• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ

by ဧရာဝတီ
5 April 2023
in ဆောင်းပါး
A A
ဒေါ်နယ် ထရမ့်နှင့် စတော်မီ ဒန်နီရယ် / AFP

ဒေါ်နယ် ထရမ့်နှင့် စတော်မီ ဒန်နီရယ် / AFP

14k
VIEWS
Share on FacebookShare on Twitter

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ အရှုပ်တော်ပုံတခုကို ရှောင်ရှားရန် လူကြီးရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီရယ်ကို နှုတ်ပိတ်ခပေးသည်ဆိုသည့် စွပ်စွဲချက်မှ ပေါ်ပေါက်လာသည့် ရာဇဝတ်မှု စွဲချက်အတွက် အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကို မတ်လ ၃၀ ရက်နေ့က နယူးယောက်တွင် တရားစွဲသည်။

ဒန်နီရယ်က သူသည် ထရမ့်နှင့် ၂၀၀၆ ခုနှစ်က လိင်ဆက်ဆံရေး ရှိခဲ့ကြောင်း ပြောသည်။ ထိုအချိန်သည် အများကြိုက် ရုပ်သံအစီအစဉ်ကြောင့် ကျော်ကြားနေသော စီးပွားရေးသမား ထရမ့်က သူ၏ တတိယဇနီး မယ်လန်နီယာကို လက်ထပ်ပြီးသောနှစ်ဖြစ်ပြီး သမ္မတမဖြစ်မီ ဆယ်စုနှစ်တခုအလို ဖြစ်သည်။ ထိုဆက်ဆံရေးကို ထရမ့်က ငြင်းဆန်ပြီး ထိုသို့ငွေပေးခြင်းသည် ဒန်နီရယ်က လိမ်လည်ငွေညှစ်ခြင်းကို ရပ်တန့်သွားအောင် ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဒန်နီရယ်နှင့် သူပြောသည့် ထရမ့်နှင့်ဆက်ဆံရေး အချက်အလက်များကို အောက်တွင် ဖော်ပြလိုက်သည်။

လူကြီးရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီရယ်

လူကြီးရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီရယ် / AFP

အသက် ၄၄ နှစ်ရှိပြီဖြစ်သော ဒန်နီရယ်၏ အမည်ရင်းမှာ စတက်ဖနီ ကလစ်ဖို့ဒ်ဖြစ်ပြီး လူစီယားနားပြည်နယ်၊ ဘက်တန်ရော့ဂျ်မှ ဖြစ်သည်။ လူကြီးရုပ်ရှင်လောကတွင် ကျော်ကြားနေသည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာပြီဖြစ်ပြီး ဗီဒီယိုအများအပြားတွင် သရုပ်ဆောင်၊ ဒါရိုက်တာလုပ်ခဲ့သည်။

ထရမ့်နှင့် ပတ်သက်ခဲ့သည်ဟု ပြောဆိုချက်များ

၂၀၀၆ ခုနှစ်၊ ဇူလိုင်လက လိပ်တာဟိုးမှ ဂေါက်သီးရိုက်ခရီးစဉ်တခုတွင် သူ့ကို ထရမ့်နှင့် မိတ်ဆက်ပေးကြောင်း ဒန်နီရယ်က ပြောသည်။ ထရမ့်က သူ့ကို ညစာစားရန် ဖိတ်ပြီး ဟိုတယ်ခန်းတွင် ညစာစားကြောင်း၊ ထိုဟိုတယ်ခန်းတွင် ထရမ့်က သူ့ဓာတ်ပုံ မျက်နှာဖုံးနှင့် ဂေါက်သီးမဂ္ဂဇင်းတအုပ်ကို ပြသကြောင်း ပြောသည်။

“တယောက်ယောက်က အဲဒီမဂ္ဂဇင်းကိုယူပြီး ရှင့်တင်ပါးကို ရိုက်ရမှာလို့ ကျမပြောလိုက်တယ်” ဟု ဒန်နီရယ်က “60 Minutes” အမည်ရှိ CBS ရုပ်သံအစီအစဉ်သို့ ၂၀၁၈ ခုနှစ်တွင် ပြောကြားခဲ့သည်။

“အဲဒီတော့ သူက လှည့်လာပြီး ဘောင်းဘီကို အောက်နည်းနည်း လျှောချလိုက်တယ်။ သူကအတွင်းခံပါတယ်။ ကျမ သူ့ကို နှစ်ချက်ရိုက်လိုက်တယ်” ဟု ဒယ်နီရယ်က ပြောသည်။

ထို့နောက် ထရမ့်က သူ့အကြောင်းများမေးပြီး သူ၏ရုပ်သံအစီအစဉ် Celebrity Apprentice တွင် ပါဝင်သရုပ်ဆောင်လိုသလားဟု မေးကြောင်း ပြောသည်။

“သူက မင်းက ထူးခြားတယ်။ ငါ့သမီးကို သတိရစေတယ်။ မင်းက စမတ်ကျတယ်၊ ချောတယ်။ မင်းက ဂရုစိုက်ရမယ့် မိန်းကလေးမျိုး၊ မင်းကို ငါကြိုက်တယ် ဆိုတဲ့ သဘောမျိုးပြောတယ်” ဟု ဒန်နီရယ်က ပြောသည်။

ထို့နောက် သူမသည် ထရမ့်ကို ခွင့်တောင်းကာ ရေချိုးခန်းသွားပြီး ပြန်လာသောအခါ ထရမ့်သည် ကုတင်အစွန်းတွင် ထိုင်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

“အခြေအနေကို သဘောပေါက်လိုက်တယ်။ အခြေအနေက မဟန်တော့ဘူးလို့ ကျမထင်တယ်။ သူများအခန်းကို တယောက်ထဲ လာလည်မိတာ မှားတယ်လို့ ခံစားလိုက်ရတယ်” ဟု 60 Minutes အစီအစဉ်သို့ သူကပြောသည်။

နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့ကြောင်း ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

နောက်တနှစ်တွင် ထရမ့်က သူ့ထံ ဖုန်းများဆက်ခဲ့ပြီး ထရမ့်က တောင်းဆိုသောကြောင့် Celebrity Apprentice တွင် ပါဝင်ရန် ကိစ္စဆွေးနွေးရေး လော့စ်အိန်ဂျယ်လိစ်မှ ဘီဗာလီဟေးလ် ဟိုတယ်သို့ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လတွင် သွားရောက်တွေ့ဆုံကြောင်း ပြောသည်။ ထရမ့်က ထိုဟိုတယ်တွင် နောက်တကြိမ် လိင်ဆက်ဆံလိုသော်လည်း ဒန်နီရယ်က ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ နောက်တလ ကြာသောအခါ ထရမ့်က သူ့ကိုဖုန်းဆက်ပြီး Celebrity Apprentice တွင် သူမကို ထည့်သွင်းပေးမရကြောင်း ပြောခဲ့သည်ဟု ဒန်နီရယ်က ပြောသည်။

နှုတ်ပိတ်ခပေးချေမှုနှင့် လျှို့ဝှက်ထားရေး သဘောတူညီချက်

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ထရမ့်က နှုတ်ပိတ်ခပေးခဲ့သည်ဟု ဒန်နီရယ်က ပြောသည် / AFP

ထရမ့် အနိုင်ရသည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဒန်နီရယ်သည် သူနှင့် ထရမ့်အကြား ဆက်ဆံရေးကို လူသိရှင်ကြားမပြောရန် သဘောတူညီချက် ချုပ်ဆိုပြီး ဒေါ်လာ ၁၃၀,၀၀၀ လက်ခံခဲ့ကြောင်း လော့စ်အိန်ဂျယ်လိစ် ဖက်ဒရယ်တရားရုံးသို့ တင်ပြထားသည့် စာရွက်စာတမ်းများအရ သိရသည်။ စာချုပ်ကို ထိုစဉ်က ဒန်နီရယ်၏ရှေ့နေ ကိတ်ဒေးဗစ်ဆန်က လက်မှတ်ထိုးပြီး ထရမ့်၏ရှေ့နေနှင့် မန်နေဂျာဟောင်း မိုက်ကယ်ကိုဟင်က လက်မှတ်ထိုးသည်။ ထိုစာချုပ်တွင် ထရမ့် လက်မှတ်ရေးထိုးရမည့်နေရာ ပါသော်လည်း ထရမ့်က လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

၂၀၁၈ ခုနှစ်တွင် ဝေါစထရိဂျာနယ်က ဒန်နီရယ်သို့ နှုတ်ပိတ်ခပေးသည့် သတင်းကို ဖော်ပြခဲ့ပြီးနောက် ကိုဟင်က ဒန်နီရယ်ကို သူ့ငွေဖြင့် သူပေးခဲ့ကြောင်း၊ ထရမ့်က ညွှန်ကြားသောကြောင့် ပေးခြင်းမဟုတ်ကြောင်း ပြောသည်။ ဒန်နီရယ်က ထရမ့်နှင့် ကိုဟင်ကို တရားစွဲသည်။

ထရမ့်၏ရှေ့နေများက သူသည် လျှို့ဝှက်ထားရေးစာချုပ်ကို လက်မှတ်မထိုးခဲ့ကြောင်းနှင့် စာချုပ်ကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်းမရှိကြောင်း ပြောသည်။ ထိုအခါ ထိုအမှုသည် ဖြေရှင်းပြီး ဖြစ်သွားသောကြောင့် အမှုကို တရားသူကြီးတဦးက ပယ်ချခဲ့သည်။

အသရေဖျက်မှု

စွပ်စွဲထားသည့် သူနှင့် လိင်ဆက်ဆံမှုအကြောင်း လူသိရှင်ကြားပြောသောကြောင့် ခြိမ်းခြောက်ခံရကြောင်း ဒယ်နီရယ်ပြောပြီးနောက် ထရမ့်က ဒန်နီရယ်သည် လိမ်လည်နေကြောင်း တွစ်တာပို့စ်တခုတွင် ရေးသဖြင့် ဒန်နီရယ်က ထရမ့်ကို ၂၀၁၈ ခုနှစ်က ဖက်ဒရယ်တရားရုံးတွင် တရားစွဲဆိုသည်။

၂၀၁၈ ခုနှစ်တွင် လော့စ်အိန်ဂျယ်လိစ်မှ တရားသူကြီးတဦးက ထရမ့်၏ မှတ်ချက်သည် အသရေဖျက်မှု မမြောက်ကြောင်းနှင့် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားသည့် လွတ်လပ်စွာ ပြောဆိုမှုဖြစ်ကြောင်း ဆုံးဖြတ်သည်။ တရားသူကြီး၏ ဆုံးဖြတ်ချက်ကို အယူခံဝင်သောအခါတွင်လည်း ဆက်လက်အတည်ပြုပြီး အမေရိကန် ဗဟိုတရားရုံးက အမှုကို ပြန်လည်သုံးသပ်ရန် ၂၀၂၁ ခုနှစ်တွင် ငြင်းပယ်ခဲ့သည်။

မီဒီယာတွေ့ဆုံမေးမြန်းခန်းတခုတွင် ထရမ့်နှင့် သူ၏ ဆက်ဆံရေးအကြောင်း ပြောဆိုရန် သဘောတူခဲ့ပြီးနောက် လာ့စ်ဗေးဂက်စ်မှ ကားရပ်နားရန်နေရာတခုတွင် အမည်မသိလူတဦးက ချဉ်းကပ်လာပြီး သူနှင့် သူ၏ ကလေးငယ်ကို ခြိမ်းခြောက်ခဲ့ကြောင်း ဒန်နီရယ်က ပြောသည်။

၂၀၁၈ ခုနှစ်တွင် ဒန်နီရယ်က လူတဦး၏ ကောက်ကြောင်းပုံကို ထုတ်ပြန်ခဲ့သည်။ ထိုပုံကြမ်းသည် “မရှိသည့်လူတယောက်ပုံကို နှစ်ပေါင်းများစွာကြာမှ ထုတ်ပြန်ခြင်းဖြစ်တယ်။ အရူးတွေအတွက် သတင်းတုမီဒီယာနဲ့ ကစားတဲ့ လုပ်ကြံဇာတ်လမ်းတွေ (ဒါပေမယ့် သူတို့သိပါတယ်)” ဟု တွစ်တာတွင် ထရမ့်က တုံ့ပြန်ရေးသားခဲ့သည်။

ကိုးကား ။ ။ Reuters သတင်း Who is Stormy Daniels and how is she involved in Donald Trump indictment?

သမ္မတဟောင်း ထရမ့် အဖမ်းခံရတော့မလား

အုတ်အော်သောင်းတင်းဖြစ်လာတဲ့ AI ကမ္ဘာ

ထရမ့်ကို ဇနီးနဲ့ သမီးက ရွေးကောက်ပွဲရလဒ် လက်ခံဖို့ တိုက်တွန်း

သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း

Your Thoughts …
Tags: စတော်မီ ဒန်နီရယ်တရားစွဲဆိုမှုဒေါ်နယ် ထရမ့်နှုတ်ပိတ်ခမီဒီယာလူကြီးရုပ်ရှင်သမ္မတ ရွေးကောက်ပွဲအမေရိကန် ပြည်ထောင်စုအသရေဖျက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

by Kevin Chen
18 January 2025
9.5k

မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

by မောင်ကဝိ
30 March 2024
8.1k

အဲဒီ တွေ့ဆုံမေးမြန်းမှုဟာ ရုရှားသရော်စာလားလို့သာ မေးရပါမယ်။ အဖြေကတော့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းမှု စာသားတွေထဲမှာပဲ ရှိနေပါတယ်။

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

မြန်မာက မြောက်ကိုရီးယားလို ဖြစ်လာမလား

by Jong Min Lee
11 March 2024
7.3k

မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

by David Scott Mathieson
10 August 2023
6.6k

မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

Next Post
တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုး

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ဧပြီလ ၁ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် နှောကန်ရွာ/ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပုလဲမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့သဖြင့် ဒေသခံများ ထွက်ပြေးနေရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved