• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အိန္ဒိယနိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်

by Rajeev Bhattacharyya
14 July 2022
in ဆောင်းပါး
A A
တမူးမြို့နယ်ထဲတွင် ပစ်သတ်ခံရသည့် အိန္ဒိယနိုင်ငံသား တမီလ်လူမျိုး ပီ မိုဟန်နှင့် အမ် အိုင်ယန်နာ  / The New Indian Express

တမူးမြို့နယ်ထဲတွင် ပစ်သတ်ခံရသည့် အိန္ဒိယနိုင်ငံသား တမီလ်လူမျိုး ပီ မိုဟန်နှင့် အမ် အိုင်ယန်နာ / The New Indian Express

12.7k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောအပတ်က မြန်မာတွင် အိန္ဒိယနိုင်ငံသား တမီလ်လူမျိုး နှစ်ဦးကို သတ်ဖြတ်လိုက်ခြင်းသည် နယ်စပ်တလျှောက် နောက်ထပ် အရေးအခင်းများစွာကို ပေါ်ပေါက်စေနိုင်သည့် အကြမ်းဖက်မှု အများအပြားကို ဖြစ်စေခဲ့သည်။

တမီလ်လူမျိုး နှစ်ဦးဖြစ်သော ပီ မိုဟန်နှင့် အမ် အိုင်ယန်နာတို့ နှစ်ဦးလုံးသည် အသက် ၂၀ ကျော် အရွယ်ဖြစ်ပြီး မဏိပူရပြည်နယ်၊ တန်နိုပယ်ခရိုင် နယ်စပ်မြို့ မိုရေးမှ ဖြစ်သည်။ ဇူလိုင်လ ၅ ရက်နေ့တွင် ၎င်းတို့သည် နယ်စပ်တဘက် တမူးသို့သွားကြစဉ် တိုက်ခိုက်သူများက ပစ်သတ်ခံခဲ့ရသည်။

ဒေါသထွက်နေသောလူအုပ်က နောက်တနေ့တွင် ဆန္ဒပြကန့်ကွက်ပြီး တမူးမှ မြန်မာစစ်တပ်စခန်းတခုကို မီးရှို့ကာ အလောင်းများကို ပြန်လည်တောင်းဆိုသည်။ မြန်မာစစ်တပ်သည် ထိုတောင်းဆိုမှုကို လက်မခံရုံသာမက အလောင်းများကို မီးသင်္ဂြိုဟ်လိုက်သည်ဆိုသည့် သတင်းများ ထွက်လာသည်။

မဏိပူရပြည်နယ်အစိုးရသည် အိန္ဒိယ ပြည်ပရေးရာဌာနသို့ စာတစောင်ပေးပို့ပြီး အလောင်းများပြန် ပြန်ပေးရေးအတွက် မြန်မာအစိုးရကို တောင်းဆိုရန် မေတ္တာရပ်ခံသည်။ တမူးသို့မသွားရန်နှင့် တမူးမှမလာရန် တားမြစ်ချက်များကိုလည်း မိုရေးတွင် ထုတ်ပြန်သည်။

ယူဆချက်အမျိုးမျိုး

မိုရေးသည် အနာဂတ်တွင် မြန်မာသို့ ဝင်ပေါက်ဖြစ်လာမည်မှာ သေချာသည်။ ထို့ကြောင့်ပင် အိန္ဒိယအစိုးရသည် မိုရေးနှင့် ရထားလမ်းကွန်ရက်ဆောက်ရန် စီမံခြင်းဖြစ်သည်။ အင်ဖာနှင့် မိုရေးအကြား အဝေးပြေးလမ်းသည် အချို့နေရာများတွင် ပြင်ဆင်ရန် လိုအပ်နေသော်လည်း ပြည်နယ်အတွင်းတွင် အကောင်းဆုံးလမ်းဖြစ်သည်။

မိုရေးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် အမည်ဆိုး အကျော်ကြားဆုံး မှောင်ခိုအချက်အခြာ နေရာများအနက် တခုလည်း ဖြစ်နေသည်။

သို့သော် မိုရေးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် အမည်ဆိုး အကျော်ကြားဆုံး မှောင်ခိုအချက်အခြာ နေရာများအနက် တခုလည်း ဖြစ်နေသည်။

လူမှုအသိုက်အဝန်းအမျိုးမျိုးနှင့် ပတ်သက်နေသည့် တမီလ်အပါအဝင် ထိုမြို့မှအချို့သည် မြန်မာမှ ပစ္စည်းအမျိုးမျိုး မှောင်ခိုတင်သွင်းရာတွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက်ကြသည်။ မိုရေးရှိ တမီလ် ရပ်ကွက်မှ ကျော်ကြားသော မှောင်ခိုသမား နှစ်ဦးမှာ လက်စ်မင်းနှင့် ဗာရာယာ ဆက်ကာဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အခြားပြည်နယ်များမှ ပြောင်းရွှေ့အခြေချသူများ ဖြစ်သည်။

ထို့ကြောင့် အများယူဆသည့် ပထမဆုံးယူဆချက်မှာ သေဆုံးသူ နှစ်ဦးသည် မှောင်ခိုလုပ်ငန်းတွင် ပတ်သက်နေပြီး နယ်စပ်တဘက်မှ ၎င်းတို့ မှောင်ခိုလုပ်ဖော်ကိုင်ဖက်များနှင့် အချင်းချင်း အငြင်းပွားမှုကြောင့် အသတ်ခံရသည်ဟု ဖြစ်သည်။

ဒုတိယ ယူဆချက်အရ ထိုဖြစ်ရပ်သည် လူမှားသတ်ခြင်းဖြစ်ပြီး လူသတ်သမားများ ပစ်မှတ်ထားသူများသည် အခြားသူများဖြစ်သည်ဆိုသည့် အယူအဆ ဖြစ်သည်။

မိုရေးမှ လူအချို့ကမူ ထိုလူသတ်မှုများသည် မြန်မာစစ်တပ်၏ ကြံစည်မှုရလဒ် ဖြစ်သည်ဟု သေချာပေါက် သိကြသောကြောင့် ထိုရှင်းလင်းချက်များကို လက်မခံပေ။

မိုရေးမှ လူအချို့ကမူ ထိုလူသတ်မှုများသည် မြန်မာစစ်တပ်၏ ကြံစည်မှုရလဒ် ဖြစ်သည်ဟု သေချာပေါက် သိကြသောကြောင့် ထိုရှင်းလင်းချက်များကို လက်မခံပေ။ ထိုအယူအဆအရ မိုရေးမှ အိန္ဒိယ ဒေသခံများကို အခွင့်ကြုံတိုင်းသတ်ရန် စစ်တပ်က ပျူစောထီးနှင့် ပတ်သက်သော လူသတ်သမားများကို တာဝန်ပေးထားသည်ဟု ဆိုသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

မြန်မာစစ်ကောင်စီသည် မဏိပူရမှ ဒုက္ခသည်များအပေါ် ရန်လိုသည့် အခြေအနေများကို ဖန်တီးလိုသည်။ ထိုသို့ဖန်တီးခြင်းမှာ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယသို့ သွားရောက်ခိုလှုံသူများအတွက် တံခါးပိတ်သွားစေရန် ဖြစ်သည်။

စစ်ကောင်စီကို ဆန့်ကျင်သည့် တိုက်ပွဲများတွင် ပါဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) မှ တက်ကြွလှုပ်ရှားသူ အများအပြားသည် အိန္ဒိယ အနောက်မြောက်ဒေသမှ ဒုက္ခသည်များနှင့်အတူ နေထိုင်နေသည်ဆိုသည့် ယူဆချက်ကြောင့် စစ်ကောင်စီက မကျေမနပ်ဖြစ်နေသည်။

ထို့ကြောင့် မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုသတ်ဖြတ်မှုများကို PDF က ကျူးလွန်သည်ဟု စွပ်စွဲသည်မှာ အံ့သြစရာမဟုတ်ပေ။

အခြားတဘက်တွင် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဒေသခံ ပျူစောထီး လူသတ်အဖွဲ့မှ ဖိုးစိန်နှင့် ဇော်ရဲတို့သည် တမီလ် နှစ်ဦးကို သတ်ဖြတ်သူများဖြစ်ကြောင်း ပြောသည်။ ထုတ်ပြန်ချက်တခုတွင် တမူး PDF က ထိုလူသတ်မှုများသည် ဥပဒေပြင်ပသတ်ဖြတ်မှုဖြစ်ပြီး သတ်ဖြတ်သူများသည် သတ်ဖြတ်ခံရသူများထံမှ ငွေနှင့် လက်ဝက်ရတနာများကို လုယူသွားကြောင်းပြောသည်။

မြန်မာစစ်တပ်ရဲ့ မိုက်မဲမှုလား

တတိယအယူအဆ မှန်ကန်ပါက မြန်မာစစ်ကောင်စီ၏ စစ်ဆင်ရေးတခုသည် လမ်းမှားရောက်သွားခြင်းသာ ဖြစ်သည်။ တမူး PDF ၏ အဆိုအရ စစ်ကောင်စီသည် ထိုလူသတ်မှုများအတွက် လီဆယ်ဖန်တီးထားသည့် အထောက်အထားများ ပြသရန် ကြိုးစားနေကြောင်း သိရသည်။

အလောင်းများကို စစ်ဆေးပါက သတ်ဖြတ်ရာတွင် အသုံးပြုသည့် လက်နက်အထောက်အထား ရရှိမည်ကို သံသယရှိစရာ မလိုပေ။ ထိုသို့မဖြစ်စေရန် စစ်ကောင်စီက အလောင်းများကို မီးသင်္ဂြိုဟ်လိုက်ခြင်း ဖြစ်သည်။

တမူး PDF ၏ အဆိုအရ စစ်ကောင်စီသည် ထိုလူသတ်မှုများအတွက် လီဆယ်ဖန်တီးထားသည့် အထောက်အထားများ ပြသရန် ကြိုးစားနေကြောင်း သိရသည်။

အိန္ဒိယနှင့် ထိစပ်နေသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ PDFs များက ပိုမို တိုက်ခိုက်လာခြင်းကြောင့် စစ်ကောင်စီသည် ကြောက်လန့်နေသည်။ ပြန့်ကျဲနေသည့်နိုင်ငံတွင် ကချင်နှင့် ကရင်ပြည်နယ်များမှ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တိုက်ခိုက်နေရသောကြောင့် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ခုခံရေးအင်အားစုများကို တိုက်ခိုက်ရန် တပ်များချထားရေးအတွက် အင်အား မလုံလောက်တော့ပေ။

ထို့ကြောင့် စစ်ကောင်စီကို စစ်ဆင်နေသည့် ခုခံရေးအင်အားစုများ ဆက်လက် ပျံနှံ့နေချိန် ပျက်စီးယိုယွင်းနေသည့် မြန်မာ့အခြေအနေကို ထိန်းသိမ်းရန် ပျူစောထီး ခါးပိုက်ဆောင်တပ်များအား လက်နက်တပ်ဆင်ပေးခြင်းသည် စစ်ကောင်စီက ကျင့်သုံးနေသည့် နည်းလမ်းဖြစ်နေသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းမှ ခေါင်းဆောင်အချို့ကိုသတ်ရန် စစ်ကောင်စီက ပျူစောထီး လူသတ်အဖွဲ့အား ခိုင်းစေမည်ကို ဒုက္ခသည်အချို့က စိုးရိမ်နေသည်။ မဏိပူမှ နယ်စပ်ဒေသအချို့သည် ဒုက္ခသည်များကို ဒေသခံပြည်သူလူထုက ထောက်ခံသည့် မီဇိုရမ်မှ နယ်စပ်ဒေသများထက် ပိုမိုထိခိုက်လွယ်သည်ဟု ၎င်းတို့က ထင်သည်။

(The Quint မှ Rajeev Bhattacharyya ၏ Indians Killed in Myanmar: What’s Behind the Death of 2 Tamil Men? ကို ဘာသာပြန် ဖော်ပြသည်။ ရာဂျိဗ် ဘက်တာချာရီယာသည် ဂူဝါဟာတီမှ ဝါရင့်သတင်းသမားဖြစ်သည်။)

You may also like these stories:

တမူးလူသတ်မှုက မဏိပူမှ တမီလ်သိုင်းအဝိုင်းကို မီးမောင်းထိုးပြ

နိုင်ငံသား ၂ ဦး အသတ်ခံရပြီးနောက် အိန္ဒိယက တမူးသို့ ပေးသည့် လျှပ်စစ်မီးဖြတ်တောက်

အိန္ဒိယနိုင်ငံသား၂ ဦး အသတ်ခံရမှုကြောင့် မိုးရေးမြို့ရှိ မြန်မာများ ရန်ပြုခံရမည်ကို စိုးရိမ်နေ

အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွား

Your Thoughts …
Tags: NUGPDFsစစ်ကောင်စီတမီလ်လူမျိုးတမူးပျူစောထီးမိုးရေမှောင်ခိုရာဇဝတ်မှုအကြမ်းဖက်မှုအိန္ဒိယ
Rajeev Bhattacharyya

Rajeev Bhattacharyya

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်တွင် တွေ့ရသည့်  မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးအောင်နိုင်ဦး

ရုရှားငွေပေးချေမှုစနစ်သို့ ဝင်ရန် မြန်မာညှိနှိုင်းနေ

ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီက ပျူစောထီးများအားသင်တန်းပေးနေစဉ်

NLD ပါတီဝင်များ ဆက်တိုက် သတ်ဖြတ်ခံနေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved