• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်

by Rajeev Bhattacharyya
24 December 2022
in သတင်း
A A
ညီညွတ်သော မဏိပူရ ကော်မတီ (UCM) အချက်အလက် ရှာဖွေရေး အဖွဲ့ဝင်များ အိန္ဒိယ-မြန်မာ နယ်စပ်တွင် ကွင်းဆင်းလေ့လာစဉ်

ညီညွတ်သော မဏိပူရ ကော်မတီ (UCM) အချက်အလက် ရှာဖွေရေး အဖွဲ့ဝင်များ အိန္ဒိယ-မြန်မာ နယ်စပ်တွင် ကွင်းဆင်းလေ့လာစဉ်

5.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနှင့် နယ်စပ်အချို့ အစိတ်အပိုင်းများကို စည်းရိုးခတ်ရန် အိန္ဒိယအစိုးရ၏ အစီအစဉ်ကို နယ်စပ်ပြည်နယ် မဏိပူရမှ ဒေသခံအဖွဲ့အစည်း အများအပြားက ဆန့်ကျင်သောကြောင့် အိန္ဒိယ အာဏာပိုင်များသည် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

နယ်စပ်ပြဿနာများကို မဖြေရှင်းရသေးမီ စည်းရိုးခတ်သည့် ကိစ္စကို အစိုးရက ဆက်လက် လုပ်ဆောင်လျှင် ထိုအစီအစဉ်ကို ဆန့်ကျင်သော လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း မဏိပူရမှ လူမှုအခြေပြုအဖွဲ့အစည်း ၃၂ ဖွဲ့ ပါဝင်သော အဖွဲ့ဖြစ်သည် ညီညွတ်သော မဏိပူ ကော်မတီ (UCM) က ကြေညာသည်။

“စည်းရိုးမခတ်ခင် မြန်မာနဲ့ နယ်စပ်ပြဿနာကို ဖြေရှင်းစေချင်တယ်။ လွန်ခဲ့တဲ့ အချိန်တခုက ဆိုင်းငံ့ထားခဲ့တဲ့ တန်နိုပယ် နယ်စပ်ခရိုင်မှာ စည်းရိုးခတ်မယ့်အစီအစဉ် ပြန်လည်စတင်ဖို့ အားထုတ်နေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ကြားရတယ်” ဟု UCM ဥက္ကဋ္ဌ ဂျွိုင်ချန်ဒရာ ကွန်သောင်ဂျမ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ဗဟိုနှင့် ပြည်နယ်အစိုးရသည် မဏိပူရမှ လူမှုအခြေပြု အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကို သုံးသပ်နေကြောင်း ၎င်းကပြောသည်။

ကမ်ဂျောင်နှင့် တန်နိုပယ်ခရိုင်များရှိ မြန်မာနှင့် နယ်စပ်များမှ နေရာသုံးခုတွင် အငြင်းပွားမှုများ ဖြစ်နေသည်ဟု UCM က သတ်မှတ်ထားသည်။ အငြင်းပွားနေသည့် နယ်စပ်သည် စုစုပေါင်း ၁၀ ကီလိုမီတာခန့် (၆ မိုင်ခွဲခန့်) ရှည်လျားသည်။

ထိုကိစ္စကို အထက်လွှတ်တော်မှ မဏိပူရ ကိုယ်စားလှယ် လိုင်ရှမ်ဘာ ဆာနာဂျောင်ဘာက ဒီဇင်ဘာလ ၁၄ ရက်နေ့ အိန္ဒိယ ပါလီမန်တွင် ဆွေးနွေးပြီး ပြဿနာဖြေရှင်းပေးရန် အစိုးရကို တောင်းဆိုသည်။

UCM အဖွဲ့ဝင်များသည် နယ်စပ်တနေရာကို သွားရောက်ကြည့်ရှုပြီးနောက် နယ်စပ်မှတ်တိုင် ၁၀၃ အနီးတွင် မဏိပူရ ပြည်နယ်အတွင်း ၅ ကီလိုမီတာ (၃ မိုင်ကျော်) အထိ မြန်မာက ကျူးကျော်ထားကြောင်း စွပ်စွဲထားသည်။ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် နယ်စပ်တလျှောက် အခြေအနေ အစီရင်ခံစာ တစောင်ကို UCM က ပြုစုပြီး ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးထံ တင်သွင်းကာ အထက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်ခြင်းဖြစ်သည်။

နယ်စပ်မြို့ မိုရေးအနီး တန်နိုပယ်ခရိုင် နယ်စပ်မှတ်တိုင် ၈၁ နှင့် ၈၂ အကြား စည်းရိုးကာခြင်းကို ဆန့်ကျင်သော ဒေသခံအဖွဲ့များက ဇွန်လ၌ အင်ဖာတွင် ဆန္ဒပြပွဲများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ အခြေအနေ ပေါ်ပေါက်လာသည်။ ဗဟိုအစိုးရက မဆုံးဖြတ်မီ ပြည်နယ်အစိုးရသည် ထိုအစီအစဉ်ကို ဆိုင်းငံ့ထားရသည်။

အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနမှအဖွဲ့တဖွဲ့သည် ပြဿနာကို ဖြေရှင်းရန် မြန်မာအစိုးရနှင့် ဆွေးနွေးနေကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် အန် ဘာရန်ဆင်းက အသိပေးထားသည်။ အငြင်းပွားမှု မရှိသော နေရာများတွင် စည်းရိုးကာခြင်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59
အိန္ဒိယ-မြန်မာ နယ်စပ် အိန္ဒိယဘက်ခြမ်းရှိ ပြည်နယ်များပြ မြေပုံ

နယ်စပ်ထိစပ်မှု စုစုပေါင်း ၁၆၄၃ ကီလိုမီတာ (မိုင် ၁,၀၂၀ ကျော်) တွင် အိန္ဒိယမှ အခြားပြည်နယ် သုံးခုနှင့် မဏိပူရ ပြည်နယ်တို့ ပါဝင်နေပြီး မဏိပူရပြည်နယ်သည် မြန်မာနှင့် ၃၉၈ ကီလိုမီတာ (မိုင် ၂၅၀ နီးပါး) အထိ ဆက်စပ်နေသည်။ လွတ်လပ်သော နယ်စပ်စနစ်အရ ဒေသခံများသည် အာဏာပိုင်များက ဖြတ်ကျော်ခွင့် လက်မှတ်ထုတ်ပေးလျှင် နယ်စပ်ကို ဖြတ်ကျော်ပြီး ၁၆ ကီလိုမီတာ (၁၀ မိုင်နီးပါး) အထိ နှစ်ပတ်ကြာ လွတ်လပ်စွာ သွားလာနိုင်ကြသည်။

၁၉၆၇ ခုနှစ်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးသည့် သဘောတူညီမှု၏ ပြဋ္ဌာန်းချက်များဖြင့် နယ်နိမိတ် ရေးဆွဲထားသည်။ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာအရ အရွန်နာချယ်ပရာဒက်ရှိ လိုဟစ်ဒေသမှ ၁၃၆ ကီလိုမီတာ (၈၄ မိုင်ခွဲ) ရှည်သော နယ်နိမိတ် အစိတ်အပိုင်းနှင့် မဏိပူရပြည်နယ် ကဘော်ချိုင့်ဝှမ်းမှ ၃၅ ကီလိုမီတာ (မိုင် ၂၀ နီးပါး) ရှည်သော အစိတ်အပိုင်းများကို နယ်နိမိတ် ကန့်သတ်ရခြင်း မရှိသေးကြောင်း သိရသည်။

မဏိပူရပြည်နယ်အစိုးရသည် မြန်မာနှင့်နယ်စပ် စည်းရိုးခတ်ရေးကို ဦးစားပေး သတ်မှတ်ထားသည်။ မူးယစ်မှောင်ခိုခြင်း၊ တရားမဝင် ဝင်ရောက်ခြင်းနှင့် အိန္ဒိယသူပုန်များစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို စည်းရိုးကာခြင်းက တားဆီးနိုင်မည်ဟု ပြည်နယ်အစိုးရ ယုံကြည်သည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် လွန်ခဲ့သည့် နှစ်အတန်ကြာအတွင်း သူပုန်လှုပ်ရှားမှု လျော့နည်းလာသော်လည်း လွန်ခဲ့သောနှစ်က စတင်သည့် မြန်မာနိုင်ငံ မတည်ငြိမ်မှုကြောင့် လူထောင်ပေါင်းများစွာ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များတွင် ခိုလှုံနေကြသည်။ နယ်စပ်တလျှောက်နှင့် ဒေသတွင်း အချို့လမ်းကြောင်းများတွင် ထောက်လှမ်းမှုများ အပြင်းအထန် ပြုလုပ်သော်လည်း မူးယစ် မှောင်ခိုမှုများကို မကြာခဏ ဖမ်းမိသည်။

(Rajeev Bhattacharyya သည် အိန္ဒိယနိုင်ငံ၊ အာသံမှ ဝါရင့် သတင်းသမား ဖြစ်သည်။)

You may also like these stories:

မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်

အိန္ဒိယနိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်

ကုလားတန်စီမံကိန်း အိန္ဒိယအပြောင်းအလဲ ကန်ထရိုက်များအတွက် စိန်ခေါ်မှုဖြစ်လာ

အိန္ဒိယ၏ ကုလားတန် စီမံကိန်း ပြဿနာသစ်များ ရင်ဆိုင်နေရ

Your Thoughts …
Tags: UCMစစ်အာဏာသိမ်းမှုတရားမဝင် ဝင်ရောက်မှုနယ်စပ်ခြံစည်းရိုးနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနယ်စပ်ဖြတ်ကျော်ခွင့်မဏိပူရပြည်နယ်မူးယစ်မှောင်ခိုမှုအိန္ဒိယ
Rajeev Bhattacharyya

Rajeev Bhattacharyya

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ရန်ကုန်က လူတွေဟာ အာဏာသိမ်းယူတာ ၂ နှစ်နီးပါး ရှိလာချိန်မှာတော့ ကိုယ့်စားဝတ်နေရေး ကိစ္စတွေ ဆက်လက် ရုန်းကန်းရင်း ဖြတ်သန်းနေရ

တပတ်အတွင်း သတင်းစုံ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်

ဒေါက်တာ ခလမ်ဆမ်ဆွန် အား ဆက်သွယ်ခွင့်မရ၍ မိသားစုများ စိုးရိမ်နေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved