ဖိုက်ဘာလမ်းကြောင်း စီမံကိန်းကိုလည်း လုပ်ဆောင်ခဲ့သည်။

စစ်တပ်ပိုင် Mytel ၏ ရှယ်ယာရှင်
ဦးထွန်းမြင့်နိုင်သည် နအဖ လက်ထက် စစ်ခေါင်းဆောင်တို့နှင့်သာ ဆက်သွယ်ရေးလုပ်ငန်းကို တွဲဖက် လုပ်ကိုင်သည် မဟုတ် လက်ရှိ အာဏာရှင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပြီးချိန်မှ တည်ထောင်သည့် စစ်တပ်ပိုင် Mytel ကုမ္ပဏီတွင်လည်း အရေးပါသည့် ရှယ်ယာရှင်တဦး ဖြစ်သည်။
မြန်မာလုပ်ငန်းစုများနှင့် ဖွဲ့စည်းထားသည့် MNTH တွင် ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသည့် ကုမ္ပဏီမှာ Royal Yatanarpon Telecom Public Company Limited ဖြစ်သည်။ ထိုကုမ္ပဏီတွင် အေးရှားဝေါလ်အုပ်စု၏ ကုမ္ပဏီများစွာကို စီမံနေသောသူ ဒေါ်အေးအေးအောင်က ဒါရိုက်တာ တဦးအဖြစ် ပါရှိသည်။
Mytel ကို စစ်တပ်ပိုင် Star High Company, ဗီယက်နမ်စစ်တပ်ပိုင် Viettel Global JSC နှင့် မြန်မာကုမ္ပဏီ ၁၁ ခုတို့ စုဖွဲ့ထားသည့် Myanmar National Telecom Holding (MNTH) တို့ ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်သည်။ အဆိုပါ မြန်မာလုပ်ငန်းစုများနှင့် ဖွဲ့စည်းထားသည့် MNTH တွင် က ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသည့် ကုမ္ပဏီ မှာ Royal Yatanarpon Telecom Public Company Limited ဖြစ်သည်။

ထိုကုမ္ပဏီတွင် အေးရှားဝေါလ်အုပ်စု၏ ကုမ္ပဏီများစွာကို စီမံနေသောသူ ဒေါ်အေးအေးအောင်က ဒါရိုက်တာ တဦးအဖြစ် ပါရှိသည်။ ဒေါ်အေးအေးအောင်သည် အေးရှားဝါးလ် ကုမ္ပဏီအုပ်စုသို့ ၁၉၉၅ ခုနှစ်ကတည်းက စတင် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး Asia World Industries ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ်နှင့် PP Woven အိတ်စက်ရုံ၊ မြန်မာ့စက္ကူစက်ရုံ (Myanmar Paper Mill Factory) တို့တွင် စီမံခဲ့သူ ဖြစ်သည်။

ထို့ပြင် အေးရှားဝေါလ် ကုမ္ပဏီခွဲများဖြစ်သော Asia Mega Link Co., Ltd နှင့် Asia Mega Link Services Co., Ltd. တို့၏ ဒါရိုက်တာတဦးဖြစ်ကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်း ဖြစ်သည်။ မြန်မာခရိုနီတဦး ဖြစ်သူ ဦးဝင်းအောင်၏ ဒဂုံအုပ်စုက ရှယ်ယာ ၄၅ ရာခိုင်နှုန်း ကမကထပြုကာ တည်ထောင်ထားသည့် မြန်မာအက်ဂရို အိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတက် (MAEX) တွင်လည်း အမှုဆောင် ဒါရိုက်တာ ဖြစ်သည်။
ကျောက်စိမ်းလုပ်ကွက်များနှင့် အေးရှားဝေါလ်
ဦးထွန်းမြင့်နိုင်တွင် ကျောက်စိမ်းများ တူးဖော်နေသည့် အဓိက ကုမ္ပဏီကြီး နှစ်ခု ရှိပြီး ယင်းတို့မှာ ရတနာတောင်တန်း ကျောက်မျက်ကုမ္ပဏီနှင့် ဒဂုံရတနာကျောက်မျက် ကုမ္ပဏီတို့ ဖြစ်သည်။ ထိုကုမ္ပဏီများ၏ လိပ်စာနှင့် အီးမေလ်လိပ်စာများသည် အေးရှားဝေါလ်အုပ်စု၏ လိပ်စာနှင့် အတူတူ ဖြစ်သည်။
ရတနာတောင်တန်း ကုမ္ပဏီသည် ဖားကန့်အနောက်ခြမ်းရှိ မတ်လင်ချောင်၌ ၈၁ ဧကကျော် လုပ်ကွက်ကြီးကို လုပ်ကိုင်ခွင့်ရထားပြီး ဒဂုံရတနာကုမ္ပဏီက ဖားကန့်ရှိ ဝှေခါ၊ မြောက်ဖြူနှင့် မှော်လှခင်တို့တွင် လုပ်ကွက် ခြောက်ခုဖြင့် လုပ်ကိုင်သည်။


ရတနာတောင်တန်း ကျောက်မျက်ကုမ္ပဏီ၏ ကျောက်စိမ်းရောင်းချငွေ (အခွန်မဆောင်ရသေးခင်) ပမာဏ သည် ၂၀၁၄ ခုနှစ် တနှစ်ထဲပင် အမေရိကန်ဒေါ်လာ ၂၇ သန်း ရှိခဲ့ပြီး ထို့အရင်နှစ်က ၂၁ သန်း ရှိခဲ့သည်ဟု Global Witness ၏ Jade: Myanmar’s “Big State Secret” အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ဦးထွန်းမြင့်နိုင်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗိုလ်ချုပ်ကြီး အင်ဘန်လကို အေးရှားဝေါလ်၏ ကျောက်စိမ်း လုပ်ကွက်များတွင် ပူးပေါင်းရန် ကမ်းလှမ်းခဲ့ဖူးပြီး ဗိုလ်ချုပ်ကြီးကလည်း လက်ခံခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် ဆက်စပ်၍ Global Witness က မှတ်ချက် တောင်းရာတွင်မှု ဗိုလ်ချုပ်ကြီး အင်ဘန်လက မှတ်ချက် မပေးခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။
ရတနာတောင်တန်းကုမ္ပဏီ လုပ်ကိုင်နေသည့် လုပ်ကွက်သည် ကနဦးတွင် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တွဲဖက်ပိုင်ဆိုင်ခဲ့သည်ဟု ဦးလော်စစ်ဟန်နှင့် ရင်းနှီးသူ၏ ပြောဆိုချက်ကို ကိုးကား၍လည်း Global Witness က ရေးသားထားသေးသည်။
ရတနာတောင်တန်းကုမ္ပဏီ လုပ်ကိုင်နေသည့် လုပ်ကွက်သည် ကနဦးတွင် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တွဲဖက်ပိုင်ဆိုင်ခဲ့သည်ဟု ဦးလော်စစ်ဟန်နှင့် ရင်းနှီးသူ၏ ပြောဆိုချက်ကို ကိုးကား၍လည်း Global Witness က ရေးသားထားသေးသည်။

၂၀၁၆ ခုနှစ်အတွင်း ရတနာတောင်တန်းကုမ္ပဏီ လုပ်ကွက်မှ တန်ချိန် ၂၁၀ ကျော် ကျောက်စိမ်းရိုင်းတုံးကြီး တူးဖော်ရရှိခဲ့ပြီး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက အမေရိကန်ဒေါ်လာ ၆ သန်းဝန်းကျင် တန်ကြေးသတ်မှတ်ခဲ့ဖူးသည်။
(ဆက်လက်ဖော်ပြပါမည်)
You may also like these stories:
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁
“ခရိုနီ”ဟု လက်ညိုးထိုးနေခြင်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ
ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်
ဒဏ်ခတ်ပိတ်ဆို့မှု ဆူးကြားက ဗူးခါး ခရိုနီများ
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁













