• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

by Erin Hale
15 November 2024
in ဆောင်းပါး
A A
တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က ဘေဂျင်းရှိ ပြဇာတ်ပွဲတခုသို့ တက်ရောက်လာသည့် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် / AP

2.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရသူ မစ္စတာ ဒေါ်နယ်ထရမ့်သည် သူ၏လာမည့်အစိုးရတွင် တရုတ်ကို ရန်လိုသည့် သဘောထားကြောင့် နာမည်ကြီးသော ခေါင်းဆောင်များအား ရွေးချယ်ပြီး အမျိုးသားလုံခြုံရေးမှ ကုန်သွယ်ရေးအထိ နယ်ပယ်များတွင် တရုတ်အစိုးရအပေါ် တင်းမာသောသဘောထား ပြသလိုက်သည်။

မစ္စတာ ထရမ့်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဂျွန် ရတ်ကလစ်ဖ် ကို ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲ၊ FOX News မှ အစီအစဉ်မှူးနှင့် စစ်ပြန် ပိဟက်ဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီး၊ ဖလော်ရီဒါ အောက်လွှတ်တော်အမတ် မိုက်ကယ် ဝေါ့ဇ်ကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် အမည်စာရင်း တင်သွင်းသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း သမ္မတအဖြစ် ရွေးကောက်ခံရသူ မစ္စတာ ထရမ့်သည် နယူးယောက် အောက်လွှတ်တော် အမျိုးသမီးအမတ် အယ်လိုက်စ် စတက်ဖနစ်ခ်ကို ကုလသမဂ္ဂသံအမတ်အဖြစ် ခန့်အပ်သည်။

တချိန်တည်းတွင် ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကို ရူဘီရိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့သည်။

ထို ငါးဦးလုံးသည် တရုတ်အပေါ် တင်းမာသော သဘောထားရှိသူများ ဖြစ်သည်။

မစ္စတာ ထရမ့်သည် Tesla နှင့် SpaceX အမှုဆောင်အရာရှိချုပ် မစ္စတာ အီလွန်မတ်စ်နှင့် ဇီဝနည်းပညာလုပ်ငန်း ပိုင်ရှင် ဗီဗက် ရာမဆွာမိကို “အစိုးရစွမ်းဆောင်ရည်ဌာန” အား ဦးဆောင်ရန် အမည်စာရင်းတင်သွင်းသည်။

ထရမ့်အစိုးရမှ အခြားခေါင်းဆောင်များနှင့်မတူဘဲ တရုတ်နှင့် ကြီးမားသောစီးပွားရေး ဆက်ဆံမှုရှိသည့် မတ်စ်သည် တရုတ်အစိုးရနှင့် ပတ်သက်ပြီး အများအားဖြင့် အကောင်းမြင်သည်ဟု ကျော်ကြားသည်။

ထရမ့်အစိုးရမှ အခြားခေါင်းဆောင်များနှင့်မတူဘဲ တရုတ်နှင့် ကြီးမားသောစီးပွားရေး ဆက်ဆံမှုရှိသည့် မတ်စ်သည် တရုတ်အစိုးရနှင့် ပတ်သက်ပြီး အများအားဖြင့် အကောင်းမြင်သည်ဟု ကျော်ကြားသည်။

အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဂျွန် ရတ်ကလစ်ဖ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်က ဝါရှင်တန်ဒီစီ၊ Capitol Hill တွင် ပြုလုပ်သည့် ကြားနာမှုအတွင်း တွေ့ရစဉ် / AP

ထရမ့်အစိုးရတွင် ပါဝင်မည့် တရုတ်ကို ရန်လိုသည့် အရာရှိလောင်းများတွင် ဂျာမနီဆိုင်ရာ သံအမတ်ဟောင်း ရစ်ချတ် ဂရန်းနဲလ်၊ တင်နက်ဆီ အထက်လွှတ်တော်အမတ် ဘီလ် ဟက်ဂါတီနှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ဟောင်း ရောဘတ် လိုက်ဟိုက်ဇာတို့ ပါဝင်သည်။

မစ္စတာ ထရမ့်သည် မစ္စတာ လိုက်ဟိုက်ဇာ ကို ကုန်သွယ်ရေးအကြီးအကဲအဖြစ် အမည်စာရင်းတင်သွင်းမည်ဟု နီးစပ်သူများကို ကိုးကားပြီး Wall Street ဂျာနယ်က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖော်ပြသည်။

မစ္စတာ လိုက်ဟိုက်ဇာသည် ထရမ့်၏ ပထမရာထူးသက်တမ်းအတွင်း ကုန်သွယ်ရေးစစ်တွင် အရေးပါသောအခန်းမှ ပါဝင်ပြီး တရုတ်ကုန်စည်များကို ဒေါ်လာ ၃၈၀ ဘီလီယံအခွန်ကောက်ရန် ကူညီခဲ့သည်။

တရုတ်ကုန်စည်များကို အခွန် ၆၀ ရာခိုင်နှုန်းနှင့် အခြားသွင်းကုန်များကို အခွန် ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ချမှတ်ရန် မဲဆွယ်ပွဲကတိကို ထရမ့် လိုက်နာပါက သူသည် အလားတူအခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

“မည်သည့်ကုန်သွယ်ရေးမှ မလွတ်လပ်- လမ်းကြောင်းပြောင်းခြင်း၊ တရုတ်ကို ဆန့်ကျင်ခြင်း၊ အမေရိကန် အလုပ်သမားများကို ကူညီခြင်း” အမည်ရှိစာအုပ်တွင် လိုက်ဟိုက်ဇာက အရေးပါသော နည်းပညာတင်ပို့ခြင်း အပါအဝင် တရုတ်နှင့် ထပ်မံ “လမ်းခွဲရန်” တိုက်တွန်းသည်။

ထရမ့်၏ အဆိုပြုအခွန်သည် တရုတ်ကိုသာ ထိခိုက်စေမည်မဟုတ်ဘဲ အာရှသည် ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးနှင့် နီးကပ်စွာ ဆက်စပ်နေသည့် အာရှတခုလုံးကို ရိုက်ခတ်မည်ဖြစ်သည်။

တရုတ်နှင့် ၎င်း၏ပိုင်နက်အဖြစ် ကြေညာထားသည့် ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်အကြား တင်းမာမှု မြင့်မားနေချိန်တွင် ထရမ့် အိမ်ဖြူတော်သို့ ပြန်လာခြင်းဖြစ်သည်။

တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းကို ၂၀၂၇ ခုနှစ်တွင် ကျူးကျော်နိုင်သည့် စွမ်းရည်ရှိလာမည်ဟု အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်အကြီးအကဲဟောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဖိလစ်ဒေးဗစ်က ခန့်မှန်းသောကြောင့် ထိုကာလသည် ထရမ့်၏ ရာထူးသက်တမ်းအတွင်း ဖြစ်နေသည်။

တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်းကို ၂၀၂၇ ခုနှစ်တွင် ကျူးကျော်နိုင်သည့် စွမ်းရည်ရှိလာမည်ဟု အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်အကြီးအကဲဟောင်း ရေတပ်ဗိုလ်ချုပ်ကြီး ဖိလစ်ဒေးဗစ်က ခန့်မှန်းသောကြောင့် ထိုကာလသည် ထရမ့်၏ ရာထူးသက်တမ်းအတွင်း ဖြစ်နေသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
339
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
134
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k

ထိုသို့သော နောက်ခံအခြေအနေတွင် ထရမ့်၏ လက်ရွေးစင် ခန့်အပ်သူများသည် ဝါရှင်တန်ကို ဘေဂျင်းနှင့် ထိပ်တိုက်တွေ့ရေး လမ်းကြောင်းသို့ ပို့ဆောင်ရန် ကြိုးစားမည်ဖြစ်သည်။

ဝါရှင်တန်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြုခံရပါက မစ္စတာ ရူဘီရိုသည် တရုတ်က အရေးယူပိတ်ဆို့ခံရသည့် ပထမဆုံး လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်ဖွယ်ရှိသည်။

အထက်လွှတ်တော် ထောက်လှမ်းရေး လက်ရွေးစင်ကော်မတီ ဒုဥက္ကဋ္ဌနှင့် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အဆင့်မြင့်အဖွဲ့ဝင်အဖြစ် မစ္စတာ ရူဘီရိုသည် တရုတ်အစိုးရကို လူသိရှင်ကြား အပြင်းအထန် ဝေဖန်သူအဖြစ် နာမည်ကြီးသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က မြောက် ကာရိုလိုင်းနား၊ ရာလိဂ်၌ ကျင်းပသည့် ဒေါ်နယ် ထရမ့် မဲဆွယ်ပွဲတွင် ဟောပြောနေသည့် ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကို ရူဘီရို / AP

ရှင်ကျန်းပြည်နယ်မှ လူမျိုးစုငယ်များအပေါ် တရုတ်က ဆက်ဆံပုံနှင့် ပတ်သက်သည့် ပြောကြားချက်များကြောင့် သူ့ကို တရုတ်က ၂၀၂၀ ပြည့်နှစ်တွင် ပိတ်ပင်ထားသည်။ ဟောင်ကောင်မှ အစိုးရဆန့်ကျင်မှုအား တရုတ်၏ဖြိုခွဲမှုကို ပစ်မှတ်ထားသည့် အမေရိကန် အရေးယူပိတ်ဆို့မှုများကို လက်စားချေသည့်အနေဖြင့် ပိတ်ပင်ထားသည့် အမေရိကန်အရာရှိ ၁၁ ဦးစာရင်းတွင် သူပါဝင်နေသည်။

မစ္စတာ ရူဘီရိုသည် ထိုင်ဝမ်ကို လူသိရှင်ကြား ထောက်ခံသူဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာလျှင်လည်း ထိုရပ်တည်ချက်ကို ဆက်လက် ကိုင်စွဲမည်ဟု မျှော်လင့်ရကြောင်း သုတေသီများက ပြောသည်။

ထရမ့်၏ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး လုပ်ခဲ့ဖူးသည့် အမေရိကန် သူလျှိုဌာန အကြီးအကဲအနေဖြင့် ရတ်ကလစ်ဖ်သည်လည်း တရုတ်၏ လုံခြုံရေးခြိမ်းခြောက်မှုကို ဦးစားပေးဖွယ်ရှိသည်။

တက္ကဆက် အောက်လွှတ်အမတ်ဟောင်း မစ္စတာ ရတ်ကလစ်ဖ်က တရုတ်သည် “ယနေ့အမေရိကအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုနှင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာတဝန်း ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်” ဟု ၂၀၂၀ ပြည့်နှစ်က Wall Street ဂျာနယ် အတွေးအမြင်ဆောင်းပါးတွင် ရေးသားခဲ့သည်။

ဆိုဗီယက်ယူနီယံနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးသည် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများအတွက် အာရုံစိုက်စရာ ယခင်က ဖြစ်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် “တရုတ်သည် အမေရိက၏ အဓိက အမျိုးသားလုံခြုံရေးအတွက် ရှေ့တန်းရောက်လာသည့် အာရုံစိုက်စရာဖြစ်သင့်ကြောင်း ထင်ရှားသည်” ဟု ၎င်းက ရေးသားသည်။

ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ထားသူ ဟက်ဂ်ဆက်ကလည်း တရုတ်ခြိမ်းခြောက်မှု အတိုင်းအတာနှင့် ပတ်သက်ပြီး အလားတူ စိတ်ခံစားချက်များ ဖော်ပြသည်။

ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ထားသူ ဟက်ဂ်ဆက်ကလည်း တရုတ်ခြိမ်းခြောက်မှု အတိုင်းအတာနှင့် ပတ်သက်ပြီး အလားတူ စိတ်ခံစားချက်များ ဖော်ပြသည်။

ကြည်းတပ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း မဟုတ်သလို အဆင့်မြင့် အမျိုးသားလုံခြုံရေး အတွေ့အကြုံရှိသည့် အစိုးရအရာရှိဟောင်း မဟုတ်သောကြောင့် ထူးခြားသော ရွေးချယ်ခန့်အပ်မှုဖြစ်သည့် မစ္စတာ ဟက်ဂ်ဆက်သည် မီဒီယာတွင် တရုတ်နှင့်ပတ်သက်သည့် တင်းမာသောသဘောထားကို ပြတ်သားစွာ ဖော်ပြသည်။

တရုတ်သည် “အမေရိကန် ပြည်ထောင်စုကို ချေမှုန်းရန် ဆုံးဖြတ်ထားသည့် စစ်တပ်ကို တည်ဆောက်နေပြီး” ကမ္ဘာ့သြဇာလွှမ်းမိုးရန် နည်းပညာနှင့်ထုတ်လုပ်မှု လက်ဝါးကြီးအုပ်ရေးကို အသုံးပြုနေသည်ဟု ယခုလအစောပိုင်းက YouTube မှ Shawn Ryan အစီအစဉ်တွင် ပါဝင်စဉ် ၎င်းက ပြောခဲ့သည်။

တရုတ်သည် ကမ္ဘာတွင် အဆင့်မြင့်ချစ်ပ် အများအပြား ထုတ်လုပ်သည့် တပိုင်းလျှပ်ကူး လုပ်ငန်းကို ထိန်းချုပ်မှုရရေးအတွက် ထိုင်ဝမ်ကို သိမ်းယူရန် ရည်ရွယ်သည်ဟုလည်း ဟက်ဂ်ဆက်က ပြောသည်။

“သူတို့က ဒေသတွင်းမှာသာမက ကမ္ဘာကိုပါ လွှမ်းမိုးဖို့ ရေရှည်အမြင်အစုံ ရှိတယ်။ သူတို့အကျိုးရှိမယ့် စနစ်တခု အကောင်အထည်ဖော်ဖို့ သူတို့လုပ်နိုင်တဲ့ တခုတည်းသော နည်းလမ်းကတော့ ကျနော်တို့ကို ချေမှုန်းဖို့ပဲ။ သူတို့ အဲဒီလိုလုပ်ဖို့ စီမံကိန်းချဖို့ လုံလောက်အောင် ရည်မှန်းချက်ကြီးမားတယ်” ဟုလည်း ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်နှင့် အာဖရိကတွင် အထူးတပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းခဲ့သည့် အငြိမ်းစား ဝေါ့ဇ်ကလည်း တရုတ်သည် “သေရေးရှင်ရေး ခြိမ်းခြောက်မှု” ဖြစ်သည်ဟုပြောပြီး ထရမ့်က ဝေါ့ဇ်သည် “တရုတ်၊ ရုရှား၊ အီရန်နှင့် ကမ္ဘာ့အကြမ်းဖက်ဝါဒတို့၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်သည့် ကျွမ်းကျင်သူဖြစ်သည်” ဟုလည်း ပြောသည်။

သူ၏ Hard Truths: Think and Lead Like a Green Beret စာအုပ်တွင် ဝေါ့ဇ်က အမေရိကန် ပြည်ထောင်စုသည် တရုတ်နှင့် အလားအလာရှိသည့် ပဋိပက္ခအတွက် စစ်ရေးအသင့်ရှိမှု တိုးတက်အောင် လုပ်သင့်သည်ဟု ရေးသားသည်။

ထိုင်ဝမ်အနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန်လည်း သူ လူသိရှင်ကြား တိုက်တွန်းသည်။ ထိုင်ဝမ်၏ ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၂၅ ခုနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၂ ဒသမ ၄၅ ရာခိုင်နှုန်း ရှိလာတော့မည်ဖြစ်သည်။

“တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ပြီး ထိုင်ဝမ်ကို နောက်မကျမီ အခု လက်နက်တပ်ဆင်ပြီး ကျနော်တို့ ယူကရိန်းကနေ လေ့လာသင့်တယ်။ ဒါကြောင့် ထိုင်ဝမ်ရဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းကို တောင့်တင်း‌အောင် ဘယ်လိုလုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အချိန်ဇယားရှိဖို့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး အရာရှိတွေကို ကျနော် တိုက်တွန်းတယ်” ဟု လူမှုကွန်ရက် X တွင် လွန်ခဲ့သောနှစ်တွင် ဝေါ့ဇ်က ရေးခဲ့သည်။

မိုက်ကယ် ဝေါ့ဇ်၏ ပြောဆိုချက်များသည် ထရမ့်၏ မှတ်ချက်များကို ပဲ့တင်ထပ်နေသည်။ ထရမ့်ကလည်း ထိုင်ဝမ်ကာကွယ်ရေး အသုံးစရိတ်သည် GDP ၏ ၁၀ ရာခိုင်နှုန်းအထိ မြင့်မားသင့်ကြောင်း မဲဆွယ်ပွဲအတွင်း ပြောသည်။

သူ၏ ပြောဆိုချက်များသည် ထရမ့်၏ မှတ်ချက်များကို ပဲ့တင်ထပ်နေသည်။ ထရမ့်ကလည်း ထိုင်ဝမ်ကာကွယ်ရေး အသုံးစရိတ်သည် GDP ၏ ၁၀ ရာခိုင်နှုန်းအထိ မြင့်မားသင့်ကြောင်း မဲဆွယ်ပွဲအတွင်း ပြောသည်။

“ဝေါ့ဇ်က စိတ်အားထက်သန်တဲ့ တရုတ်ဆန့်ကျင် ရန်လိုသူဖြစ်ပြီး ထိုင်ဝမ်ကို ကာကွယ်ရေးရဲ့ အရေးပါမှုကို အလေးထားတယ်” ဟု တောင်ကိုရီးယားမှ ဒန်းကွတ်ခ်တက္ကသိုလ်မှ ဧည့်ပါမောက္ခ ဘန်ဂျမင် အေ အိန်ဂျယ်က Al Jazeera သို့ ပြောသည်။

“တရုတ်ကို ရင်ဆိုင်ရာမှာ မဟာမိတ်တွေ အင်အားတောင့်တင်းရေးကို သူယုံကြည်ပုံရပြီး အဲဒီလို ကိစ္စအတွက် အိန္ဒိယနဲ့ဆက်ဆံရေး တိုးတက်ရေးကို အခိုင်အမာထောက်ခံနေတယ်” ဟုလည်း ၎င်းကပြောသည်။

ထရမ့်၏ ရွေးချယ်မှုများသည် ဂျပန်နှင့် တောင်ကိုရီးယားတို့က “အထိုက်အလျောက် ကြိုဆိုသည့် သတင်းများ” ဖြစ်သော်လည်း “အင်အားကြီး နှစ်နိုင်ငံအကြား ရှင်းလင်းသည့်ရွေးချယ်မှု မလုပ်လိုသည့် အရှေ့တောင်အာရှနိုင်ငံ အများအပြားအတွက် ဆွဲဆောင်မှုမရှိ” ဟု ပါမောက္ခ အိန်ဂျယ်က ပြောသည်။

ထိုသို့ တရုတ်ကို ရန်လိုသူများအကြားတွင် မစ္စတာ အီလွန်မတ်စ်သည် ထရမ့်၏ အသိုက်အဝန်းမှ တရုတ်လိုလားသူ အနည်းငယ်အနက် တဦးဖြစ်ကြောင်း ပေါ်လွင်စေသည်။

Tesla ၏ အမှုဆောင်အရာရှိချုပ်အဖြစ် မစ္စတာ အီလွန်မတ်စ်သည် ရှန်ဟိုင်းမှ အလွန်ကြီးမားသည့် စက်ရုံကြီးတခု အပါအဝင် တရုတ်တွင် ကျယ်ပြန့်သော စီးပွားရေးအကျိုးစီးပွား ရှိနေသည်။ တရုတ်သည် အမေရိကန် ပြည်ထောင်စုပြီးလျှင် Tesla ၏ ဒုတိယအကြီးမားဆုံး ဈေးကွက်လည်း ဖြစ်သည်။

ထို့ကြောင့် သူသည် အမေရိကန် ပြည်ထောင်စုက တရုတ်နှင့် ထပ်မံ “လက်တွဲဖြုတ်ခြင်း” ကို ဆန့်ကျင်နိုင်သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က နယူးယောက်မြို့၊ မက်ဒီဆန် ရင်ပြင်ဥယျာဉ်တွင် ထရမ့် မဲဆွယ်ပွဲ၌ အီလွန်မတ်စ် စကားပြောနေစဉ် / AP

မစ္စတာ မတ်စ်သည် ၂၀၂၂ ခုနှစ်တွင် ရှင်ကျန်း၌ အရောင်းပြခန်းဖွင့်ခြင်း အပါအဝင် တရုတ်နှင့် စီးပွားရေးဆက်ဆံမှုများကြောင့် လူ့အခွင့်အရေးအကျိုးဆောင်များနှင့် ရူဘီရို အပါအဝင် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်များ၏ ဝေဖန်ခံရသည်။ တရုတ်အစိုးရသည် ရှင်ကျန်းတွင် ဝီဂါမွတ်စလင် လူမျိုးစုများကို လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲခံနေရသည်။

နည်းပညာလုပ်ငန်းရှင်ကြီး အီလွန်မတ်စ်သည် ၂၀၂၃ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းနှင့် တရုတ်နိုင်ငံ၏ နံပါတ် ၂ ခေါင်းဆောင် ဝန်ကြီးချုပ် မစ္စတာ လီချန်းအပါအဝင် တရုတ်ထိပ်တန်းအရာရှိများနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ် လီချန်းနှင့် ယခုနှစ် ဧပြီလကမှ တွေ့ခဲ့သည်။

တရုတ်နှင့်ပတ်သက်သည့် အီလွန်မတ်စ်၏ ပြောကြားမှုများသည် ထရမ့်၏ အတွင်းစည်းမှ အခြားရန်လိုသူများ၏ အမြင်များနှင့် အလွန် ကွဲပြားခြားနားနေသည်။

အမေရိကန်၏ အာရှမှ မဟာမိတ်အချို့သည် ထရမ့်က မစ္စ စတက်ဖနစ်ခ်ကို ကုလသမဂ္ဂ သံအမတ်အဖြစ် ရွေးချယ်ခြင်းကြောင့် ကျေနပ်ကြမည် မဟုတ်ကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ အီယန် ချုံက ပြောသည်။

မစ္စ စတက်ဖနစ်ခ်က တရုတ်ကွန်မြူနစ်ပါတီသည် “ရွေးကောက်ပွဲတွင် ဗြောင်ကျကျ စွက်ဖက် မသမာမှုလုပ်သည်”၊ “တက္ကသိုလ်ကျောင်းများသို့ စိမ့်ဝင်သည်”ဟု စွပ်စွဲပြီး အစ္စရေး၏ ဂါဇာစစ်ပွဲကို ကုလသမဂ္ဂက ဝေဖန်သောကြောင့် ကုလသမဂ္ဂသို့ အမေရိကန် ငွေကြေးထောက်ပံ့ခြင်းကို “လုံးဝ ပြန်လည်သုံးသပ်ရန်” လည်း တိုက်တွန်းသည်။

မစ္စ စတက်ဖနစ်ခ်က တရုတ်ကွန်မြူနစ်ပါတီသည် “ရွေးကောက်ပွဲတွင် ဗြောင်ကျကျ စွက်ဖက် မသမာမှုလုပ်သည်”၊ “တက္ကသိုလ်ကျောင်းများသို့ စိမ့်ဝင်သည်”ဟု စွပ်စွဲပြီး အစ္စရေး၏ ဂါဇာစစ်ပွဲကို ကုလသမဂ္ဂက ဝေဖန်သောကြောင့် ကုလသမဂ္ဂသို့ အမေရိကန် ငွေကြေးထောက်ပံ့ခြင်းကို “လုံးဝ ပြန်လည်သုံးသပ်ရန်” လည်း တိုက်တွန်းသည်။

စတက်ဖနစ်ခ်သည် ထရမ့်၏ “အမေရိက ပထမဦးစားပေး” အတွေးအခေါ်နှင့် ကိုက်ညီသော်လည်း ကုလသမဂ္ဂကို ဆက်လက်ထောက်ခံသည့် အမေရိကန်မဟာမိတ်များနှင့် ပွတ်တိုက်မှုဖြစ်နိုင်ကြောင်း လက်ထောက်ပါမောက္ခ အီယန် ချုံက ပြောသည်။

ထရမ့်ကို ခေါင်းဆောင်တဦးအနေဖြင့် ကြိုတင်ခန့်မှန်း မရသောကြောင့် သူ၏ ရွေးချယ်မှုများသည် လေးနှစ်သက်တမ်းတခုလုံး မကြာနိုင်ကြောင်း ၎င်းကသတိပေးသည်။

ထရမ့်၏ ပထမအကြိမ်အစိုးရတွင် လူဝင်လူထွက်များပြီး မစ္စတာ ထရမ့်သည် အရာရှိချုပ် သုံးဦး၊ ပြည်တွင်းလုံခြုံရေးဝန်ကြီး သုံးဦးနှင့် ကာကွယ်ရေးအကြီးအကဲ နှစ်ဦး လဲလှယ်ခဲ့သည်။

“အရင်အစိုးရကနေ သိနိုင်တာက ထရမ့်သည် သူ့အရာရှိတွေကို ပြောင်းလဲရာမှာ အရမ်းမြန်တယ်ဆိုတာပဲ။ ဒုတိယအသုတ်၊ တတိယအသုတ်နဲ့ စတုတ္ထအသုတ်မှာ ဘယ်သူတွေ ပါလာနိုင်လဲ၊ အခုခန့်တဲ့လူတွေ ဘယ်လောက်ကြာကြာခံလဲ ဆိုတာကိုလည်း ကျနော်တို့သတိထားရမယ်” ဟု Al Jazeera သို့ လက်ထောက်ပါမောက္ခ အီယန် ချုံက ပြောသည်။

ကိုးကား။ ။ Al Jazeera ပါ Erin Hale ၏ Trump signals hard line on China with hawkish cabinet picks

You may also like these stories:

ထရမ့်က ကမ္ဘာတွင် အမေရိကန်ကို ပြောင်းလဲစေမည့် နည်းလမ်း ၃ ခု

ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

ထရမ့်ကို နောက်တကြိမ်လုပ်ကြံမှု၊ ခွေးတွေကြောင်တွေအရေး၊ တေလာဆွစ်ဖ်နှင့် အမေရိကန် ရွေးကောက်ပွဲ

ဒေါ်နယ်ထရမ့်၊ တရုတ်နဲ့ မြန်မာ အရွေ့ (ရုပ်/သံ)

ထရမ့်လက်ထက်မှာ မြန်မာ့အရေး ကောင်းတာတွေလည်းရှိနိုင်တယ် (ရုပ်/သံ)

Your Thoughts …
Tags: CIAကာကွယ်ရေး အသုံးစရိတ်စီးပွားရေးတရုတ်ထိုင်ဝမ်ထောက်လှမ်းရေးဒေါ်နယ် ထရမ့်နည်းပညာရွေးကောက်ပွဲလူ့အခွင့်အရေး ချိုးဖောက်မှုအကောက်ခွန်အမေရိကန်အမျိုးသားလုံခြုံရေးအရေးယူပိတ်ဆို့မှုအရှေ့တောင်အာရှ
Erin Hale

Erin Hale

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
စလင်းတွင် စစ်စခန်းတခုကို တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်း

စလင်းတွင် စစ်စခန်းတခုကို တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်း

ကျည်မလောက်၍ ပုလဲမှ တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ်

ကျည်မလောက်၍ ပုလဲမှ တော်လှန်ရေးပူးပေါင်းတပ်များ ပြန်ဆုတ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved