• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သတ္တမသင်္ဂါယနာ ပေါ်လာနိုင်သလား

by ဖီးနစ်
10 November 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှု

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှု

7.6k
VIEWS
Share on FacebookShare on Twitter

အစိုးရတရပ်ဟာ တိုင်းပြည်တပြည်၊ ပြည်သူလူထုတရပ်ကို အုပ်ချုပ်ဖို့ ထိုက်တန်၊ မတန် ဆိုရာမှာ အဲဒီအစိုးရဟာ တရားဝင်မှု legitimacy ဘယ်လောက်ရှိလဲဆိုတာ အရေးကြီးပါတယ်။ အစိုးရတိုင်း အစိုးရတိုင်းဟာလည်း တနည်းမဟုတ် တနည်းနဲ့ သူတို့ရဲ့ legitimacy ကို တည်ဆောက်ကြရပါတယ်။

လက်ရှိ ခေတ်သစ်နိုင်ငံတွေက အစိုးရတွေတင်မက ရှေးယခင်က ဘုရင်တွေကလည်း ပြည်သူတွေအနေနဲ့ သူတို့ကို အကောင်းမြင်ဖို့ သူတို့အုပ်စိုးတာခံဖို့ legitimacy ကို တည်ဆောက်ရတာပါပဲ။ အဲ့ဒီလို တည်ဆောက်တဲ့ နည်းစနစ်တွေကလည်း ခေတ်၊ ရေမြေဒေသနဲ့ နိုင်ငံရေးစနစ်ပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ ကွန်မြူနစ်တရုတ်ပြည်လို နိုင်ငံက အစိုးရတွေကတော့ စီးပွားရေး ဘယ်လိုတိုးတက်အောင် လုပ်ဆောင်နိုင်တယ်၊ လူမည်မျှကို ဆင်းရဲတွင်းက လွတ်ကင်းအောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုပြီး သူတို့ရဲ့ စီးပွားရေးအရ ဆောင်ရွက်နိုင်စွမ်းကို မူတည်ပြီး legitimacy ကို တည်ဆောက်ကြပါတယ်။

အမေရိကန်လို အနောက်နိုင်ငံတွေကတော့ ရွေးကောက်ခံရမှုဆိုတဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ပိုပြီး အသားပေးလေ့ ရှိပါတယ်။ မြောက်ကိုရီးယားလိုမျိုး နိုင်ငံတောင်မှ အမေရိကန်အရင်းရှင်စနစ် မလွှမ်းမိုးနိုင်အောင် ကာကွယ်ပေးနိုင်တဲ့ အင်အားရှိတယ်ဆိုတာကို ပြသပြီး legitimacy ကို တည်‌ဆောက်ရပါတယ်။

မြန်မာဘုရင်များ legitimacy တည်ဆောက်ပုံ

Legitimacy တည်ဆောက်တဲ့ နည်းစနစ်တွေဟာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်းပဲ နေရာဒေသအပေါ် မူတည်ပြီး ကွဲပြားမှုတွေရှိပါတယ်။ အဲ့ဒီတော့ မြန်မာဘုရင်တွေနဲ့ အနောက်နိုင်ငံက ဘုရင်တွေ legitimacy တည်ဆောက်ပုံဟာလည်း မတူပါဘူး။ အနောက်နိုင်ငံက ဘုရင်တွေကတော့ divine right အပေါ်မူတည်ပြီး legitimacy ဆောက်ကြပါတယ်။ “ငါတို့ဟာ ဘုရားသခင်ကနေ လူသားတွေကို ကောင်းရာမွန်ရာရောက်အောင် လမ်းပြပေးဖို့ လွှတ်ထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲဒီတော့ ငါတို့မှာ ဘုရားသခင်ကနေ မင်းတို့ကို အုပ်ချုပ်ဖို့ ပေးထားတဲ့ အခွင့်အရေး divine right ရှိတယ်” ဆိုပြီးတော့ အနောက်တိုင်းဘုရင်တွေဟာ သူတို့မှာ အုပ်ချုပ်ပိုင်ခွင့်ရှိကြောင်း ပြသကြပါတယ်။

မြန်မာဘုရင်တွေရဲ့ legitimacy တည်ဆောက်ပုံကတော့ အနောက်နိုင်ငံတွေနဲ့ မတူပါဘူး။ နောက်ပိုင်းမင်းတွေဟာ ဘာသာရေးအပေါ် အခြေခံပြီး သာသနာပြု မင်းကောင်းမင်းမြတ်အဖြစ် ပုံဖော်ကာ legitimacy တည်ဆောက်မှုတွေ ပိုမိုလုပ်ဆောင် လာပါတယ်။ မြန်မာဘုရင်တွေရဲ့ ရာဇဝင်ရေးပြီး legitimacy ဆောက်ဖို့ ကြိုးစားမှုဟာ ကုန်းဘောင်ခေတ်မှာ ပိုမိုထင်ရှားလာပါတယ်။

မြန်မာဘုရင်တွေရဲ့ legitimacy တည်ဆောက်ပုံကတော့ အနောက်နိုင်ငံတွေနဲ့ မတူပါဘူး။ နောက်ပိုင်းမင်းတွေဟာ ဘာသာရေးအပေါ် အခြေခံပြီး သာသနာပြု မင်းကောင်းမင်းမြတ်အဖြစ် ပုံဖော်ကာ legitimacy တည်ဆောက်မှုတွေ ပိုမိုလုပ်ဆောင် လာပါတယ်။ မြန်မာဘုရင်တွေရဲ့ ရာဇဝင်ရေးပြီး legitimacy ဆောက်ဖို့ ကြိုးစားမှုဟာ ကုန်းဘောင်ခေတ်မှာ ပိုမိုထင်ရှားလာပါတယ်။

၁၈၂၆ ခုနှစ် စစ်ကိုင်းမင်းလက်ထက်မှာ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားပြီး မြန်မာတွေ စစ်ရှုံးသွားပါတယ်။ စစ်ရှုံးသွားခဲ့ပေမယ့် မြန်မာပြည်ကို အုပ်ချုပ်ဖို့ ထိုက်တန်သေးတဲ့အကြောင်း ပြသဖို့အတွက် legitimacy တည်ဆောက်ဖို့ လိုကြောင်းကို နားလည်တဲ့ စစ်ကိုင်းမင်းဟာ သမိုင်းကော်မရှင်ကိုဖွဲ့ကာ မှန်နန်းရာဇဝင်ကို ရေးစေခဲ့ပါတယ်။

အဆိုပါရာဇဝင်ဟာ နန်းတွင်းအဖြစ်အပျက်များကိုသာ ဖော်ပြထားပြီး တော်ဝင်မျိုးဆက်ရဲ့ စစ်ရေး အောင်မြင်မှုတွေ၊ ကုသိုလ်ကောင်းမှုတွေကို ပြသတဲ့ စာရင်းဇယားမျိုးဖြစ်တယ်ဆိုပြီး ဦးထွန်းအောင်ချိန်က သူ့ရဲ့ “တည်ထောင်သူများ” စာအုပ်မှာ ရေးသားထားပါတယ်။

ဆဋ္ဌ သင်္ဂါယနာ မဟာဓမ္မ သဘင်ကြီး ကျင်းပနေပုံ

မှန်နန်းဟာ ညောင်ရမ်းခေတ်က ဦးကုလားရေးခဲ့တဲ့ မဟာရာဇဝင်ကြီးကို အခြေခံ ရေးသားထားတာ ဖြစ်ပြီး ကုန်ဘောင်မင်းတွေရဲ့ legitimacy ကို ပြသဖို့အတွက် ကုန်းဘောင်မင်းတွေဟာ ကမ္ဘာဦးအစက ပထမဆုံးမင်းဖြစ်တဲ့ မဟာသမ္မတမင်း (တကယ်မရှိတဲ့ ဒဏ္ဍာရီထဲက မင်း)ကနေ ဆင်းသက်လာတယ်ဆိုပြီး ဖော်ပြပါတယ်။ ကုန်းဘောင်မင်းတွေကို မဟာသမ္မတမင်းနဲ့ ချိတ်ဆက်ရတာဟာ အကြောင်းနှစ်ရပ်ရှိပါတယ်။

ဇာတ်လမ်းအရဆိုရင် မဟာသမ္မတမင်းဟာ လူထုက ‌ရွေးကောက်တင်မြှောက်ထားတဲ့ မင်းဖြစ်သလို မြတ်စွာဘုရားရဲ့ အမျိုးအနွယ်တွေဖြစ်တဲ့ သကျသာကီဝင် မင်းတွေဟာလည်း မဟာသမ္မတကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ သကျသာကီဝင်တွေဟာ အိန္ဒိယကနေ ထွက်ပြေးလာတဲ့ နောက်မှာ မြန်မာပြည်ထဲရောက်လာပြီး တကောင်းပြည်ကို ထောင်တယ်၊ အဲဒီတကောင်းမင်းဆက် ကနေမှ ကုန်းဘောင်မင်းတွေ ဆင်းသက်လာတယ်လို့ မှန်နန်းက ဆိုပါတယ်။

ကုန်းဘောင်မင်းတွေကို မဟာသမ္မတမင်းနဲ့ အမျိုးစပ်လိုက်ခြင်းအားဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ခြင်း ဆိုတဲ့ နိုင်ငံရေးအရ တရားဝင်မှု၊ ဘုရားနဲ့ အမျိုးတော်ခြင်းဆိုတဲ့ ဘာသာရေးအရ တရားဝင်မှုတွေကို ရရှိသွားပါတယ်။

ကုန်းဘောင်မင်းတွေကို မဟာသမ္မတမင်းနဲ့ အမျိုးစပ်လိုက်ခြင်းအားဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ခြင်း ဆိုတဲ့ နိုင်ငံရေးအရ တရားဝင်မှု၊ ဘုရားနဲ့ အမျိုးတော်ခြင်းဆိုတဲ့ ဘာသာရေးအရ တရားဝင်မှုတွေကို ရရှိသွားပါတယ်။

ကုန်းဘောင်မင်းတွေကို သာကီဝင်တွေနဲ့ ချိတ်ဆက်ရာမှာလည်း ဇာတ်လမ်းအမျိုးအစား ကွဲပြားတာတွေ ရှိပါတယ်။ ဦးကုလားရာဇဝင်က ပျူစောထီးဇာတ်လမ်းကို သုံးထားပေမယ့် မှန်နန်းမှာတော့ ပျူဇောထီးဇာတ်လမ်း ပျောက်သွားပြီး ရခိုင်ဘက်ကနေ ကူးထားတဲ့ ကံရာဇာကြီး၊ ကံရာဇာငယ်ဇာတ်လမ်း အစားဝင်လာတယ်လို့ လန်ဒန်တက္ကသိုလ်က သမိုင်းပညာရှင် ဒေါက်တာ မိုက်ကယ်ချာနေးက သူ့ရဲ့ “Powerful Learning” စာအုပ်မှာ ရေးသားထားပါတယ်။ ဒီဇာတ်လမ်းအရဆိုရင် ကုန်းဘောင်ဘုရင်တွေဟာ မဟာသမ္မတဆီကရတဲ့ ရွေးကောက်ခံ legitimacy ရှိပြီး ဘုရားနဲ့ အမျိုးတော်တယ်ဆိုတဲ့ Legitimacy နှစ်ခုကို ရသွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကုန်းဘောင်ခေတ်ကတည်းကပင် ဘာသာရေးကို အခြေပြုပြီး legitimacy တည်ဆောက်တဲ့ ကြိုးပမ်းမှုတွေ ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။

အထက်ပါမှန်နန်းက ဇာတ်လမ်းကို အမှန်အဖြစ် လက်ခံတဲ့ ‌ဒေါက်တာ ထင်အောင်တို့လို ပုဂ္ဂိုလ်တွေလည်းရှိပြီး ခေတ်ပေါ်ပညာရှင်တွေကတော့ အဆိုပါဇာတ်လမ်းကို ယုံတမ်းအဖြစ်သာ လက်ခံထားကြပါတယ်။ ၁၉၃၀ ပြည့်နှစ်တွေမှာ ဒို့ဗမာအစည်းအရုံးကလည်း ဒီဇာတ်လမ်းကို လွတ်လပ်ရေးတိုက်ပွဲအတွင်းမှာ အသုံးချခဲ့ပါတယ်။ မြန်မာတွေဟာ သကျသာကီမျိုးကနေ ဆင်းသက်လာတဲ့ သခင်မျိုးတွေဆိုတဲ့အချက်ကို ဒို့ဗမာသီချင်းထဲမှာ “တကောင်းအဘိရာဇာ၊ ဒို့ဗမာသာကီမျိုးပါမို့၊ မညိုးဂုဏ်တေဇာ”ဆိုပြီး ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။

ထီးနန်းနဲ့ သာသနာကြား ဆက်ဆံရေး

ပဒေသရာဇ်ခေတ်မှာ ရှင်ဘုရင်တွေနဲ့ ရဟန်းသာသနာကြား ဆက်ဆံရေးမှာ အဖုအထစ်လေးတွေ ရှိတယ်လို့ မိုက်ကယ်အောင်သွင်က သုံးသပ်ပါတယ်။ သူ့ရဲ့ သုံးသပ်မှုအရတော့ အစပိုင်းမှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ရှင်ဘုရင်ကြားက ဆက်ဆံရေးဟာ အလွန်အဆင်ပြေတယ်။ ဘုန်းကြီးကျောင်းကို သာမန်ပြည်သူတွေကရော မင်းဆွေမင်းမျိုး တွေကပါ ငွေကြေး၊ မြေ၊ ကျွန် အစရှိတဲ့ ဓနပိုင်း လှူဒါန်းမှုတွေ ပြုလုပ်တဲ့အတွက် ဘုန်းကြီးကျောင်းတွေဟာ အဆောက်အအုံသစ်တွေ၊ ဘုရားတွေ တည်ဆောက်နိုင်လာတယ်။

အဲ့ဒီအခါမှာ ကျောင်းပိုင်မြေတွေမှာ အလုပ်လုပ်လိုတဲ့ အလုပ်သမားတွေ ဝင်ရောက်လာတယ်။ ဘုရင်ကလည်း အခွန်ရတဲ့အတွက် စစ်အင်အားကို တိုးချဲ့နိုင်သလို အုပ်ချုပ်ရေးပိုင်းကိုလည်း စနစ်ကျအောင် လုပ်နိုင်လာတယ် ဆိုပါတယ်။ ဒါပေမယ့် ကျောင်းနဲ့ ဘုရားပိုင် မြေတွေ၊ ကျွန်တွေကို အခွန်လွတ်ငြိမ်းခွင့် ပေးရတဲ့အတွက် အလှူရှင်တွေရဲ့ သဒ္ဓါတရားကြောင့် သာသနာပိုင် ဓနဥစ္စာတွေ တိုးပွားများပြားလာပြီး ထီးနန်းပိုင် resource တွေ တဖြည်းဖြည်း ကုန်ဆုံးလျော့ပါးလာပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင်၊ ဝစီပိတ် ဆရာတော် (သိုးမွှေးဦးထုပ် ဆောင်းထားသူ) နှင့် တပ်ချုပ်၏သား ကိုအောင်ပြည့်စုံ (ယာဘက်မှ တတိယမြောက်) တို့ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကျိုက်ဒေးဝိ စေတီတော် ထီးတင်ပွဲတွင် တွေ့ရစဉ် / CINCDS

သာသနာပိုင် ပစ္စည်းဥစ္စာတွေ ပြန်လည်ရရှိဖို့အတွက် ဘုရင်တွေက သာသနာသန့်ရှင်းရေး လုပ်တယ်လို့ မိုက်ကယ်အောင်သွင်က သုံးသပ်ပါတယ်။ ဒီအဖြစ်အပျက်က တခါတည်းဖြစ်တာမဟုတ်ဘဲ မြန်မာပြည် အင်္ဂလိပ်လက်အောက် မရောက်ခင်ထိကို ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့တယ်လို့ မိုက်ကယ်အောင်သွင်က ဆိုပါတယ်။ ဘုန်းကြီးကျောင်းတွေကို ဖျက်သိမ်းပြီး ဘုန်းကြီးကျောင်းတွေက ပိုင်ဆိုင်ထားတဲ့ ဓနဥစ္စာတွေ သိမ်းယူတာကို အင်္ဂလန်ပြည့်ရှင် အဌမမြောက် ဟင်နရီဘုရင်ကလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဘုရင်တွေရဲ့ legitimacy ကို တည်ဆောက်ဖို့အတွက် သာသနာကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာဘုရင်တွေဟာ သူတို့ရဲ့ အုပ်ချုပ်မင်းလုပ်ပိုင်ခွင့်ကို ရှေးကုသိုလ်အပေါ် အခြေခံလေ့ရှိကြပါတယ်။ အဲ့ဒီတော့ ကုသိုလ်ကောင်းမှု ပြုကြောင်းကို ပြသဖို့အတွက် သာသနာကိုလည်း လှူဒါန်းဖို့က လိုနေသေးလို့ လှူဒါန်းရသေးတဲ့အပြင် သာသနာ့ဒါယကာ၊ သာသနာကို ထိန်းသိမ်းစောင့်‌‌ရှောက်သူ စတဲ့ အမည်တွေကိုလည်း ခံယူရပါသေးတယ်။

ဒါ့အပြင် အင်္ဂလိပ်လက်အောက် မကျရောက်ခင်ထိကို စာကြီးပေကြီးတွေ ရေးတတ်ဖတ်တတ် သူတွေဟာ ရဟန်းသံဃာတွေသာ ဖြစ်ကြတဲ့အတွက် သာသနာ အင်စတီကျူးရှင်းဟာ အသိပညာကို လက်ဝါးအုပ်ထားတယ်လို့လည်း ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ် မှန်နန်းရာဇဝင် ရေးသားရာမှာ ရဟန်းသံဃာတွေ ဦးဆောင်တာကို ကြည့်ခြင်းအားဖြင့် ဘုရင့်အုပ်ချုပ်ရေး တည်မြဲမှုမှာ ရဟန်းသံဃာတွေရဲ့ အရေးပါမှုကို မြင်တွေ့နိုင်ပါတယ်။

ဒါ့အပြင် အင်္ဂလိပ်လက်အောက် မကျရောက်ခင်ထိကို စာကြီးပေကြီးတွေ ရေးတတ်ဖတ်တတ် သူတွေဟာ ရဟန်းသံဃာတွေသာ ဖြစ်ကြတဲ့အတွက် သာသနာ အင်စတီကျူးရှင်းဟာ အသိပညာကို လက်ဝါးအုပ်ထားတယ်လို့လည်း ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ် မှန်နန်းရာဇဝင် ရေးသားရာမှာ ရဟန်းသံဃာတွေ ဦးဆောင်တာကို ကြည့်ခြင်းအားဖြင့် ဘုရင့်အုပ်ချုပ်ရေး တည်မြဲမှုမှာ ရဟန်းသံဃာတွေရဲ့ အရေးပါမှုကို မြင်တွေ့နိုင်ပါတယ်။

စစ်ကောင်စီက ဝှက်ဖဲအနေနဲ့ သုံးလာနိုင်တဲ့ သင်္ဂါယနာတင်ပွဲ

လက်ရှိမှာ မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ခံထားမှုအရ သမိုင်းတလျှောက်မှာ သင်္ဂါယနာတင်မှု ခြောက်ကြိမ်ရှိခဲ့ပြီး နှစ်ကြိမ်ကို မြန်မာနိုင်ငံမှာ တင်ခဲ့တယ်ဆိုပြီး လက်ခံထားကြပါတယ်။ သင်္ဂါယနာတင်ရတဲ့ ရည်ရွယ်ချက်ကတော့ သာသနာ ထွန်းကားတည်တံ့ ပြန့်ပွားစေဖို့၊ နှစ်ကြာလာတာနဲ့အမျှ တိုးပွားများပြားလာတဲ့ ဝိနည်းပိုင်းအရ လျော့လျဲပျက်ကွက်လာတာတွေကို ထိန်းချုပ်ဖို့နဲ့ ကျမ်းစာမူကွဲတွေကို စိစစ်တည်းဖြတ်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ခံထားမှုအရ သမိုင်းတလျှောက်မှာ သင်္ဂါယနာတင်မှု ခြောက်ကြိမ်ရှိခဲ့ပြီး နှစ်ကြိမ်ကို မြန်မာနိုင်ငံမှာ တင်ခဲ့တယ်ဆိုပြီး လက်ခံထားကြပါတယ်။ သင်္ဂါယနာတင်ရတဲ့ ရည်ရွယ်ချက်ကတော့ သာသနာ ထွန်းကားတည်တံ့ ပြန့်ပွားစေဖို့၊ နှစ်ကြာလာတာနဲ့အမျှ တိုးပွားများပြားလာတဲ့ ဝိနည်းပိုင်းအရ လျော့လျဲပျက်ကွက်လာတာတွေကို ထိန်းချုပ်ဖို့နဲ့ ကျမ်းစာမူကွဲတွေကို စိစစ်တည်းဖြတ်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်သူ ဘုရင်တွေဟာ မိမိကိုယ်မိမိ သာသနာတော်ကို ထိန်းသိမ်း စောင့်‌ရှောက်တဲ့၊ သာသနာတော် မွန်မြတ်သန့်စင်အောင် ကြိုးပမ်းနေကြောင်း ပြသလိုတဲ့ အခါမှာလည်း သင်္ဂါယနာ တင်လေ့ရှိပါတယ်။ ဒါ့အပြင် အထက်မှာဖော်ပြခဲ့တဲ့အတိုင်းပဲ သမိုင်းတလျှောက်မှာ အုပ်ချုပ်သူ ဘုရင်တွေနဲ့ ရဟန်းတော်တွေရဲ့ ဆက်ဆံရေးဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆက်ဆံရေးမျိုး ဖြစ်ခဲ့ပါတယ်။ ယခုခေတ်မှာဆိုရင်တော့ အုပ်ချုပ်သူ အစိုးရနဲ့ ရဟန်းတော်တွေရဲ့ ဆက်ဆံရေးဟာ ပိုလို့တောင် အကျိုးစီးပွားကို အခြေခံတယ်လို့ ဆိုရမှာပါပဲ။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ဘာသာရေးကို အခြေခံပြီး သူတို့ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အာဏာသိမ်းပြီး ကာစမှာပဲ COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ ဘုရားစေတီတွေကို ပြန်ဖွင့်ပေးခဲ့သလို အခြားခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာက ဘာသာရေးခေါင်းဆောင်တွေကို ချဉ်းကပ်တွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဘက်က ထင်ရှားတဲ့ ဆရာတော်တွေနား တွေ့ဆုံချဉ်းကပ်ပြီးတော့လည်း ပုံရိပ်တက်လာအောင် ကြိုးပမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် အချည်းအနှီးပဲ ဖြစ်နေတုန်းပါပဲ။ အဲ့ဒီတော့ ကြံရာမရဖြစ်နေတဲ့ စစ်ကောင်စီဟာ မိမိကိုယ်ကို အစိုးရကောင်းအဖြစ် ပုံဖော်ဖို့အတွက် သတ္တမသင်္ဂါယနာတင်ပွဲ ကျင်းပပြုလုပ်ပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို သိမ်းကြုံးယူငင်ဖို့ ကြိုးပမ်းဦးမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)

You may also like these stories:

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

ဆဋ္ဌ သင်္ဂါယနာ မဟာဓမ္မသဘင် ဖွင့်ပွဲကြီး

မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား

စစ်ကောင်စီ စီစဉ်သည့် ဘာသာရေးပွဲများ သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း

စစ်ကောင်စီ ခေါင်းဆောင် ကျိုက်ဒေးဝိစေတီ ပြုပြင်

သီတဂူဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို ချီးကျူး

Your Thoughts …
Tags: divine rightlegitimacyတရားဝင်မှုဘာသာရေးမှန်နန်းရာဇဝင်သတ္တမသင်္ဂါယနာသာသနာသန့်ရှင်းရေး
ဖီးနစ်

ဖီးနစ်

ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.5k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.8k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

by မောင်ကဝိ
21 March 2024
13.8k

သမ္မတဖြစ်ချင်တဲ့အတွက် ဘုရားတွေကို ပြုပြင် ထီးတင်တာတွေကို မင်းအောင်လှိုင် လုပ်နေကျဖြစ်ပါတယ်။

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

by ကိုဦး
15 January 2024
13.5k

နန်ထင်မင်စမ်းတောင်ပေါ်မှ စေတီဖျက်ဆီးခြင်းကို ဘာသာရေးစော်ကားမှု၊ ဖျက်ဆီးမှုအဖြစ် အချို့ သတင်းဌာနများက သရုပ်ဖော်သည်။ ဇာစ်ဇာစ်မြစ်မြစ် စုံစမ်းမှု မပြုကြပေ။

Next Post
ရန်ကုန်တွင် ကျင်းပသည့် ဒီပါဝလီပွဲတော်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပါဝင်ဆင်နွှဲစဉ်  /  Infosheet

စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ပင်လယ်ငါးဖမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားမျာ / ဧရာဝတီ

ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved