• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုင်းလားအဖွဲ့နဲ့ စစ်ခေါင်းဆောင် ဘာကြောင့် တွေ့သလဲ

by ဧရာဝတီ
26 May 2025
in သတင်း
A A
မိုင်းလားအဖွဲ့နဲ့ စစ်ခေါင်းဆောင် ဘာကြောင့် တွေ့သလဲ

မေ ၂၅ ရက်နံနက်က စစ်ခေါင်းဆောင်နှင့် NDAA ခေါင်းဆောင်များ တွေ့ဆုံနေစဉ်

6.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိုင်းလား အခြေစိုက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နှင့် ယမန်နေ့က တွေ့ဆုံမှုအပေါ် လာအိုနယ်စပ်မှတဆင့် မိုင်းလားဒေသ ကိုဖြတ်၍ လက်နက်ခဲယမ်း မဝင်ရောက်နိုင်ရေး ပြောဆိုစည်းရုံးသည့်အနေဖြင့်ဖြစ်နိုင်ကြောင်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

ယမန်နေ့က တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိရာ ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့အား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ဒုဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့်တို့က သွားရောက် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး NDAA ဥက္ကဋ္ဌ ဖြစ်သူ ဦးထိန်လင်း ကတော့ ပါဝင်ခဲ့ခြင်း မရှိပေ။

NDAA အနေဖြင့် ၎င်းတို့နယ်မြေတွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းမျှ လက်ခံထားခြင်း မရှိကြောင်း NDAA ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစန်ပေ့က စစ်ခေါင်းဆောင်အား ပြောသည်။

မိုင်းလားဒေသသည် တရုတ်နိုင်ငံနှင့်လည်း ထိစပ်နေသလို လာအိုနိုင်ငံနှင့်လည်း ကျိုင်းလပ်မှတဆင့် ဝင်ရောက်နိုင်သည်။

စစ်ခေါင်းဆောင်နှင့် မိုင်းလားအဖွဲ့တွေ့ဆုံမှုတွင် သတင်းဖော်ပြချက်ပါ ပညာရေး၊ ကျန်းမာရေးကဏ္ဍသာမက စစ်တပ်က ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကိစ္စနှင့် မိုင်းလားမှတဆင့် လက်နက်ခဲယမ်းများ အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များထံ မရောက်ရှိရေးကိစ္စရပ်များ ဆွေးနွေးခဲ့ ဖွယ်ရှိကြောင်းလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

“လာအိုဘက်က လက်နက်စက်ရုံတွေက ခဲယမ်းမီးကျောက်တွေက “ဝ” တို့ မိုင်းလားတို့ဆီ ဝင်တဲ့လမ်းကြောင်း ရှိတယ်။ လာအိုကဝင်တဲ့ လက်နက်ခဲယမ်းမီးကျောက်တွေက စစ်တပ်ကိုတိုက်နေတဲ့ EAO တွေ PDF တွေဆီ ရောက်မှာ စစ်တပ်က စိုးရိမ်ပြီးတော့ ပြောတာကို အဆင်ပြေအောင် မိုင်းလားက ပြန်ပြောတယ် ထင်ပါတယ်” ဟု တိုင်းရင်းသားအရေး လေ့လာ နေသူ တဦးက ပြောသည်။

သတင်းထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီဘက်မှ လက်ရှိ စစ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်သည့် ပြောဆိုချက်များ မတွေ့ရ သော်လည်း မိုင်းလားအဖွဲ့ဘက်က အခြားသော လက်နက်ကိုင်နှင့်နိုင်ငံရေးအဖွဲ့များ လက်ခံထားခြင်းမရှိကြောင်း ပြောဆို ချက်ကိုသား ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မိုင်းလားဒေသနှင့် ထိစပ်နေသည့် နိုင်ငံများပြ မြေပုံ

မိုင်းလားအဖွဲ့၏ ပြောဆိုချက်အပေါ် စစ်အစိုးရနှင့် ကောင်းမွန်သည့်ဆက်ဆံရေးထိန်းထားရေးနှင့် ပဋိပက္ခ အားထိပ်တိုက် မတွေ့လိုသည့်သဘောနှင့် ပြောဆိုခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “ဘယ်အဖွဲ့အစည်းမှ လက်မခံဘူးဆိုတာက ကြားကောင်းအောင် ပြောတာပါ။ လက်တွေ့က ၂၀၀၉ ခုနှစ် ကိုးကန့် တပ်ဖွဲ့ကို စစ်တပ်က သိမ်းပြီးကတည်းက ကိုးကန့်တဖွဲ့လုံးက မိုင်းလားမှာပဲအခြေပြုတာပဲလေ။ ဘဏ္ဍာရေးရော လက်နက်ခဲ ယမ်းမီးကျောက် အဲဒီမှာပဲပြင်တယ်၊ တပ်တွေလည်း အဲဒီမှာပဲ လေ့ကျင့်တယ်၊ အဲဒီကနေပြီးတော့ ကိုးကန့်ကို ပြန်တိုက် သွားတာပဲလေ။ တကယ်တမ်း မိုင်းလားက စစ်တပ်စကား အပြည့်အဝ နားထောင်တယ်၊ စစ်တပ်ပူးပေါင်း လုပ်တယ်ဆိုရင် ဒီကနေ့ ကိုးကန့်တပ်ဖွဲ့ဆိုတာ မရှိပါဘူး” ဟု ပြောသည်။

၂၀၀၉ ခုနှစ်က ကိုးကန့်တပ်ဖွဲ့အား စစ်တပ်ကတိုက်ခိုက်ပြီးနောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဦးဖုန်းကျားရှင်အား မိုင်းလား ခေါင်းဆောင် ဦးစိုင်းလင်းက လက်ခံ ကာကွယ်ပေးခဲ့သည်။

ဦးစိုင်းလင်းသည် ဦးဖုန်းကျားရှင်၏ သားမက်ဖြစ်ပြီး လက်ရှိတွင် နှစ်ဦးလုံးကွယ်လွန်ခဲ့ပြီဖြစ်ကာ ၎င်းတို့ သားများက MNDAA နှင့် NDAA ခေါင်းဆောင်များအဖြစ် အမွေဆက်ဆံထားသည်။

မိုင်းလားတွင် ခိုလှုံကာ တပ်တည်ဆောက်ရေးနှင့် စစ်ရေးပြင်မှုများလုပ်ဆောင်ခဲ့သည့် MNDAA သည် အာဏာသိမ်း စစ်တပ် အား ညီနောင်မဟာမိတ်ဖြစ်သော အာရက္ခတပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ကာ ကိုးကန့်ဒေသတခုလုံးအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ယမန်နေ့ တွေ့ဆုံမှုတွင် NDAA ဘက်က တို့တာဝန်အရေးသုံးပါးအတွက် အဓိကထားဆောင်ရွက်နေပြီး တည်ငြိမ်ရေးနှင့် အေးချမ်းရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် နိုင်ငံတော်က ဆက်လက် ကူညီဆောင်ရွက်ပေးစေလိုကြောင်းလည်း ဦးစန်ပေ့က ပြောခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ NDAA ကိုယ်စားလှယ်အဖွဲ့အား မိတ်ဆွေဟောင်းများဟု သုံးနှုန်းခဲ့ပြီး ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအား အစိုးရမူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်ကသတ်မှတ်ထားသည့် ရုံးသုံး ဘာသာစကားနှင့် စာပေအား တတ်မြောက်ရန်လိုအပ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေး ထွက်ကုန်ဖြစ်သော ရာဘာအခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုခဲ့သလို ဒေသအတွက်လိုအပ်သည်များ ကူညီရန်လည်း ပြောဆိုခဲ့သည်။

NDAA ၏ နယ်မြေသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အစိတ်အပိုင်းတခုဖြစ်သော တရုတ်- မြန်မာစီးပွား ရေးစင်္ကြံစီမံကိန်းများ ချိတ်ဆက်ရေးအတွက်လည်း အချက်အချာကျသည့် နယ်မြေတခု ဖြစ်သည်။ သို့သော် တရုတ်နှင့် မြန်မာနိုင်ငံတို့ကြား တရားဝင်သဘောတူညီထားသည့် အချက်အလက်များတွင်မူ ယင်းနယ်မြေမှာ စီမံကိန်းတွင် ပါဝင်ခြင်း မရှိကြောင်းနှင့် UWSA ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့ ဆက်သွယ်သွားလာရာတွင်လည်း NDAA ၏ နယ်မြေသည် အချက်အခြာကျသည့် ကြားခံနယ်မြေတခု ဖြစ်ကြောင်း ISP မြန်မာ ပြုစုထားသည့် အချက်အလက်များတွင် ဖော်ပြ ထား သည်။

တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် မိုင်းလားဒေသအား စစ်အစိုးရနှင့် NDAA တို့ ၁၉၈၉ ခုနှစ်က အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးနောက် အထူးဒေသ၄ အဖြစ် စစ်အစိုးရက သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

မတိုးသာ မဆုတ်သာ ကော့ကရိတ်စစ်မျက်နှာ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုဖြစ်နိုင်လဲ

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

Your Thoughts …
Tags: NDAAတြိဂံတိုင်းမိုင်းလားလာအိုနယ်စပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.3k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့

လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့

by အေးချမ်းဆု
6 January 2024
16.9k

ပို၍ ဆိုးဝါးမည်က ၁၀၂၇ စစ်ဆင်ရေး၏ အကျိုးဆက်သည် လားရှိုးတွင်သာ အဆုံးသတ်မည်မဟုတ်၍ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်သားသစ် အတင်းအကျပ် စုဆောင်းတဲ့အခါ

တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်သားသစ် အတင်းအကျပ် စုဆောင်းတဲ့အခါ

by Naw Theresa
6 January 2024
14.4k

၁၀၂၇ စစ်ဆင်ရေးကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့သည်လည်း အတင်းအကျပ် စစ်သားစုဆောင်းခြင်းနှင့် ပေါ်တာဆွဲခြင်းများ ထပ်မံ စွပ်စွဲခံရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.8k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

Next Post
PDF တွေ ဖော်ဆောင်တဲ့ ၉/ အညာစစ်ဆင်ရေး (ရုပ်/သံ)

PDF တွေ ဖော်ဆောင်တဲ့ ၉/ အညာစစ်ဆင်ရေး (ရုပ်/သံ)

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

ရခိုင်စစ်ရေးအောင်ပွဲနှင့် နိုင်ငံရေးအရွေ့များ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved