• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အုတ်အော်သောင်းတင်းဖြစ်လာတဲ့ AI ကမ္ဘာ

by CWM
25 March 2023
in ဆောင်းပါး
A A
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရဲတွေက ဖမ်းနေပုံအတုအား AI ဖြင့် ဖန်တီးထားသည့်ပုံ

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရဲတွေက ဖမ်းနေပုံအတုအား AI ဖြင့် ဖန်တီးထားသည့်ပုံ

19k
VIEWS
Share on FacebookShare on Twitter

AI (ဉာဏ်ရည်တု နည်းပညာ) ဇာတ်လမ်းက ခုမှ စပါပြီ။

ပြီးခဲ့တဲ့လကတည်းက သိပ်မကြာတော့တဲ့ အနာဂတ်မှာ အခုပေါ်လာတဲ့ AI နည်းပညာကြောင့် ပြဿနာမျိုးစုံ ပေါ်လာတော့မယ်လို့ သတိပေးမှုတွေ ရှိခဲ့တယ်။

ပြဿနာက တခုတည်းမဟုတ်ဘူး၊ သောင်းခြောက်ထောင်။ လက်ရှိ အလုပ်အကိုင်တွေနေရာမှာ AI နည်းပညာသုံး ချက်ဘော့ (Chatbot) တွေ အစားထိုး နေရာယူလာတော့မယ်ဆိုတာ အသာထား။

လက်ရှိအနေအထား ဗွက်ပေါက်နေတဲ့ ဆိုရှယ်မီဒီယာ Facebook နဲ့ Twitter စာမျက်နှာပေါ်ကို AI ဖန်တီးမှု (AI generated) လုပ်ထားတဲ့ သတင်းတု၊ ဆောင်းပါးတု၊ ဝေဖန်ရေးအတုတွေ ဝင်ရောက်လာပြီး စာဖတ်သူတွေကို အမှန်အမှား ဝေဝါးသွားအောင် မှိုင်းတိုက်လာတော့မယ့်အပေါ် စိုးရိမ်ပူပန်ခဲ့ကြတယ်။

ဟော … အခု လာပါပြီဗျာ။

“ဒေါ်နယ်ထရမ့်ကို ဖမ်းလိုက်ပြီ” တဲ့။

နယူးယောက်ရဲတွေက ထွက်ပြေးနေတဲ့ ဒေါ်နယ်ထရမ့်နောက်ကို လိုက်နေတဲ့ပုံနဲ့၊ ဒေါ်နယ်ထရမ့်ကို ဖမ်းချုပ်နေတဲ့ပုံနဲ့။ ထရမ့်ကို ဖမ်းလို့ဆိုပြီး မယ်လာနီယာ ထရမ့်နဲ့ သူ့သား ဂျူနီယာထရမ့်တို့က ဆန္ဒပြနေတဲ့ပုံနဲ့။ ပုံတပုံမှာတော့ ထရမ့်က ခြေထောက်သုံးချောင်း ဖြစ်နေတယ်။ ဒါပေမယ့် လူတွေက ဒါတွေကို မမြင်ဘူး။ ထရမ့်ကို ဖမ်းစေချင်တဲ့ စိတ်နဲ့ ဒီသတင်းကို Facebook နဲ့ Twitter မှာ ဖြန့်ဝေသူ တခဏချင်းမှာ လေးသန်းရှိသွားတယ်။

ပုံတပုံမှာတော့ ထရမ့်က ခြေထောက်သုံးချောင်း ဖြစ်နေတယ်။ ဒါပေမယ့် လူတွေက ဒါတွေကို မမြင်ဘူး။ ထရမ့်ကို ဖမ်းစေချင်တဲ့ စိတ်နဲ့ ဒီသတင်းကို Facebook နဲ့ Twitter မှာ ဖြန့်ဝေသူ တခဏချင်းမှာ လေးသန်းရှိသွားတယ်။

တကယ်က ထရမ့်ကို မဖမ်းရသေးပါဘူး။ သတင်းတွေအရ ဒီတပတ်အတွင်း နယူးယောက်၊ မန်ဟက်တန် တရားရုံးက ၂၀၁၆ ရွေးကောက်ပွဲကာလအတွင်း စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်မှားတွေ အသုံးပြုခဲ့မှုနဲ့ အပြာမင်းသမီး စတော်မီ ဒန်နီရယ်ကို နှုတ်ပိတ်လာဘ်ထိုးခဲ့မှုအတွက် စွဲချက်တင်ဖို့ ရှိတယ်။ မဖမ်းရသေးဘူး။

ဒါပေမယ့် သူ့ကို ဖမ်းစေချင်သူတွေ ရှိတယ်။ ထရမ့်အဖမ်းခံရတာကို မြင်လိုတဲ့သူတွေက AI နည်းပညာသုံး text-to-images generator Midjourney ကို သုံးပြီး အလွန်အကျွံလှည့်ဖျားထားတဲ့ deepfake ပုံတွေ Twitter ပေါ် ဖြန့်ဝေလာကြတယ်။ ဒါကို Twitter အသုံးပြုသူတွေက ဝမ်းသာအားရ ပြန်ဖြန့်ကြတယ်။ ဟုတ်၏၊ မှန်၏ မစဉ်းစားတော့ဘူး။

AI ဖြင့် ဖန်တီးထားသည့် အကျဉ်းထောင်ထဲတွင် ထရမ့် အိမ်သာသန့်ရှင်းရေးလုပ်နေပုံ

ထရမ့်အဖမ်းခံရပြီဆိုတဲ့ သတင်းတုက AI generated လုပ်ထားတဲ့ အပလီကေးရှင်းတခုက ဖန်တီးလိုက်တဲ့၊ တနည်းအားဖြင့် မွှေလိုက်တဲ့ ‘ဖွ’ သတင်းတခုပါ။ ဒါ နမူနာပဲ ရှိပါသေးတယ်။

ChatGPT ဟာ နိုင်ငံရေးသမားတယောက်ကို ဆိုရှယ်မီဒီယာပေါ်မှာ လှလှပပ အသရေဖျက်ချင်သလား၊ အတော်ဆုံးပဲလို့ ချီးမွမ်းလိုသလား၊ ကိုယ်ဖြစ်စေချင်တာ ထည့်ပေးလိုက်ရုံပဲ။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က ထွက်လာတဲ့ ChatGPT4 ကတော့ ရုပ်ပုံတွေကိုပါ အမိန့်ပေး ပြုပြင်နိုင်လို့ အားလုံး အထိတ်တလန့် ဖြစ်နေကြတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က ထွက်လာတဲ့ ChatGPT4 ကတော့ ရုပ်ပုံတွေကိုပါ အမိန့်ပေး ပြုပြင်နိုင်လို့ အားလုံး အထိတ်တလန့် ဖြစ်နေကြတယ်။

Open AI နဲ့ ChatGPT အကြောင်းကိုတော့ အကျယ်တဝင့် မပြောတော့ပါဘူး။

သိထားဖို့လိုတာက Open AI က စလိုက်တဲ့ ဒီနည်းပညာဟာ ခေတ်သစ်နည်းပညာ တော်လှန်ရေးမှာ နောက်ဆုံးရောက်ရှိလာတဲ့ နည်းပညာသစ်တခု ဆိုတာပါ။

သက်တမ်းအားဖြင့် ဘာမှ မကြာသေးပါဘူး။ ပြီးခဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်ကမှ စပြီး မိတ်ဆက်တယ်။ လေးလအတွင်း ChatGPT ဟာ တကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားတယ်။

မိုက်ခရိုဆော့ဖ်ကို ထူထောင်ခဲ့တဲ့ ဘီလ်ဂိတ်က မနေ့တနေ့ကပဲ “AI ခေတ်သစ် စပြီ” လို့ ကြေညာလိုက်သလို အခုပေါ်လာတဲ့ AI နည်းပညာဟာ မိုက်ခရိုပရောဆက်ဆာတို့၊ တကိုယ်ရည်သုံး ကွန်ပျူတာ (PC) တို့၊ အင်တာနက်တို့၊ မိုဘိုင်းလ်ဖုန်းတို့ ပေါ်လာသလိုပဲ လူသားတွေရဲ့ နေထိုင်မှုဘဝကို ပြောင်းလဲပစ်တော့မယ်လို့ ဆိုလိုက်တယ်။

ဘီလ်ဂိတ်က AI နည်းပညာဟာ လူသားတွေရဲ့ ကုန်ထုတ်စွမ်းအားစု၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ သုံးခုကို အပြောင်းအလဲ ဖြစ်စေလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တယ်။

ကြည့်ရှုသူများကို အစစ်အမှန်ဟု ရုတ်တရက် ထင်မှတ်စေသည့် ဓာတ်ပုံတု

အခုဆိုရင် နည်းပညာလောကရဲ့ ဆင်ကြီးတွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ်တို့၊ Google တို့၊ Meta တို့လည်း AI နည်းပညာသစ်ကို ထည့်သွင်းနေကြပြီ။ မိုက်ခရိုဆော့ဖ်က Open AI မှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ပူးပေါင်းနေတယ်။

ChatGPT ပုံစံ မေးသမျှဖြေ၊ သိလိုသမျှမေး၊ ခိုင်းချင်တာခိုင်း၊ ကိုယ်ရေးရာဇဝင်ကအစ ကဗျာ၊ သီချင်း၊ အက်ဆေး ဖန်တီးခိုင်းလို့ရ၊ လိုတရ အပလီကေးရှင်းအသစ်တွေလည်း ထပ်ခါထပ်ခါ ပေါ်လာလို့နေပါပြီ။

ဘာလုပ်လုပ် သူ့ဗားရှင်းနဲ့သူ လုပ်ချင်တဲ့ တရုတ်ကလည်း အာနီ (Ernie) တဲ့။ တရုတ်ကုမ္ပဏီ Baidu က မကြာခင်က မိတ်ဆက်တယ်။

မိုက်ခရိုဆော့ဖ်ရဲ့ ChatGPT4 က chatGPT3.5 ထက် ဗားရှင်း ပိုမြင့်တယ်။ သူက စာသားတွေသာမက ရုပ်ပုံတွေကိုပါ လိုသလို ပြုပြင်ခိုင်းလို့ရတယ်။ အခု သုံးခွင့်ရနေတဲ့ ChatGPT က စာလုံးရေ ၃,၀၀၀ အထိပဲ တုန့်ပြန်ပေမယ့် ChatGPT4 က ၂၅,၀၀၀ အထိ တုန့်ပြန်နိုင်တယ်။

ထရမ့်ကို ဖမ်းသောကြောင့် ဇနီး မယ်လာနီယာ ထရမ့်က ပေါက်ကွဲနေသည့်ပုံ AI ဖြင့် ဖန်တီးထားစဉ်

ပေါက်ကရမေးလာရင်လည်း ၈၂ ရာခိုင်နှုန်းအထိ မဖြေဘဲနေတယ်။ ChatGPT4 ကို ရိုးရိုး ChatGPT လို အလကား မပေးဘူး။ တလ ဒေါ်လာ ၂၀ ပေးပြီးမှ သုံးလို့ရမယ်။ လက်ရှိသုံးလို့ရနေတဲ့ ChatGPT တွေက ဘယ်အချိန်ထိ အလကားရနေမယ် မသိသေးဘူး။

ဒီ AI Chatbot တွေဟာ စထွက်လာချင်းမှာပဲ နယ်ပယ်အသီးသီးကို ဂယက်ရိုက်တယ်။ စင်ကာပူက ကျောင်းတွေမှာ မသုံးရဘူးလို့ ဆရာတွေက တားမြစ်တယ်။ ကျောင်းသင်ခန်းစာတခုကို ကျောင်းသားက တကယ်ဖြေထားသလား၊ AI က ဖြေထားသလား သိဖို့ ဆော့ဖ်ဝဲသစ် ဖန်တီးနေရတယ်။

စင်ကာပူက ကျောင်းတွေမှာ မသုံးရဘူးလို့ ဆရာတွေက တားမြစ်တယ်။ ကျောင်းသင်ခန်းစာတခုကို ကျောင်းသားက တကယ်ဖြေထားသလား၊ AI က ဖြေထားသလား သိဖို့ ဆော့ဖ်ဝဲသစ် ဖန်တီးနေရတယ်။

အခုနောက်ဆုံးပေါ်လာတဲ့ ChatGPT4 က အမေရိကန်ရှေ့နေစာမေးပွဲကို အမှတ် ၉၀ ရအောင် ဖြေနိုင်သတဲ့။ နောက်ဆို ရှေ့နေမလိုတော့သလောက်ပဲ။

အချက်အလက်ပေါင်း ဘီလီယံချီ သိမ်းဆည်းထားပြီး ကြိုတင်လေ့ကျင့်ပေးထားတဲ့ လူသားတယောက်လို မေးသမျှ ပြန်ဖြေ၊ သိလိုသမျှ မေး၊ ဖန်တီးချင်သမျှ အကုန်ရနေတဲ့ ဉာဏ်ရည်တု စက်ရုပ် သို့မဟုတ် ChatGPT ဟာ လူသားတွေရဲ့ တကိုယ်ရည်သုံး အတိုင်ပင်ခံစက်ရုပ်ဆိုလည်း မမှားဘူး။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
447

AI နည်းပညာသစ်ဟာ သုံးတတ်ရင် ဆေးဖြစ်နိုင်သလို မသုံးတတ်ရင် ဘေးဖြစ်နိုင်တာမို့ နည်းပညာလောကမှာ အခုချိန်ထိ အုတ်အော်သောင်းတင်း ဖြစ်နေဆဲ ဖြစ်ကြောင်းပါ။

ကိုးကား ။ ။ Independent, BBC, CAN

You may also like these stories:

Google က ဘာသာစကား ၁၀၀၀ သုံး AI တည်ဆောက်ရန် နီးစပ်လာ

အင်တာနက်မှတဆင့် အနမ်းပေးနိုင်ပြီ

Cloud Gaming နှင့် AI နည်းပညာအတွက် Microsoft နှင့် Sony တို့ ပူးပေါင်း

ဉာဏ်ရည်တုသုံး စစ်လက်နက်များ လာနေပြီ

Your Thoughts …
Tags: AIChatbotChatGPTdeepfakeErnieFacebookGoogleMetaOpen AITwitterဉာဏ်ရည်တု နည်းပညာဒေါ်နယ်ထရမ့်နည်းပညာဘီလ်ဂိတ်မိုက်ခရိုဆော့ဖ်သတင်းတု
CWM

CWM

Similar Picks:

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

by ဧရာဝတီ
3 January 2024
7.8k

"ဒီနေ့ဟာ ဒရုန်းခေတ်လို့ ကျနော်တို့ပြောနိုင်တယ်" ဟု TNLA ပြောခွင့်ရသူက ပြောသည်။

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

by Angshuman Choudhury
21 October 2023
6.9k

စစ်အာဏာသိမ်းပြီးနောက်တွင် NCA ကို ဆက်လက် ထောက်ခံခြင်းဖြင့် အိန္ဒိယသည် မြေပြင် ပကတိအခြေအနေများကို လေ့လာရန် ပျက်ကွက်နေသည်။

Next Post
မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့ဝင်များ

စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို မြောင်မှာ PDF တွေ ဝိုင်းတိုက်

အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင်မြင်တွေ့ရသည့် အကယ်ဒမီ ပိုင်ဖြိုးသု / ဧရာဝတီ

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved