အမေရိကန်သမ္မတအဖြစ် တကျော့ပြန် ရွေးကောက်ခံရသူ မစ္စတာ ဒေါ်နယ် ထရမ့်ကို အပေါ်ယံတန်ဖိုးသာ ရှုမြင်ခြင်းသည် နိုင်ငံရေးအရ လမ်းလွဲခြင်းဖြစ်ပြီး မှားယွင်းနိုင်သည်။
ထရမ့်သည် များစွာ ပိုပြီး ထရမ့်ဆန်လာသည်။ သူသည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တရွေ့ရွေ့ စီးဆင်းနေသည့် အမေရိကန်နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းတွင် ပြည်တွင်းကို အာရုံစိုက်သည့် ဌာနေလှုပ်ရှားမှုကို ဖော်ပြကိုယ်စားပြုသည်။ တကျော့ပြန် ထရမ့် (သို့မဟုတ်) ဒုတိယမ္ပိ ထရမ့် (သို့မဟုတ်) ထရမ့် ၂ (Trump II) သည် အရှေ့တောင်အာရှနှင့် ကျန်တကမ္ဘာလုံးအတွက် မည်သည့် အဓိပ္ပာယ်ရှိသည်ကို ကြိုတင်မှန်းဆရန်အတွက် ထိုလှုပ်ရှားမှု မည်သည့်နေရာမှ လာသည်ကို နားလည်ရန် လိုအပ်သည်။
၁၉၉၂ ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲကပင် ပက်ထရစ်ခ် ဗြူကန်နန်သည် လက်ရှိ အသိုက်အဝန်းစနစ်ကို ဆန့်ကျင်သည့် သမ္မတလောင်းအဖြစ် ထရမ့်နှင့်အလားတူသည့် “အမေရိကန် ပထမ” သဘောထားများကို ကြိုတင်စောစီးစွာ ယုံကြည်ပြီး ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း၊ ယဉ်ကျေးမှုစုံဝါဒ၊ ကိုယ်ဝန်ဖျက်ချခြင်း၊ အမေရိကန်နယ်ချဲ့စနစ်နှင့် အလွန်အကျွံ စည်းကမ်းတင်းကျပ်သော နိုင်ငံတော်တို့ကို ဆန့်ကျင်သည်။
လက်ရှိအသိုက်အဝန်းစနစ်အား ဆန့်ကျင်ခြင်းကို ထောက်ခံသူများနှင့် ပြည်တွင်းဦးစားပေး အတွေးအခေါ်သည် ပြည်တွင်းတွင် ပြန်လည်ပြုပြင်ထားသည့် လူမှုနိုင်ငံရေးစနစ်နှင့် ပြည်ပတွင် ဒုတိယကမ္ဘာစစ်ပြီးခေတ် စည်းမျဉ်းအခြေပြု လစ်ဘရယ်စနစ်က မသတ်မှတ်ဘဲ စစ်အေးတိုက်ပွဲ နောက်ပိုင်းခေတ် ပကတိအခြေအနေက သတ်မှတ်သည့် အခြားစနစ်တခုကို ထောက်ခံသည်။
၁၉၄၀ ပြည့်နှစ်များက တိုက်ကြီး နှစ်ခုတွင် ကမ္ဘာ့ပဋိပက္ခများကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီး နောက်ဆယ်စုနှစ် လေးခုတွင် စစ်အေးတိုက်ပွဲကို အနိုင်ရကာ အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်နေသော အမေရိကန်သည် ပြည်တွင်းနယ်ပယ်တွင် ပြင်ဆင်ရန်နှင့် ပြန်လည် နာလန်ထရန် အိမ်ပြန်လာသင့်သည်ဟု ၎င်းတို့ ယူဆကြသည်။
ဆက်စပ်မှုများအရ အထီးကျန်ဝါဒ၊ အမေရိကန်နယ်ချဲ့စနစ်ကို ငြင်းပယ်ခြင်းနှင့် နိုင်ငံတကာ တာဝန်များကို အဆက်ဖြတ်ခြင်း အယူအဆ အခြေခံသည် ပြည်တွင်းအခြေပြု ဌာနေဝါဒဖြစ်သည်။
ထိုဌာနေဝါဒသည် အခြေခံအားဖြင့် လူမှုရှေးရိုးစဉ်လာဝါဒကို ထောက်ခံပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းကို ဆန့်ကျင်သည်။ နိုင်ငံခြားသား မုန်းတီးရေးသက်သက် မဟုတ်ဘဲ ဥပမာအားဖြင့်ဆိုရပါက ခွဲတမ်းချပေးသည့် ၁၉၂၄ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ကိုက်ညီသည့် ရွှေ့ပြောင်းအခြေချစီးဆင်းမှု ကန့်သတ်ချက်ကို လိုလားသည်။
ထိုဌာနေဝါဒသည် အခြေခံအားဖြင့် လူမှုရှေးရိုးစဉ်လာဝါဒကို ထောက်ခံပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းကို ဆန့်ကျင်သည်။ နိုင်ငံခြားသား မုန်းတီးရေးသက်သက် မဟုတ်ဘဲ ဥပမာအားဖြင့်ဆိုရပါက ခွဲတမ်းချပေးသည့် ၁၉၂၄ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ကိုက်ညီသည့် ရွှေ့ပြောင်းအခြေချမှု ကန့်သတ်ချက်ကို လိုလားသည်။
ထိုဥပဒေကို ၁၉၆၅ ခုနှစ်တွင် ပြင်ဆင်လိုက်သောအခါ အမေရိကန် မဟုတ်သော ပြင်ပလူများ အထူးသဖြင့် ကပ်လျက်ရှိသော မက္ကဆီကိုနှင့် အခြား လက်တင်အမေရိကနိုင်ငံများအတွက် တံခါးပွင့်သွားသည်။
၂၀၀၄ ခုနှစ်တွင် ဟားဗတ် နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရယ် ပီ ဟန်တင်တန်က “ငါတို့ဘယ်သူတွေလဲ-အမေရိကန် အမျိုးသားရေး သရုပ်လက္ခဏာအတွက် စိန်ခေါ်မှုများ” (Who Are We?: The Challenges to America’s National Identity) အမည်ရှိ စာအုပ်တွင် ထိုဌာနေဝါဒကို အယူအဆတရပ်အဖြစ် တင်ပြပြီး ဖွင့်ဆိုသည်။
“ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများ တိုးတိုက်မိခြင်း” (Clash of Civilizations) အမည်ရှိ သူ၏စာအုပ်အတွက် ပိုမိုကျော်ကြားသော်လည်း သူ၏ နောက်ဆုံးစာအုပ်သည် နိုင်ငံခြားသားမုန်းတီးမှုလေသံပြင်းပြီး “လူဖြူ အင်္ဂလို ဆက်ဆွန် ပရိုတက်စတင့်” (WASP) ဖြစ်သော အမေရိကန်များဘက်သို့ ယဉ်ကျေးမှု ဘက်လိုက်ခြင်းကြောင့် လူကြိုက်မများပေ။ WASP များကို သူက “အင်္ဂလို ပရိုတက်စတင့်” ဟု သုံးစွဲသည်။
သို့သော် ထိုစာအုပ်သည် ထရမ့်လှုပ်ရှားမှု၏ နောက်ကွယ်မှ အသိပညာအခြေခံ ဖြစ်လာသည်။ အမေရိကန်ကို အင်္ဂလိပ်အခြေချများနှင့် ကျေးကျွန်များက ထူထောင်ခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် မက္ကဆီကိုနှင့် အခြားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချသူများက မလွှမ်းမိုးသင့်ဟူသော အယူအဆဖြစ်သည်။
ထိုဌာနေဝါဒအား ပညာတတ်ဆန့်ကျင်ရေး သမ္မတက ဦးဆောင်ပြီး ရီပတ်ဘလစ်ကန်ပါတီကို အစွန်အဖျားမှ ရှေ့တန်းနှင့် ဗဟိုချက်သို့ ရောက်လာရန် နှစ်ပေါင်း ၃၀ ကျော်ကြာသည်။ ထိုဝါဒသည် အမျိုးသားပြန်လည် ဆန်းသစ်ရေးနှင့် သွေးသစ်လောင်းရေးအတွက် ကိုယ့်အမှားကိုယ်ပြင်သည့် လှုပ်ရှားမှုဖြစ်သည်ဟု ထိုသမ္မတ မြင်သည်။
ထရမ့်၏ ပြည်တွင်းမှ ဌာနေဝါဒနှင့် လစ်ဘရယ်နိုင်ငံတကာစနစ်ကို အပြင်းအထန် ဝေဖန်ခြင်းတို့သည် တဖက်တွင် ပြည်ပ၌ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် စီးပွားရေးအမျိုးသားရေးဝါဒကို ဗဟိုပြုသည့် မူဝါဒတွက်ချက်မှုသို့ ဦးတည်စေသည်။ အခြားတဖက်တွင်လည်း နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒတွင် နောက်ဆုတ်စေသည်။
ထိုသို့လုပ်ခြင်းသည် လက်တွေ့တွင် အမေရိကန်ပြဌာန်းချက်ဖြင့် နိုင်ငံတကာကုန်သွယ်ရေးနှင့် ကမ္ဘာ့ရဲကြီး မဟုတ်တော့သည့် ပိုမိုအင်အားတောင့်တင်းသော စစ်တပ်ဆိုသည့် အဓိပ္ပာယ်တို့ သက်ရောက်သည်။
အမေရိကန် ပြည်ထောင်စုသည် စစ်အေးတိုက်ပွဲ ပြီးဆုံးကတည်းက ဆုံးရှုံးသွားသော ကြီးကျယ်ခမ်းနားမှု ပြန်လည် ရယူရေးအတွက် ဦးစားပေးများ ပြောင်းလဲသွားသောကြောင့် မိတ်ဖက်များနှင့် မဟာမိတ်များ ကြိုးစားပမ်းစား လုပ်ကိုင်ရန် လိုအပ်သည်။
အမေရိကန် ပြည်ထောင်စုသည် စစ်အေးတိုက်ပွဲ ပြီးဆုံးကတည်းက ဆုံးရှုံးသွားသော ကြီးကျယ်ခမ်းနားမှု ပြန်လည် ရယူရေးအတွက် ဦးစားပေးများ ပြောင်းလဲသွားသောကြောင့် မိတ်ဖက်များနှင့် မဟာမိတ်များက ကြိုးစားပမ်းစား လုပ်ကိုင်ရန် လိုအပ်သည်။
အလားတူ စဉ်းစားသုံးသပ်ချက်အရ ပြိုင်ဘက်များသည် အလွန်အကျွံ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာ စီးပွားရေး ပေါင်းစည်းခြင်းကြောင့် အင်အားကြီးလာပြီး အမေရိကန်ကို ဝါးမြိုရန် အားထုတ်မှုဖြစ်နိုင်သည်။ ဤသို့အားဖြင့် အမေရိကန်အသာစီးရခြင်းကို စိန်ခေါ်သလို ဖြစ်လာပြီး အမေရိကန်၏ စစ်အေးတိုက်ပွဲ ခေတ်လွန် အားနည်းချက်များကို အမြတ်ထုတ်ခြင်းမှ ပြန်လည် တွန်းလှန်ခံရမည် ဖြစ်သည်။
“အမေရိက ပြန်လည်ကြီးမြတ်စေရမည်” (MAGA) ဆိုသည့် ထရမ့်၏ မန္တာန်ကို အလေးအနက် အရှိအတိုင်း ဖွင့်ဆိုသင့်သည်။ MAGA စိတ်ဓာတ်သည် အခြေခံအစိတ်အပိုင်း သုံးခုအပေါ် အခြေခံသည်။ ထို သုံးခုမှာ အမေရိက၏ ကြီးကျယ်ခမ်းနားမှု ဆိုသည်မှာ မည်သည်နည်း၊ ကြီးကျယ်ခမ်းနားမှု မည်သည့်အတွက် မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆုံးရှုံးသွားသနည်းနှင့် ကြီးကျယ်ခမ်းနားမှုကို မည်သို့ ပြန်လည်ရယူမည်နည်းတို့ ဖြစ်သည်။
ထို မေးခွန်း သုံးခုနှင့်ပတ်သက်သည့် ထရမ့် ၂ ၏ အဖြေကို မှန်းဆနိုင်ပြီဖြစ်သည်။ ထိုသို့သော ကြီးကျယ်ခမ်းနားမှုသည် အတိတ်က ရှိခဲ့သည်ဆိုသည့်အချက်သည် သေချာပြီး ၁၉၅၀ ပြည့်နှစ်များဝန်းကျင်နှင့် အမေရိကန် အဓိကကျမှုကို စိန်ခေါ်မှု မရှိတော့သည့် စစ်အေးတိုက်ပွဲအပြီးတွင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုအဓိကကျမှုသည် စစ်အေးတိုက်ပွဲလွန်ကာလတွင် တစုံတရာအတိုင်းအတာအထိ တိုက်စား ပျောက်ဆုံးသွားသည်။ ကြီးကျယ်ခမ်းနားမှုကို ပြန်ယူခြင်းဆိုသည်မှာ အခြားနိုင်ငံများကို ကျန်ရစ်စေပြီး နှိုင်းယှဉ်ချက်အားဖြင့် အမေရိကန် မြင့်တက်လာရေးဖြစ်သည်။ ကြီးကျယ်ခမ်းနားမှု ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွားရေးစနစ်ကို အမေရိကန်ဘက် ချိန်ခွင်လျှာ ပြန်လည်ယိမ်းလာရေးအတွက် ပြုပြင်ရန် လိုအပ်သည်။
ထရမ့်လှုပ်ရှားမှုသည် တရုတ်ကို အမေရိကန်နည်းပညာခိုးပြီး အမေရိကန်များ ပိုင်ဆိုင်သည့် စက်ရုံများနှင့် အလုပ်များကို ဆွဲဆောင်သိမ်းယူသောကြောင့် အဆိုးရွားဆုံး စိန်ခေါ်သူအဖြစ်မြင်ပြီး တရုတ်သည် ထရမ့် ၂ ဒေါသ၏ ထိပ်တန်းပစ်မှတ် ဖြစ်မည်။
တရုတ်သည် ထိုသို့ လုပ်ရာတွင် ပရိယာယ် ကြွယ်ဝလွန်းသောကြောင့် အမေရိကန်ကို စီးပွားရေးအရွယ်အစားနှင့် နည်းပညာကျွမ်းကျင်မှုတွင် ကျော်တက်လုနီးပါး ဖြစ်နေသည်။ ထရမ့်၏ ဒုတိယ ရာထူးသက်တမ်းအောက်တွင် စက်မှု မူဝါဒများသည် ပို့ကုန်တိုက်ရိုက် အထောက်အပံ့များ၊ သွင်းကုန်ခွဲတမ်းများ၊ ကျယ်ပြန့်သော အခွန်ကောက်ခံမှုများနှင့်အတူ ကုန်သွယ်မှုဖြင့် ချမ်းသာကြွယ်ဝမှု စုဆောင်းသည့်စနစ် ဗြောင်ကျကျဖြစ်လာမည်။
သို့သော် တရုတ်မှသွင်းကုန်များကို အခွန် ၆၀ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများမှ ကုန်စည်များကို အခွန် ၁၀ မှ ၂၀ ရာခိုင်နှုန်း ကောက်မည့် ထရမ့် ၂ ၏ ခြိမ်းခြောက်မှုများသည် နောက်ဆုံး အတည်မဟုတ်သေးဘဲ သီးခြားမဟုတ်ကာ ပိုမိုကျယ်ပြန့်သောကိစ္စများနှင့် ပူးတွဲပါနိုင်သည်။
တရုတ်၏ ဒေါ်လာ ထရီလီယံချီသည့် အမေရိကန်နှင့် ကုန်သွယ်ရေး ပိုငွေပြခြင်းကို လျှော့ချရန် တရုတ်က လုပ်လျှင် ထရမ့်သည် အပေးအယူအချို့ စဉ်းစားနိုင်သည်။ သို့သော် ထရမ့်သည် နောက်ဆုံးတွင် တရုတ်ကို စတေးပြီး ကမ္ဘာ့စီးပွားရေးတွင် ထိပ်တန်းနေရာသို့ အမေရိကန်ကို ပြန်ပို့ရန် စိတ်အားထက်သန်ပုံရသည်။
အရှေ့တောင်အာရှတွင် ဗီယက်နမ်သည် သတိထားရန် လိုသည်။ ဗီယက်နမ်၏ အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး ပိုငွေသည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁၂၀ ဘီလီယံကျော်နေပြီး ၂၀၂၀ ပြည့်နှစ်က ထရမ့် ၁ နောက်ဆုံးနှစ်ကထက် ၂ ဆနီးပါး ရှိနေသည်ဟု အမေရိကန် စာရင်းအင်းဗျူရို အချက်အလက်များအရ သိရသည်။
ဗီယက်နမ်သည် အမေရိကန် ပြည်ထောင်စုမှ ပစ္စည်း ပိုမိုဝယ်ယူပြီး အမေရိကန်တွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တောင်းဆိုခံရနိုင်သည်။ သို့သော်လည်း ဗီယက်နမ်က အခြားနယ်ပယ်များတွင် တန်ဖိုးမြှင့်နိုင်လျင် အထူးသဖြင့် တရုတ်ကို ဆွဲချရန် ထရမ့် ၂ ၏ အားထုတ်မှုတွင် ဖြစ်ပေါ်လာသည့် ဖိအားသည် လွန်စွာ ပြင်းထန်မည် မဟုတ်ပေ။
အမေရိကန်၏ စစ်ရေးမဟာမိတ် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုမှုကို ရင်ဆိုင်သောကြောင့် ထရမ့် ၂ အတွက် အသုံးဝင်နိုင်သည်။ ထိုသို့ဖြစ်လျှင် အမေရိကန် ပြည်ထောင်စုသည် ဖိလစ်ပိုင်သို့ ပိုမိုများပြားသော အကူအညီ သို့မဟုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ပေးနိုင်သည်။
အမေရိကန်၏ စစ်ရေးမဟာမိတ် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုမှုကို ရင်ဆိုင်သောကြောင့် ထရမ့် ၂ အတွက် အသုံးဝင်နိုင်သည်။ ထိုသို့ဖြစ်လျှင် အမေရိကန် ပြည်ထောင်စုသည် ဖိလစ်ပိုင်သို့ ပိုမိုများပြားသော အကူအညီ သို့မဟုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ပေးနိုင်သည်။
အမေရိကန် ပြည်ထောင်စု၏ မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံ၏ အမေရိကန်နှင့် ကုန်သွယ်ရေးပိုငွေသည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၄၀ ဘီလီယံရှိမည်ဟု ခန့်မှန်းရပြီး ဗီယက်နမ်၏ ပိုငွေလောက်မများဘဲ ၂၀၂၀ ပြည့်နှစ်က ဒေါ်လာ ၂၆ ဘီလီယံမှ တက်လာခြင်းဖြစ်သည်။ တရုတ်ကို ရင်ဆိုင်ရေးနှင့် အခြားဆုံးဖြတ်ရမည့် နယ်ပယ်များတွင် ထိုင်းနိုင်ငံက ကူညီနိုင်ပါက ထရမ့် ၂ သည် အပြင်းအထန် ဖိအားမပေးဘဲ နေကောင်းနေနိုင်သည်။
အခြား အရှေ့တောင်အာရှ စီးပွားရေးများအတွက် ထရမ့် ၂ သည် အမေရိကန်က တရုတ်ကို ပထဝီသေနင်္ဂဗျူဟာ အမြင်ဖြင့် ပြုလုပ်သည့် ပထဝီစီးပွားရေး အပေးအယူနှင့် ညှိနှိုင်းမှုမျှသာဖြစ်မည်။ ထရမ့် ၂ ၏အောက်တွင် တရုတ်နှင့် အမေရိကန် ကုမ္ပဏီများသည် တရုတ်မှ အရှေ့တောင်အာရှနှင့် အခြားနေရာများသို့ ထွက်ခွာမည် ဖြစ်သောကြောင့် ကုန်စည်ဖြန့်ချိရေးကွင်းဆက်များကို အကြီးအကျယ် ပြန်လည် တည်ဆောက်မည်ဖြစ်သည်။
တရုတ်နှင့် အခြားနိုင်ငံ (China Plus One) လုပ်ငန်း သေနင်္ဂဗျူဟာကို တရုတ်မှ တဆင့် အခြားတနိုင်ငံ နည်းလမ်းဖြင့် ပေါင်းစပ်ဖွယ်ရှိနိုင်သည်။ ထိုနည်းလမ်းမှာ တဆင့်သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် အမေရိကန်သို့ ပို့ဆောင်သောအခါ တရုတ်ပစ္စည်း ပုံမပေါက်စေရန် သက်ဆိုင်ရာနိုင်ငံမှ ပစ္စည်းများနှင့် ပေါင်းစပ်ထုတ်လုပ်သည့် နည်းလမ်းဖြစ်သည်။
ခြုံ၍ပြောရပါက နိုင်ငံတကာစနစ်တွင် အမေရိကန်၏ ကြီးကျယ်မြင့်မြတ်မှုကို ပြန်လည်ရယူရာတွင် ကူညီနိုင်သည့် မဟာမိတ်များနှင့် မိတ်ဖက်များကို ထရမ့်က ကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်သည်။ တရုတ်က အမြင်ပြောင်းပြီး အမေရိကန် ပြည်ထောင်စုနှင့် စင်ပြိုင်ခြင်း၊ ယှဉ်ပြိုင်ခြင်း လျှော့ချလျှင် ထရမ့်သည် ပိုမိုချစ်ကြည်ရင်းနှီးကာ သဘောထား လျှော့ပေးနိုင်သည်။
အခြားတဖက်တွင်လည်း ထရမ့်သည် တောင်းဆိုချက်များကို လိုက်နာရန် မိတ်ဖက်များနှင့် မဟာမိတ်များကို အပြင်းအထန် တွန်းတွန်းထိုးထိုးလုပ်ပြီး အကျပ်ကိုင်ပါက တန်ပြန်သက်ရောက်မှု ရှိနေသည်။
အခြားနိုင်ငံများသည် BRICS (ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ စုပေါင်းအဖွဲ့)၊ ဒေသတွင်းကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (RCEP) နှင့် ပစိဖိတ်ကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကျယ်ပြန့်တိုးတက်သော သဘောတူစာချုပ် (CPTPP) စသည့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံပေါင်းစုံပါသည့် အားထုတ်မှုများဖြင့် အမေရိကန်မှ ခပ်ကင်းကင်း နေကြမည်ဖြစ်သည်။
(Nikkei Asia ပါ Thitinan Pongsudhirak ၏ Decoding Trump II for Southeast Asia ကို ဘာသာပြန်သည်။ ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာန ပါမောက္ခနှင့် လုံခြုံရေးနှင့်နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား
ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး
ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေ မြန်မာအကြောင်း သိကြလား (ရုပ်/သံ)
ထရမ့်လက်ထက်မှာ မြန်မာ့အရေး ကောင်းတာတွေလည်းရှိနိုင်တယ် (ရုပ်/သံ)