• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရုရှားငွေပေးချေမှုစနစ်သို့ ဝင်ရန် မြန်မာညှိနှိုင်းနေ

by ဧရာဝတီ
14 July 2022
in စီးပွားရေး
A A
စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်တွင် တွေ့ရသည့်  မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးအောင်နိုင်ဦး

စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်တွင် တွေ့ရသည့် မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးအောင်နိုင်ဦး

7.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသည် နိုင်ငံတကာငွေပေးချေမှု ပလက်ဖေါင်းဖြစ်သော SWIFT ဘဏ်များချိတ်ဆက်မှုစနစ်ကို ကျော်လွှားရန် ရုရှားဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ရက်ဖြစ်သည့် ဘဏ္ဍာရေးသတင်းပေးပို့မှုစနစ် (SPFS) သို့ ဝင်ရောက်ရန် စဉ်းစားနေသည့် နိုင်ငံတခု ဖြစ်လာကြောင်း လွန်ခဲ့သောလက ကျင်းပသည့် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်တွင် ပြောကြားချက်များအရ သိရသည်။

အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနှင့် ၎င်းတို့၏ ဥရောပမဟာမိတ်များက ရုရှားကို ယူကရိန်းကျူးကျော်စစ်ကြောင့် ပြည်ပငွေပေးချေမှု ပလက်ဖေါင်းများမှ ပိတ်ပင်ခဲ့သောအခါ ရုရှားဘဏ်များသည် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်နှင့် အဆက်ပြတ်သွားကာ တကမ္ဘာလုံးတွင် လုပ်ငန်းလည်ပတ်နိုင်သော စွမ်းရည် ထိခိုက်စေခဲ့သည်။

ထို့နောက် မော်စကိုသည် SPFS ဟုခေါ်သော ရူဘယ်အခြေခံငွေပေးချေမှုစနစ်ကို ထူထောင်ခဲ့သည်။ အဆိုပါစနစ်ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဧပြီလနှောင်းပိုင်းတွင် ပါဝင်သော နိုင်ငံများ၏ အမည်များကို လျှို့ဝှက်ထားမည်ဟု ပြောကြားခဲ့သည်။

ဒေါ်လာနှင့်ချိတ်ဆက်မှု ဖြုတ်လာသော စီးပွားရေးများ

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
222
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
484

စစ်ကောင်စီအုပ်ချုပ်နေသော မြန်မာနိုင်ငံသည် စီးပွားရေးတွင် ဒေါ်လာနှင့်ချိတ်ဆက်မှု ဖြုတ်ပြီး အီရန်ကဲ့သို့သော အခြားနိုင်ငံများနှင့်အလားတူ ရုရှား၏ ဘဏ္ဍာရေးသတင်းပေးပို့လွှဲပြောင်းမှုစနစ် (SPFS) သို့ဝင်ရောက်ရန် စိတ်အားထက်သန်ကြောင်း ဖေါ်ပြခဲ့သည်။

အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို ဖေါက်ဖျက်ခြင်းနှင့် ၎င်း၏ ရည်မှန်းချက်ကြီးသော နျူကလီးယား အစီအစဉ် တိုးချဲ့သောကြောင့် အနောက်နိုင်ငံများက ၂၀၁၂ ခုနှစ်တွင် အီရန်ကို SWIFTငွေပေးချေမှုစနစ်မှ ထုတ်ပယ်ခဲ့သည်။

“ကျနော်တို့ဟာ အီရန်ဘဏ်တွေ အနာဂတ်မှာ SPFS နဲ့ချိတ်ဆက်ဖို့ ကြိုးစားနေတယ်” ဟု ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကာဇမ် ဂျလာလီက အီရန်အစိုးရ ရုပ်သံသို့ ပြောကြားခဲ့ဖူးသည်။

ငွေပေးချေမှုစနစ်အတွက် ရုရှားဘဏ်များနှင့် ဆွေးနွေးမှု စတင်နေပြီဖြစ်ကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးအောင်နိုင်ဦးက လွန်ခဲ့သောလက ကျင်းပသည့် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်၏ သီးခြား သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

“တိတိကျကျပြောရရင် ကျနော်တို့ ကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဌရဲ့ အကြံပေးတယောက် ပါတယ်။ သူက ရုရှားဗဟိုဘဏ်ကိုယ်စားလှယ်တွေနဲ့တွေ့ပြီး SWIFT နဲ့ မပတ်သက်တဲ့ အခြားငွေပေးချေမှုစနစ်တွေကို ဆွေးနွေးနေတယ်” ဟု ဦးအောင်နိုင်ဦးက မော်စကိုမှ သတင်းထောက်များကို ပြောသည်။

ရုရှားနှင့် မြန်မာအကြားသာမက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဝင် နိုင်ငံများနှင့်ပါ ငွေပေးချေမှု စနစ်များ ညှိနှိုင်းရန် အလျှင်အမြန် လိုအပ်ကြောင်း သူ အဓိကထားပြောကြားသည်။ ASEAN မဟာမိတ်များသည် SWIFT ငွေပေးချေမှုစနစ်မှ အဆက်ဖြတ်ခံရသောအခါ ဖြစ်ပေါ်လာသော အန္တရာယ်များကို ကျော်လွှားနိုင်သည့် ဒေါ်လာနှင့် မပတ်သက်ဘဲ ရုရှားရူဘယ်၊ တရုတ်ယွမ် သို့မဟုတ် မြန်မာပြည်တွင်းသုံးငွေနှင့် ရောင်းဝယ်နိုင်သည့် ဘဏ္ဍာရေးစနစ်ကို လေ့လာရန် အရေးကြီးကြောင်း သူ အလေးထားပြောသည်။

အနောက်နိုင်ငံများက မော်စကိုကို ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားခြင်း သို့မဟုတ် ရှောင်ရှားရန် ကူညီခြင်း၏ အကျိုးဆက်များနှင့်ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက နယူးဒေလီကို မကြာသေးမီက သတိပေးခဲ့သည်။

“ရူဘယ်ကို ကျားကန်ပေးဖို့ သို့မဟုတ် ဒေါ်လာအခြေပြု ဘဏ္ဍာရေးစနစ်ကို ထိခိုက်စေဖို့ သို့မဟုတ် ကျနော်တို့ရဲ့ ဘဏ္ဍာရေး အရေးယူမှုတွေကို ကျော်လွှားဖို့ လုပ်ထားတဲ့ စနစ်တွေကို ကျနော်တို့ မလိုချင်ဘူး” ဟု ဒုတိယ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဒါလိ ဆင်းက ဧပြီလတွင် အိန္ဒိယသို့သွားရောက်စဉ် ပြောသည်။ သူသည် ရုရှားကို အရေးယူပိတ်ဆို့သည့် သေနင်္ဂဗျူဟာကို ချမှတ်သူဖြစ်သည်။

တရုတ်နှင့် ရုရှား၏ အခြားရွေးချယ်စရာများ

တရုတ်ယွမ်ဖြင့် ငွေပေးချေမှုများကို လုပ်ဆောင်ပေးသည့် တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ် (CIPS) သည်လည်း SWIFT ကို အစားထိုးရန် လုပ်ဆောင်လာသည်။ တရုတ်ဗဟိုဘဏ်သည် ယွမ်ငွေကို နိုင်ငံတကာသို့ သုံးစွဲရန် ရည်ရွယ်ချက်ဖြင့် CIPS ကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည်။

အဆိုပါစနစ်တွင် ငွေကြေးအဖွဲ့အစည်းပေါင်း ၁၂၈၀ ၏ ကျယ်ပြန့်သော ကွန်ရက်တခု ပါရှိကြောင်း ရုရှားပြည်တွင်း Mir ငွေပေးချေမှုကတ်နှင့် လုပ်ဆောင်ခဲ့ဖူးသော Apexx ၏ ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ Peter Keenan က ပြောသည်။ ၎င်းသည် အသုံးပြုသူ ၄၀၀ ရှိသည့် SPFS ၏ သေးငယ်သောကွန်ရက်နှင့် နှိုင်းယှဉ်ထားသည်။

မော်စကိုသည် SWIFT တားမြစ်ချက်ကို ကျော်ဖြတ်ရေး CIPS နှင့် ချိတ်ဆက်ရန် ဘေဂျင်းနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ဒေါ်လာသည် ကမ္ဘာ့ကုန်သွယ်မှု၏ ၈၈ ရာခိုင်နှုန်းတွင် အဓိကအသုံးပြုသည့် ငွေကြေးဖြစ်သည် ဟု ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော Bank for International Settlements ဘဏ် စစ်တမ်း၏ ရလဒ်များအရ သိရသည်။

သို့သော် CIPS ကို ပိုမိုကုန်သွယ်ရေးအခြေချရန်အတွက် အသုံးပြုပါက၊၎င်းသည် ဒေါ်လာငွေကြီးစိုးသော SWIFT စနစ်အတွက် တရုတ်-ယွမ်အား မောင်းနှင်သည့် အစားထိုးနည်းလမ်းကို ဖန်တီးပေးမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ယွမ်ငွေကို ကမ္ဘာပေါ်တွင် အလွှမ်းမိုးနိုင်ဆုံး အရန်ငွေကြေးအဖြစ် ထားရှိရန် ရည်မှန်းချက်ရှိသော်လည်း အဓိကအားဖြင့် ပေကျင်းသည် ၎င်း၏ တန်ဖိုးကို တင်းတင်းကျပ်ကျပ် စီမံခန့်ခွဲနေရဆဲဖြစ်သောကြောင့် သွားရမည့် ခရီးရှည်ဖြစ်သည်။ ယွမ်သည် ယခုကမ္ဘာ့ဈေးကွက်ရှိ အခြားငွေကြေးများသို့လည်း အပြည့်အဝ လဲလှယ်နိုင်မည်မဟုတ်ပေ။

စွမ်းအင်ကို ရူဘယ်ငွေဖြင့် ပေးချေရန် ရုရှား၏ တောင်းဆိုချက်ကလည်း အရေးပါသည်။ ထို့ကြောင့် ဒေါ်လာဖြင့် ကြီးစိုးသော ကမ္ဘာ့ကုန်သွယ်မှုစနစ်အပေါ် သက်ရောက်မှုဖြစ်စေနိုင်သည်။

အိန္ဒိယအစိုးရသည် ရူဘယ်ငွေပေးချေမှုများအတွက် SPFS ကိုအသုံးပြုရန် ရုရှားအဆိုပြုချက်ကို စဉ်းစားနေကြောင်း Bloomberg က မတ်လတွင် ဖော်ပြခဲ့သည်။ ၎င်းသည် ရူပီ-ရူဘယ် ကုန်သွယ်မှုကို ကိုးကားရန်အတွက် တရုတ်ယွမ်ကို ငွေကြေးအဖြစ် အသုံးချနေသည်ဟု အိန္ဒိယ Mint မီဒီယာမှ ပြီးခဲ့သည့်လက ဖော်ပြခဲ့သည်။ ထိုအတောအတွင်း ရေနံကုမ္ပဏီကြီး ဆော်ဒီအာရေဗျသည် တရုတ်နိုင်ငံသို့ ၎င်း၏ရေနံရောင်းချမှုအတွက် ဒေါ်လာအစား ယွမ်ငွေဖြင့် ပေးချေရန် ဆွေးနွေးနေကြောင်း မတ်လမှ Wall Street Journal သတင်းအရ သိရသည်။

သို့သော်လည်း ယွမ်ငွေသည် ကမ္ဘာ့ကုန်သွယ်မှု၏ ၃ ရာခိုင်နှုန်းသာရှိသောကြောင့် CIPS ကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုရန် ကန့်သတ်ထားသည်။

ကိုးကား။ ။ Republic TV, Business Insider

You may also like these stories:

စစ်ကောင်စီ ဒေဝါလီခံရနိုင်သလား

တရုတ်နယ်စပ်လည်း ဒေါ်လာနှင့် ကုန်သွယ်ရန် စစ်ကောင်စီ ပြန်သတ်မှတ်

စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ

Your Thoughts …
Tags: SWIFTစိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်နိုင်ငံတကာငွေပေးချေမှုရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးအောင်နိုင်ဦးရုရှားငွေပေးချေမှုစနစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ကို ပြီးခဲ့သည့် ဧပြီလက တွေ့ရစဉ်  / MOFA

သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ

by ရန်နိုင်
18 June 2022
10.5k

လာမည့်လများ၊ နှစ်များအတွင်း မြန်မာတွင် အခြေအနေ မည်သို့ပြောင်းလဲသည်ဖြစ်စေ စစ်ကောင်စီကို ထောက်ခံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကတိပြုသည်။

Next Post
ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီက ပျူစောထီးများအားသင်တန်းပေးနေစဉ်

NLD ပါတီဝင်များ ဆက်တိုက် သတ်ဖြတ်ခံနေရ

ပျူစောထီးများ၏ သတ်ဖြတ်ခြင်းခံရသူ ကိုမင်းမင်းဆိုသူ၏ အလောင်းအား ပြန်လည်တူးဖော်နေစဉ်  / CJ

စစ်ဗိုလ်နှင့် ရဲ၏ ဆွေမျိုးကို သတ်ဖြတ်မှုဖြင့် ပျူစောထီး ၇ ဦး ဖမ်းဆီးခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved