• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါက်တာ ခလမ်ဆမ်ဆွန် အား ဆက်သွယ်ခွင့်မရ၍ မိသားစုများ စိုးရိမ်နေ

by စစ်ကောင်စီ
24 December 2022
in သတင်း
A A
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်

6.9k
VIEWS
Share on FacebookShare on Twitter

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ချုပ်နှောင်ထားသည်မှာ ရက် ၂၀ ကြာပြီ ဖြစ်သော်လည်း မိသားစုနှင့် တွေ့ဆုံဆက်သွယ်ခွင့် မပေးသည့်အတွက် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က ဒေါက်တာ ခလမ်ဆမ်ဆွန်သည် မိတ်ဆွေ ၂ ဦးနှင့်အတူ ပြည်ပခရီးစဉ် သွားရောက်ရန် မြစ်ကြီးနားမှ မန္တလေးသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မန္တလေးလေဆိပ်အရောက်တွင် စစ်ကောင်စီ၏ ဖမ်းဆီး ချုပ်နှောင်မှုခံခဲ့ရခြင်း ဖြစ်ပြီး ၎င်းနှင့်အတူလာသူ မိတ်ဆွေ ၂ ဦးမှာမူ ဖမ်းဆီးခံရခြင်း မရှိဘဲ ပြည်ပခရီးစဉ် ဆက်လက် သွားရောက်ခွင့် ရခဲ့ကြောင်း သိရသည်။

မိသားစုဝင်တဦးက “အခုလို မတရား ဖမ်းဆီးထားတာကို ဘယ်လိုမှ လက်ခံလို့မရဘူး ဖြစ်နေတယ်။ သူ့ရဲ့ ကျန်းမာရေး အတွက်လည်း စိုးရိမ်ပါတယ်။ သွေးတိုးရောဂါနဲ့ ရင်ကျပ် လည်ပြွန်ရောင်တာအတွက် ဆေးအမြဲစားနေရလို့ပါ။ ဘယ်မှာ ချုပ်နှောင်ထားလဲတောင် မသိရတော့ အရမ်းစိုးရိမ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေါက်တာခလမ်ဆမ်ဆွန်အား ဖမ်းဆီးချုပ်နှောင်ထားမှုနှင့် ပတ်သက်ပြီး ပြန်လည် လွတ်မြောက်ရေး KBC အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် စစ်ကောင်စီဘက်က ပြောကြားချက်များအရ အမှုဖွင့်တရားစွဲဆိုမည် ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီ အနေဖြင့် ဒေါက်တာ ခလမ်ဆမ်ဆွန်၏ ပြောဆိုဟောပြောချက်များအပေါ် မကြိုက်ကြောင်းနှင့် တပ်မတော် အပေါ် ဂုဏ်သိက္ခာချသည်ဟူသော စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။

သို့သော် စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၃ ရက်ထိ အမှုဖွင့်တရားစွဲဆိုခြင်း မရှိသေးဘဲ အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် ထားဆဲ ဖြစ်သလို လတ်တလောတွင် ဒေါက်တာ ခလမ်ဆမ်ဆွန်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ချုပ်နှောင်ထား ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဒေါက်တာ ခလမ်ဆမ်ဆွန်၏ မိတ်ဆွေအချို့ကမူ စစ်ကောင်စီ အနေဖြင့် ၎င်းအား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားပြီး နိုင်ငံ အတွင်း စစ်တပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား နိုင်ငံတကာသို့ ပြောကြားမှုများ ပြုလုပ်မည်ကို စိုးရိမ်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း စစ်တပ်က လူနည်းစုတိုင်းရင်းသားများအပေါ် ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် ဒေါက်တာ ခလမ်ဆမ်ဆွန်က တင်ပြပြောဆိုခဲ့မှုအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထိုက်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ဖူးကာ နောက်ပိုင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ နှုတ်မိန့်ဖြင့် အမှုအား ပြန်လည် ရုပ်သိမ်းခဲ့သည်။

လက်ရှိတွင် မိသားစုဝင်များနှင့် တွေ့ဆုံဆက်သွယ်ခွင့် မပေးဘဲ ဒေါက်ခလမ်ဆမ်ဆွန်အား ဖမ်းဆီးချုပ်နှောင်ထားခြင်းနှင့် ပတ်သက်ပြီး KBC က အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် တောင်းဆိုထားပြီး မိသားစုဝင်များကလည်း တွေ့ခွင့်ရကာ အမြန် ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း ပြောဆိုသည်။

မိသားစုဝင်တဦးက “စိုးရိမ်စိတ်က စကားလုံးနဲ့တောင် မပြောပြတတ်ဘူး။ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်စေချင်ပါတယ်။ အတွေးနဲ့ပဲ နေနေရတာတောင် အဆင်မပြေလှဘူး” ဟု ပြောသည်။

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်သည် လက်ရှိတွင် KBC ၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ၂၀၂၆ ခုနှစ်ထိ ခန့်အပ်ခြင်းခံထားရသည့် အမှုတော်ဆောင်တဦးလည်း ဖြစ်သည်။

ယခုကဲ့သို့ ဒေါက်တာ ခလမ်ဆမ်ဆွန်အား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) ကလည်း ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ အနေဖြင့် ခရစ်ယာန် သာသနာ့ဝန်ဆောင် ဆရာတော်များအား မတရားဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းများအား ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

ယမန်နှစ် စက်တင်ဘာ ၁၆ ရက်ကလည်း မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်၏ သင်းအုပ်ဆရာ သျှန်းလျန်ဆန်းအား ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ယခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက် ကြောင်းလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့သော လုပ်ရပ်များနှင့် ပတ်သက်ပြီး “ဖိနှိပ်ခံ ပြည်သူများနှင့်အတူ ရပ်တည်ပြီး အာဏာသိမ်း စစ်ကောင်စီအား ထောက်ခံခြင်း မပြုသော ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များအား မတရားဖမ်းဆီးခေါ်ဆောင်ကာ ရရာပုဒ်မဖြင့် မဟုတ်မမှန်တရားစွဲဆို၍ ၎င်းတို့၏ ထိန်းချုပ်မှုအောက်ရှိ တရားရုံးက ပြစ်ဒဏ်ချမှတ်နေခြင်းသည် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ခရစ်ယာန်အသင်းတော်များအား ဖိနှပ်ချုပ်ချယ်ရန် ကြိုးစားနေသည့် အကြမ်းဖက်မှုပင် ဖြစ်သည်” ဟု ICNCC က ဆိုထားသည်။

You may also like these stories:

ဖမ်းဆီးခံရသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် မိသားစုဆက်သွယ်မရဖြစ်နေ

အာဏာရှင်လက်စွဲဆရာတော်များ

သတ္တမသင်္ဂါယနာ ပေါ်လာနိုင်သလား

Your Thoughts …
Tags: ICNCCKBCစစ်ကောင်စီဒေါက်တာ ခလမ်ဆမ်ဆွန်မိသားစု
စစ်ကောင်စီ

စစ်ကောင်စီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လူတွေကို အကြောက်တရားကင်းဖို့ သူလုပ်ပေးနိုင်ခဲ့တာ (ရုပ်/သံ)

လူတွေကို အကြောက်တရားကင်းဖို့ သူလုပ်ပေးနိုင်ခဲ့တာ (ရုပ်/သံ)

စစ်ကောင်စီရဲ့ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေး လေယာဉ် MTX - 1A

စစ်ကောင်စီ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေး လေယာဉ် MTX - 1A

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved