• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖရူဆိုစစ်ရှောင်စခန်းကို လေကြောင်းမှဗုံးကြဲ၊ ကလေးငယ်အပါ ၃ ဦးသေဆုံး

by ဧရာဝတီ
17 January 2022
in သတင်း
A A
ယခုရက်ပိုင်း ကယားပြည်နယ်အတွင်း ဗုံးကြဲနေသည့် အာဏာသိမ်းတပ် ရဟတ်ယာဉ်အချို့  / FBR

ယခုရက်ပိုင်း ကယားပြည်နယ်အတွင်း ဗုံးကြဲနေသည့် အာဏာသိမ်းတပ် ရဟတ်ယာဉ်အချို့ / FBR

1.1k
VIEWS
Share on FacebookShare on Twitter

ကယားပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဒေသရှိ စစ်ရှောင်းစခန်းအား အာဏာသိမ်းစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၈ နှစ်ခန့်အရွယ် အမျိုးသမီးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၎င်းစစ်ရှောင်စခန်းမှာ ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာအနီးတည်ရှိပြီး စစ်ရှောင်စခန်း အနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယနေ့မနက် ၁ နာရီကျော်တွင် လေယာဉ်ဖြင့် လေးကြိမ်ခန့် ဗုံးကြဲခဲ့ခြင်း ကြောင့် ၈ နှစ်နှင့် ၁၈ နှစ်အရွယ် ညီအစ်မနှစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးတို့ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
47
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
172
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
162

ဖရူဆိုအနောက်ခြမ်းဒေသခံတဦးက “အစောကြီးရောက်သွားတော့ မေးမြန်းဖို့တယောက်မှမရှိတော့ဘူး၊ အလောင်းပဲ တွေ့တော့တာ၊ ဒဏ်ရာရသူတွေလည်း ရှိနိုင်ပါတယ်၊ အမျိုးသမီးနှစ်ယောက်ကတော့ အပေါ်တပိုင်းအောက်တပိုင်းနဲ့ ပွဲချင်းပြီးပဲ၊ အမျိုးသားတဦးလည်း ဒဏ်ရာကပြင်းတယ်၊ အနောက်ကျောကနေ အရှေ့ကို ထုတ်ချင်းပေါက်ပြီး ဆုံးသွားတာ” ဟု ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ ဦးမှာ စစ်ကောင်စီတပ်များက အစုလိုက်အပြုံ လိုက်မီးရှို့သတ်ဖြတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် မိုဆိုကျေးရွာတွင် နေထိုင်ခဲ့သူများဖြစ်ပြီး ၎င်းတို့အပါအဝင် စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀ ခန့်နေထိုင်ခဲ့ကြောင်းသိရသည်။

ဖရူဆိုဒုက္ခသည်စခန်းကို ဗုံးကြဲအပြီးတွေ့ရသည့် ဗုံးခွံ အစများ (ဓာတ်ပုံ – DMOPDF)

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် မိုဆိုရွာနှင့် ကွိုင်ငံလမ်းပိုင်းတွင် မိုဆိုကျေးရွာသားများအပါအဝင် ခရီးသွားပြည်သူ ၃၀ ကျော်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးက အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်ပွားပြီးနောက် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ပြည်နယ်မြို့တော် လွိုင်ကော်မြို့အတွင်း၌ပင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်လျှက်ရှိသကဲ့သို့ စစ်ကောင်စီဘက်က လည်း တိုက်လေယာဉ်များ၊ လက်နက်ကြီးများ ပစ်ခတ်ကာ တိုက်ခိုက်လျှက်ရှိသည်။

စစ်ကောင်စီအနေဖြင့် လူနေရပ်ကွက်များပေါ်သို့ပါ လေကြောင်းမှတိုက်ခိုက်မှုကြောင့်ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုများရှိလာ သည့်အတွက် လွိုင်ကော်မြို့ပေါ်တွင် နေထိုင်သူထောင်နှင့်ချီကာ နီးစပ်ရာမြို့များသို့ နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ရလျှက်ရှိသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၁ ခူးဒယ်နီရယ်က “စစ်တပ်ကိုက ဘာမှသွားပြောလို့ မရတော့ဘူး၊ သူတို့က အရပ်သားရယ် လက်နက်ကိုင်မခွဲတော့ဘဲ လူထုကိုပါ ရန်သူလိုသဘောထားနေပြီ၊ လူထုအပေါ်မှာ မတရားလုပ်လေလေ စစ်ကပိုပြီးပြင်း ထန်လာလေလေဖြစ်နေမှာပဲ၊ စစ်ရှိန်ကို သူတိုမလျော့ရင် ဒေသကာကွယ်ရေး တပ်တွေ ကလည်း လျော့မှာမဟုတ်တော့ဘူး၊ စစ်ရှိန်က ပိုပြီး ပြင်းထန်လာမယ့် သဘောရှိပါတယ်” ဟု ပြောသည်။

အာဏာသိမ်းတပ်က ကျေးရွာများ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် တောတောင်များထဲတွင် ပုန်းခိုနေကြရသည့် ပြည်သူများ (ဓာတ်ပုံ – FBR)

ယမန်နေ့ကလည်း လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် ၁၁ ထပ်ဟိုတယ်အနီးတွင် ကရင်နီအမျိုးသားကာကွယ် ရေး တပ်(KNDF)၊ ပြည်သူကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ အကြား မနက် ၉ နာရီမှ ညနေ ၅ နာရီကျော်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးနိုင်ကြောင်း KNDF က ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွင်း ညနေ ၅ နာရီကျော်တွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် မိုင်းလုံးရပ်ကွက်ပေါ်သို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လွိုင်ကော်မြို့အနောက်ဘက် ၆ မိုင်ကျော်ခန့် အကွာရှိ နန်းမယ်ခုံကျေးရွာသို့ပါ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောက်များအား ကူညီနေသည့် ပရဟိတလူငယ် ၃ ဦးသေဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။

KNDF က “အကြမ်းဖက် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နန်းဖယ်ခုံ ကျေးရွာအား လေကြောင်း တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်” ဟု ဆိုသည်။

ယင်းသို့ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်နှင့် နန်းမယ်ခုံကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဖော်ပြထားပြီး နန်းမယ်ခုံဘက်မှ လွိုင်ကော်မြို့တွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ ထောက်ပံ့မှုများ လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။

အာဏာသိမ်းတပ်က ကျေးရွာများ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် တောတောင်များထဲတွင် ပုန်းခိုနေကြရသည့် ပြည်သူများ (ဓာတ်ပုံ – FBR)

ယခုကဲ့သို့ လက်နက်ကိုင်းတိုက်ခိုက်မှုများအတွင် စစ်ကောင်စီဘက်က စစ်လေယာဉ်များအသုံးပြုကာ လူနေရပ်ကွက်များနှင့် စစ်ဘေးရှောင် စခန်းများအထိ တိုက်ခိုက်လာမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအနေဖြင့်လည်း စောင့်ကြည့်နေယုံမဟုတ်ဘဲ လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်လည်း ဒေသကာကွယ်ရေး တပ်များက တောင်းဆိုထားသည်။

ဖရူဆိုမြို့နယ်ဒေသခံတဦးက “နိုင်ငံတကာက စောင့်ကြည့်နေတာကြာနေပြီ၊ အခုဆိုစစ်ရှောင်စခန်းကို ဗုံးလာကြဲသွားပြီ၊ ဒီစခန်းရှိတယ်ဆိုတာ တရားဝင်အသိမှတ်ပြု ထားတဲ့နေရာပဲလေ၊ တိုက်ပွဲလည်းမရှိဘဲ အသလွတ်ဗုံးလာကြဲသွားတာ။ နိုင်ငံတကာက လက်တွေ့ကျတဲ့ အရေးယူမှုတွေ၊ ကူညီမှုတွေ လုပ်သင့်ပြီ၊ သူတို့က ရှုတ်ချတယ်၊ ကန့်ကွက်တယ်ပဲ လုပ်နေလို့မရတော့ဘူး၊ အဓိပ္ပါယ်လည်းမရှိတော့ဘူး၊ လက်တွေ့ကျကျ ပြန်စဉ်းစား သင့်နေပြီ” ဟု ပြောသည်။

ယခုဇန်နဝါရီလဆန်းပိုင်းက စတင်ပြီး လွိုင်ကော်မြို့တွင်းအပါအဝင် ကရင်နီပြည်နယ်အတွင်း နေစဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စစ်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျှက်ရှိ သည့်အပြင် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ကလည်း မြို့ပေါ်နေရာပေါင်းစုံမှ ပြောက်ကျားစနစ်ဖြင့် ခုခံတိုက်ခိုက်လျှက်ရှိသည်။

Your Thoughts …
Tags: KNDFဖရူဆိုဗုံးကြဲလွိုင်ကော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.1k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
19.9k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

by စောရယ်
3 December 2023
14.6k

လွိုင်ကော်ကို ရသွားရင် ကျန်တဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုပါ ချေမှုန်းသွားနိုင်တော့မှာလို့ ယုံကြည်တာကြောင့် စစ်ပွဲကို ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

Next Post
မြိုင်မြို့နယ်အတွင်းရှိ ညှဉ်းပန်းနှိပ်စက်ခံရသူတဦး / CJ

အာဏာသိမ်းတပ်၏ မြိုင်မြို့နယ် စစ်ဆင်ရေး ရွာပေါင်း ၂၀ ကျော်ထွက်ပြေးနေရ

၂၀၁၈ ဖေဖော်ဝါရီလတွင် ပြုလုပ်သော ဆင်ဖြူရှင်စစ်ဆင်ရေးတွင် တွေ့ရသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် / AFP

လေးနှစ်ပြည့်တဲ့ ဗိုလ်ချုပ်ကြီးတိုင်း မနားရပါ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4.4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate