• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထရမ့်ကို နောက်တကြိမ်လုပ်ကြံမှု၊ ခွေးတွေကြောင်တွေအရေး၊ တေလာဆွစ်ဖ်နှင့် အမေရိကန် ရွေးကောက်ပွဲ

by Jared Mondschein
21 September 2024
in ဆောင်းပါး
A A
ထရမ့်ကို နောက်တကြိမ်လုပ်ကြံမှု၊ ခွေးတွေကြောင်တွေအရေး၊ တေလာဆွစ်ဖ်နှင့် အမေရိကန် ရွေးကောက်ပွဲ

ပေါ့ပ်စူပါစတား တေလာဆွစ်ဖ်က ဟဲရစ်ကို ထောက်ခံပြီး ထရမ့်က “တေလာဆွစ်ဖ်ကို ငါ မုန်းတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားသည်

3.4k
VIEWS
Share on FacebookShare on Twitter

မစ္စ ကမ်မလာ ဟဲရစ်နှင့် မစ္စတာ ဒေါ်နယ်ထရမ့် စကားစစ်ထိုးပွဲအပြီး အမေရိကန် ရွေးကောက်ပွဲတွင် အိုဟိုင်းယိုးပြည်နယ်၊ စပရင်းဖီးလ်ဒ်တွင် ဟေတီမှ ရွှေ့ပြောင်းလာသူများသည် ခွေးများနှင့်ကြောင်များကို စား၊ မစားဆိုသည့် ကိစ္စက အမေရိကန် ရွေးကောက်ပွဲကို လွှမ်းမိုးနေသည်။

ပေါ့ပ်စူပါစတား တေလာဆွစ်ဖ်က ဟဲရစ်နှင့် ဝေါ့ဇ်ကို ထောက်ခံပြီး ထရမ့်က “တေလာဆွစ်ဖ်ကို ငါ မုန်းတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားသည်။

ယခုအခါ မစ္စတာ ထရမ့်ကို ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု ဖြစ်လာသည်။

မုန်းတီး၊ ပူညံဆူလောင်မှု အများအပြား ရှိနေသော်လည်း ထိုကိစ္စများသည် နိုဝင်ဘာလ ၅ ရက်နေ့ ရွေးကောက်တွင် အရေးပါမည်လား။

ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု

နှစ်လအတွင်း ဒုတိယအကြိမ်အဖြစ် မစ္စတာ ထရမ့်သည် သူ့အသက်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုမှ လွတ်မြောက်သွားပြီး ယခုတကြိမ်တွင် AK-47 ပုံစံ ရိုင်ဖယ်တလက်နှင့်လူက လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခြင်း ဖြစ်သည်။

ထရမ့်ကို ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူ သံသယတရားခံ အသက် ၅၈ နှစ်အရွယ် ရိုင်ယန် ဝက်စလေ ရုသ်

အဖြစ်အပျက် အသေးစိတ်များသည် ထွက်ပေါ်နေဆဲဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် ရိုင်ယန် ဝက်စလေ ရုသ်သည် သမ္မတဟောင်း ထရမ့် ဖလော်ရီဒါတွင် ဂေါက်ရိုက်နေစဉ် သူနှင့် ကိုက်ရာဂဏန်း အနည်းငယ်မျှ အကွာတွင် ရှိနေသည်ဟု ဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့က ထရမ့်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုနှင့်မတူဘဲ တိုက်ခိုက်ရန် ကြိုးစားသည်ဟု စွပ်စွဲခံရသူက သေနတ်တချက်မှ မပစ်နိုင်မီ သူ့ကို အထူးလုံခြုံရေးအဖွဲ့က သိသွားကာ လိုက်လံဖမ်းဆီးနိုင်ခဲ့သည်။ ထရမ့်လည်း ဒဏ်ရာ မရပေ။

သို့သော် ဇူလိုင်လ ၁၃ ရက်နေ့က ထရမ့်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုနှင့်မတူဘဲ တိုက်ခိုက်ရန် ကြိုးစားသည်ဟု စွပ်စွဲခံရသူက သေနတ်တချက်မှ မပစ်နိုင်မီ သူ့ကို အထူးလုံခြုံရေးအဖွဲ့က သိသွားကာ လိုက်လံဖမ်းဆီးနိုင်ခဲ့သည်။ ထရမ့်လည်း ဒဏ်ရာ မရပေ။

ကံမကောင်း အကြောင်းမလှသည်မှာ လုပ်ကြံသတ်ဖြတ်မှုများသည် အမေရိကန် နိုင်ငံရေးတွင် ရှားပါးသော ဖြစ်ရပ်များ မဟုတ်ပေ။ မည်သို့ဆိုစေ မစ္စတာ ဂျိုးဘိုင်ဒင် အပါအဝင် ခေတ်သစ်သမိုင်းမှ အမေရိကန် သမ္မတများအားလုံး အမျိုးမျိုးသော လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုများကို ရင်ဆိုင်ရသည်။ ပိုမိုရှားပါးသော ကိစ္စမှာ လုပ်ကြံရန် ကြိုးစားသူများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက အထမြောက်မှု နီးစပ်လာခြင်းဖြစ်သည်။

ခွေးများ၊ ကြောင်များအရေး အထိန်းအကွပ်မဲ့ ပြောဆိုမှုများ

သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ဆွဲအားအကောင်းဆုံး စကားမှာ အိုဟိုင်းယိုးပြည်နယ် စပရင်ဖီးလ်တွင် ဟေတီမှ ရွှေ့ပြောင်းအခြေချများသည် ခွေးများ၊ ကြောင်များကို ချက်စားနေသည်ဆိုသည့် စကားဖြစ်နိုင်သည်။ ဒုသမ္မတလောင်း ဂျေဒီဗန့်စ်က ထိုသို့ ဦးစွာပြောဆိုပြီးနောက် ထရမ့်က အလားတူ ပြောခြင်းဖြစ်သည်။

ထိုသို့ စွပ်စွဲမှုကို ထိုမြို့မှ အရာရှိများက အကြိမ်ကြိမ် ငြင်းဆန်သော်လည်း ဗန့်စ်က ပိုမိုအခိုင်အမာ ပြောသည်။ ဟေတီလူမှုအသိုက်အဝန်းကို ခြိမ်းခြောက်သည့် သတင်းများ ထွက်ပေါ်လာနေသည်။

၂၀၁၄ ခုနှစ်တွင် အိုဟိုင်းယိုးမြို့မှ ခေါင်းဆောင်များသည် အရေးပေါ်အခြေအနေ ကြေညာပြီး ထိုစဉ်က အလုပ်သမား ရှားပါးမှုကြောင့် ရွှေ့ပြောင်းအခြေချများကို ကြိုဆိုသည့် မြို့ဖြစ်ကြောင်း ကြေညာသည်။ လူဦးရေ ၅၉,၀၀၀ ရှိသော ထိုမြို့၏ စီးပွားရေး ပြန်လည် ရှင်သန်လာခြင်းသည် ဟေတီမှ နိုင်ငံရေး မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသည့် ခန့်မှန်းခြေ ၁၂,၀၀၀ မှ ၁၅,၀၀၀ ရှိသော ရွှေ့ပြောင်းအခြေချများ ဝင်ရောက်လာခြင်းနှင့် တိုက်ဆိုင်နေရုံသာမက မြို့၏ရင်းမြစ်များ အကျပ်အတည်းဖြစ်ခြင်း၊ တင်းမာမှု မြင့်မားလာခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။

စပရင်းဖီးလ်ဒ်မှ ဟေတီလူမှုအသိုက်အဝန်းနှင့် ပတ်သက်သည့် ထရမ့်-ဗန့်စ် မဲဆွယ်ပွဲက ထိုအခြေအမြစ် မရှိသည့် ပြောဆိုချက်များကို ရှောင်ရှားရန် ငြင်းဆန်ခြင်းသည် လူဝင်မှုကြီးကြပ်ရေး အာရုံစိုက်အောင်လုပ်သည့် အားထုတ်မှု ဖြစ်ကြောင်း ထင်ရှားသည်။

စပရင်းဖီးလ်ဒ်မှ ဟေတီလူမှုအသိုက်အဝန်းနှင့် ပတ်သက်သည့် ထရမ့်-ဗန့်စ် မဲဆွယ်ပွဲက ထိုအခြေအမြစ် မရှိသည့် ပြောဆိုချက်များကို ရှောင်ရှားရန် ငြင်းဆန်ခြင်းသည် လူဝင်မှုကြီးကြပ်ရေး အာရုံစိုက်အောင် လုပ်သည့် အားထုတ်မှု ဖြစ်ကြောင်း ထင်ရှားသည်။

ရီပတ်ဘလီကန်ပါတီ ဒုသမ္မတလောင်း ဂျေဒီဗန့်စ်က ဟေတီမှ ရွှေ့ပြောင်းအခြေချများ ခွေးများ၊ ကြောင်များကို ချက်စားနေသည်ဟု ဦးစွာပြောဆိုပြီးနောက် ထရမ့်က အလားတူ ပြောသည်

လူဝင်မှုကြီးကြပ်ရေးသည် အမေရိကန်အများစုက ရီပတ်ဗလစ်ကန် ချဉ်းကပ်ပုံ နည်းလမ်းကို ပိုမိုနှစ်သက်ကြသည့် မူဝါဒ၏ နယ်ပယ်ဖြစ်သည်။ လာမည့် နှစ်လတွင် အမေရိကန် အလုပ်လက်မဲ့နှုန်း တက်လာသောအခါ လူဝင်မှုဆန့်ကျင်ရေးစကားများကို မိမိတို့ ပိုမိုကြားလာရမည်ဟု မျှော်လင့်ရသည်။

ထိုအချက်များအရေးပါ ပါသလား

ဇူလိုင်လကို ပြန်လည်သုံးသပ်ပါက စကားစစ်ထိုးပွဲတွင် ဘိုင်ဒင် လုပ်ဆောင်မှု မတိုးတက်ခြင်း၊ အမှုအများအပြားတွင် ထရမ့် အနိုင်ရခြင်း၊ ဘိုင်ဒင်-ဟဲရစ် အစိုးရကို ထောက်ခံမှု ကျဆင်းခြင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုမှ လွတ်မြောက်ပြီး သွေးထွက်သံယိုဖြစ်ရသည့် ထရမ့်၏ လက်သီးလက်မောင်း တန်းခြင်းတို့ကြောင့် ထရမ့်သည် နောက်တက်မည့် အမေရိကန် သမ္မတဖြစ်ရန် အာမခံနေသည့် အချက်များအဖြစ် အချို့ကို ယူဆစေသည်။ သူ၏ မဲဆွယ်ပွဲကို အကျိုးပြုနိုင်သည့် ထိုသို့သော ဖြစ်ရပ်များထက် ကောင်းသောဖြစ်ရပ် မရှိနိုင်တော့ပေ။

ထို့နောက် ဇူလိုင် ၂၁ ရက်နေ့တွင် ဘိုင်ဒင် ပြိုင်ပွဲမှ နုတ်ထွက်သွားပြီး ဟဲရစ်သည် ထိပ်တန်း သမ္မတလောင်း ဖြစ်လာကာ ဒီမိုကရက်တို့ကို နိုင်ငံရေးလမ်းကြောင်း ပြန်တည့်မတ်သွားစေသည်ဟု အများအပြားက ပြောသည်။

ယခင် မကြုံဖူးသည့် ဖြစ်ရပ်များသည် ကနဦး သမ္မတလောင်းရွေးပွဲ အရှိန်အဟုန်ဖြင့် မစတင်မီအတွင်း ဖြစ်ပျက်ခဲ့သည်။ လက်ရှိသမ္မတအနေဖြင့် နောက်ထပ် ဝင်ရောက် မယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည့် နောက်ဆုံးအချိန်မှာ ၁၉၆၈ ခုနှစ်က ဖြစ်သည်။ ထိုဖြစ်ရပ်များမှ အရေးအပါဆုံး မှတ်သားဖွယ်ရာမှာ မည်မျှ အနည်းငယ်သာ ပြောင်းလဲသနည်းဆိုသည့် ကိစ္စဖြစ်သည်။

၂၀၂၄ ခုနှစ် သမ္မတလောင်း ရွေးပွဲမှ ဘိုင်ဒင် မထွက်မီ အမျိုးမျိုးသော နိုင်ငံလုံးဆိုင်ရာ စစ်တမ်းများအရ သမ္မတသည် (မကြာသေးမီကမှ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု လွတ်မြောက်ကာစ) ထရမ့်ထက် ၁ သို့မဟုတ် ၂ ရာခိုင်နှုန်းသာ နောက်ကောက်ကျနေသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
451
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

ထို့ပြင် လွန်ခဲ့သောသီတင်းပတ်က မစ္စ ဟဲရစ်၏ အောင်မြင်သော စကားစစ်ထိုးပွဲ မတိုင်မီက ဟဲရစ်သည် ထရမ့်ထက် ရာခိုင်နှုန်း အနည်းငယ်သာ နိမ့်သည် သို့မဟုတ် ရာခိုင်နှုန်းတူသည် သို့မဟုတ် အနည်းငယ် မြင့်မားသည် စသည်ဖြင့် စစ်တမ်းအမျိုးမျိုးက ဖော်ပြကြသည်။

ဇူလိုင်လ ၁၃ ရက်နေ့က လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုအပြီးတွင် ထရမ့်အပေါ် ထောက်ခံမှုနှုန်းသည် ၂ ရာခိုင်နှုန်းအောက်သာ တိုးလာသည်ကို တွေ့ရသည့်အတိုင်းပင် ဟဲရစ်၏ စကားစစ်ထိုးပွဲ စွမ်းဆောင်မှုအပြီး စစ်တပ်များတွင် ဟဲရစ်ကို ထောက်ခံမှုနှုန်း ၁ ရာခိုင်နှုန်းအောက်သာ တက်လာသည်။

ဇူလိုင်လ ၁၃ ရက်နေ့က လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုအပြီးတွင် ထရမ့်အပေါ် ထောက်ခံမှုနှုန်းသည် ၂ ရာခိုင်နှုန်းအောက်သာ တိုးလာသည်ကို တွေ့ရသည့်အတိုင်းပင် ဟဲရစ်၏ စကားစစ်ထိုးပွဲ စွမ်းဆောင်မှုအပြီး စစ်တပ်များတွင် ဟဲရစ်ကို ထောက်ခံမှုနှုန်း ၁ ရာခိုင်နှုန်းအောက်သာ တက်လာသည်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကင်မလာဟဲရစ်နှင့် ဒုသမ္မတလောင်း တင်မ်ဝေါ့ဇ်

လွန်ခဲ့သော ခြောက်လက အထက်ပါ မည်သည့်ဖြစ်ရပ်မှ မဖြစ်သေးသည့် နိုင်ငံရေးကာလက ထရမ့်အပေါ် ထောက်ခံမှုနှုန်းသည် ပျှမ်းမျှ ၄၇ ရာခိုင်နှုန်း ရှိသည်။ ယနေ့တွင်လည်း ထိုအရေအတွက်အတိုင်း အတိအကျ ရှိနေသည်။ လွန်ခဲ့သော ခြောက်လအတွင်း သူ့အပေါ် ထောက်ခံမှုနှုန်းသည် ၄၄ ရာခိုင်နှုန်းအောက် မရောက်သလို ၄၉ ရာခိုင်နှုန်းထက် မကျော်ဘဲ အဓိကအားဖြင့် တွက်ချက်မှု အမှားအယွင်း အနည်းငယ်သာ ရှိနေသည်။ တနည်းအားဖြင့်ဆိုပါက မည်သည့်ဖြစ်ရပ် ဖြစ်သည်ဖြစ်စေ ထရမ့်အပေါ် အမြင်များသည်လည်း ဟဲရစ်နှင့် ဘိုင်ဒင်အပေါ် အမြင်များကဲ့သို့ပင် မပြောင်းမလဲ ဆက်လက် ရှိနေနိုင်သည်။

ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံး ကပ်ရောဂါ၊ ပုန်ကန်မှု၊ ရာဇဝတ်တရားစီရင်ချက်များနှင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုများသည် အမေရိကန်များနှင့် ပြင်ပမှ စောင့်ကြည့်နေသူများကို သက်ရောက်မှု များနိုင်သော်လည်း အမေရိကန်နိုင်ငံရေး အားပြိုင်မှု အခိုင်အမာ ဆက်လက်ရှိနေသည်။

သို့သော် လွန်ခဲ့သော သမ္မတရွေးကောက်ပွဲ နှစ်ခုတွင် တဖက်နှင့် တဖက် မဲကွာဟမှု အနည်းငယ်သာရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲကို အမေရိကန်နိုင်ငံသားများ၏ ဝ ဒသမ ၀၃ ရာခိုင်နှုန်း၏ မဲများကသာ အဆုံးအဖြတ်ပေးခဲ့သည်။ ထို့ကြောင့် အရေးပါမှု အနည်းဆုံးဖြစ်ပုံရသည့် ဖြစ်ရပ်များကလည်း အဆုံးအဖြတ်ပေးနိုင်သည်ဟု ဆိုရမည်။

(The Conversation ပါ Jared Mondschein ၏ Another assassination attempt, baseless claims about pets, and Taylor Swift: the US election is wild, but does any of it matter? ကို ဘာသာပြန်သည်။ Jared Mondschein သည် ဆစ်ဒနီတက္ကသိုလ်ရှိ အမေရိကန်လေ့လာရေးစင်တာမှ သုတေသနဌာန ဒါရိုက်တာဖြစ်သည်။)

You may also like these stories:

ထရမ့်၊ ကင်မလာ ထိပ်တိုက်တွေ့ပွဲနှင့် အဖြေမသိသေးသည့် မေးခွန်း

ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ

ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်

ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ

Your Thoughts …
Tags: တေလာဆွစ်ဖ်မဲဆွယ်ပွဲရွေးကောက်ပွဲဟေတီအမေရိကန်
Jared Mondschein

Jared Mondschein

Jared Mondschein သည် ဆစ်ဒနီတက္ကသိုလ်ရှိ အမေရိကန်လေ့လာရေးစင်တာမှ သုတေသနဌာန ဒါရိုက်တာဖြစ်သည်။

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
ဘန်ကောက်က ရေမြင်းပုမလေး မိုဒန်း ရေပန်းစားနေ

ဘန်ကောက်က ရေမြင်းပုမလေး မိုဒန်း ရေပန်းစားနေ

အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved