• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မဏိပူရ်၌ ခိုလှုံနေသည့် စစ်ရှောင်များ နေရပ်ပြန်ပို့ခံမည်ကို စိုးရိမ်

by မေရီခိုင်
9 May 2024
in သတင်း
A A
မဏိပူရ်၌ ခိုလှုံနေသည့် စစ်ရှောင်များ နေရပ်ပြန်ပို့ခံမည်ကို စိုးရိမ်

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁၄ရက်က တွေ့ရသည့် အိန္ဒိယနယ်စပ်ရှိ မြန်မာစစ်ဘေးဒုက္ခသည်စခန်းတခု (CJ)

230
VIEWS
Share on FacebookShare on Twitter

မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း၏ တရားမဝင်နေထိုင်သူ ငါးထောင်ကျော်ကို ပြန်ပို့မည်ဟု လူမှုကွန်ရက် X ခေါ် တွစ်တာ၌ ယမန်နေ့က ရေးသားမှုအပေါ် ၎င်းပြည်နယ်တွင် ခိုလှုံနေသည့် မြန်မာစစ်ရှောင်များ စိုးရိမ်နေကြသည်။

မဏိပူရ်ပြည်နယ်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင် ၅,၄၅၇ ဦးရှိပြီး ထိုအထဲတွင် ၅,၁၇၃ ဦး၏ ကိုယ်ရေး အချက်အလက်များကို မဏိပူရ်အစိုးရက ကောက်ယူထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ အိန္ဒိယ- မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်စည်းတလျှောက်တွင် မြန်မာစစ်ဘေးရှောင်အများစုနေထိုင်ကြပြီး အများစုမှာ တမူးမြို့နယ် ထန်းတပင်ကျေးရွာမှဖြစ်ကာ တိုက်ပွဲများကြောင့် မဏိပူရ်ပြည်နယ်၊ မိုရေးမြို့နယ်အတွင်း ရွာလုံးကျွတ်ထွက်ပြေးခိုလှုံနေကြသူများဖြစ်ကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူများက ပြောသည်။

ထန်းတပင်ကျေးရွာမှ စစ်ရှောင်အမျိုးသမီးတဦးက “အခုက အိန္ဒိယဘက်က နယ်စပ်စည်းရိုးထဲမှာ နေတာပါ။ မီးလောင်တာ ရွာလုံးကျွတ်ဆိုတော့ ဘာမှမရှိလို့ ဒီဘက်ကို ရောက်လာတာ၊ အခု သူတို့က ပြန်မောင်းထုတ်လို့ ရွာပြန်ရင်လည်း ပြာပုံ ကျမတို့ သွားစရာမရှိဘူး၊ နယ်စပ်မှာကတော့ ယောက်ျားလေးတွေအတွက် လုပ်ကိုင်စားစရာ အလုပ်အကိုင်လေး ရှိသေး တယ်။ ပြန်ရင်လည်း ဘာမှလုပ်စရာ နေစရာ မရှိတော့ မပြန်ချင်ဘူး၊ ပြန်ရင်လည်း ထပ်ထွက်ပြေးနေရဦးမှာပဲ” ဟု ‌ဧရာဝတီ ကို ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
173
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
55

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
80

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ မြို့သစ်မြို့တွင် မေလ ၇ရက်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေရာ မြို့သစ်မြို့ဒေသခံများအားလုံး အိန္ဒိယနယ်စပ်ဘက်သို့ တိမ်းရှောင်နေကြသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်အာဏာမသိမ်းမီ မဏိပူရ်ပြည်နယ်ထဲ ရွှေ့ပြောင်း၍ ရက်ကန်းအလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ် အာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ၂၀၂၁ခုနှစ်၊ မတ်လတွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၅လနှင့် ငွေဒဏ် ရူပီးတထောင် ကျခံစေခဲ့ရာ ယင်းတို့အထဲမှ မြန်မာနိုင်ငံသား ၃၈ ဦးကို ၂၀၂၄၊ မေ ၂ရက်‌တွင် မြန်မာဘက်သို့ ပြန်လည် ‌လွှဲပြောင်းပေးခဲ့သည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁၄ရက်က တွေ့ရသည့် အိန္ဒိယနယ်စပ်ရှိ မြန်မာစစ်ဘေးဒုက္ခသည်စခန်းတခု (CJ)

စစ်တပ် အာဏာသိမ်းပြီးနောက် မဏိပူရ်ပြည်နယ်၌ ခိုလှုံနေရသည့် မြန်မာနိုင်ငံသားများအနက် (အာဏာဖီဆန်ရေး လှုပ်ရှားမှု) CDM ဝန်ထမ်းများ၊ ရဲ၊ စစ်သားများလည်း ပါဝင်နေသောကြောင့် မဏိပူရ်အာဏာပိုင်‌များက စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးခဲ့လျှင် ၎င်းတို့အတွက် စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

အမည်မဖော်လိုသည့် မိုးရေးရောက် CDM ဝန်ထမ်းတဦးက “ရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ကောင်စီဆီ ပြန်ပို့တာ ပြဿနာ သိပ်မရှိဘူး။ ကျနော်တို့ကျ အဆင်မပြေဘူး။ CDM လုပ်ထားတယ်ဆိုတော့ သူတို့ဆီကို အချက်အလက် ဝင်သွား ရင် ကျိန်းသေ အဖမ်းခံရမှာပဲ။ အဖမ်းခံမှာစိုးလို့ ရှောင်လာခဲ့တာလေ၊ ပြန်တော့ အဖမ်းမခံချင်ဘူး။ ကျနော်တို့တင် မဟုတ် ဘူး။ စစ်ဘေးရှောင်တွေလည်း အဆင်မပြေဘူး။ တချို့ဆို ပြန်စရာ အိမ်လည်း မရှိတော့ဘူး” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့နယ်တွင် နေထိုင်သည့် စစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယ အာသံရိုင်ဖယ်တပ်က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၆၃ ဦးသည် လက်ရှိ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်၌ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

လူသားချင်း စာနာသောအားဖြင့် စစ်ဘေးရှောင်များအား အေးအေးချမ်းချမ်း ခိုလှုံခွင့်ပြုရန် မဏိပူရ်ပြည်နယ် အစိုးရ၊ အုပ်ချုပ်ရေးပိုင်းနှင့် အာသံရိုင်ဖယ်တပ်ကို တောင်းဆိုသော်လည်း တုံ့ပြန်မှု တစုံတရာ မရဘဲ စစ်ရှောင်များနေသော နယ်စပ်ရွာများထဲ အထူးကွန်မန်ဒိုတပ်များက စီးနင်းရှာဖွေမှုများ မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း ဗမာပြည် ဒုက္ခသည်များကော်မတီ၊ ကဘော်ချိုင့်ဝှမ်းဒေသ (BRCK) ၏ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “လူသားချင်း စာနာသောအားဖြင့် စစ်ဘေးရှောင်တွေ နေခွင့်ပေးပါ၊ အေးအေးချမ်းချမ်း ခိုလှုံခွင့်ပေးပါလို့ တောင်း ဆိုခဲ့တယ်။ ဘာမှ တုံ့ပြန်မှု အကူအညီမရဘူး။ ပိုတောင် ဒုက္ခရောက်အောင်လုပ်တယ်။ စစ်ရှောင်တွေ အများစုနေတဲ့ နယ်စပ်ရွာတွေကို အိန္ဒိယ အထူးကွန်မန်ဒိုက ရှာဖွေစီးနင်းတာတွေ မကြာခဏ လုပ်တယ်။ အဲဒီအခါ စစ်ရှောင်‌တွေက တောထဲ ပုန်းရတယ်။ ဒါဘာသဘောလဲပေါ့၊ ဒီလိုလုပ်ရပ် ဒီမိုကရေစီ နိုင်ငံတနိုင်ငံရဲ့ လုပ်ရပ်မဟုတ်ဘူး” ဟု ပြောသည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁၄ရက်က တွေ့ရသည့် အိန္ဒိယနယ်စပ်ရှိ မြန်မာစစ်ဘေးဒုက္ခသည်စခန်းတခု (CJ)

မြန်မာနိုင်ငံသားများကို မြန်မာပြည်ပြန်မပို့ရန် မဏိပူရ်ပြည်နယ်အစိုးရအပါအဝင် အိန္ဒိယဗဟိုအစိုးရတာဝန်ရှိသူများထံ အကြံပြုစာများ ပေးပို့ရန် စီစဉ်နေပြီး ပြီးခဲ့သည့် လပိုင်းအတွင်း အိန္ဒိယပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် မတည်ငြိမ်မချင်း ပြန်မပို့ဟု ပြောဆိုထားကြောင်း India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က လည်း ပြောသည်။

၎င်းက“Biometric ကောက်တဲ့အချိန်မှာ မြန်မာနိုင်ငံက သူတို့ရဲ့ Background အချက်အလက်တွေကိုပါ ကောက်ထားတာမျိုး ဖြစ်တဲ့အတွက် ပြန်ပို့ခံရတဲ့အခါ လုံခြုံမှု ဘယ်လောက် အာမခံချက်ပေးထားသလဲ။ မပေးထားဘဲနဲ့ ပြန်ပို့တဲ့ဟာမျိုး ဆိုရင် ပြန်ပို့ခံရမယ့်ပြည်သူတွေ တော်တော်လေး ဒုက္ခရောက်နိုင်တော့ အင်မတန် စိုးရိမ်နေကြတယ်။ပြီးခဲ့တဲ့ လပိုင်း လောက်ကပဲ ပြည်ထဲရေးဝန်ကြီးဌာနရော နိုင်ငံခြားရေးဝန်ကြီးဌာနကပါ မြန်မာပြည် မတည် ငြိမ်မချင်း ပြန်မပို့ပါဘူးဆိုပြီး ပြောထားတာရှိတယ်။ ဒါက ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်အကြား ပြောစကား ကွာခြားမှုတွေ ရှိနေတဲ့ အတွက် ကျွ‌န်တော်တို့ မေးခွန်း ထုတ်သွားဖို့ ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် ထွက်ပြေးခိုလှုံနေသည့် မြန်မာ ဒုက္ခသည် ၅,၀၀၀ ကျော်ရှိပြီး မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေသူ ၆၀,၀၀၀ ကျော်ရှိနေသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သားများအပါအဝင် နယ်စပ်ဖြတ်ကျော်ထွက်ပြေးမှု များလာသည့် အတွက် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့်စနစ် (FMR) သဘောတူစာချုပ်ကို ပယ်ဖျက်ပြီး အိန္ဒိယ – မြန်မာ နယ်စပ် မိုင် ၁,၀၀၀ ရှည်သည့် ခြံစည်းရိုးခတ်မည်ဟု အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက ပြောကြားထားသည်။

You may also like these stories:

အင်ဖာထောင်မှ မြန်မာ ၃၈ဦး အိန္ဒိယ ပြန်လွှဲ

မြန်မာတချို့မောင်းထုတ်ခံရပြီးနောက် မကူညီဖို့ ညွှန်ကြားချက် မဏိပူရ်အစိုးရ ပြန်ရုတ်သိမ်း

မြန်မာ မတည်ငြိမ်မှုနှင့် မဏိပူရပြည်နယ်မှ လူမျိုးရေးပဋိပက္ခ ဆက်စပ်နေ

မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်

မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: BiometricCDMစစ်ဘေးရှောင်ပြန်ပို့မဏိပူရ်အင်ဖာထောင်အာသံရိုင်ဖယ်တပ်
မေရီခိုင်

မေရီခိုင်

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
16.1k

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။

Next Post
တွေ့ခွင့်လေးတော့ ပေးသင့်ပါတယ်

တွေ့ခွင့်လေးတော့ ပေးသင့်ပါတယ်

ကလေးမြောက်ပိုင်း စစ်ကောင်စီ ဆက်တိုက် စစ်ကြောင်းထိုးနေ

ကလေးမြောက်ပိုင်း စစ်ကောင်စီ ဆက်တိုက် စစ်ကြောင်းထိုးနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved