အာဏာသိမ်းစစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီကို တရုတ်က တိုက်တွန်းမှုတွေ လုပ်ခဲ့တယ်လို့ ဒီအကြောင်းကို သိရှိထားတဲ့ သတင်းရင်းမြစ်တချို့က ဧရာဝတီကို ပြောပါတယ်။
SNLD အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ရင် အနိုင်ရမှာဖြစ်ပြီး ဝန်ကြီးဌာနတွေမှာ တာဝန်ယူဖို့ ၂၀၂၃ ခုနှစ်ထဲမှာ တရုတ်ဘက်က တိုက်တွန်းပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး SNLD ပါတီအတွင်းမှာ ရွေးကောက်ပွဲမှာ ပြန်ပါဝင်နိုင်ဖို့အရေး သဘောထား ကွဲလွဲမှုတွေ ရှိနေတာကြောင့် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သတင်းတွေ
ထွက်ပေါ်လာပါတယ်။ ဒီအပေါ်မှာ ပါတီဥက္ကဌဖြစ်တဲ့ ဦးစိုင်းညွန့်လွင်က မှန်ကန်တယ်လို့ အတည်ပြုပြီး ပါတီတွင်း ဒီမိုကရေစီနည်းကျကျ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #SNLD #ရွေးကောက်ပွဲ #စစ်ကောင်စီ #တရုတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













