ထိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်မယ်ဆိုရင် မှတ်ပုံတင်မူရင်းအပြင် ဂဏန်း ၁၀ လုံးပါဝင်တဲ့ UID ကတ် ပါမှသာနယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် TBP, BP လက်မှတ် တွေကို ထုတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပြီးတဲ့နောက် အခမဲ့ လုပ်ဆောင်ပေးနေတဲ့ အဲဒီကတ်ဟာ မှောင်ခိုစျေးကွက်မှာ ကျပ် ၁ သိန်းကျော်အထိ မြင့်တက်လာနေပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ UID ကတ် နေ့ချင်းအပြီးလုပ်လိုသူတွေဟာ မှောင်ခိုစျေးအနေနဲ့ ငွေကျပ် ၅ သောင်း ကနေ ၁ သိန်းငါးသောင်းကျပ် အထိ ပေါက်စျေးရှိနေတာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR