မြန်မာမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မတည်ငြိမ်မှုသည် တရားမဝင် ဝင်ရောက်မှု ရုတ်တရက် တိုးလာစေပြီး နယ်စပ်တလျှောက်တွင် မူးယစ်မှောင်ခိုလုပ်ငန်း ကြီးထွားစေသောကြောင့် အိမ်နီချင်း အိန္ဒိယနိုင်ငံ အရှေ့မြောက် မဏိပူရပြည်နယ်တွင် လူမျိုးစု ပဋိပက္ခကို မီးလောင်ရာလေပင့်သော စိုးရိမ်ပူပန်မှုများဖြင့် အရိပ်မည်းထိုးနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။
မဏိပူရမှ လူများစု မီထီ ကသည်းများနှင့် လူနည်းစု ကူကီး ချင်းလူမှုအသိုက်အဝန်းများသည် မေလ အစောပိုင်းမှ စတင်ပြီး ပဋိပက္ခ ဖြစ်ပွားနေသောကြောင့် သေဆုံးသူ ၁၅၀ ကျော်ပြီ ဖြစ်သည်။
လတ်တလော အကြောင်းရင်းမှာ မီထီများကို မျက်နှာသာပေးသည့် အလုပ်ခန့်ထားရေး မူဝါဒဖြစ်ပြီး အကြမ်းဖက်မှုကြောင့် လူဦးရေဖွဲ့စည်းမှု အပြောင်းအလဲသည်လည်း ရှေ့တန်းရောက်လာသည်။ မြန်မာမှ တရားမဝင် ဝင်ရောက်မှု မြင့်မားလွန်းသောကြောင့် မီထီများသည် အများစု အနေအထားနှင့် သြဇာလွှမ်းမိုးမှု ဆုံးရှုံးမည်ကိုပင် စိုးရိမ်နေကြောင်း သိရသည်။
မဏိပူရမှ လူများစု မီထီ ကသည်းများနှင့် လူနည်းစု ကူကီး ချင်းလူမှုအသိုက်အဝန်းများသည် မေလ အစောပိုင်းမှ စတင်ပြီး ပဋိပက္ခ ဖြစ်ပွားနေသောကြောင့် သေဆုံးသူ ၁၅၀ ကျော်ပြီ ဖြစ်သည်။
မဏိပူရပြည်နယ်သည် မြန်မာနှင့် နယ်နိမိတ် ၃၉၈ ကီလိုမီတာ (၂၄၇ မိုင်ကျော်) ဆက်စပ်နေသည်။
နယ်စပ်တဘက်မှ ချင်းလူမျိုးများနှင့် လူမျိုးချင်း ဆက်စပ်သော ကူကီးများသည် မြန်မာမှ ဒုက္ခသည်များကို မဏိပူရပြည်နယ် တောင်တန်းများတွင် တရားမဝင် အခြေချစေသည်ဟု မီထီ အသိုက်အဝန်းများက စွပ်စွဲသည်။ နောက်ပိုင်းတွင် စကားများချဲ့ထွင် ရန်စလာပြီး ထင်ရှားသော မီထီအုပ်စုတခုမှ ကိုယ်စားလှယ်တယောက်က ကူကီးအများစုသည် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သည်ဆိုသည့် ပြောဆိုမှုများအထိ ဖြစ်လာသည်။
ပြည်နယ်လူဦးရေ ၃ ဒသမ ၂ သန်း၏ ထက်ဝက်ကျော်သော မီထီ လူမှုအသိုက်အဝန်းသည် မဏိပူရပြည်နယ်မှ ၁၀ ရာခိုင်နှုန်းသာရှိသော တောင်ကြားခရိုင်များတွင်သာ နေထိုင်ကြသည်။ ကျန် လူဦးရေမှာ ကူကီးနှင့် နာဂ လူမှုအသိုက်အဝန်းများဖြစ်ပြီး ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းရှိသော တောင်တန်းဒေသများတွင် နေထိုင်ကြသည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ်နှင့် ဘာရာတီယာ ဂျနတာပါတီခေါင်းဆောင် အင်န် ဘာရင် ဆင်းဂ်သည် မီထီ လူမျိုးဖြစ်ပြီး မြန်မာမှ တရားမဝင် ဝင်ရောက်လာသူများနှင့် ဘိန်းဘုရင်များကြောင့် အကြမ်းဖက်မှုများ ရှည်ကြာနေသည်ဟု အပြစ်တင်ပြီး ၎င်းတို့သည် ပြည်နယ်ကို မတည်မငြိမ် ဖြစ်အောင်လုပ်နေကြောင်း ပြောသည်။
မဏိပူရပြည်နယ် ရေခဲတိုက်များတွင် ပိုင်ရှင်မပေါ်သည့် အလောင်း ၁၁၈ ခုအနက် အများစုသည် ထိုသို့ ပုံစံတမျိုးဖြင့် ခိုးဝင်လာပြီး အသတ်ခံရသူများဖြစ်ကြောင်း အိန္ဒိယရှေ့နေချုပ် တူရှာ မီထာက လွန်ခဲ့သော အပတ်တွင် တရားရုံးချုပ်သို့ ပြောကြားခဲ့သည်။
တရားမဝင် ဝင်ရောက်လာသူများနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို တုံ့ပြန်သည့်အနေဖြင့် မဏိပူရမှ အာဏာပိုင်များသည် ပြည်နယ်အတွင်းမှ မြန်မာနိုင်ငံသားများ၏ ဘိုင်အိုမက်ထရစ် အချက်အလက်များကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ကောက်ယူပြီး အရေအတွက် သေချာစေရန်နှင့် စောင့်ကြည့်ရန် လုပ်ဆောင်ခဲ့သည်။
ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့က မြန်မာနိုင်ငံ အနောက်ပိုင်း ခါမ်းပါတ်တွင် တိုက်ပွဲများ ဖြစ်ပွားသောကြောင့် မြန်မာနိုင်ငံသား ၇၁၈ ဦး နယ်စပ်ဖြတ်ကျော်ပြီး မဏိပူရပြည်နယ်အတွင်း ဝင်ရောက်လာသည်။
မဏိပူရမှ အာဏာပိုင်များသည် ပြည်နယ်အတွင်းမှ မြန်မာနိုင်ငံသားများ၏ ဘိုင်အိုမက်ထရစ် အချက်အလက်များကို ဇူလိုင်လ ၂၉ ရက်နေ့တွင် ကောက်ယူပြီး အရေအတွက် သေချာစေရန်နှင့် စောင့်ကြည့်ရန် လုပ်ဆောင်ခဲ့သည်။
၁,၆၄၃ ကီလိုမီတာရှည်သော အိန္ဒိယ-မြန်မာနယ်စပ်သည် လွတ်လပ်စွာ သွားလာရန် လမ်းဖွင့်ထားသည့် နယ်စပ်ဖြစ်ပြီး နှစ်နိုင်ငံမှ လူမျိုးစုများသည် ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ တဖက်နှင့်တဖက် ၁၆ ကီလိုမီတာ အထိ သွားလာရန်နှင့် သုံးရက်အထိ နေထိုင်ရန် ခွင့်ပြုထားသည်။ ထိုစနစ်ကို ၂၀၂၁ ခုနှစ်တွင် ဆိုင်းငံ့ခဲ့သော်လည်း မြန်မာနိုင်ငံသားများ အိန္ဒိယသို့ ဝင်ရောက်ခြင်းကို တားဆီးနိုင်ခြင်း မရှိပေ။
ဘိုင်အိုမက်ထရစ် အချက်အလက်များ ကောက်ယူခြင်းမှာ ထိုသို့ ဝင်ရောက်လာသူများ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယတွင် အချိန်ကာလတခုအထိ နေထိုင်ရလျှင် ဥပဒေနှင့် မညီဘဲ အိန္ဒိယ နိုင်ငံသား ဖြစ်မလာရေးအတွက် အားထုတ်မှုဖြစ်ကြောင်း အမည်မဖော်လိုသော မဏိပူရပြည်နယ်အစိုးရ အဆင့်မြင့်အရာရှိတဦးက Straits Times သို့ ပြောသည်။
ယခုနှစ် အစောပိုင်းက စစ်တမ်းကောက်ယူရာတွင် မဏိပူရပြည်နယ်၌ မြန်မာနိုင်ငံသား ၂,၅၀၀ ခန့် တွေ့ရှိကြောင်းနှင့် ပြည်နယ်အတွင်း အရေအတွက် မည်မျှရှိသည်ကို အတိအကျ မသိရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အမှန်တကယ် အရေအတွက်မှာ ၁၅,၀၀၀ နှင့် ၂၀,၀၀၀ ကြား ရှိနိုင်ကြောင်း လူမှုအခြေပြု အဖွဲ့အစည်းများက ခန့်မှန်းသည်။
မြန်မာမှ တရားမဝင် ဝင်ရောက်လာသူ အရေအတွက် အတိအကျ မသိသောကြောင့် မီထီတို့ပြောသည့် အကြီးအကျယ် တရားမဝင် ဝင်ရောက်မှုများမှာ အိန္ဒိယရှိ ကူကီး အသိုက်အဝန်းတခုလုံးကို ထိခိုက်အောင်လုပ်သည့် တင်းမာမှုကို မီးလောင်ရာလေပင့်သည့် သိမ်းကြုံး တိုက်ခိုက်မှုဖြစ်ကြောင်း ကူကီး အုပ်စုများက ပြောဆို ပယ်ချသည်။
မီထီတို့ပြောသည့် အကြီးအကျယ် တရားမဝင် ဝင်ရောက်မှုများမှာ အိန္ဒိယရှိ ကူကီး အသိုက်အဝန်းတခုလုံးကို ထိခိုက်အောင်လုပ်သည့် တင်းမာမှုကို မီးလောင်ရာလေပင့်သည့် သိမ်းကြုံး တိုက်ခိုက်မှုဖြစ်ကြောင်း ကူကီး အုပ်စုများက ပြောဆို ပယ်ချသည်။
ကူကီး အင်ပီ အမည်ရှိ ကူကီး လူမှုအသိုက်အဝန်း အကျိုးစီးပွားကို ကိုယ်စားပြုသည့် အဖွဲ့အစည်းမှ ပြောခွင့်ရသူ မစ္စတာ သန်မင်လန် ကစ်ဂျန်က မဏိပူရသို့ တရားမဝင် ဝင်ရောက်လာသူများကို ခြေရာခံခြင်းကို ကြိုဆိုသည်။
“လူမှုအသိုက်အဝန်း အသီးသီးက တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ပတ်သက်တဲ့ အမှန်တရားကို တခါတည်းနဲ့ အပြီးတိုင် ဖော်ထုတ်သင့်တယ်။ ဒီနည်းအားဖြင့် ကူကီးတွေနဲ့ ပတ်သက်တဲ့ လုပ်ဇာတ်တွေ ရပ်ဆိုင်းသွားပြီး တရားမဝင် ဝင်ရောက်လာသူတွေအတွက် ကျနော်တို့လုပ်ရမယ့် အလုပ်တွေ စတင်နိုင်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာမှ ဖိနှိပ်မှုများကို တိမ်းရှောင်ရန် ပြည်နယ်အတွင်းသို့ ထွက်ပြေးလာသူများကို ယာယီ မှတ်ပုံတင် စာရွက်စာတမ်းများနှင့် လူသားချင်းစာနာမှု အထောက်အပံ့များ ထုတ်ပေးခြင်းကို ဆက်လက်လုပ်ဆောင်ပြီး ထိန်းသိမ်းစောင့်ကြပ်မှု မရှိသော နယ်စပ်များမှ တရားမဝင် ဆက်လက်ဝင်ရောက်နေခြင်းနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများနှင့် လူဦးရေ အချိုးအစား ပြောင်းလဲမှုကို ရိုးသားစွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း မဏိပူရမြို့တော် အင်ဖာအခြေစိုက် အဖွဲ့အစည်းတခုဖြစ်သည့် Human Rights Alert မှ ဒါရိုက်တာ မစ္စတာ ဘတ်လူး လွိုက်တောင်ဘမ်က ပြောသည်။
“ဒီပြဿနာကို သေချာနားလည်ပြီး စနစ်ကျတဲ့ အကြံပြုချက်တွေပေးဖို့ လူဦးရေ ကော်မရှင်တခုကို ကျနော်တို့က လူမှုအခြေပြု အဖွဲ့အစည်းဝင်တွေအနေနဲ့ တောင်းဆိုနေတယ်။ အဲဒီလိုမလုပ်ရင် စည်းမျဉ်းလုပ်ထုံးလုပ်နည်း မရှိဘဲ လူတွေ လွတ်လွတ်လပ်လပ် ကူးသန်းနေတဲ့ နယ်စပ်က သိပ်ကြာသွားရင် ရေရှည်မှာ အန္တရာယ် အရမ်းများတယ်” ဟုလည်း ၎င်းကပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် အများအာရုံစိုက်မိလာသည့် အခြားပြဿနာတခုမှာ မဏိပူရ တောင်တန်းများတွင် ဘိန်းစိုက်ပျိုးခြင်း၊ အထူးသဖြင့် ကူကီးများက ဒေသခံ စစ်သွေးကြွအုပ်စုများ ကြီးကြပ်မှုအောက်တွင် ဘိန်းစိုက်ပျိုးခြင်း၊ ထိုလုပ်ငန်းနှင့် အရှေ့တောင်အာရှမှ ပိုမိုကျယ်ပြန့်သော ရွှေတြိဂံဒေသနှင့် ဆက်စပ်လာသော ကိစ္စဖြစ်သည်။ ရွှေတြိဂံဒေသတွင် မြန်မာလည်း ပါဝင်ပြီး အောင်မြင်ကြီးထွားနေသည့် ဘိန်းစီးပွားရေးလုပ်ငန်းရှိသော ဒေသဖြစ်သည်။
ထိုကိစ္စအတွက် စိုးရိမ်ပူပန်မှုသည် ချင်း-ကူကီး ဘိန်းအကြမ်းဖက်စနစ်ကို မီထီတို့ ဆန့်ကျင်မှုကိုလည်း ဖြစ်စေသည်။ မဏိပူရအစိုးရသည် ဘိန်းစိုက်ပျိုးခြင်းကို အမြစ်ဖြတ်ရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို ၂၀၁၈ ခုနှစ်က စတင်ခဲ့သော်လည်း ကူကီးများက ထိုစစ်ပွဲသည် ၎င်းတို့ လူမှုအသိုက်အဝန်းကို အမြစ်ဖြတ်သော စစ်ပွဲဖြစ်သည်ဟု ပြောဆိုလာသည်။ ထိုလူမှုအသိုက်အဝန်းတွင် အခြားစီးပွားရေးလုပ်ငန်း မရှိသောကြောင့် ဘိန်းစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ကြရသည်။
ဘိန်းစိုက်ပျိုးခြင်းကို တောင်တန်းများတွင် အားပေးသည့်အတွက် ပြည်နယ်အစိုးရကို မစ္စတာ ကစ်ဂျန်က အပြစ်တင်သည်။ ပြည်နယ်အစိုးရသည် ဘိန်းမဟုတ်သည့် စိုက်ပျိုးရေးလုပ်ရန် လိုအပ်သည့် အထောက်အပံ့နှင့် အခြေခံလိုအပ်ချက်များကို ဒေသခံများအတွက် ဖော်ဆောင်မပေးနိုင်ခြင်းဖြစ်ကြောင်း သူက ပြောသည်။ ကူကီးများ တောင်းဆိုနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် အစားအသောက် ပြုပြင်ထုတ်လုပ်သည့် ဌာနများ မရှိခြင်း၊ သယ်ယူပို့ဆောင်ရေး အကူအညီ မပေးခြင်းနှင့် အအေးခန်း သိုလှောင်ရုံများ ကင်းမဲ့ခြင်းတို့ကြောင့် ပုံမှန် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းသည် တွက်ခြေမကိုက် ဖြစ်နေကြောင်းလည်း ၎င်းကပြောသည်။
မဏိပူရအစိုးရသည် ဘိန်းစိုက်ပျိုးခြင်းကို အမြစ်ဖြတ်ရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို ၂၀၁၈ ခုနှစ်က စတင်ခဲ့သော်လည်း ကူကီးများက ထိုစစ်ပွဲသည် ၎င်းတို့ လူမှုအသိုက်အဝန်းကို အမြစ်ဖြတ်သော စစ်ပွဲဖြစ်သည်ဟု ပြောဆိုလာသည်။
“ဒါကြောင့်မို့ တောင်တန်းဒေသတွေမှာ ကူကီး၊ နာဂနဲ့ နီပေါတွေက သူတို့ စီးပွားရေး တွက်ခြေကိုက်တဲ့ ဘိန်းပဲ စိုက်နေရတယ်။ အဲဒါက သူတို့ကလေးတွေ ပညာသင်ဖို့ ငွေရစေပြီး ပုံမှန်ဝင်ငွေလည်း ဖြစ်တယ်” ဟု မစ္စတာ ကစ်ဂျန်က ပြောသည်။
မစ္စတာ လွိုက်တောင်ဘမ်က ပြည်နယ်အတွင်း မူးယစ်ဆေးဝါးလုပ်ငန်းအတွက် လူမျိုးစုတခုခုကို အပြစ်တင်ခြင်း သို့မဟုတ် နိုင်ငံရေးသမားများ၊ စစ်သွေးကြွအုပ်စုများနှင့် ဘိန်းဘုရင်များ ပါဝင်ပြီး လုံးဝ အဆင်ပြေချောမွေ့သည့် နယ်စပ်ဖြတ်ကျော် မူးယစ်ကွန်ရက်တွင် အောက်ဆုံးမှ စိုက်ပျိုးသူများကို အပြစ်တင်ခြင်းသည် လွန်စွာ မှားယွင်းသည့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုဖြစ်ကြောင်း ပြောသည်။
“အကောင်ကြီးတွေရဲ့ အပြစ်ကို ကော်ဇောအောက်မှာ ဖုံးကွယ်ထားပေးဖို့ တမင်ရည်ရွယ်ချက်နဲ့ လုပ်တဲ့ကိစ္စ ဖြစ်တယ်။ ကူကီး အကောင်ကြီးတွေ ပါဝင်တာ ကျနော် သေချာပေါက် သိပေမယ့် မဏိပူရအစိုးရထဲက အဓိကကျတဲ့ ရာထူးယူထားတဲ့ မီထီတွေလည်း သေချာပေါက် ပတ်သက်နေတယ်” ဟုလည်း ၎င်းကပြောသည်။
အိန္ဒိယ၏ မြန်မာနှင့်နယ်စပ်သည် ပုန်ကန်မှု၊ မူးယစ်နှင့် လက်နက်တရားမဝင် ကုန်သွယ်မှု အပါအဝင် မှားယွင်းသည့် အကြောင်းရင်းများကြောင့် အာရုံစိုက်ခံလာရသည်။
အိန္ဒိယ၏ မြန်မာနှင့်နယ်စပ်သည် ပုန်ကန်မှု၊ မူးယစ်နှင့် လက်နက်တရားမဝင် ကုန်သွယ်မှု အပါအဝင် မှားယွင်းသည့် အကြောင်းရင်းများကြောင့် အာရုံစိုက်ခံလာရသည်။
အစိုးရသည် မဏိပူရမှ မြန်မာနှင့် နယ်စပ်တွင် စည်းရိုးများ စတင် တည်ဆောက်နေသော်လည်း စည်းရိုးများ အပြည့်ကာခြင်းနှင့် လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခြင်းသည် ဒေသခံပြည်သူများ အခိုင်အမာ ဆက်စပ်မှုကြောင့် အကောင်းဆုံးနည်းလမ်း မဟုတ်ကြောင်း နယူးဒေလီရှိ Centre for Land Warfare Studies မှ သုတေသီ ဒေါက်တာ အနုရာဓ အွိုင်နမ်က ပြောသည်။
ထိုသို့လုပ်မည့်အစား အလုပ်မဖြစ်သည့် မြေခွန်စခန်းများတွင် အခြေခံ အဆောက်အအုံ တိုးတက်အောင်လုပ်ပြီး နယ်စပ်တလျှောက် ကုန်သွယ်ရေးကို တရားဝင်လုပ်ဆောင်ခြင်းနှင့် ဝင်ပေါက်ထွက်ပေါက်များ သတ်မှတ်ခြင်းတို့သည်သာ နယ်စပ်ဒေသများကို ထိရောက်စွာ စီမံနိုင်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“နယူးဒေလီအတွက် လိုအပ်နေတာက ဒီပြဿနာကို မြွေသေပြီး တုတ်မကျိုးတဲ့နည်းနဲ့ ဖြေရှင်းဖို့ပဲ” ဟု ဒေါက်တာ အွိုင်နမ်က ပြောသည်။
(The Straits Times ပါ Debarshi Dasgupta ၏ Unrest in Myanmar linked to ongoing ethnic strife in India’s Manipur state ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်
တမူးလူသတ်မှုက မဏိပူမှ တမီလ်သိုင်းအဝိုင်းကို မီးမောင်းထိုးပြ
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး
မြန်မာတချို့မောင်းထုတ်ခံရပြီးနောက် မကူညီဖို့ ညွှန်ကြားချက် မဏိပူရ်အစိုးရ ပြန်ရုတ်သိမ်း