• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ

by ဧရာဝတီ
11 July 2022
in ဆောင်းပါး
A A
၂၀၂၁ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့တွင် တွေ့ရသည် စားသောက်ကုန်နှင့် လူသူကုန်းရောင်းသည့် ကုန်စုံဆိုင်တဆိုင် / ဧရာဝတီ

၂၀၂၁ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့တွင် တွေ့ရသည် စားသောက်ကုန်နှင့် လူသူကုန်းရောင်းသည့် ကုန်စုံဆိုင်တဆိုင် / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

အတက်အကျ မြန်လှသည့် အထွေထွေ ကုန်ဈေးနှုန်းဒဏ်ကို အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း အခြေခံလူတန်း စားသာမက အလွှာစုံထိပါ အရှိန်အဟုန် ပြင်းပြင်းနှင့် ရိုက်ခတ်နေပြီ ဖြစ်သည်။

စားသောက်ကုန်မှအစ အခေါက်ရွှေဈေးအထိပင် နေ့နှင့်ည မတူအောင် အတက်ကြမ်းနေသလို တရိပ်ရိပ် မြင့်သထက် မြင့်လာသည့် ကုန်ဈေးနှုန်းဒဏ်ကလည်း အဘက်ဘက်မှ ကျပ်တည်းနေသော ပြည်သူများအဖို့ ရတက်မအေးစရာ ကိစ္စတခု ဖြစ်လာနေသည်။

စစ်ကောင်စီက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန် အမေရိကန်ဒေါ်လာငွေ လဲလှယ်ခြင်းကို ကန့်သတ်လိုက် သည့် နောက် ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများ အဆမတန် မြင့်တက်လာရာမှ စ၍ သွင်းကုန်သာ အားထားနေရသည့် မြန်မာနိုင်ငံတွင် အစစအရာရာ ဈေးနှုန်းများ ကြီးမြင့်လာသည်။

တဖက်တွင်လည်း ကမာ္ဘ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှု၊ စစ်တပ် အာဏာသိမ်းမှု၏ ဆိုးကျိုးက အလုပ် လက်မဲ့ များလာခြင်း၊ စီးပွားရေး တဖြည်းဖြည်း ယိုယွင်းလာခြင်းနှင့် ဝင်ငွေ လျော့ကျမှုများက ရှိနေသည်။

အတက်ကြမ်းနေသည့် အခြေခံ စားသောက်ကုန်

စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သဖြင့် စားနပ်ရိက္ခာအတွက် မပူပင်ရကြောင်း စစ်ကောင်စီက ကြွားလုံး ထုတ်လေ့ရှိသော်လည်း အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် စသည့် စားသောက်ကုန် များ၊ စက်သုံးဆီဈေး အဆမတန် ဈေးနှုန်းများက မြင့်လာနေသည်။

စစ်တပ် အာဏာ မသိမ်းခင်အချိန်က ပေါ်ဆန်းမွှေးဆန် (ရှယ်) တအိတ် ငွေကျပ် ၅၀၀၀၀ ကျော်နှင့် ဝယ်နိုင်သော် လည်း ယခုအခါ ကျပ် ၉၀၀၀၀ အနားပင် ရှိသလို စားအုန်းဆီ ၁ ပိဿာ ငွေကျပ် ၂၀၀၀ ကျော်ဝန်းကျင်မှ ယခုအခါ ကျပ် ၉၀၀၀ ကျော် အထိ ဈေးနှုန်းများ တဟုန်ထိုး မြင့်လာကြောင်း ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မ မဌေးမြင့် က ပြောသည်။

“ကျမ အမျိုးသားက ဆိုက်ကား နင်းတာ။ ကိုဗစ်ကာလက ဆိုက်ကား စီးမယ့်သူ ရှိသေးတယ်။ အခု စစ်တပ် အာဏာ သိမ်းတာ ကြာလာတော့ စီးပွားရေး ကျပ်တာနဲ့ ဆိုက်ကားခ ၃၀၀ ကျပ်တောင် စီးမယ့်သူ မရှိတော့ဘူး။ ဒီတော့ ဝင်ငွေ က တနေ့ ကျပ် ၅၀၀၀ ဆိုတာတောင် မနည်း ဖျစ်ဖျစ်မြည်အောင် ရှာနေရတယ်။ ဒီကြားထဲ ကုန်ဈေးနှုန်းကတက် အိမ် လစာနဲ့ ဆိုတော့ အရင်လို သုံးဖို့ မပြောနဲ့ စားဖို့တောင် မနည်းပဲ။ တပတ်မှာ အသားဟင်း တခွက်တောင် ပါအောင် မချက်နိုင်တော့ဘူး” ဟု ၎င်းက လက်ရှိအခြေနေကို ပြောပြသည်။

အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ အတက်သို့ ဦးတည်နေသလို ဝင်ငွေအားဖြင့် ကြည့်ပါကလည်း တနေ့ထက် တနေ့ လျော့ကျလာသောကြောင့် မကြာခင်မှာ ပို၍ ခက်ခဲလာမည့် အခြေအနေများအတွက် စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ကုန်ဈေးနှုန်း တည်ငြိမ်ရေးဟု ဆို‌ကာ အသင်းအဖွဲ့များဦးစီးကာ စားအုန်းဆီကို ခွဲတမ်းနှင့် ချပေးပြီး တန်းစီစနစ်နှင့် မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် အသင်း များမှတဆင့် ရောင်းချစေခိုင်းခြင်းများလုပ်ကာ ယင်းအခြေအနေ ကို ဖြတ်ကျော်ရန် ကြိုးစားသော်လည်း ခုတ်ရာတလွဲ၊ ရှရာတခြားဖြစ်နေသလို အနာနှင့် ဆေးမတည့်ဘဲ ကုန်ဈေးနှုန်း က တနေ့ထက် တနေ့ပင် အတက်ကြမ်းလျက်ရှိသည်။

အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနေပြီး ရှိရင်းစွဲ ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုအပြင် စစ်တပ်အာဏာသိမ်း လိုက်ခြင်း၏ အကျိုးဆက်ကြောင့် ပြီးခဲ့သည့် ဧပြီလက နောက်ဆုံး ထုတ်ပြန်သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ အစီ ရင်ခံစာတွင် ၂၀၂၂ ခုနှစ်အတွက် စီးပွားရေး ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ လူဦးရေ ၂၄ ရာခိုင်နှုန်း (ခန့်မှန်း ပြည်သူ ၁၃ ဒသမ ၂ သန်း) စားနပ်ရိက္ခာ မဖူလုံမှုဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ဆိုထားသည်။

ကမာ္ဘ့ဘဏ်၏ စီးပွားရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများအတွင်းမှာပင် မြန်မာနိုင်ငံသည် နိုင်ငံအတွင်း ဖြစ် ပေါ်နေသည့် မသေချာ၊ မရေရာမှုများ မြင့်မားနေခြင်းကြောင့် ကမာ္ဘ့စီးပွားရေးအလားအလာ (ဇွန် ၂၀၂၂ ခုနှစ်) အစီရင်ခံစာမှာပင် ဖယ်ထုတ်ခြင်း ခံထားရသည်။

ယခုလို ထုတ်ဖယ်ခံရခြင်းမှာ အာရှနှင့် ပစိဖိတ်ဒေသ (EAP) နိုင်ငံများအတွင်း စီးပွားရေး အလားအလာ ခန့်မှန်းချက်မှ ဖယ်ထုတ်ခံရသည့် တခုတည်းသော နိုင်ငံလည်း ဖြစ်ခဲ့ရသည်။

ထိုသို့ စီးပွားရေး ယိုယွင်းနေသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့ နိုင်ငံမှာ အများ ဆောင်ရွက်နိုင်တဲ့ စီးပွားရေး လုပ်ငန်းက စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်း ဖြစ်တာကြောင့် ၂ နှစ်/ ၃ နှစ်အတွင်း စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ ကောင်းမွန်လာမယ်ဆိုရင် လာမယ့် ၅ နှစ်တာ အတွင်း နိုင်ငံ့ စီးပွားရေး လုပ်ငန်းများ တိုးတက်လာမယ်” ဟု ယခု လဆန်းပိုင်းက ပြုလုပ်သည့် အစည်းဝေးတခုတွင် ဆိုထားသည်။

စစ်ကောင်စီက မည်သို့ပင် ဆိုစေကာမူ မြန်မာနိုင်ငံသည် ကမာ္ဘ့ကုလသမဂ္ဂ၏ သတ်မှတ်ထားချက်အရ အဆင်းရဲဆုံး နိုင်ငံများထဲက တခု အပါအဝင် ဖြစ်နေသေးသည်။

အဆင်းရဲဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းမှာ တဦးချင်း ဝင်ငွေနည်းပါးခြင်း၊ အာဟာရ၊ ကျန်းမာရေး စသည့် ညွှန်း ကိန်းများ နည်းခြင်း၊ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု မတည်ငြိမ်ခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှု မတည်ငြိမ်ခြင်း၊ ဘေး အန္တရာယ်ကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသူ များပြားခြင်း စသည့် အခြေအနေများကို ကြည့်၍ သတ်မှတ်ခြင်း ဖြစ်သည်။

အန္တရာယ်ကြားက စီးပွားရှာနေရသည့် ပြည်သူများ

အာဏာသိမ်းပြီး တနှစ်ကျော်ကြာသည့် အချိန် ခုခံစစ်ကြောင့် အထိနာလာသည့် စစ်တပ်က တင်းကျပ်မှုများ ပိုမို လုပ်ဆောင်လာခဲ့သည်။

ရန်ကုန်မြို့ ၊ ရွှေပေါက်ကံမြို့နယ်ရှိ ဆိုင်ကယ် ကယ်ရီယာဉ်မောင်း ဦးတင်က “အခုက တော်တော် ကျပ်တည်းတယ်။ ကျနော်တို့မှာ သူတို့ (စစ်ကောင်စီတပ်) လာပြီဆို ပြေးရတယ်။ ဘာလို့ဆို သူတို့နေတဲ့ ရပ်ကွက်ရုံးတို့ ဘာတို့ ဗုံးပေါက် ပြီဆို ကျနော်တို့ ကယ်ရီသမားတွေကို အပြစ်လာရှာတယ်။ ဖမ်းတယ်။ ဒါမှ မလုပ်စားလဲ တခြား လုပ်စရာမရှိတော့ ဒီလိုပဲ အန္တရာယ်ကြားက လုပ်နေရတယ်။ အခုက ကုန်ဈေးနှုန်းက တက်တော့ သားဖနှစ်ယောက် ရှာတာ မိသားစု ၇ ယောက်ကို စားဖို့က မလောက်ငှဘူး” ဟု ဆိုသည်။

ဦးတင်သည် အသက် ၆၀ ကျော် အရွယ်ရှိပြီး ကိုဗစ်နှင့် အာဏာသိမ်းသည့် ကြားကာလအတွင်း အလုပ်ပြုတ်သွား သည့် သားသမီးများ ရှိနေသည့်အတွက် ၎င်းကိုယ်တိုင် ထွက်၍ ဆိုင်ကယ် ကယ်ရီဆွဲနေရခြင်း ဖြစ်သည်။

“မသက်သာပါဘူးဗျာ။ ဆန်ကြမ်းနဲ့ ဟင်းရွက်လေးတော့ စားရတာပေါ့။ ဒီလိုပဲ ရှောင်ပြီး မောင်းရတာပဲ။ ဒီကြားထဲ အခု က ငတ်လာကြတော့ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကလည်း ပေါတယ်ဗျ။ ဒီနှစ်ဆန်းကပဲ ကျနော်တို့ သားဖနှစ်ယောက် ဆိုင် ကယ်လေး အလုခံ လိုက်ရတယ်။ လမ်းထဲမှာ ရှေ့နောက် ပိတ်ပြီး ဓားထောက် လုသွားတာ။ အခုတော့ တနေ့ ၂၅၀၀ သူများကို ပေးပြီး ဆိုင်ကယ် ငှားပြီး ကယ်ရီ ဆွဲနေရတာ” ဟု ဆိုသည်။

ယခုလို စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာပင် ခိုး၊ ဆိုး၊ လု၊ နှိုက်များ ပေါများလာပြီး ဓားထောက်လုခြင်း၊ အိမ်ပေါ်တက် ဓားမြတိုက်ခြင်းများ မကြာခဏ ကြားနေရသော်လည်း စစ်ကောင်စီအနေဖြင့် အရေးယူ ဖမ်းဆီးမှုကို ထိထိရောက်ရောက် လုပ်ဆောင်နေသည်ကို မတွေ့ရပေ။

ထိုအခြေအနေကလည်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည့် ကြားမှ ဝမ်းစာအတွက် အခြေခံ လူတန်းစားများ ခက်ခဲ စွာ ရုန်းကန်နေရသည်ကို မီးမောင်း ထိုးပြနေသည်။

မိုးထိုးနေသည့် ဒေါ်လာနှင့် ရွှေဈေး

အာဏာ မသိမ်းခင်က အမေရိကန် ၁ ဒေါ်လာ ကျပ် ၁၃၀၀ ကျော်ရှိခဲ့ပြီး ယခုအခါ ပြင်ပပေါက်ဈေးတွင် ၁ ဒေါ်လာ ကျပ် ၂၂၀၀ ဝန်းကျင်အထိ ဖြစ်နေသည့်အတွက် ကျပ် ၁၀၀၀ နီးပါး မြင့်တက်လာပြီး မြန်မာငွေ တန်ဖိုးမှာ ထက်ဝက်ကျော် ကျဆင်းသွားသည့် အခြေအနေ ဖြစ်သည်။
ထိုအခြေအနေကို ထိန်းချုပ်ဖို့ စစ်တပ် စစ်ကောင်စီက ၁ ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် ထိန်းချုပ် သတ်မှတ်ထားသည်။
ရုရှား- ယူကရိန်း စစ်ပွဲ ဂယက်များကြောင့် အမေရိကန်ဒေါ်လာဈေး တက်လာသလို မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည် ငြိမ်မှုများကလည်း ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာကာ ဒေါ်လာစုဆောင်းလာသူများရှိသဖြင့် ဈေးတက်လာ သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တဦးက သုံးသပ်သည်။

“အခုကတော့ ဖြစ်သင့်တဲ့ဈေးကို ထိန်းချုပ်လိုက်တော့ မှောင်ခိုပေါ်လာသလို ဖြစ်တာပေါ့။ အဲဒီတော့ ပိုဆိုးသွားတယ်။ ဒေါ်လာကို ထိန်းချုပ်ပေမယ့် သွင်းကုန်သမားကျတော့လည်း လုံလောက်အောင် မပေးနိုင်တော့ အဲဒီမှာ ကုန်ပစ္စည်းက ရှား ဈေးတွေတက် သူများနိုင်ငံထက် ပိုဆိုးသွားတယ်။ သူ ဘယ်လောက်လောက် ထိန်းထိန်း အပြင်ကတော့ ရှိနေမှာ ပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

ပထမပိုင်းတွင် စစ်ကောင်စီက ဒေါ်လာကို ထိန်းချုပ်ရန် ဗဟိုဘဏ်မှတဆင့် ဒေါ်လာကို သွင်းကုန်လုပ်ငန်းရှင်များအား ရောင်းချပေးခဲ့ပြီး သွင်းကုန် လုပ်ငန်းများကို ထိန်းချုပ်သော်လည်း နောက်ပိုင်း၌ ဈေးတက်လာခြင်းကို မထိန်းနိုင်သဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ အတွင်း၌ ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်း သတ်မှတ်ခဲ့ရသည်။

ထိုညွှန်ကြားချက်ကြောင့် နိုင်ငံခြားသုံးငွေ အဓိကရှာပေးနေသော ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်းဘဏ် များ၌ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသူအားလုံး၏ ငွေစာရင်းရှိ တန်ဖိုးသည် နေ့ချင်းဆိုသလို ၂၀ ရာခိုင်နှုန်းခန့် ဆုံး ရှုံးသွားခဲ့ရသည်။

ယင်းပြင် စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် အခက်အခဲများစွာ ဖြစ်လာပြီး လုပ်ငန်းများ ဆက်လက် လည်ပတ်ရန်ပင် ခက်ခဲနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

တဖက်တွင်လည်း ဒေါ်လာဈေး မြင့်တက်မှု ကမာ္ဘ့ရွှေဈေးမြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေဈေးပါ လိုက်ပါ မြင့်တက် လာ ရာ စစ်တပ် အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် အခေါက်ရွှေ ၁ ကျပ်သား ကျပ် ၁၃ သိန်းကျော် ရှိရာမှ အာဏာသိမ်းပြီး တနှစ်ကျော်တွင် ကျပ်သိန်း ၂၀ ကျော်အထိပင် ရောက်ရှိလာသဖြင့် ကျပ် ၇ သိန်း ကျော်အထိ မြင့် တက်လာသည်။

“ကျပ်ငွေက မယုံကြည်ရသလို ကျပ်ငွေ တန်ဖိုးက ကိုင်ထားရင်း ကျလာတဲ့အတွက် ငွေစုနိုင်တဲ့သူတွေက ငွေမကိုင်ဘဲ ရွှေကိုင် လာကြတယ်” ဟု ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အလွှာမျိုးစုံကို ရိုက်ခတ်လာသည့် စက်သုံးဆီဈေး

ကုန်ဈေးနှုန်း မြင့်လာသည့်ဒဏ်ကို များသောအားဖြင့် အခြေခံ လူတန်းစားများအတွက် အထိနာစေခဲ့သလို ပြည်တွင်း စက်သုံးဆီဈေးနှုန်း ကြီးမြင့်လာမှုကလည်း အလွှာစုံသို့ ရိုက်ခတ်ခဲ့သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
166
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384

အာဏာ မသိမ်းခင်က ၉၂ ဓာတ်ဆီ ၁ လီတာ ကျပ် ၅၀၀ ကျော်သာ ရှိသော်လည်း အာဏာသိမ်းပြီး တနှစ်ကျော် အကြာတွင် ရန်ကုန်ဈေးမှာပင် ၁ လီတာ ၂၁၈၅ ကျပ်အထိ ဖြစ်လာသောကြောင့် ကျပ် ၁၇၀၀ နီးပါး ဈေးမြင့်တက်လာ သည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဆီဝယ်ယူရန် တန်းစီနေကြသည့် မော်တော်ယာဉ်များကို မေ ၁၉ ရက်က တွေ့ရစဉ်/ CJ

စီးပွားရေး မကောင်းခြင်း၊ နယ်မြေ တည်ငြိမ်မှု မရှိခြင်း၊ ဝင်ငွေ ကျပ်တည်းခြင်းများကြောင့် လုပ်ငန်းများ ရပ်ဆိုင်းလာရ သည့်အချိန်တွင် စက်သုံးဆီဈေး အဆမတန် မြင့်တက်လာမှုက သယ်ယူပို့ဆောင်ရေး လုပ်ငန်းတခုလုံးကို ထိခိုက် လာသည်သာမက အခြေခံ စားသောက်ကုန် ဈေးနှုန်းများတက်လာရန် ထပ်မံ မြှောက်ပင့်ပေးလိုက်သလို ဖြစ်လာ တော့သည်။

“အခုက အားလုံး ကျပ်တော့ တချို့က Taxi မစီးနိုင်ကြတော့ဘူး။ ဆီဈေးမြင့်လို့ ကားခ တိုးကောက်ဖို့ ကျတော့လည်း မပေးနိုင်ကြပြန်ဘူး။ အဲဒီတော့ အုံနာကြေးတောင် မရတဲ့ရက်တွေက များလာတယ်။ စားဝတ်နေရေးကတော့ တော် တော် ကျပ်တည်းလာတာပေါ့” ဟု တောင်ဒဂုံမြို့နယ်ရှိ အငှားယာဉ်မောင်းတဦးက ဆိုသည်။

စက်သုံးဆီဈေး မြင့်တက်လာခြင်းက သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာစေသလို တဆက်တည်းမှာပင် လူသုံး ကုန်၊ အခြေခံ စားသောက်ကုန် ဈေးနှုန်းများကို ကြီးမြင့်လာဖို့ ဖိအားပေးလိုက်ခြင်း ဖြစ်ပေသည်။

ထို့ပြင် စက်သုံးဆီ တင်သွင်းရာတွင် လုံလောက်သည့် ဒေါ်လာ ငွေကြေးကို သွင်းကုန်လုပ်ငန်းရှင်များသို့ စစ်ကောင်စီ က မပေးနိုင်သဖြင့် နိုင်ငံတဝှမ်း စက်သုံးဆီ ပြတ်လပ်မှုများ ကြုံခဲ့ရသေးသည်။

စက်သုံးဆီ လုပ်ငန်းရှင်တဦးက “လက်ရှိကတော့ စက်သုံးဆီကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေကို ဆီမပြတ်ဖို့ ဦးစားပေးစေတယ်။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကိုတော့ ဆီ ရရ မရရ ဂရုမစိုက်ဘူး ဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီက မှာကြားထားပါတယ်” ဟု ပြောသည်။

ထို့ကြောင့်လည်း ရန်ကုန်မှအပ တခြား တိုင်းနှင့် ပြည်နယ်များတွင် စက်သုံးဆီ လိုအပ်သလောက် ဝယ်ယူ၍ မရသည့် အခက်အခဲအား ယခုထိ ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

သို့သော် စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက “နိုင်ငံတော် အရံဆီများကိုပါ သိုလှောင်ထား တာ ဖြစ်တဲ့အတွက် စက်သုံးဆီ လိုအပ်ချက်ကို ပုံမှန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်တယ်” ဟု ဇူလိုင်လ ၁ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဈပြောဆိုထားသေးသည်။

လိုက်မမီတော့သည့် မြေဩဇာဈေး

ဒေါ်လာဈေးများ မြင့်တက်နေခြင်း၊ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်နေခြင်းကြောင့် ပိုးသတ်ဆေးနှင့် ဓာတ်မြေ ဩဇာဈေးများမှာ ယခင် မြေဆီ တအိတ် ကျပ် ၃ သောင်းတန်ပင် ယခု ကျပ် ၁ သိန်းနီးပါးရှိကာ ကျပ် ၇ သောင်းနီးပါး မြင့်တက်နေသည်။

ကုန်ကြမ်း ပြတ်လပ်မှု၊ ပစ္စည်းသွင်းရန် ခက်ခဲလာခြင်းတို့ကြောင့် ဈေးတက်လာခြင်း ဖြစ်သည်။ ထို့ပြင် စီးပွားရေး ကျပ် တည်းလာမှုများနှင့် ဘဏ်ချေးငွေ ရရှိမှု မရှိခြင်းတို့ကြောင့် ဓာတ်မြေဩဇာ ရောင်းချသည့် ကုမ္ပဏီများမှာလည်း ယခင် နှစ်များလို တောင်သူ လယ်သမားများထံသို့ အကြွေးနှင့် ချပေးခြင်းကို ဒီနှစ်မှာတော့ မရှိတော့ပေ။

ယင်း အခြေအနေများကြောင့်လည်း လယ်သမား အများစုမှာ ဖြစ်သလောက်နှင့် လယ်ကို လုပ်ပြီး မလုပ်နိုင်သူက များ လာသည်။

နောက်ထပ် အခက်အခဲတခုမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် စစ်ကောင်စီက ဒေသ ကာကွယ်ရေးတပ်များ ကို နေ့စဉ်ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ကို ပြုလုပ် နေသဖြင့် လယ်သမားများမှာ စီးပွားရေးအတွက် လယ်မစိုက်နိုင်ဘဲ စစ်ဘေးမှ အသက်လု ထွက်ပြေးနေရသည်။

အာဏာသိမ်းမှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ခံရသလို စစ်ဘေးကြောင့်လည်း လယ်သမားများ ဒုက္ခရောက်နေရ သည်။

ငွေကြေး ဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း

ငွေကြေး ဖောင်းပွခြင်း ဆိုသည်မှာ ဝယ်လိုအား ကျဆင်းလာခြင်း၊ အထွေထွေ ကုန်ဈေးနှုန်းများနှင့် ဝန်ဆောင်မှု စရိတ်များ မြင့်တက်လာခြင်း၊ နိုင်ငံအတွင်း လူနေမှုစရိတ်များ မြင့်တက်လာခြင်းပင် ဖြစ်သည်။

ကပ်ရောဂါလှိုင်း၏ ရိုတ်ခတ်မှုအရှိန်ကြောင့် ဝင်ငွေ ကျဆင်းပြီး အလုပ်လက်မဲ့ များလာသည့်အချိန်တွင် အာဏာသိမ်း လိုက်ခြင်းက ပိတ်ဆို့မှုများကြား ကုန်ဈေးနှုန်း ကြီးမြင့်မှုကို တွန်းတင်လိုက်သလို ဖြစ်သွားပေသည်။

တနည်းအားဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ဖောင်းပွလာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သူများ ဆင်းရဲမွဲတေမှု ဒဏ်ကို ယခင်ထက်ပင် ပို၍ ရင်ဆိုင်ရနေကြရသည်။

မြန်မာ့ငွေကြေး ဖောင်းပွမှုသည်၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ စစ်တပ်အာဏာ သိမ်း ပြီး တနှစ် နီးပါးတွင် ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ကမာ္ဘ့ဘဏ်၏ နောက်ဆုံး ထုတ်ပြန်ချက်က ဖော် ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိ ကြုံတွေ့နေရသည့် ငွေကြေး ဖောင်းပွမှု ပြဿနာမှာ ယခင် ၁၉၈၈ ခုနှစ်မှာ ကြုံတွေ့ ရသော အခြေအနေများနှင့်လည်း ဆင်တူနေပြီး စိုးရိမ်စရာများ ဖြစ်ပေါ်နေသည် ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း ထားသည်။

လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးသည် သမာရိုးကျ စီးပွားရေးပုံစံ မဟုတ်ဘဲ ထိန်းချုပ်မောင်းနှင်နေသည့် စီးပွားရေးပုံစံ ဖြစ်နေကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက မှတ်ချက်ပြုသည်။

စစ်အာဏာရှင်ကို တော်လှန်သည့် ခုခံစစ်များ အရှိန်မြှင့်လာနေသလို မြန်မာပြည်အနှံ့ စစ်မီးများ တောက်လျက်ရှိပြီး မြို့ ကြီးများတွင်လည်း မြို့လယ်ခေါင်အထိ အနုကြမ်းစီးခြင်း၊ လုယက်ခြင်း အစရှိသည့် ရာဇဝတ်မှုများက တနေ့ထက် တနေ့ တိုး၍ လာနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာခြင်း၊ ဝင်ငွေလျော့ကျလာခြင်း နှင့် တရက်ထက် တရက် မြင့်တက်လာသည့် ကုန်ဈေးနှုန်း ရိုတ်ခတ်မှုအပြင် စစ်ကောင်စီ၏ အစီအစဉ် မကျသည့် ထိန်းချုပ်မှုများကြောင့် မြန်မာ့စီးပွားရေးမှာ ယိုယွင်းသထက် ယိုယွင်း၍ လာနေသည်ကို ပြည်သူများအဖို့ ခါးစည်းခံရုံပင် ဖြစ်နေတော့သည်။ ။

You may also like these stories:

စစ်ကောင်စီ ဒေဝါလီခံရနိုင်သလား

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ

တရုတ်နယ်စပ်လည်း ဒေါ်လာနှင့် ကုန်သွယ်ရန် စစ်ကောင်စီ ပြန်သတ်မှတ်

Your Thoughts …
Tags: ကုန်ဈေးနှုန်းစက်သုံးဆီစစ်ကောင်စီစစ်ဘေးဒေါ်လာဈေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် RCSS တွေ့ဆုံမှု

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပုဏ္ဏား ၆ ယောက်

မျက်နှာကို ခွဲခြားသိရှိနိုင်သည့် စွမ်းရည်ရှိ တရုတ်လုပ်ကင်မရာများကို မြန်မာစစ်ကောင်စီက နိုင်ငံတဝှမ်း မြို့ကြီးများတွင် ပိုမိုတပ်ဆင်လာသည်

စစ်ကောင်စီက မြို့ကြီးများတွင် တရုတ်ထောက်လှမ်းရေး ကင်မရာများ ပိုမိုတပ်ဆင်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved