• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သီတဂူဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို ချီးကျူး

by ဧရာဝတီ
22 March 2022
in ဆောင်းပါး
A A
စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / Sitagu Facebook

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Sitagu Facebook

29.2k
VIEWS
Share on FacebookShare on Twitter

မဘသ ဦးဆောင် ဆရာတော်ဟောင်းဖြစ်တဲ့ အင်းစိန်ရွာမ ဆရာတော်ဦးတိလောကာဘိဝံသကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။

ဒါကို သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ချီးမွမ်းလိုက်ပါတယ်။

မတ်လ ၂၀ ရက်နေ့၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီးမှာ ကျင်းပတဲ့ ဂုဏ်ပြုပွဲမှာ သီတဂူဆရာတော်က မင်းအောင်လှိုင်ကို ချီးကျူးခဲ့သလို၊ အဲဒီဘွဲ့ရလို့ အင်းစိန်ရွာမဆရာတော်ဟာ မင်းဆရာ၊ တိုင်းပြည်ရဲ့ဆရာ ဖြစ်သွားပြီလို့လည်း ဂုဏ်ပြုချီးကျူး ပြောဆိုခဲ့ပါတယ်။ အဲဒီဂုဏ်ပြုပွဲကို သီတဂူဆရာတော်ရဲ့ Facebook ကနေ live လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီဘွဲ့ရတဲ့ဆရာတော်ပေါင်း ၁၀၀ ကျော်လောက်ရှိနေတာမို့ ဒီလောက်လည်းထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရတာကို မင်းဆရာ၊ တိုင်းပြည်ရဲ့ဆရာ ဖြစ်သွားပြီလို့ မြှောက်ပင့်နေပေမယ့်လည်း မြန်မာနိုင်ငံမှာ ဒီဘွဲ့ရတဲ့ဆရာတော်ပေါင်း ၁၀၀ ကျော်လောက်ရှိနေတာမို့ ဒီလောက်လည်းထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီဘွဲ့ရတဲ့အတွက် နိုင်ငံတော်ပိုင် ရထား၊ ရေယာဉ်၊ လေယာဉ်တွေကိုတော့ အခမဲ့ စီးနင်းခွင့်ရရှိမှာဖြစ်ပါတယ်။

အဲဒီ တနင်္ဂနွေနေ့ပွဲမှာ သီတဂူဆရာတော်က ရွာမဆရာတော်နဲ့ ပတ်သက်ပြီး “တည့်တည့်ပြောရရင် အစိုးရ တခေတ်မှာတော့ အကျဉ်းကျခံရတယ်။ အကျဉ်းထောင်ပေါ့။ နောက်နိုင်ငံတော် အစိုးရခေတ်တခေတ် ရောက်ပြန်တော့ အကျဉ်းထောင်တော့ မဟုတ်ဘူး။ အမျိုးမျိုး အကျပ်ကိုင်ခံရတယ်” လို့ မိန့်ကြားခဲ့ပါတယ်။

အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသနှင့် သီတဂူ ဆရာတော်

သီတဂူဆရာတော် ပြောတဲ့ ခေတ်နှစ်ခေတ်ထဲက ထောင်ကျတဲ့ခေတ်ဆိုတာ နဝတစစ်အစိုးရခေတ်ကို ဆိုလိုတာဖြစ်ပါတယ်။ အဲဒီတုန်းက အင်းစိန်ရွာမ ဆရာတော်ဦးတိလောကာဘိဝံသဟာ သံဃာတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ သူတွေနဲ့ ဘာသာရေးအရ ဆက်ဆံမှုမလုပ်ဘဲနေတဲ့ ပတ္တနိကုဇနကံဆောင်ခဲ့လို့ ၁၉၉၀ မှာ ထောင် ၁ နှစ်လောက် ကျခဲ့တာပါ။ နောက်ဒုတိယခေတ်ဆိုတာကတော့ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်ကို ဆိုလိုတာဖြစ်ပါတယ်။

မဘသအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမြဲ ဝေဖန်အပုတ်ချ နေခဲ့ပြီး အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေ ၄ ရပ်အတည် ပြုနိုင်ရေးအတွက် အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ ၂၀၁၃ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ အမျိုးသားရေး အစွန်းရောက် မဘသအဖွဲ့မှာ အင်းစိန်ရွာမဆရာတော်က ဥက္ကဋ္ဌပါ။ သီတဂူဆရာတော်ကတော့ ဒုတိယ ဥက္ကဋ္ဌပါ။ မဘသအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမြဲ ဝေဖန်အပုတ်ချ နေခဲ့ပြီး အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေ ၄ ရပ်အတည် ပြုနိုင်ရေးအတွက် အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသ

စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေ ဖြန့်ဝေတာ၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်အောင်လှုံ့ဆော်တာတွေကို တစိုက်မတ်မတ်ဆောင်ရွက်နေလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ တက်လာပြီးနောက်မှာ သံဃာ့မဟာနာယက အဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီတုန်းက သာသာနာရေးဝန်ကြီးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချတာ ခံခဲ့ရပါတယ်။

အဲဒီတုန်းက သာသာနာရေးဝန်ကြီးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချတာ ခံခဲ့ရပါတယ်။

အရင်အစိုးရလက်ထက်က အင်းစိန်ရွာမဆရာတော်အပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်လို့ “ဆရာတင်ဖို့ ဝေးရော၊ လေးဘက်လေးတန်က အကျပ်အမျိုးမျိုး အကိုင်ခံရတဲ့ ဆရာတော်၊ ဒီကနေ့မှ တိုင်းပြည်ရဲ့ ဆရာဖြစ်တာ။ သဒ္ဓါ၊ ပညာကောင်းတဲ့ မင်းတို့ရဲ့ခေတ်မှာ တိုင်းပြည်ရဲ့ဆရာ ဖြစ်လာတယ်။ ဒါဟာ အထူးဝမ်းမြောက်ဂုဏ်ယူစရာ ကောင်းတဲ့ နေ့ထူးတနေ့” လို့ သီတဂူဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခဲ့ပါသေးတယ်။

လက်ရှိစစ်ကောင်စီကို ချီးကျူးပြောဆိုနေပြီး ယခင် နဝတအစိုးရကိုရော၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရကိုပါ အပုပ်ချပြောနေပေမယ့်လည်း တကယ်တော့ သီတဂူဆရာတော်ဟာ စစ်ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွန့် တန်ခိုးထွားစဉ်က ဦးခင်ညွန့်နဲ့ ပလဲနံပသင့်အောင် နေခဲ့သူဖြစ်ပြီး သမ္မတဦးသိန်းစိန် ခေတ်မှာလည်း ဦးသိန်းစိန်ကို နောက်ထပ် သမ္မတသက်တမ်း ထပ်ယူစေချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပင့်ဖိတ်တဲ့ ဆွမ်းကပ်ပွဲတွေကို တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဆက်ကပ်တဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို လက်ခံတော် မူခဲ့ပါတယ်။

အခု စစ်တပ်က အာဏာသိမ်းပြီး လူတွေ သတ်နေပြန်တော့လည်း သီတဂူဆရာတော်ကြီးဟာ စစ်တပ်ကို မဝေဖန်ဘဲ၊ မင်းအောင်လှိုင် အပူဇော်ခံတာကို သာယာနေလို့ အကြီးအကျယ် အဝေဖန်ခံနေရပါတယ်။

တနိုင်ငံလုံး စားဝတ်နေရေး ခက်ခဲကျပ်တည်းအောင် လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ တင်စားနေတာကတော့ ရုပ်ဆိုးလွန်းလှ ပါတယ်။

အခုတော့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြတဲ့ ပြည်သူနှစ်ထောင်လောက်ကို ရက်ရက်စက်စက်သတ်၊ သူ့ကိုဆန့်ကျင်တဲ့ တိုင်းနဲ့ပြည်နယ်တွေကို လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်ပေါ်က ဗုံးတွေကြဲချပြီး မီးလောင်တိုက်သွင်း၊ တနိုင်ငံလုံး စားဝတ်နေရေး ခက်ခဲကျပ်တည်းအောင် လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သဒ္ဓါ၊ ပညာအားကောင်းတဲ့မင်းလို့ တင်စားနေတာကတော့ ရုပ်ဆိုးလွန်းလှ ပါတယ်။

ဒါကြောင့်လည်း သက်တော် ၈၅ နှစ်ရှိပြီဖြစ်တဲ့ သီတဂူဆရာတော်ဟာ တက်လာသမျှ အစိုးရနဲ့ တည့်အောင်ပေါင်းတဲ့ ဘုန်းကြီးလူလည်လို့ ဆရာတော်ကို မနှစ်သက်သူတွေက ပြောဆိုဝေဖန်နေကြတာ ဖြစ်ပါတယ်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Monk Praises Myanmar Junta Chief Honoring Prominent Nationalist ကို ဆီလျော်အောင် ပြန်ဆိုသည်။)

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

စစ်ကိုင်း ကောင်းမှုတော် စည်တော်ကြီး အင်းတော်သို့ ပြန်ပို့

သာသနာ့ဗိမာန်ကို မင်္ဂလာပွဲခန်းမ ပြောင်းမည့် မဟာမုနိဂေါပကအဖွဲ့အကြံ အများဝေဖန်

စစ်ကောင်စီ အားပေးတဲ့ကြေညာချက်ကြောင့် ခရစ်ယာန်အသင်းတော်များကောင်စီ ပြန်တောင်းပန်ရ

အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်

မြန်မာတို့နှင့် လောကီအစီအရင်များ

Your Thoughts …
Tags: ဒေါက်တာအရှင်ဉာဏိဿရဒေါ်အောင်ဆန်းစုကြည်နဝတမင်းအောင်လှိုင်ရွာမဆရာတော်သီတဂူဆရာတော်အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ဦးတိလောကာဘိဝံသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

Next Post
အမ်းမြို့နယ်ရှိ စစ်ရှောင်စခန်းကို တွေ့ရစဉ်  / K Kaung San

ချင်းတိုင်းရင်းသား စစ်ရှောင် ၁၃၀၀ ကျော်ကို နေရပ်ပြန်ပို့မည်

အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်နေကြသည့် ကယားပြည်နယ်က PDF များ  / Loikaw PDF

ကယားဌာနေ ပြည်သူ့စစ်များကို စည်းရုံးပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved