• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး

by အောင်ခမ်း
17 January 2022
in ဆောင်းပါး
A A
စစ်အာဏာသိမ်းပြီးနောက် လူထုတုန့်ပြန်မှုများ (ဓာတ်ပုံ - ဧရာဝတီ)

စစ်အာဏာသိမ်းပြီးနောက် လူထုတုန့်ပြန်မှုများ (ဓာတ်ပုံ - ဧရာဝတီ)

11.4k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရိုက်ခတ်မှုနှင့် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ် မှုများကြောင့် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ဆိုးရွားခဲ့သော မြန်မာ့စီးပွားရေးသည် ယခုနှစ်သစ် ၂၀၂၂ ခုနှစ်ထဲတွင်လည်း အဆိုးဆုံး အခြေအနေများကို ထပ်မံ ကြုံတွေ့လာရဖွယ်ရှိနေသည်။

စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့ပြီး ယခုနှစ်တွင် မြန်မာ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် သုည ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

ဒေသတွင်း အာဆီယံနိုင်ငံများ အားလုံး၏ စီးပွားရေးတိုးတက်မှုနှုန်းသည် နိုင်ငံအလိုက် အနည်းဆုံး ၂ ရာခိုင်နှုန်းကျော်မှ အများဆုံး ၇ ရာခိုင်နှုန်း နီးပါးအထိ တိုးတက်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံတနိုင်ငံ တည်းသာ အနုတ်လက္ခဏာ ပြလာနေသည့် အခြေအနေရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) စီးပွားရေးမျှော်မှန်းချက် အစီအရင်ခံစာတွင် ဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်နှင့် စစ်အာဏာသိမ်းမှု အကျပ်အတည်း ၂ ခုစလုံးကို ကြုံ့တွေ့ရမှု ကြောင့် နိုင်ငံ၏ လူဦးရေ ထက်ဝက်ခန့် ဖြစ်သော လူပေါင်း ၂၅ သန်းကျော် အထိ ၂၀၂၂ ခုနှစ် အစော ပိုင်းလများတွင် ဆင်းရဲတွင်းသို့ ကျရောက်သွားနိုင်သွားကြောင်း ကုလသမဂ္ဂဖွံ့ ဖြိုးရေး တိုးတက်ရေး အစီအစဉ် (UNDP) ၏ နှစ်ကုန်ပိုင်းက ထုတ်ပြန်သည့် ပြည်သူ့အခြေခံ လိုအပ်ချက် စစ်တမ်း Myanmar People’s Pulse Survey” အမည်ရှိ အစီရင်ခံစာကလည်း ပြောသည်။

စီးပွားရေးသုတေသီတဦးက “စီးပွားရေးကျတာက အခုမှတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေ ကတည်း က ကိုဗစ်ကတည်း က ဆက်တိုက်ကျလာနေခဲ့တာပေါ့။ အခုကတော့ စီးပွားရေးက ဂုန်းဆင်းမှာ ဘီးလေးပါတပ် ပေးလိုက်သလို ဖြစ်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် လူထုတုန့်ပြန်မှုများ (ဓာတ်ပုံ – ဧရာဝတီ)

ကိုဗစ်ကြောင့် ကျဆင်းနေခဲ့သော မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းမှု၏ နောက်ဆက်တွဲ အခြေအနေများဖြစ်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အသစ်ဝင်ရောက်မှု ကျဆင်းသွားခြင်း၊ ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ငွေသား ထုတ်ယူနိုင်မှု အခက်အခဲရှိနေခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ကျဆင်းခြင်း အစရှိသည့် အခြေအနေဆိုးများကို ကြုံတွေ့နေရ လျက်ရှိသည်။

ထိုအခြေအနေများကြောင့် အထက်ပါ စီးပွားရေးသုတေသီက “macro စီးပွားရေးဝန်းကျင် တခုလုံး ကတော့ ဘာမှကျေနပ် လောက်စရာရှိမနေတော့ဘူး” ဟု ပြောဆိုသည်။

ငွေသားထုတ်ယူနိုင်မှုအခက်အခဲနှင့် ဆောက်လုပ်ရေးကဏ္ဍ

စစ်အာဏာသိမ်းမှုအကျိုးဆက် တခုဖြစ်သည့် ပြည်တွင်းဘဏ်များထံမှ ငွေသားထုတ်ယူနိုင်မှု အကန့် အသတ်သည်လည်း ယခု စစ်အာဏာသိမ်းမှု ၁၀ လ ကျော်ကာလအထိ စီးပွားရေးလုပ်ငန်းများ နှင့် အိမ်ထောင်စုများသည် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

လုပ်ငန်းသုံးပစ္စည်းဝယ်ယူရန်နှင့် လုပ်အားခ ရှင်းရန်အတွက် နေ့စဉ်ငွေသား လိုအပ်ချက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်း များသည် ဘဏ်များမှ ငွေအပြည့်အဝ မထုတ်ပေး၍ လုပ်ငန်းလည်ပတ်မှု ငွေသားအကျပ်အတည်း နှင့် ပြင်ပမှ ရာခိုင်နှုန်း ဖြင့် လဲလှယ်ရသည့်အတွက် လုပ်ငန်းကုန်ကျစရိတ်များ ပိုမိုကုန်ကျလျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့က ဧရာဝတီသို့ ပြောသည်။

စစ်တပ်က အာဏာမသိမ်းမီကတည်းက လူထုသည် ကိုဗစ်ကပ်ရောဂါဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည် (ဓာတ်ပုံ – ဧရာဝတီ)

“ပြည်ပက သွင်းရတဲ့ ကုန်ကြမ်းဈေးနှုန်းတွေက ဆက်တိုက်တက်နေတယ်။ လုပ်ငန်းကုန်ကျစရိတ်ငွေ အတွက် ဘဏ်တွေ ဆီက ငွေသား အပြည့်အဝထုတ်လို့မရဘူး။ အခန်းရောင်းရတော့လည်း အကောင့် Transfer နဲ့ပဲဆိုတော့ တော်တော် ချိန်ညှိပြီး လုပ်နေရတယ်” ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း ရှင်တဦးက ဆိုသည်။

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် အစိုးရ၏ စီမံကိန်းများ တင်ဒါဆောက်လုပ်ခွင့် ရရှိသူများကို ပုဂ္ဂလိက ဘဏ်များက စီမံကိန်းကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းကို ထုတ်ချေးပေးသော အခွင့် အရေးလည်း မရှိတော့ခြင်းနှင့် ကုန်ကြမ်းပစ္စည်း ဈေးတက်လာခြင်းတို့ကြောင့် လုပ်ငန်းတွက်ခြေ မကိုက်၍ ရပ်နားထားရသည့် ဆောက်လုပ်ရေး လုပ်ငန်း အများအပြား ရှိကြောင်း ၎င်းက ဆိုသည်။

အလုပ်တွေမရှိတော့ဘူး။ ဝင်ငွေတွေနည်းလာပြီဆိုရင် ရန်ကုန်လို မန္တလေးလို မြို့ပြတွေမှာ ဆင်းရဲမှုနှုန်းက အများဆုံးဖြစ်လာနိုင်တယ်။ အထူးသဖြင့်က ရန်ကုန်ပေါ့

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း သိန်းနှင့်ချီ ဆုံးရှုံးနေရသော လုပ်ငန်းကဏ္ဍတခုဖြစ်သည်။

သို့သော်လည်း တန်ဖိုးကျဆင်းနေသော မြန်မာကျပ်ငွေကို ယုံကြည်မှု လျော့ကျခြင်းနှင့် ဘဏ်များထဲမှ အပ်ငွေများကို စီးပွားရေးလောကတွင် အမာပစ္စည်းဟု ခေါ်ဆိုကြသော အိမ်၊ ခြံ၊ မြေ နှင့် မော်တော်ယာဉ် ဘက်သို့ အဝယ်လိုက် လာခြင်း ကြောင့် ထိုကဏ္ဍများသည် အာဏာသိမ်းပြီးနောက် အလုပ်ပြန်ဖြစ်လာခဲ့သည်။

ဈေးကွက်ပျက်နေသော စိုက်ပျိုးရေးနှင့် မွေးမြူကဏ္ဍ

စိုက်ပျိုးရေးကဏ္ဍတွင်မူ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ အလုံအလောက်မရရှိတော့ခြင်း၊ တရုတ်နိုင်ငံ၏ ကိုဗစ်ကန့်သတ်မှတ်ချက်များကြောင့် နယ်စပ်ကုန်သွယ်ရေးနှေးကွေးနေခြင်း နှင့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသွင်း အားစု ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် ယခုလာမည့် နှစ်ထဲတွင် ပြည်ပဈေးကွက်သို့ အမှီပြုသော စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်မှု လျော့သွားနိုင်မည့် အခြေအနေရှိ နေသည်။

“ကိုဗစ်ဒဏ်လည်း ခံရတယ်၊ နိုင်ငံရေးလည်း မကောင်းဘူး။ အခုနှစ်မှာ အဆိုးဆုံးကတော့ သွင်းအားစု စရိတ်တွေက တက်တာပဲ အရင်ကထက် သုံးဆလောက် တက်သွားတော့ ဓာတ်မြေဩဇာတွေလည်း အရင်ကလောက် မသုံးနိုင်ကြဘူးဆိုတော့ အထွက်နှုန်းက လျော့သွားမှာပဲ” ဟု ဧရာဝတီတိုင်းရှိ လယ်သမား တဦး ဖြစ်သူ ဦးအောင်မြင့်က ပြောသည်။

ထို့သို့ စိုက်ပျိုးစရိတ်ကုန်ကျစရိတ်များ တက်နေသော်လည်း စပါးဈေးနှုန်းမှာ တောင်သူများ မျှော်လင့်သည့် ဈေးနှုန်းကို မရရှိ၍ လယ်ဧက များများစိုက်ပါက အရင်းအနှီးပိုများသောကြောင့် စိုက်ဧကကို လျှော့ချစိုက်ပျိုးလာသည့် တောင်သူများ ပိုများလာကြောင်း ၎င်းက ဆိုသည်။

စစ်တပ်က အာဏာမသိမ်းမီကတည်းက လူထုသည် ကိုဗစ်ကပ်ရောဂါဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည် (ဓာတ်ပုံ – ဧရာဝတီ)

ယခင်နှစ်များက ဓာတ်မြေသြဇာ တအိတ်လျှင် ပုံမှန် ကျပ် ၃၀,၀၀၀ ဝန်းကျင်ရှိရာမှ စစ်အာဏာ သိမ်းမှုကြောင့် ဖြစ် ပေါ်လာသည့် တိုင်းပြည် မငြိမ်သက်မှုများကြောင့် ကျပ် ၇၀,၀၀၀ မှ ကျပ် ၈၀,၀၀၀ အထိ ဈေး အဆမတန် မြင့်တက် သွားကြောင်း လယ်သမာများထံမှ သိရသည်။

ထို့ပြင် မြန်မာ့စိုက်ပျိုးထွက်ကုန်များအတွက် အဓိကဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသည် ကိုဗစ် ကန့်သတ်ချက်များဖြင့် ပြောင်းလဲလိုက်သော ကွန်တိန်နာ စနစ် နှင့် ရောဂါပိုး ဆေးဖြန်း၊ ဆေးစစ် များကြောင့် မြန်မာကုန်သည်များအတွက် အပိုကုန်ကျစရိတ်များပြီး တွက်ချေမကိုက်ဖြစ်နေပြန်သည်။

တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေးစခန်းများကို အကန့်အသတ်ဖြင့် ဖွင့်လှစ်ထား၍ မြန်မာ ဘက်က ကုန်ပစ္စည်း များသည် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် ရက်အတန်အကြာကြာ မြင့်ခြင်းကြောင့် တာရှည်မခံဘဲ အရည်အသွေး ကျဆင်းလွယ်သော ဖရဲသီး၊ သခွား ကဲ့သို့ သစ်သီး ထွက်ကုန် များသည် လမ်းဘေးတွင် စွန့်ပစ်ရသည်အထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။

မကြာသေးသည့် ရက်ပိုင်းများတွင် တနေ့ လျှင် ကားအစီးရေ ၃၀ မှ ၅၀ အထိ ပျက်စီးဆုံးရှုံးမှုဖြစ်ကာ စွန့်ပစ်ခဲ့ကြရသည်။

အခြားသော ပြည်တွင်းဈေးကွက်သို့ အမှီပြုသော မီးဖိုချောင်သုံး စိုက်ပျိုးထွက်ကုန်များသည်လည်း ဈေးကွက်ဝယ်လိုအား ကျခြင်း၊ စိုက်ပျိုးစရိတ်ပင် မကိုင်သော ဈေးနှုန်းကျခြင်း နှင့် သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက်မှုများကို တောင်သူ များ က ကြုံတွေ့နေရပြန်သည်။

“မွေးမြူရေးကဏ္ဍမှာဆိုရင်လည်း ဝက်မွေးတဲ့လူတွေ ကြက်မွေးတဲ့လူတွေဘက်မှာ အစာဈေးနှုန်းတွေက ဈေးတက်တယ်၊ ဈေးတက်ရောင်းဖို့လည်း မလွယ်ဘူး။ ဝယ်စားမယ့် သူတွေဘက်မှာလည်း စားနိုင်တဲ့ အင်အားက နည်းလာပြီ ဆိုရင် တရုတ်ပြည်တို့ ဘာတို့ ပြည်ပဈေးကွက်ကို ထိုးဖောက်လို့ရရင် တော့ မဆိုးဘူးပေါ့ ဒါပေမဲ့ တရုတ်ဘက်က အိုမီခရွန် ကြောင့် အခုလိုပဲ နယ်စပ်ကုန်သွယ်ရေးကို ထိန်း ပြီး ဖွင့်နေဦးမယ်ဆိုရင် တော်တော်လေးကို ရိုက်ခတ်မှုရှိနိုင်တယ်” စီးပွားရေးလေ့လာသုံးသပ်သူ ဦးခိုင်ဝင်းက ဧရာဝတီသို့ ပြောသည်။

နယ်စပ်ကုန်သွယ်ရေး

မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေးဈေးကွက်ဖြစ်သော တရုတ်နိုင်ငံ ဈေးကွက်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကတည်းမှ စတင်ပြီး ကျန်းမာရေးဆိုင်ရာ ကိုဗစ်အကန့်အသတ်များကြောင့် ကုန်သွယ်မှု ကျဆင်းလာခဲ့သည်မှာ ၂ နှစ် ကျော်အထိ ရှိလာပြီဖြစ်သည်။

ယခု စစ်အာဏာသိမ်းပြီးကာလအတွင်းတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်အထိ ကျဆင်းခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများစုတွင် ကိုဗစ် ၁၉ ၏ ဗီဇပြောင်း ရောဂါပိုး အိုမီခရွန် ကူးစက်မှု ပြန်လည် မြင့် တက်လာခြင်းကြောင့် တရုတ်နိုင်ငံသည့် ၎င်း၏ နယ်စပ်ကုန်သွယ်ရေးများကို ဇီးရိုကိုဗစ် မူဝါဒဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာနေသောကြောင့် ယခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးသည်လည်း ကုန်သည်များ နှင့် တောင်သူများကို အထိနာစေဦးမည်ဖြစ်ကြောင်း ကုန်သည်များ နှင့် စီးပွားရေးလေ့လာသုံးသပ်သူများက ပြောသည်။

စစ်တပ်က အာဏာမသိမ်းမီကတည်းက လူထုသည် ကိုဗစ်ကပ်ရောဂါဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည် (ဓာတ်ပုံ – ဧရာဝတီ)

မြန်မာနိုင်ငံ၏ ဒုတိယအများဆုံး ကုန်သွယ်ဖက် ထိုင်းနိုင်ငံ နှင့် အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့နယ်တချို့တွင် ကရင်အမျိုးသားအစည်းအရုံး နှင့် စစ်ကောင်စီတပ် တို့ကြား တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်နေလျက်ရှိသည်။

ထိုအခြေအနေများကြောင့် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် စတင်တော့မည့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ခွင့်ရသည့် ရာသီချိန်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မည်ကို ကုန်သည်များက စိုးရိမ် လျက်နေကြသည်။

ယင်းသို့ နယ်စပ်ကုန်သွယ်ရေးများတွင် အခက်အခဲများ ဖြစ်လာ၍ ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကို လုပ်ဆောင်စီစဉ် ကြသော်လည်း အာဏာသိမ်းပြီးနောက် ကွန်တိန်နာတင် သင်္ဘောလိုင်းတချို့ ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ကွန်တိန်နာ ငှားရမ်းရမှု ဈေးနှုန်းသည် အဆမတန်မြင့်တက်လျက်လည်း ရှိနေ၍ ကုန်သည်များက အခက်တွေ့နေရကြောင်း ဧရာဝတီသို့ ပြောသည်။

အလုပ်အကိုင်အခွင့်အလမ်း နှင့် စက်မှုလုပ်ငန်းကဏ္ဍ

အလုပ်အကိုင်အခွင့်အလမ်းအများအပြား ပေးထားနိုင်သော အထည်ချုပ်လုပ်ငန်းကဏ္ဍတွင်လည်း ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ် ၁၉ ရိုက်ခတ်မှု နှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ယာယီ နှင့် အပြီးတိုင် ပိတ်သိမ်းသွားသော အထည်ချုပ်စက်ရုံ ၆၀ နီးပါး ရှိပြီး အလုပ်လက်မဲ့ လူဦးရေသည် ၂ သိန်း ကျော် အထိ ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ထံမှ သိရသည်။

ယခုကာလအတွင်း၌ အခြားစက်မှုလုပ်ငန်းများမှ ပိတ်သိမ်းသွားသော စက်ရုံအလုပ်ရုံများပါ ထည့်သွင်း တွက်ချက်မည် ဆိုပါက စက်ရုံ ၃၀၀ နီးပါး ပိတ်သိမ်းသွားရပြီ ဖြစ်သည်။

ပိတ်သိမ်းသွားရသော စက်ရုံအများစုမှာ ကုန်ကြမ်းရရှိမှု၊ သင်္ဘောတင်မှု အပါအဝင် ကုန်တင်ပို့မှု၊ နယ်စပ် ကုန်သွယ်ရေး အဖွင့်အပိတ်၊ ကိုဗစ်- ၁၉ ရိုက်ခတ်မှုနှင့် နိုင်ငံရေး အခြေအနေများကြောင့် ဖြစ်သည်။

လှိုင်သာယာရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “အခု လုပ်ငန်းလည်နေတယ်ဆိုတဲ့ စက်ရုံအများစု ကလည်း ပုံမှန်အမှာစာ မရှိတဲ့အတွက် ၁၀၀ ရာခိုင်နှုန်းလည်နေကြတာမဟုတ်ဘူး။ လုပ်ငန်းမရပ်သွား အောင် ရှိတဲ့ အမှာစာနဲ့ပဲ လည်နေကြရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် H&M ၊ Zara နှင့် Primark အပါအဝင် ကမ္ဘာ့ထိပ်တန်းအဝတ်အထည် အမှတ် တံဆိပ် ကုမ္ပဏီများ စုဖွဲ့ထားသည့် Action Collaboration Transformation (ACT) အဖွဲ့က လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ အလုပ်သမား သမဂ္ဂ များ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်မရှိတော့ သည့်အတွက် ၎င်းတို့၏ အမှာစာ ပေးပို့မှုကို ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက ကြေညာခဲ့သည်။

ယင်းအခြေအနေများကြောင့် ၂၀၁၉ ခုနှစ်တွင် ပြည်ပပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိခဲ့သော မြန်မာ့အထည်ချုပ် လုပ်ငန်းကဏ္ဍ၏ ဝင်ငွေမှာ ယခုအချိန်တွင် ရာခိုင်နှုန်းများစွာ ကျဆင်းသွား နိုင်ပြီး ပုံမှန်ပြန်ဖြစ်ရန် နှစ်အတန်အကြာ ကြာမြင့်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ခန့်မှန်းထား ကြသည်။

ပြည်တွင်းစားသုံးမှုအတွက် အဓိကရည်ရွယ်သော စားသောက်ကုန်ထုတ်လုပ်ငန်များ ကဲ့သို့သော အခြား စက်မှု ကုန်ထုတ် လုပ်ငန်း ဘက်တွင်လည်း အမေရိကန်ဒေါ်လာ မြင့်တက်ခြင်း၊ ပြည်တွင်း ဝယ်လိုအား ကျဆင်းခြင်းများကို ရင်ဆိုင်နေရသော သလို ယခုတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်ခြင်းကို ထပ်မံ ကြုံတွေ့လာနေရပြီဖြစ်သည်။

စီးပွားရေးလေ့လာသုံးသပ်သူ ဦးခိုင်ဝင်းက “စက်ရုံတွေ ပိတ်တယ်၊ အလုပ်တွေပြုတ်တယ်။ လူတွေက ဝင်ငွေနည်း သွားကြပြီ၊ လျှော့စားရပြီဖြစ်တဲ့အတွက် ပြည်တွင်းဈေးကွက် အတွက် ထုတ်လုပ်နေတဲ့ လုပ်ငန်း တွေအတွက်လည်း အများကြီးထိခိုက်သွားနိုင်တယ်” ဟု ပြောဆို သည်။

ထို့သို့ စီးပွားရေးလုပ်ငန်းကဏ္ဍ မျိုးစုံတွင် အဆိုးဆုံးအခြေအနေများဘက်သို့ ကျဆင်းနေသည့် အပြင် နိုင်ငံရေးတည် ငြိမ်မှုမရှိခြင်း နှင့် အလုပ်အကိုင်ဖန်းတီပေးနိုင်မှု လျော့ကျခြင်းတို့ကြောင့် ပြည်ပသို့ အလုပ်ထွက်လုပ်ကိုင်ကြသည့် လူဦးရေသည်လည်း တရှိန်ထိုးတက်နေလျက်ရှိသည်။

စစ်တပ်က အာဏာမသိမ်းမီကတည်းက လူထုသည် ကိုဗစ်ကပ်ရောဂါဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည် (ဓာတ်ပုံ – ဧရာဝတီ)

အာဏာသိမ်းပြီးနောက် အိမ်နီးချင်း ထိုင်းနိုင်ငံတခုတည်းသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံ ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေသည် ပြီးခဲ့သည့် အောက်တိုဘာလအထိမှာပင် လုပ်သား ၃ သောင်းကျော်အထိ ရှိကြောင်း ထိုင်းအစိုရ၏ ကြေညာမှုအရသိရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွင်လည်း ပြည်ပသို့ သွားရောက် အလုပ်လုပ် ကိုင်ရန်အတွက် လိုအပ် သော နိုင်ငံကူးလက်မှတ်လုပ်သူများသည် နေ့စဉ်နှင့်အမျှ ရာ နှင့် ချီရှိကြောင်း စုံးစမ်းသိရှိသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
5k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

ယင်းသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေများကြောင့် စီးပွားရေးကျဆင်းမှုအပြင် နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များသည် အခြားနိုင်ငံများဆီသို့ ယိုဖိတ်စီးဆင်းသွားတော့သည့် အခြေအနေလည်း ဖြစ်သည်။

နလန်ထူဖို့ လမ်းစမရှိသော ဟိုတယ်နှင့် ခရီးသွားကဏ္ဍ

ရန်ကုန်မြို့ရှိ အထင်ကရ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကြီးများသည်ပင် တချို့က လုပ်ငန်းယာယီပိတ်ထားကြသလို ဖွင့်လှစ်နေဆဲ ဟိုတယ်ကြီးတွင်လည်း တည်းခိုသူ အနည်းအငယ်ဖြင့် ခြောက်ကပ်ကပ် နိုင်လှသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသည်လည်း ပုံမှန်နိုင်ငံရေးအခြေအနေဖြင့် ကိုဗစ် ရောဂါ တခုတည်း ရှိသော ကာလ မှာပင် အထိအခိုက်ဆုံး လုပ်ငန်းကဏ္ဍ တခုဖြစ်ခဲ့ပြီး လုပ်သား သိန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်ရသလို နိုင်ငံခြား ခရီးသွား မလာတော့၍ တချို့ခရီးသွားဒေသရှိ ဟိုတယ်လုပ်ငန်းများသည်ပင် ပြန်လည်ရောင်းချနေရသည်။

ထိုသို့ အခြေအနေများမှာပင် ကိုဗစ် ၁၉ မျိုးကွဲအသစ် နှင့် နိုင်ငံခြားအခြေအနေများကြောင့် နိုင်ငံခြားခရီးသွားများ မျှော်ကိုးရသည့် ခရီးသွားကဏ္ဍသည် ပုံမှန် ပြန်လည်ပတ်နိုင်ရန် အနှစ်အတန်အကြာ စောင့်ရလိမ့်မည်ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောဆိုကြသည်။

တနိုင်ငံတဝှမ်းဖြစ်ပွားလာနေသော ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ (LPDFs) နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ သည် တချိန်က ပြည်တွင်းခရီးသွားမှာ အလာများနေသော ခရီးသွားဒေသများတွင် ကူးစက်လာနေပြီဖြစ်၍ ထိုသို့ဒေသများ သို့ ပြည်တွင်းခရီးသွားသည် နယ်မြေလုံခြုံရေးအခြေအနေများ လာရန် ခက်ခဲသွားပြီဖြစ်သည်။

သို့သော်လည်း နယ်မြေလုံခြုံမှုရှိသော ကမ်းခြေဒေသတချို့တွင်မူ ပြည်တွင်းခရီးသွားများ လာရောက်ခြင်းကြောင့် ထို ဟိုတယ်လုပ်ငန်းများ အလုပ်ဖြစ်သော်လည်း ထိုပမာဏာသည် အရမ်းနည်းပါးလွန်းလျက်ရှိသည်။

အလုပ်ဖြစ်ရန် မလွယ်ကူသော စစ်ကောင်စီ၏ စီးပွားရေးကုစားမှု

စစ်ကောင်စီဘက်ကမူ တိုင်းပြည်၏ စီးပွားရေးကို ပြန်လည် ထိန်းထားနိုင်ရန်အတွက် တရုတ်နိုင်ငံ နှင့် အစိုးရချင်း သဘောတူညီထားခဲ့သော စီးပွားရေးစင်္ကြန်စီမံကိန်းများကို အလျှင်အမြန် အကောင် အထည်ဖော်ရန် နှင့် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေးချေးငွေ(ODA Loan) ဖြင့် အကောင်အထည်နေဆဲ စီမံကိန်း များ စတင်ရန် အပြင်းအထန် ဆွဲဆောင် နေလျက် ရှိသည်။

အထက်ပါ ရန်ကုန်မြို့ရှိ စီးပွားရေး သုတေသီက “CMEC (တရုတ်-မြန်မာစီးပွားရေးစင်္ကြန်) စီမံကိန်း တွေအတွက် ဖွဲ့ထားတဲ့ လုပ်ငန်းကော်မတီတွေက တကယ်အသက်ဝင်ပြီး အလုပ်လုပ်နေရဲ့လား၊ ရင်းနှီး မြှုပ်နှံမှုလုပ်ဖို့ စီမံကိန်းတွေကို တဘက်နဲ့ တဘက် ကတိကဝတ်တွေ ပေးထားပြီးပြီးလားပေါ့ ဒါတွေက မေးခွန်းထုတ် စရာရှိတော့ ပြောရခက်တယ်” ဟု မှတ်ချက် ပြုသည်။

တရုတ်နိုင်ငံဘက်ကလည်း ၎င်းတို့၏ လုပ်ငန်းများနှင့် နိုင်ငံသားများအတွက် လုံခြုံရေးအခြေအနေများကြောင့် အခြေအနေ တခုအထိ တည်ငြိမ်မှုရှိနေသော နိုင်ငံရေးအခြေအနေမှသာ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်ရန်အတွက်လည်း အဓိကအားဖြင့် တရုတ်၊ ဂျပန်နှင့် တောင် ကိုရီးယားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်မှုပြန်လည်ရှိလာပြီး လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်မှု အစီအစဉ်များကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဘက်က အရှိန်မြင့် လုပ်ကိုင်နေလျက်ရှိသည်။

သို့သော်လည်း အာဏာသိမ်းစစ်တပ်၏ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုများ၏ စံနှုန်းများကို လေးစားလိုက်နာသော စီးပွားရေးလုပ်ငန်းသည် ယခုလို အခြေအနေတွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံရန် စဉ်းစားကြမည် မဟုတ်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်လာသော ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) အစီရင်ခံစာတစောင်အရ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံထားသော ဂျပန်လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းအထိ မြန်မာ၌ လုပ်ငန်းဆက်လက်လုပ်မည်ဆိုသော်လည်း ၅၀ ရာခိုင်နှုန်းက လက်ရှိလုပ်ငန်းလည်ပတ်မှုကို ထိန်းထားမည်သာဖြစ်ပြီး ၂၇ ရာခိုင်နှုန်းကမူ လုပ်ငန်းများ လျှော့ချမည် ဖြစ်ကြောင်း သိရသည်။

၁၃ ဒသမ ၅ ရာခိုင်နှုန်းကသာ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိပြီး ၆ ဒသမ ၇ ရာခိုင်နှုန်းကမူ လုပ်ငန်းများ ရုပ်သိမ်းခြင်း သို့မဟုတ် အခြားနိုင်ငံတခုသို့ ပြောင်းရွှေ့မည်ဖြစ်သည်။

ထိုအခြေအနေများကို ကြည့်ခြင်းအားဖြင့် စစ်အာဏာသိမ်းမှုကာလအတွင်း၌ မြန်မာနိုင်ငံတွင် လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် စိတ်ဝင်စားမှုနည်းပါးလျက်ရှိပြီး ယခင်ကလည်း ရင်းနှီး မြှုပ်နှံထားပြီးသား လုပ်ငန်းအနည်းငယ်ကသာ ၎င်းတို့၏ လုပ်ငန်းများအသစ် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန် လျက်ရှိသည်။

ထို့သို့ အနုတ်လက္ခဏာများဖြင့် ပြည့်နှက်နေသော မြန်မာ့စီးပွားရေးကဏ္ဍသည် ယခု ၂၀၂၂ ခုနှစ်ထဲတွင်လည်း အဆိုးဆုံးအခြေ အနေများကို မလွဲမသွေထပ်မံ ကြုံတွေ့လာရတော့မည်ဖြစ်ပြီး အလယ်အလတ် လူတန်းစား တရပ်ပျောက်သွားကာ မြို့ပြ ဆင်းရဲမွဲတေမှုနှုန်းများ မြင့်တက်တော့မည်ဖြစ်သည်။

စီးပွားရေးလေ့လာသုံးသပ်သူ ဦးခိုင်ဝင်းက “အလုပ်တွေမရှိတော့ဘူး။ ဝင်ငွေတွေနည်းလာပြီဆိုရင် ရန်ကုန်လို မန္တလေးလို မြို့ပြတွေမှာ ဆင်းရဲမှုနှုန်းက အများဆုံးဖြစ်လာနိုင်တယ်။ အထူးသဖြင့်က ရန်ကုန်ပေါ့” ဟု ပြောဆိုသည်။

Your Thoughts …
Tags: စစ်ကောင်စီစီးပွားရေးမြန်မာ
အောင်ခမ်း

အောင်ခမ်း

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယခုရက်ပိုင်း ကယားပြည်နယ်အတွင်း ဗုံးကြဲနေသည့် အာဏာသိမ်းတပ် ရဟတ်ယာဉ်အချို့  / FBR

ဖရူဆိုစစ်ရှောင်စခန်းကို လေကြောင်းမှဗုံးကြဲ၊ ကလေးငယ်အပါ ၃ ဦးသေဆုံး

မြိုင်မြို့နယ်အတွင်းရှိ ညှဉ်းပန်းနှိပ်စက်ခံရသူတဦး / CJ

အာဏာသိမ်းတပ်၏ မြိုင်မြို့နယ် စစ်ဆင်ရေး ရွာပေါင်း ၂၀ ကျော်ထွက်ပြေးနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved