• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
in သူ့အတွေး သူ့အမြင်
A A
အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

Palantir အမှုဆောင်အရာရှိချုပ် အဲလက်စ် ကာ့ပ်/ Asia Times

7.8k
VIEWS
Share on FacebookShare on Twitter

အဲလက်စ် ကာ့ပ် (Alex Karp) ဟာ စစ်လှုံ့ဆော်သူပုံ မပေါက်ဘူး။ Palantir အမှုဆောင်အရာရှိချုပ် အဲလက်စ် ကာ့ပ်ဟာ အမြင်ဆန်းပြီး ဆံပင် ဖရိုဖရဲနဲ့ မကြာခဏ ဓာတ်ပုံရိုက်ခံကာ နည်းပညာနဲ့ လူသားဝါဒ ပေါင်းစည်းမှုအကြောင်း စိန့်သြဂတ်စတင်း ဒါမှမဟုတ် နစ်ရှေးလ်တို့ကို ကိုးကားပြောတတ်တယ်။ TED (Technology, Entertainment, Design) ဟောပြောပွဲတွေအတွက် ဇာတ်တိုက်လေ့ကျင့်နေသလိုမျိုး ပြောတတ်တယ်။

ဒါပေမဲ့ အဲဒီ အနုပညာဆန်သလို ပြုမူမှုနဲ့ အတွေးအခေါ် ဟန်ရေးပြမှုနောက်ကွယ်မှာ ရိုးရှင်းတဲ့အမှန်တရားတခု ရှိတယ်။ အဲဒါကတော့ မစ္စတာ ကာ့ပ်က ဘယ်တော့မှ မဆုံးမယ့် စစ်ပွဲကို မောင်းနှင်တဲ့စနစ်တခု တည်ဆောက်နေတာပဲ။ သူ အောင်မြင်နေတယ်။

ကာ့ပ်ကို စီလီကွန်တောင်ကြားမှာ ထူးဆန်းတဲ့ လူတယောက်လို နှစ်ပေါင်းများစွာ ဆက်ဆံခဲ့ကြတယ်။ ထူးဆန်း နားလည်ရခက်တယ်၊ တုံးတိ ပြောတတ်တယ်၊ စစ်ဘက် စက်မှုလုပ်ငန်းနဲ့ ပတ်သက်တယ်။ “ကျနော်တို့က ပုံမှန်မဟုတ်သူတွေရဲ့ ပြပွဲပဲ” လို့ သူ တခါက ဂုဏ်ယူခြင်းတဝက်၊ နာကျင်ခြင်း တဝက်နဲ့ ပြောခဲ့ဖူးတယ်။

ကာ့ပ်ကို စီလီကွန်တောင်ကြားမှာ ထူးဆန်းတဲ့ လူတယောက်လို နှစ်ပေါင်းများစွာ ဆက်ဆံခဲ့ကြတယ်။ ထူးဆန်း နားလည်ရခက်တယ်၊ တုံးတိ ပြောတတ်တယ်၊ စစ်ဘက် စက်မှုလုပ်ငန်းနဲ့ ပတ်သက်တယ်။ “ကျနော်တို့က ပုံမှန်မဟုတ်သူတွေရဲ့ ပြပွဲပဲ” လို့ သူ တခါက ဂုဏ်ယူခြင်းတဝက်၊ နာကျင်ခြင်း တဝက်နဲ့ ပြောခဲ့ဖူးတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ သူက လျှို့ဝှက်မနေတော့ဘူး။ သူဟာ စစ်မြေပြင်ကို စောင့်မကြည့်တော့ဘဲ စစ်မြေပြင်ဖြစ်လာတဲ့ AI နည်းပညာ အာဏာရှင်စနစ်သစ်တခုအတွက် စီမံချက် ရေးဆွဲနေတယ်။

Palantir ရဲ့ အဓိကထုတ်ကုန် AIP (Artificial Intelligence Platform) ကို အမေရိကန် စစ်ဆင်ရေးတွေမှာ ထည့်သွင်းထားပြီး ဖြစ်တယ်။ အဲဒီ ပလက်ဖောင်းက ပစ်မှတ်ရှာဖွေရေး၊ စစ်မြေပြင် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု၊ ဒရုန်း ညှိနှိုင်းဆောင်ရွက်မှု၊ ကြိုတင်ခန့်မှန်း တားဆီးကာကွယ်ရေးနဲ့ အချက်အလက် ပေါင်းစပ်မှုတွေကို လူတကာ အထင်ကြီးထားတဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) အရှက်ရစေလောက်တဲ့ အတိုင်းအတာအထိ စွမ်းဆောင်နိုင်၊ အထောက်အကူပြုနိုင်တယ်။

သူ့ရဲ့ AIP ဟာ “အနောက်တိုင်းစစ်သည်တော်တွေကို မတရား အားသာမှုတွေပေးတယ်”လို့ ကာ့ပ်က ဂုဏ်တင် ပြောဆိုပါတယ်။ သူ့ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ပြောဆိုချက်တွေကို ထည့်မတွက်ဘဲ အရင်းစစ်လိုက်ရင် သူရဲ့ ကွန်ပျူတာ ညွှန်ကြားချက် အဆင့်ဆင့်က အားသာချက် ရှိတယ်၊ စစ်ကို စက်နဲ့ တိုက်မယ်၊ လျှို့ဝှက်ကုဒ်နဲ့ လမ်းညွှန်မယ်၊ ပြည်ချစ်စိတ် တံဆိပ်ကပ်ပြီး ရောင်းမယ်ဆိုတာပဲ ဖြစ်ပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
22
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
677
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
198

အမေရိကန် စီးပွားရေးလုပ်ငန်းတွေကပါ သူ့ထုတ်ကုန်တွေကို ဝယ်ယူနေကြပါတယ်။ Citi, BP, AIG နဲ့ Hertz တောင်မှ Palantir ရဲ့ ထုတ်ကုန်ကို အသုံးပြုနေကြတယ်။ စစ်ဘက်နဲ့ အရပ်ဘက် အသုံးပြုမှုအကြား စည်းဘောင်ကန့်သတ်မှုက ပျောက်ကွယ်နေပါပြီ။

စစ်ပွဲဇုန်တွေကို စောင့်ကြည့်ဖို့ ရည်ရွယ်ထားတဲ့ ထောက်လှမ်းရေးနည်းပညာက အခု ဖောက်သည်တွေ၊ ဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေကို စောင့်ကြည့်နေကြတယ်။ ကာ့ပ်ဟာ ပင်တဂွန်စစ်ဌာနချုပ်ကိုသာ အားကောင်းစေချင်သူ မဟုတ်ပါဘူး။ သူ့ရဲ့ Palantir ကို ကျောင်းတွေ၊ ဆေးရုံတွေ၊ တရားရုံးတွေနဲ့ ဘဏ်တွေမှာလည်း သုံးစေချင်တယ်။

စစ်ပွဲဇုန်တွေကို စောင့်ကြည့်ဖို့ ရည်ရွယ်ထားတဲ့ ထောက်လှမ်းရေးနည်းပညာက အခု ဖောက်သည်တွေ၊ ဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေကို စောင့်ကြည့်နေကြတယ်။ ကာ့ပ်ဟာ ပင်တဂွန်စစ်ဌာနချုပ်ကိုသာ အားကောင်းစေချင်သူ မဟုတ်ပါဘူး။ သူ့ရဲ့ Palantir ကို ကျောင်းတွေ၊ ဆေးရုံတွေ၊ တရားရုံးတွေနဲ့ ဘဏ်တွေမှာလည်း သုံးစေချင်တယ်။

သူ့ကို အန္တရာယ်များတဲ့သူ ဖြစ်စေတာက နည်းပညာတခုတည်း မဟုတ်ဘူး။ ယုံကြည်မှုစနစ်ပဲ။ ကာ့ပ်က “စနစ်တွေ ပြောင်းလဲရေး” နဲ့ “အင်စတီကျူးရှင်းတွေ ပြန်လည် တည်ဆောက်ရေး” ကို ဘုရားသခင်က အခွင့်အာဏာပေးထားတဲ့ တမန်တော် မိုးဇက် တောင်ထိပ်ကနေ ဗျာဒိတ်ပေးသလို ပြောတယ်။

ဒါပေမဲ့ ကယ်တင်ရှင်ဆန်တဲ့ လေသံအောက်မှာ ပိုမို ကျောချမ်းတုန်လှုပ်စရာတွေ ရှိတယ်။ အဲဒါကတော့ ရှုပ်ထွေးတဲ့ ငြင်းခုံ သုံးသပ်မှုတွေ၊ အများပြည်သူက ဆန့်ကျင်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာ သတိထားခြင်း စတဲ့ ဒီမိုကရေစီရဲ့ နောက်ပြန်ဆွဲမှုတွေဟာ ရှောင်ကွင်းသွားရမယ့်အရာတွေ ဖြစ်တယ်”ဆိုတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ သူဟာ ဆော့ဖ်ဝဲလ်လို ကိရိယာတွေ ရောင်းနေတာ မဟုတ်ဘူး၊ သုံးမှဖြစ်မယ်ဆိုတဲ့ အရာတွေကို ဈေးဗန်းခင်းနေတာ ဖြစ်ပါတယ်။

မစ္စတာ ကာ့ပ်က သူ့နိုင်ငံရေးအမြင်ကို မဖုံးကွယ်ပါဘူး။ သူက စစ်ရေးလိုလားပြီး ပွင့်လင်းမြင်သာမှုကို ဆန့်ကျင်သလို ဆီလီကွန်တောင်ကြားရဲ့ ထိခိုက်နာကျင်လွယ်မှုတွေကို ဗြောင်ကျကျ ဆန့်ကျင်တယ်။

တခြား အမှုဆောင်အရာရှိချုပ်တွေက ကျင့်ဝတ်ဘုတ်အဖွဲ့တို့၊ အိတ်ဖွင့်ပေးစာတို့နဲ့ ထွေပြားနေချိန်မှာ မစ္စတာ ကာ့ပ်က လူတွေ မသိကြတဲ့အပိုင်းကို ဖွင့်ချလိုက်တယ်။ Palantir ဟာ စွမ်းဆောင်ရည် ကင်းမဲ့နေမှုနဲ့ ဗျူရိုကရေစီအတွက်အပြင် ပြည်တွင်း ပြည်ပက ရန်သူတွေကို စစ်ဆင်ဖို့ ဖြစ်တည်လာတာလို့ မစ္စတာ ကာ့ပ်က ပြောတယ်။

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။ မစ္စတာ ကာ့ပ်အတွက် ကျင့်ဝတ်ဆိုတာ အသုံးမဝင်တော့တဲ့အရာပဲ ဖြစ်ပါတယ်။

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။ မစ္စတာ ကာ့ပ်အတွက် ကျင့်ဝတ်ဆိုတာ အသုံးမဝင်တော့တဲ့အရာပဲ ဖြစ်ပါတယ်။

အရေးကြီးတာက ထိရောက်မှုပါပဲ။ ဘာတွေလဲဆိုတော့ နည်းပညာနဲ့ပြောင်းလဲမှု၊ လွှမ်းမိုးမှုနဲ့ ဖြန့်ကြက်မှုပဲ။ သူဟာ အာဏာစိုးမိုးမှုကို ကူညီသူအဖြစ်သာမက အကောင်းဆုံး လက်နက်သဖွယ်သုံးပြီး အလိုအလျောက် ဖြစ်စေချင်တဲ့ ဆန္ဒရှိသူ လူတယောက်အဖြစ် ပြောဆိုတယ်။

သူဟာ ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ အမှုဆောင်အရာရှိချုပ်တဦး မဟုတ်ဘူး။ သူဟာ စောင့်ကြည့် ထောက်လှမ်းတဲ့ နိုင်ငံတော်ရဲ့ ဆော့ဖ်ဝဲလ် အခင်းအကျင်းကို တည်ဆောက်နေသူဖြစ်ပြီး အဲဒီ ဆော့ဖ်ဝဲလ်ကို “လွတ်မြောက်ခြင်း” လို့ သူက ခေါ်တယ်။ အဲဒီ ဆော့ဖ်ဝဲလ်က ပြဿနာတွေကို ဖြေရှင်းပေးရုံသာမက ဘယ်ပြဿနာတွေဟာ ဖြေရှင်းသင့်တဲ့ ပြဿနာတွေလဲ ဆိုတာကိုပါ အဆုံးအဖြတ်ပေးတယ်။

Palantir ရဲ့ အောင်မြင်မှုဟာ “ကြီးမားတဲ့ ယဉ်ကျေးမှု အပြောင်းအလဲတခု” လို့ မစ္စတာ ကာ့ပ်က ပြောပါတယ်။ သူ မှန်ပါတယ်။ အမေရိကန်ဟာ စောင့်ကြည့်ထောက်လှမ်းမှု၊ အမြန်နှုန်းနဲ့ ကွန်ပျူတာ ထိန်းချုပ်မှုဘက်ကို အရမ်းယိမ်းလာတယ်။ သူ့ရဲ့စနစ်တွေက အဲဒီ သုံးခုလုံးကို လုပ်ပေးနိုင်တယ်။

လူတွေ အသုံးဝင်မယ့် လူမှုဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ဈေးကွက်တင်သလို လုပ်နေတဲ့ Meta က မတ်ခ် ဇကာဘတ် ဒါမှမဟုတ် SpaceX က အီလွန် မတ်စ်တို့နဲ့ မတူဘဲ ကာ့ပ်က တောင်းပန်လေ့ မရှိဘူး။ သူ့ရဲ့ ဆော့ဖ်ဝဲလ်တွေက ဒုံးကျည်တိုက်ခိုက်မှုတွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်က တရားမဝင် ရွှေ့ပြောင်းအခြေချတွေကို ဝင်ရောက်စီးနင်းမှုတွေ၊ ကြိုတင်ခန့်မှန်း ရှာဖွေဖမ်းဆီး ထောက်လှမ်းမှုတွေကို အာမခံလို့ သူက နှာတဖျားသာကြောင်း ပြထားတယ်။ အဲဒါကို “တိုးတက်မှု”လို့ သူက ခေါ်ပါတယ်။

Palantir ဟာ အမေရိကန်သမိုင်းမှာ တန်ဖိုးအမြင့်ဆုံး အထားခံရတဲ့ ကာကွယ်ရေး ကန်ထရိုက်တာဖြစ်ပြီး ဝင်ငွေ အဆ ၂၀၀ တိုးမယ်လို့ ခန့်မှန်းရောင်းဝယ်နေကြတယ်။ ဝေါစထရိက သူ့ကို သဘောကျတယ်။ ဝါရှင်တန်က ပိုလို့ သဘောကျသေးတယ်။

အဲဒါ အလုပ်ဖြစ်ပါတယ်။ Palantir ဟာ အမေရိကန်သမိုင်းမှာ တန်ဖိုးအမြင့်ဆုံး အထားခံရတဲ့ ကာကွယ်ရေး ကန်ထရိုက်တာဖြစ်ပြီး ဝင်ငွေ အဆ ၂၀၀ တိုးမယ်လို့ ခန့်မှန်းရောင်းဝယ်နေကြတယ်။ ဝေါစထရိက သူ့ကို သဘောကျတယ်။ ဝါရှင်တန်က ပိုလို့ သဘောကျသေးတယ်။

သူဟာ စစ်အင်ဂျင်နီယာသုံး TITAN ယာဉ်တွေကို အမေရိကန် စစ်တပ်ကို ပေးပို့ပြီး ဂြိုဟ်တုအချက်အလက်တွေကို ချက်ချင်း တိုက်ခိုက်ရေး ထောက်လှမ်းရေးအချက်အလက်အဖြစ် ပြောင်းလဲပေးတဲ့ AI သုံး Maven အစီအစဉ်ကိုလည်း ဦးဆောင်တယ်။ ဒါဟာ အခြေခံအဆောက်အအုံသာမက စိတ်ကူးယဉ် အင်ပါယာက ထောက်ပံ့ပို့ဆောင်ရေးစနစ်လည်း ဖြစ်တယ်။

တွေးခေါ်ကြံဆသူ-တိုက်ခိုက်ရေးလိုလားသူ ကာ့ပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အမျိုးသားလုံခြုံရေး အလေးထားသူတွေ အထင်ကြီးအောင် လုပ်ကောင်းလုပ်နိုင်ပေမယ့် ကျန်တဲ့သူတွေကတော့ စိုးရိမ်သင့်တယ်။ မစ္စတာ ကာ့ပ်ဟာ စစ်ပွဲတွေကို လူထုထောက်ခံမှု မလိုတဲ့ အနာဂတ်ကို ဈေးကွက်ခင်းနေတယ်။ ပြောရရင် ကိုယ်က သဘောမတူလည်း ထိုင်ကြည့်ရုံပါ။

သူက လူ့ကျင့်ဝတ်ကို ကုဒ်ထဲအပ်နှံပြီး လူသားတိုင်း အပြန်အလှန်ဆက်ဆံမှုကို ဒေတာအချက်အလက်တခုအဖြစ် ပြောင်းလဲတွက်ချက်၊ အဆင့်သတ်မှတ်ပြီး လုပ်ဆောင်သွားမယ့် အနာဂတ်တခုကို ရောင်းချနေတယ်။

စာရေးဆရာကြီး ဂျော့ဂျ် အော်ဝဲလ်က အားလုံးကို စောင့်ကြည့်နေတဲ့ Big Brother အကြောင်း ကျနော်တို့ကို သတိပေးခဲ့တယ်ဆိုရင် ကာ့ပ်ဟာ သူရဲ့ထိန်းချုပ်ခန်းကို တိတ်ဆိတ်စွာ တည်ဆောက်နေတာပါပဲ။ ပရိတ်သတ်ဝိုင်းနေအောင် ဒါမှမဟုတ် ဝါဒဖြန့်ချိရေးတွေနဲ့ မတည်ဆောက်ဘဲ ဝယ်ယူမှု စာချုပ်တွေ၊ ပါဝါပွိုင့်တွေနဲ့ တည်ဆောက်နေတာပါ။ လျှို့ဝှက်တဲ့ သူလျှိုဆရာကြီးတွေနဲ့ နောက်ခန်းတွေထဲမှာ တည်ဆောက်နေတာ မဟုတ်ဘူး။ နေ့ခင်းကြောင်တောင်မှာ သတင်းထုတ်ပြန်ချက်တွေ၊ ပထမ ၃ လပတ် အမြတ်ငွေ အစီရင်ခံစာတွေနဲ့ တည်ဆောက်နေတာပါ။

တခြားလူတွေက အင်တာနက် ပလက်ဖောင်းတွေ ရောင်းပေမယ့် ကာ့ပ်က စနစ်တခုလုံးကို ရောင်းတယ်။ ဒစ်ဂျစ်တယ်၊ အားလုံး အကျုံးဝင်ပြီး အမြဲတမ်း တည်မြဲတဲ့စနစ်ကို ရောင်းတယ်။ သူ့ရဲ့ အန္တရာယ်က သူ ယဉ်ကျေးပုံရတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ သူက ကျမ်းစာကို ကိုးကားတယ်၊ Patagonia တံဆိပ်အဝတ်တွေ ဝတ်ဆင်တယ်။ ဖက်ရှင်ကျကျ ဝတ်ဆင်ထားတဲ့ ပါမောက္ခတယောက် ပုံပေါက်တယ်။

မျက်နှာဖုံးအောက်မှာတော့ ဆန့်ကျင်ဖက်အမြင်ကို ပြဿနာတခုလို မြင်ပြီး ရည်မှန်းချက် မရှင်းလင်းခြင်းဟာ အမှားအယွင်း ဖြစ်သလို လူဆိုတာ စက်လို အစွမ်းကုန် မခိုင်းစေနိုင်ဘူးလို့ ယုံကြည်ပြီး အနာဂတ်ကို တည်ဆောက်နေသူ ဖြစ်တယ်။

ဒါပေမဲ့ မျက်နှာဖုံးအောက်မှာတော့ ဆန့်ကျင်ဖက်အမြင်ကို ပြဿနာတခုလို မြင်ပြီး ရည်မှန်းချက် မရှင်းလင်းခြင်းဟာ အမှားအယွင်း ဖြစ်သလို လူဆိုတာ စက်လို အစွမ်းကုန် မခိုင်းစေနိုင်ဘူးလို့ ယုံကြည်ပြီး အနာဂတ်ကို တည်ဆောက်နေသူ ဖြစ်တယ်။

သူ့ရဲ့ ရည်မှန်းချက်အမြင်ဖြစ်တဲ့ အရာရာအပေါ် သတိကြီးမှု၊ လက်ဦးမှုယူတဲ့ ဆုံးဖြတ်ချက်၊ အင်စတီကျူးရှင်းအားလုံးကို လစ်ဟာမှုမရှိအောင် စစ်ဇာတ်သွင်းခြင်းဟာ နည်းလမ်းပေါင်းစုံအရ အမှန်တကယ် ကြောက်စရာကောင်းတယ်။ မီဒီယာတွေဟာ ထရမ့်ရဲ့ ပုံကြီးချဲ့တဲ့ ဟန်ပန်တွေနဲ့ အလုပ်ရှုပ်နေပေမယ့် အဲလက်စ် ကာ့ပ်ကိုလည်း စောင့်ကြည့်ဖို့ လိုတယ်။

အမေရိကန်က အန္တရာယ်အများဆုံးလူက အသံမကျယ်ဘူး။ သူက ကွန်ပြူတာ ကုဒ်သင်္ကေတတွေ ရေးနေတယ်။

(Asia Times ပါ John Mac Ghlionn ၏ The most dangerous man in America isn’t Trump-it’s Alex Karp ကို ဘာသာပြန်သည်။)

You may also like these stories:

အမေရိကန် ဥပဒေ ကုမ္ပဏီ တခုမှာ နည်းပညာ နဲ့ AI ကျွမ်းကျင်သူတွေ ပါဝင်ဖွဲ့စည်း

ထရမ့်ရဲ့ ဂါဇာ AI ဗီဒီယိုကြောင့် ပါလက်စတိုင်းတွေ ဒေါသထွက်

အီလွန်မတ်စ် ဘက်က OpenAI ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု Sam Altman ငြင်းပယ်

DeepSeek က စရိတ် နည်းပေမယ့် Meta နဲ့ Microsoft က AI အသုံးစရိတ် ကြီးမြင့်နေဦးမယ်လို့ ဆို

AI နည်းပညာ ရှေ့ဆောင် Godfather ၂ ဦး ရူပဗေဒ နိုဘယ်ဆုရှင် ဖြစ်လာ

Your Thoughts …
Tags: AIAIPPalantirစီးပွားရေးဒေါ်နယ် ထရမ့်နည်းပညာရင်းနှီးမြှုပ်နှံမှုအမေရိကန်အဲလက်စ် ကာ့ပ်
John Mac Ghlionn

John Mac Ghlionn

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

Next Post
AA ရဲ့ စစ်မှုထမ်း ပြဋ္ဌာန်းချက်မှာ ဘယ်သူတွေ ကင်းလွတ်ခွင့်ရလဲ (ရုပ်/သံ)

AA ရဲ့ စစ်မှုထမ်း ပြဋ္ဌာန်းချက်မှာ ဘယ်သူတွေ ကင်းလွတ်ခွင့်ရလဲ (ရုပ်/သံ)

မိုင်းလားအဖွဲ့နဲ့ စစ်ခေါင်းဆောင် ဘာကြောင့် တွေ့သလဲ

မိုင်းလားအဖွဲ့နဲ့ စစ်ခေါင်းဆောင် ဘာကြောင့် တွေ့သလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved