ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အရေးကြီးကြောင်း စစ်ကောင်စီက မကြာသေးမီမှာ ခဏခဏပြောလာပြီး ရွေးကောက်ပွဲအလွန် ကိစ္စတွေကို စတင်ဆွေးနွေးလာတယ်။ ဒါဟာ ပြဿနာပေါင်းစုံ ဝိုင်းနေတဲ့ စစ်ကောင်စီ တရားဝင်မှုရဖို့ နောက်ဆုံးလှုပ်ရှားမှု ဖြစ်တယ်။
မေလ ၂၀ ရက်နေ့က လုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ထပ်ပြောပြီး လွှတ်တော်ခေါ်ယူဖို့နဲ့ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အနည်းဆုံးအရေအတွက် သတ်မှတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို အလေးထားပြောတယ်။
သူ့ရဲ့လက်ထောက် စိုးဝင်းက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့၊ စနစ်တကျ အာဏာလွှဲပြောင်းဖို့နဲ့ ရွေးကောက်ပွဲ လုပ်နိုင်တဲ့နေရာတွေမှာ လုံခြုံဖို့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို တိုက်တွန်းတယ်။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် အရေးပေါ်အခြေအနေ ကနဦး တနှစ် ကြေညာတယ်။ နောက်တော့ နိုင်ငံအတွင်း မတည်ငြိမ်မှုကို အကြောင်းပြပြီး အဲဒီ အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးတယ်။
လက်ရှိ အရေးပေါ်အခြေအနေဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ်။ ကတိပေးထားတဲ့အတိုင်း ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် စစ်တပ်လွှမ်းမိုးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ကို အာဏာပြန်လွှဲပေးဖို့ ဦးစွာလိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီကောင်စီက ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ လိုတယ်။
လက်ရှိ အရေးပေါ်အခြေအနေဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ်။ ကတိပေးထားတဲ့အတိုင်း ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် စစ်တပ်လွှမ်းမိုးတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ကို အာဏာပြန်လွှဲပေးဖို့ ဦးစွာလိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီကောင်စီက ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ လိုတယ်။
ပုဒ်မ ၄၂၈ နဲ့ ၄၃၀ အရ အဲဒီကောင်စီဟာ ကြားဖြတ်အစိုးရတခုကို ဖွဲ့စည်းရမှာဖြစ်ပြီး ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကို ကျင်းပပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို တည်ထောင်ပြီးသည်အထိ ဆက်လက် အာဏာရှိနေမှာ ဖြစ်တယ်။ ကာ/လုံ မှာ ယာယီသမ္မတနဲ့ စစ်တပ်ခေါင်းဆောင်အဖြစ် ရာထူး နှစ်ခု ယူထားတဲ့ မင်းအောင်လှိုင်ဟာ ကြားဖြတ်အစိုးရကို ဦးဆောင်ဖွယ်ရှိတယ်။
ကာ/လုံကဖွဲ့မယ့် ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလကုန်အထိ အချိန်ရတယ်။ ဒါဟာ မင်းအောင်လှိုင် လူသိရှင်ကြား ကြေညာထားတဲ့ အချိန်မူဘောင်နဲ့ ကိုက်ညီတယ်။
ရွေးကောက်ပွဲတွေ ဖြစ်နိုင်လား
စစ်ခေါင်းဆောင်က ကာလကြာမြင့်စွာ ကတိပေးထားတဲ့ ရွေးကောက်ပွဲအတွက် ပထမဆုံး အချိန်အတိအကျကို မတ်လအစောပိုင်းက သူ့ရဲ့ ဘယ်လာရုစ် တရားဝင်ခရီးစဉ်အတွင်း ကြေညာပြီး ဒီဇင်ဘာလမှာ ရွေးကောက်ပွဲတွေ စီစဉ်ထားတယ်လို့ ပြောတယ်။
ပထမတုန်းကတော့ စစ်ခေါင်းဆောင်က တနိုင်ငံလုံး ကျယ်ပြန့်တဲ့ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ပြောတယ်။ နောက်တော့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်တွေက ရွေးကောက်ပွဲတွေကို တနိုင်ငံလုံးမှာ မကျင်းပနိုင်ခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ်များက ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ခေတ်မှာ ရွေးကောက်ပွဲတွေကို အခက်အခဲတွေကြားက ကျင်းပရကြောင်း ပြောတယ်။
ဖဆပလ အစိုးရဟာ ပြည်တွင်းပဋိပက္ခတွေကြောင့် ၁၉၅၀ နဲ့ ၁၉၅၁ ခုနှစ်အကြားမှာ ရွေးကောက်ပွဲတွေကို အဆင့် သုံးဆင့်ခွဲပြီး ကျင်းပရတယ်။ ဒါပေမဲ့ လွှတ်တော်အစည်းအဝေးတွေကို ခေါ်ယူခဲ့တယ်၊ အစိုးရတရပ် ဖွဲ့ခဲ့တယ်၊ သမ္မတတယောက်ကို ရွေးချယ်ခဲ့တယ်။
စစ်ကောင်စီဟာ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်းပြည်နယ်တွေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နယ်မြေတွေ အကြီးအကျယ် ဆုံးရှုံးတယ်။ ဒါကြောင့် အခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ အလားတူ အဆင့်ဆင့် ကျင်းပမယ့် နည်းလမ်းအတိုင်းသွားမယ်လို့ မျှော်လင့်ရတယ်။ ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလက စတင်ပြီး ဇန်နဝါရီလအထိ လုပ်မယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။
တချိန်တည်းမှာပဲ နေရာတကာမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေပေမဲ့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဟာ အများအားဖြင့် တည်ငြိမ်ပြီး စစ်ကောင်စီရဲ့ လုံးဝ ထိန်းချုပ်မှုနီးပါးအောက်မှာ ရှိနေတယ်။ အားလုံးပေါင်းလိုက်ရင် လူဦးရေ တော်တော်များပြီး မြို့နယ် ၉၀ ကျော်ပါဝင်တော့ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နေရာ ၉၀ ကျော်နဲ့ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နေရာ ၃၆ ခုကို ကိုယ်စားပြုတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲလုပ်ရင် လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်တယ်။
တချိန်တည်းမှာပဲ နေရာတကာမှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေပေမဲ့ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဟာ အများအားဖြင့် တည်ငြိမ်ပြီး စစ်ကောင်စီရဲ့ လုံးဝ ထိန်းချုပ်မှုနီးပါးအောက်မှာ ရှိနေတယ်။ အားလုံးပေါင်းလိုက်ရင် လူဦးရေ တော်တော်များပြီး မြို့နယ် ၉၀ ကျော်ပါဝင်တော့ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) နေရာ ၉၀ ကျော်နဲ့ အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နေရာ ၃၆ ခုကို ကိုယ်စားပြုတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲလုပ်ရင် လွှတ်တော်ခေါ်ယူဖို့ ဖြစ်နိုင်တယ်။
နိုင်ငံရေးပါတီတွေ
ဒီဇင်ဘာရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ပါတီ ၇၇ ပါတီအနက် လက်ရှိအချိန်အထိ ၅၄ ပါတီကို ခွင့်ပြုထားပြီး ကိုးပါတီက တနိုင်ငံလုံးမှာ ယှဉ်ပြိုင်မယ်၊ ၄၅ ပါတီက အချို့ပြည်နယ်နဲ့တိုင်းတွေမှာ ယှဉ်ပြိုင်မှာဖြစ်တယ်။
တနိုင်ငံလုံးမှာယှဉ်ပြိုင်မယ့် ပါတီ ကိုးခုထဲမှာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) တို့ ပါဝင်တယ်။ USDP နဲ့ SNDP တို့က ရွေးကောက်ပွဲဝင်ဖို့ အသင့်ရှိကြောင်း ပြောတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို အဓိကကျပြီး ဒီမိုကရေစီလိုလားတဲ့ ပါတီတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်လို့ သူတို့ကို စစ်ကောင်စီက ဖျက်သိမ်းထားတယ်။
လွှတ်တော်အစည်းအဝေး ကျင်းပခြင်း
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဒါဇင်အနည်းငယ်နဲ့ လွှတ်တော်ခေါ်ယူနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေအကြောင်း မကြာသေးမီက အစည်းအဝေးတခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။
သူကိုးကားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ ပုဒ်မ ၈၅၊ ၁၂၈ နဲ့ ၁၅၅ မှာ ပြည်ထောင်စုလွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေး ပထမဆုံးနေ့မှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော် တက်ရောက်ရင် အစည်းအဝေး အထမြောက်တယ်လို့ ပြဋ္ဌာန်းထားတယ်။
အနည်းဆုံးတက်ရောက်ရတဲ့ ပမာဏ မပြည့်မီလို့ ပထမဆုံးအစည်းအဝေး ရွှေ့ဆိုင်းရရင် နောက်တကြိမ် အစည်းအဝေးမှာ တက်ရောက်ခွင့်ရ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံတက်ရင် အစည်းအဝေး အထမြောက်တယ်။
မြန်မာရဲ့ ပြည်ထောင်စုလွှတ်တော်မှာ နေရာစုစုပေါင်း ၆၆၄ နေရာရှိတယ်။ ဒါကြောင့် ပထမဆုံးနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၃၃၃ ဦး တက်ရောက်ရင် လွှတ်တော်အထမြောက်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၆၆ နေရာ (အောက်လွှတ်တော်မှာ နေရာ ၁၁၀ နဲ့ အထက်လွှတ်တော်မှ ၅၆ နေရာ) ရယူထားတာကြောင့် စစ်ကောင်စီဟာ လွှတ်တော်ခေါ်ယူဖို့ ရွေးကောက်ခံကိုယ်စားလှယ် ၁၆၇ ဦးသာ လိုအပ်တယ်။
ဒါပေမဲ့ လက်တွေ့မှာ စစ်ကောင်စီဟာ အဲဒီလောက်တောင် မလိုဘူး။ အထက်က အစည်းအဝေးမှာ မင်းအောင်လှိုင် ကိုးကားခဲ့တဲ့ ဒုတိယ လွှတ်တော်အစည်းအဝေး ပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံသာ တက်ရောက်ဖို့လိုတဲ့အတွက် စစ်ကောင်စီဟာ လွှတ်တော် တရားဝင်ဖို့ ရွေးကောက်ခံကိုယ်စားလှယ် ၅၆ ဦးသာ လိုတယ်။
ဒါပေမဲ့ လက်တွေ့မှာ စစ်ကောင်စီဟာ အဲဒီလောက်တောင် မလိုဘူး။ အထက်က အစည်းအဝေးမှာ မင်းအောင်လှိုင် ကိုးကားခဲ့တဲ့ ဒုတိယ လွှတ်တော်အစည်းအဝေး ပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံသာ တက်ရောက်ဖို့လိုတဲ့အတွက် စစ်ကောင်စီဟာ လွှတ်တော် တရားဝင်ဖို့ ရွေးကောက်ခံကိုယ်စားလှယ် ၅၆ ဦးသာ လိုတယ်။
ဒါကြောင့် ဒီဇင်ဘာရွေးကောက်ပွဲမှာ USDP အပါအဝင် ပါတီ ဒါဇင်အနည်းငယ် ယှဉ်ပြိုင်ရင် လွှတ်တော်ဟာ ဖြစ်လာနိုင်တယ်။ အဓိကကျတဲ့ ဒီမိုကရေစီပါတီတွေကို စစ်ကောင်စီက ဖျက်သိမ်းထားတဲ့အတွက် လွှတ်တော်ကို USDP နဲ့ စစ်တပ်ထောက်ခံတဲ့ပါတီတွေ လွှမ်းမို့ဖို့ အလားအလာရှိတယ်။
လွှတ်တော်က သမ္မတကို ရွေးချယ်ပြီး ရွေးကောက်ခံအစိုးရဆိုတဲ့အဖွဲ့ကို ဖွဲ့မယ်။ အထက်က ပြောခဲ့တဲ့ အခြေအနေအရ မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ယူဖွယ်ရှိတယ်လို့ သုတေသီတွေက ပြောတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေ
ရွေးကောက်ပွဲဟာ အရပ်သားအရေခြုံပြီး စစ်ကောင်စီက အာဏာဆက်လက်ချုပ်ကိုင်ဖို့ အတုအယောင် ဖြစ်တယ်ဆိုတဲ့ ကျယ်ပြန့်တဲ့ အမြင်တွေကြောင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူထုလက်နက်ကိုင်တော်လှန်ရေး ဆက်လက် ဖြစ်ပေါ်နေမယ်လို့ လေ့လာသူတွေက ယူဆတယ်။
အနောက်နိုင်ငံတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်ကောင်စီဆန့်ကျင်ရေး အခြားအင်အားစုတွေနဲ့ မြန်မာပြည်သူအများစုက စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲကို ဆန့်ကျင်နေတာ ကာလကြာမြင့်ပါပြီ။
တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတကာ မဟာမိတ်တွေက ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောတယ်။ မြန်မာရဲ့အိမ်နီးချင်း အိန္ဒိယကလည်း တရုတ်၊ ရုရှားတို့နဲ့အတူ စစ်ကောင်စီရွေးကောက်ပွဲအတွက် အကူအညီတွေ ကတိပြုထားတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှာ သဘောထား ကွဲလွဲနေတယ်။ ရွေးကောက်ပွဲလုပ်မယ့်အစား အကြမ်းဖက်မှုတွေ ရပ်အောင်လုပ်ဖို့ အာဆီယံ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ မလေးရှားက စစ်ကောင်စီကို တိုက်တွန်းတယ်။
ဒါပေမဲ့ စစ်ကောင်စီရဲ့ အဓိက မဟာမိတ် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ထိုင်း၊ ကမ္ဘောဒီးယားတို့က ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို အသိအမှတ်ပြုကာ သူ့စစ်ကောင်စီဟာ မြန်မာရဲ့ တရားဝင်အစိုးရလို့ ကြေညာစေနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ What Are the Possible Scenarios for the Junta’s Election Plan? ကို ဘာသာပြန်သည်။)
You may also like these stories:
ရွေးကောက်ပွဲက ငလျင်ကြောင့် သေဆုံးသူတွေကို စော်ကားရာရောက်လိမ့်မယ် (ရုပ်/သံ)
တယောက်ထဲ မဲလာပေးလဲ ရွေးကောက်ပွဲ အထမြောက်တယ် (ရုပ်/သံ)
စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲ
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ SNLD ကို တရုတ်တိုက်တွန်းခဲ့ (ရုပ်/သံ)
မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး
၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်