• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား

by ဧရာဝတီ
28 December 2024
in အယ်ဒီတာ့အာဘော်
A A
ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား
5.6k
VIEWS
Share on FacebookShare on Twitter

မစ္စတာ ဒေါ်နယ် ထရမ့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခြင်းသည် ကမ္ဘာကို လူဝင်မှုကြီးကြပ်ရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေးနှင့် ရာသီဥတုပြောင်းလဲမှုအရ သက်ရောက်မှုရှိမည် ဖြစ်သည်။ ထရမ့် ၂ (ထရမ့်၏ သမ္မတ ဒုတိယအကြိမ် ရွေးကောက်ခံရမှု) သည် ကမ္ဘာတဝန်း ပြင်းထန်သော ရိုက်ခတ်မှုဖြစ်စေမည်ဟု သုတေသီများက ပြောသည်။

အမေရိကန်သည် အရေးပါသော အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရှိနေသည်။ အမေရိကန်သည် စီးပွားရေးခိုင်မာပြီး ခံနိုင်ရည်ရှိကာ ဉာဏ်ရည်တု (AI) နည်းပညာကို လွှမ်းမိုးထားပြီး လက်နက်ကိုင်တပ်များ ပထမတန်း ဖြစ်သည်။ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အမေရိကန်၏ ယဉ်ကျေးမှု၊ စီးပွားရေးသြဇာနှင့် စစ်အာဏာကို ဤကမ္ဘာတွင် လိုအပ်သည်။ ထို့ကြောင့် အမေရိကန်သည် ပြည်တွင်းသို့သာ အာရုံစိုက်နေ၍ မရပေ။

ထရမ့် ၂ အောက်တွင် အမေရိကန်အစိုးရသည် ကန့်သတ်ချက်များနှင့် အခွန်များ ချမှတ်သောကြောင့် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မည်ဖြစ်သည်။ ယူကရိန်းတွင် ထရမ့်သည် ရုရှားနှင့် သဘောတူညီချက် တခုရအောင် တွန်းအားပေးမည်ဖြစ်ပြီး ထိုင်ဝမ်ပြဿနာနှင့် တောင်တရုတ်ပင်လယ် ပဋိပက္ခတွင် သူ မည်သို့ ရပ်တည်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။

အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယား အစ္စလမ်မစ်နိုင်ငံ ပြဿနာတွင် မည်သို့ ရပ်တည်မည်နည်း။ အမေရိကန် ပြည်ထောင်စု၏ ရန်သူများဖြစ်သော တရုတ်၊ ရုရှားနှင့် အီရန်တို့သည် အမေရိကန် အင်အားချိနဲ့စေရန် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်။

အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယား နိုင်ငံ ပြဿနာတွင် မည်သို့ ရပ်တည်မည်နည်း။ အမေရိကန် ပြည်ထောင်စု၏ ရန်သူများဖြစ်သော တရုတ်၊ ရုရှားနှင့် အီရန်တို့သည် အမေရိကန် အင်အားချိနဲ့စေရန် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်။

ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး မည်သို့ရှိမည်နည်း။ ထရမ့် အိမ်ဖြူတော်သို့ ပြန်လာခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ရေတိုတွင် အကြီးအကျယ် ဆိုးကျိုးဖြစ်စေမည်ဟု ကျွမ်းကျင်သူများက ပြောသော်လည်း ရေရှည်သက်ရောက်မှုမှာ မရေရာသေးပေ။

အနာဂတ်သည် မရေရာမှုနှင့် ပူပန်မှုများ ပြည့်နှက်နေသည်။

အစိုးရသစ်အောက်တွင် အမေရိကန် ပြည်ထောင်စု၏ ဦးစားပေးများ ပြောင်းလဲနေစဉ် ထရမ့်က အာရှမှ မဟာမိတ်များ၊ မိတ်ဖက်များနှင့် (ပြိုင်ဘက် တရုတ်) ကို မည်သို့ ဆက်ဆံမည်နည်း။

မစ္စတာ ထရမ့်နှင့် သူ့အကြံပေးများသည် တရုတ်နိုင်ငံ တည်နေရာကို သိသည်။ သို့သော် အနည်းငယ် ပိုမို ကြည့်လိုက်ပါက ဘားမား ဟုခေါ်သည့် မြန်မာနိုင်ငံ ရှိသည်။ အမေရိကန်အစိုးရသည် မြန်မာကို ဘားမားဟုသာ ရည်ညွှန်းသုံးစွဲနေဆဲ ဖြစ်သည်။

ကနဦး လေ့လာသုံးသပ်မှုများအရ လာမည့်အစိုးရသည် ဗလာနတ္ထိ အတွေးအခေါ်ရှိသောကြောင့် မြန်မာတွင် စိတ်ဝင်စားမှု အောက်ဆုံးရောက်မည်ကို စိုးရိမ်မှုများ ရှိနေသည်။ သို့သော် ထရမ့်အစိုးရသည် တရုတ်သို့ အကြီးအကျယ် တင်ပို့သည့် မြန်မာမှ မြေရှားသတ္တုများကြောင့် မြန်မာကို စိတ်ဝင်စားနိုင်ဖွယ် ရှိသည်။

၁၉၈၈ ခုနှစ် အုံကြွမှုကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြီးနောက် အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် ထိုစဉ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာရုံစိုက်ပြီး အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ သမ္မတ ဂျော့ဂျ် ဒဗလျူ ဘုရှ်နှင့် သမ္မတကတော် လော်ရာ ဘုရှ်သည် မြန်မာမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွင် လုပ်ဆောင်ပြီး ဒီမိုကရေစီရေးကို ထောက်ခံသည်။

အာရှဗဟိုပြုရေးကို စတင်ခဲ့ပြီး မြန်မာသို့ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာသို့ နှစ်ကြိမ် လာရောက်သည့် သမ္မတ ဘားရက် အိုဘားမားသည် အရေးယူပိတ်ဆို့မှုများကို အချိန်မတိုင်မီ ရုတ်သိမ်းပေးခဲ့သည်။

ဧရာဝတီသတင်းဌာနသည် မစ္စတာ ဘားရက် အိုဘားမားကို ၂၀၁၄ ခုနှစ်တွင် သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည်။ သို့သော် မြန်မာနှင့်ပတ်သက်သည့် သတိကြီးကြီးထား အကောင်းမြင်မှုသည် ရေရှည်မခံပေ။

ယနေ့တွင် စစ်တပ်သည် မြန်မာနိုင်ငံကို ပြာပုံဖြစ်အောင် လုပ်နေသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကဲ့သို့ပင် ၎င်းတို့သည် စစ်ရာဇဝတ်ကောင်များနှင့် အကြမ်းဖက်သမားများ ဖြစ်သည်။

ယနေ့တွင် စစ်တပ်သည် မြန်မာနိုင်ငံကို ပြာပုံဖြစ်အောင် လုပ်နေသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကဲ့သို့ပင် ၎င်းတို့သည် စစ်ရာဇဝတ်ကောင်များနှင့် အကြမ်းဖက်သမားများ ဖြစ်သည်။

မြန်မာစစ်တပ်သည် ယခင်က မြောက်ကိုရီးယား၊ အီရန်တို့နှင့် မဟာမိတ်ဖွဲ့ပြီးနောက် ရုရှား၊ တရုတ်တို့နှင့် မဟာမိတ်ဆက်ဖွဲ့ကာ ၎င်းတို့အဘိဓာန်တွင် မရှိသည့် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အားပေးထောက်ခံသည့် အမေရိကန်၏ ခိုင်မာသော ခေါင်းဆောင်မှုကို မမြင်လိုပေ။

ပထမအကြိမ် ထရမ့် အာဏာရစဉ်က မြန်မာစစ်တပ်နှင့် ၎င်း၏ခရိုနီများသည် ထိုဖြစ်ပေါ်တိုးတက်မှုကို ကြိုဆိုပြီး သူသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအကြောင်း ပြောရန် စိတ်မဝင်စားသည့် လက်ယာအမျိုးသားရေးဝါဒီအဖြစ် မြင်ကြသည်။

မြန်မာတက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံများသည် လာမည့် အမေရိကန်အစိုးရသစ်၏ အာရုံစိုက်မှုခံရရန် ကြိုးစားပြီး မြန်မာကို စိတ်ဝင်စားအောင်လုပ်မည်ကို သံသယဖြစ်စရာ မလိုပေ။ သို့သော် အမေရိကန် ပြည်ထောင်စုက မည်သို့ ကူညီနိုင်မည်နှင့် ပတ်သက်ပြီး မရေရာပေ။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှ စတင်ပြီး မြန်မာသည် ဖရိုဖရဲဖြစ်နေသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနှင့် ဆက်ဆံရေးကို အဆင့်လျှော့ချပြီး စစ်ကောင်စီကို အရေးယူမှု အများအပြား ချမှတ်ထားသည်။

အမေရိကန် ကွန်ဂရက်သည် ဒီမိုကရက်တစ် အနာဂတ်သို့လမ်းတွင် မြန်မာပြည်သူများကို ပံ့ပိုးရန် အမေရိကန်အစီအစဉ်များ တိုးတက်စေရေးအတွက် ၂၀၂၂ ခုနှစ် ဘားမားအက် ဥပဒေကို အတည်ပြုသည်။ သို့သော် အကောင်အထည်ဖော်မှု မရှိဘဲ အစိုးရသစ်သည် ထိုဥပဒေကို အကောင်အထည်ဖော်ရန်အတွက် ကြိုတင်စီစဉ် လုပ်ဆောင်ရန် လိုသည်။

ထို့ကြောင့် ဝါရှင်တန် ဒီစီတွင် အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မြန်မာအပေါ် စိတ်ဝင်စားမှုအချို့ ရှိနေသော်လည်း ထရမ့်အစိုးရ၏ မြန်မာတွင်၊ အရှေ့တောင်အာရှတွင် စိတ်ဝင်စားမှုသည် ယေဘုယျအားဖြင့် နည်းမည်ကို စိုးရိမ်ရသည်။

တဖက်တွင်လည်း အမေရိကန်နှင့် ကင်းကွာနေစဉ် တရုတ်သည် မြန်မာနှင့် အရှေ့တောင်အာရှမှ ပထဝီ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို ဦးစားပေးမည် ဖြစ်သည်။ မြန်မာနှင့် ပထဝီအရ နီးကပ်မှုနှင့် မြန်မာတွင် ၎င်း၏ များပြားသော ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ စီမံကိန်းများသည် အရေးပါသည်ဟု တရုတ်တွင် မြင်ကြသည်။

တဖက်တွင်လည်း အမေရိကန်နှင့် ကင်းကွာနေစဉ် တရုတ်သည် မြန်မာနှင့် အရှေ့တောင်အာရှမှ ပထဝီ သေနင်္ဂဗျူဟာ အကျိုးစီးပွားကို ဦးစားပေးမည် ဖြစ်သည်။ မြန်မာနှင့် ပထဝီအရ နီးကပ်မှုနှင့် မြန်မာတွင် ၎င်း၏ များပြားသော ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ စီမံကိန်းများသည် အရေးပါသည်ဟု တရုတ်တွင် မြင်ကြသည်။

တရုတ်နိုင်ငံသည် ကမ္ဘာတွင် အမေရိကန် အကျိုးစီးပွားများကို တန်ပြန်ရန် ၎င်း၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအာဏာနှင့် သြဇာကို တိုးချဲ့ရန် အားထုတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်။

လက်တွေ့တွင် မြန်မာပြည်သူများသည် ခိုင်မာသော နိုင်ငံတကာတုံ့ပြန်မှုနှင့် အမေရိကန်၏ ထောက်ခံမှုကို မြင်လိုကြသည်။ ၎င်းတို့၏ အိမ်နီးချင်းနိုင်ငံကြီး တရုတ်ကို တန်ပြန်ရန် မြန်မာ ဒီမိုကရေစီ အင်အားစုများ (နှင့် အနာဂတ်အရပ်သား အစိုးရများ) သည် အမေရိကန် ပြည်ထောင်စုနှင့် အာရှဒေသတွင်းမှ စိတ်တူကိုယ်တူ နိုင်ငံများ ဦးဆောင်မှုကို လိုမည်မှာ သံသယဖြစ်ရန် မလိုပေ။

အထက်လွှတ်တော်အမတ် မစ္စတာ မာကို ရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြုပါက သူ၏နိုင်ငံခြားရေးအမြင်သည် တရုတ်နှင့်ပတ်သက်ပြီး သဘောထား တင်းမာမည်ဟု မျှော်လင့်ရသည်။

ထို့ကြောင့် မစ္စတာ ရူဘီယိုက သူသည် တန်ဖိုးများ၊ မူများကို အလေးထားသည့် ပြတ်သားသူဖြစ်ကြောင်း ပြလိုပါက မြန်မာကို စိတ်ဝင်စားမှု ပြနိုင်သည်။ မြန်မာပြည်သူများအတွက် ထောက်ခံပြောဆိုသင့်သည်။

အရှိအတိုင်း လက်ခံရလျှင် အရှေ့တောင်အာရှတွင် မြန်မာသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သူ၏ခေါင်းဆောင်မှုကို ပြသရန် အကောင်းဆုံး ဥပမာတခု ဖြစ်နေသည်။ မစ္စတာ အိုဘားမား၏ အပြစ်အနာအဆာ မကင်းသည့် မြန်မာမူဝါဒနှင့် အာရှဗဟိုပြုမှုကိုသာမက ကျူးဘားမူဝါဒကို မစ္စတာ ရူဘီယို တိုက်ခိုက်ပါမည်လား။

အမေရိကန် ပြည်ထောင်စုသည် အင်ဒိုပစိဖိတ်နိုင်ငံတခုဖြစ်ပြီး ထိုဒေသသည် ကမ္ဘာ့ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု (GDP) ၆၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ ၃ ပုံ ၂ ပုံရှိကာ ကမ္ဘာတွင် တိုးတက်မှု အမြန်ဆုံးဒေသဖြစ်သည်ကို သတိရရန် အရေးကြီးသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အင်ဒိုပစိဖိတ် သေနင်္ဂဗျူဟာကို ထုတ်ပြန်ပြီးနောက် အမေရိကန် ပြည်ထောင်စုသည် လွတ်လပ်ပြီး ပွင့်လင်းသော၊ အချိတ်အဆက်ရှိသော၊ ကြွယ်ဝချမ်းသာပြီး လုံခြုံမှုနှင့် ကြံ့ကြံ့ခံနိုင်သည့် အင်ဒိုပစိဖိတ် တည်ထောင်ရေး ဘုံရည်မှန်းချက်ကို ရှေ့တန်းတင်ရန် သမိုင်းဝင်ခြေလှမ်းများ လှမ်းခဲ့သည်။ မိမိတို့သည် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်ကြောင်း ၂၁ ရာစု၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများက ပြသနေသည်။

ထရမ့်၏ ကြွေးကြော်သံဖြစ်သော အမေရိကန်ကို ပြန်လည် ကြီးမြတ်အောင်လုပ်ရေး (MAGA) နှင့် အမေရိကန် တဖန်ပြန်လာရေးကိုလည်း ထူထောင်သင့်သည်။ အမေရိကန် ပြည်ထောင်စု နောက်ဆုတ်ရန် အခွင့်အရေး မရှိပေ။

စစ်ကောင်စီအောက်တွင် မြန်မာသည် လွတ်လပ်ကြွယ်ဝချမ်းသာသည့် အင်ဒိုပစိဖိတ်ဘက်ခြမ်းတွင် ဆူးတချောင်း ဖြစ်နေမည်ဖြစ်ပြီး မြန်မာသည် အမေ့ခံ အကျပ်အတည်းတခု ဖြစ်မလာသင့်ကြောင်း သတိရရမည် ဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
2.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.3k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
201

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Under Trump, Will America Be ‘Back Again’ in Asia? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု

မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး

ဒေါ်နယ်ထရမ့်၊ တရုတ်နဲ့ မြန်မာ အရွေ့ (ရုပ်/သံ)

ထရမ့်လက်ထက်မှာ မြန်မာ့အရေး ကောင်းတာတွေလည်းရှိနိုင်တယ် (ရုပ်/သံ)

အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း

မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး

ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေ မြန်မာအကြောင်း သိကြလား (ရုပ်/သံ)

အမေရိကန် သမ္မတ အိုဘားမားနှင့် သီးသန့် အင်တာဗျူး

Your Thoughts …
Tags: MAGASliderကုန်သွယ်ရေးခရိုနီစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတရုတ်တောင်တရုတ်ပင်လယ်ဒေါ်နယ် ထရမ့်ဘားမားအက် ဥပဒေမြေရှားသတ္တုရင်းနှီးမြှုပ်နှံမှုရုရှားလူဝင်မှုကြီးကြပ်ရေးလူ့အခွင့်အရေးအမေရိကန်အရေးယူပိတ်ဆို့မှုအာရှအီရန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒုစစ်ခေါင်းဆောင် ဧရာဝတီတိုင်းကို ဘာလို့သွားလဲ (ရုပ်/သံ)

ဒုစစ်ခေါင်းဆောင် ဧရာဝတီတိုင်းကို ဘာလို့သွားလဲ (ရုပ်/သံ)

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း

ဗိုလ်ချုပ်ကြီး ခင်ညွန့် ကျရှုံးခြင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved