မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ မတ်လ ၂၈ ရက်နေ့တွင် ဖျက်အားပြင်းငလျင် လှုပ်ပြီး တနိုင်ငံလုံးမှ သမိုင်းဝင်နှင့် ဘာသာရေးအဆောက်အအုံများ ပြိုကျသည်။ ပြင်းအား ၇.၇ ရှိသော ထိုငလျင်သည် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးစေရုံသာမက ၄,၅၀၀ ကျော် ဒဏ်ရာရစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ သိရသည်။
ထိုငလျင်၏ ရိုက်ခတ်မှု လွန်စွာ ပြင်းထန်သောကြောင့် ဧပြီလ ၂ ရက်နေ့တွင် မြန်မာသည် လွန်ခဲ့သော လေးနှစ်က စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြင်းထန်နေသော ပြည်တွင်းစစ်ကို သုံးပတ် အပစ်အခတ်ရပ်စဲရသည်။
ထိုငလျင်သည် လူ့အဖွဲ့အစည်း လုပ်ငန်းလည်ပတ်ရေးအတွက် အရေးပါသည့် ဗုဒ္ဓဘာသာနေရာ ၁၀၀ ခန့်နှင့် ဗလီ ၅၀ ခန့် ဖျက်စီးခဲ့သည်။ ငလျင်ဗဟိုချက်သည် သမိုင်းဝင်မြို့ကြီးများဖြစ်သော စစ်ကိုင်းနှင့် မန္တလေးအနီးတွင် ရှိသောကြောင့် နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် လူမှုအသိုက်အဝန်းများ ဘဝသာယာစိုပြေရေးအတွက် အရေးပါသော ထိုဘာသာရေးဆိုင်ရာ နေရာများ ပျက်စီးမှုအတွက် ကျွမ်းကျင်သူများ စိုးရိမ်နေကြသည်။
မြန်မာမှ ဘုရားစေတီများ၊ ဗလီများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသည် ဘာသာရေးဝတ်ပြုသည့်နေရာ သက်သက်မျှထက် များစွာပိုမိုသည်ဟု ကျွမ်းကျင်သူများ အလေးထား ပြောသည်။ ထိုအဆောက်အအုံတခုစီသည် အခြေခံပညာ သင်ကြားပေးခြင်းမှသည် ဆေးကုသမှုပေးခြင်း၊ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးခြင်း၊ မိဘမဲ့ကလေးများ စောင့်ရှောက်ပေးခြင်းနှင့် စစ်ကြောင့် နေရပ်စွန်ခွာသူများကို ခိုလှုံခွင့်ပေးခြင်းအထိ မြန်မာ့လူ့အဖွဲအစည်းတွင် အရေးပါသည် အခန်းကဏ္ဍအမျိုးမျိုးမှ ပါဝင်သည်။
မြန်မာမှ ဘုရားစေတီများ၊ ဗလီများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသည် ဘာသာရေးဝတ်ပြုသည့်နေရာ သက်သက်မျှထက် များစွာပိုမိုသည်ဟု ကျွမ်းကျင်သူများ အလေးထား ပြောသည်။ ထိုအဆောက်အအုံတခုစီသည် အခြေခံပညာ သင်ကြားပေးခြင်းမှသည် ဆေးကုသမှုပေးခြင်း၊ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးခြင်း၊ မိဘမဲ့ကလေးများ စောင့်ရှောက်ပေးခြင်းနှင့် စစ်ကြောင့် နေရပ်စွန်ခွာသူများကို ခိုလှုံခွင့်ပေးခြင်းအထိ မြန်မာ့လူ့အဖွဲအစည်းတွင် အရေးပါသည် အခန်းကဏ္ဍအမျိုးမျိုးမှ ပါဝင်သည်။
“ဘာသာရေးဆိုင်ရာနေရာတွေ ပျက်စီးတာက လူမှုအသိုက်အဝန်းတွေ ခံစားနေရတဲ့ ထိခိုက်လွယ်မှုကို ပိုမိုဆိုးရွားစေတယ်” ဟု စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ မြန်မာနှင့် အရှေ့တောင်အာရှသမိုင်း တွဲဖက် ပါမောက္ခ မိုက်ထရီ အောင်သွင်က ပြောသည်။
ဘုန်းကြီးကျောင်းများနှင် သီလရှင်ကျောင်းများသည် မြန်မာဗုဒ္ဓဘာသာများအတွက် အရေးပါပြီး ဗုဒ္ဓဘာသာဝင်များသည် ထိုနေရာများတွင် လှူဒါန်းမှုများပြုလုပ်ကာ ကုသိုလ်ရကြသည်။
“အဲဒီလှူဒါန်းမှုမှာ ဆွမ်းကပ်တာကနေ ဘုန်းကြီးဝတ်၊ သီလရှင်ဝတ်တာအထိ ပါဝင်တယ်” ဟု ဒါးမောက်တက္ကသိုလ်မှ မြန်မာဗုဒ္ဓဘာသာကျွမ်းကျင်သူ အမ်ကေ လောင်က ရှင်းပြသည်။ “ဗုဒ္ဓဘာသာ ၃၁ ဘုံ ယုံကြည်မှုမှာ ကုသိုလ်ရတယ်ဆိုတာက အခုဘဝနဲ့ အနာဂတ်ဘဝတွေက အခြေအနေကို အပြုသဘော သက်ရောက်တယ်လို့ နားလည်ကြတယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတဝန်း ပျက်စီးသွားသည့် ဘာသာရေးနှင့် ယဉ်ကျေးမှုအဆောက်အအုံများနှင့် ထိုအဆောက်အအုံများ ပျက်စီးခြင်းသည် လူမှုအသိုက်အဝန်းအတွက် မည်သည့်အဓိပ္ပာယ် သက်ရောက်သည်ကို အောက်တွင် ဖော်ပြလိုက်သည်။

ရွှေစာရံ ဘုရား
သက်တမ်း နှစ် ၁,၀၀၀ ကျော်ပြီဟု ကျော်ကြားသည့် ရွှေစာရံဘုရားသည် အလွန်ကြီးမားသည့် ဗုဒ္ဓဘာသာအဆောက်အအုံဖြစ်ပြီး ရွှေချထားသည် စေတီများ၊ ရုပ်ပွားတော်များနှင့် သပ္ပာယ်အောင် တည်ထားပြီး မန္တလေးမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။ အွန်လိုင်းတွင်တင်သည့် ဗီဒီယိုအရ ရွှေစာရံဘုရား၏ ရွှေထီးတော်သည် ငလျင်အပြီးတွင် ပြိုလဲသွားသည်။
၉ ရာစုနှင့် ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သော ထိုဘုရားသည် မြန်မာတွင် လူမှုအသိုက်အဝန်း အချက်အချာနေရာဖြစ်သည်ဟု တွဲဖက် ပါမောက္ခ မိုက်ထရီ အောင်သွင်က ပြောသည်။
“ဒီဘုရားတွေဟာ ဒေသခံ လူမှုအသိုက်အဝန်းတွေနဲ့ နိုင်ငံတွင်း နိုင်ငံပြင်က ဗုဒ္ဓဘာသာ ကွန်ရက်တွေအကြား ဆက်သွယ်ပေးတဲ့ နေရာတွေ ဖြစ်တယ်”
“ဒီဘုရားတွေဟာ ဒေသခံ လူမှုအသိုက်အဝန်းတွေနဲ့ နိုင်ငံတွင်း နိုင်ငံပြင်က ဗုဒ္ဓဘာသာ ကွန်ရက်တွေအကြား ဆက်သွယ်ပေးတဲ့ နေရာတွေ ဖြစ်တယ်” ဟု ၎င်းကပြောသည်။
ရွှေချထားသည့် စေတီများ၊ ရုပ်ပွားတော်များဖြင့် တန်ဆာဆင်ထားသည် ထိုဘုရားရှိရာဒေသ၏ စိုက်ပျိုးရေးရာသီနှင့်လည်း နက်ရှိုင်းစွာ ပတ်သက်နေသည်။ ထိုဘုရား၏ နှစ်စဉ် ဘုရားပွဲတော်များသည် ပျိုးစိုက်ခြင်း၊ ထွန်ယက်ခြင်းနှင့် ဆန်ကဲ့သို့သော သီးနှံများ ရိတ်သိမ်းခြင်း စသည့် အထိမ်းအမှတ်များ ဖြစ်သည်။
“လယ်သမားတွေ၊ ကုန်သည်တွေ၊ ခရီးသွားတွေနဲ့ တခြား အသေးစားစီးပွားရေးလုပ်ငန်းတွေ ဒီပွဲတော်တွေကို လာကြလို့ ဒေသခံလူမှုအသိုက်အဝန်းတွေနဲ့ သူတို့ရဲ့စီးပွားတွေ အပြန်အလှန် ချိတ်ဆက်မိစေတယ်။ ဒါကြောင့် ဒီဘာသာရေးနေရာတွေ ပျက်စီးသွားတာဟာ ဒီလူမှုအသိုက်အဝန်းတွေရဲ့ လူမှုစနစ်နဲ့ သူတို့စီးပွားရေး ရပ်တည်မှုကို ထိခိုက်စေနိုင်တယ်” ဟု တွဲဖက် ပါမောက္ခ အောင်သွင်က ပြောသည်။

သကျဓီတာ သီလရှင်ကျောင်း
မန္တလေးမြို့အနောက်ဘက် ၅ မိုင်ရှိ မြန်မာမှ အကြီးမားဆုံး သီလရှင်ကျောင်းတကျောင်းလည်း ငလျင်ကြောင့် ပျက်စီးသွားသည်။ သကျဓီတာ သီလရှင်ကျောင်းသည် နိုင်ငံတဝန်းမှ အမျိုးသမီးများကို အခွင့်အာဏာပေးခြင်းနှင့် ပညာပေးခြင်းအတွက် ကျော်ကြားသည်။ ၁၉၉၈ ခုနှစ်တွင် တည်ထောင်ပြီး သီလရှင်အပါး ၂၀၀ ခန့်သည် ဘာသာရေးစာမေးပွဲများအတွက် လေ့လာပြီး ဗုဒ္ဓကျမ်းစာနှင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းစာသုံး ပါဠိသာသာ လေ့လာကြသည်။
သို့သော် ယခုအခါ ထိုသီလရှင်ဆရာလေးများသည် နေစရာ မရှိတော့ပေ။
“အဲဒီသီလရှင်ကျောင်းမှာ အဆောက်အအုံအနည်းဆုံး သုံးခုပြိုကျပြီး နေထိုင်စရာ နေရာတွေ အားလုံး ထိခိုက်ပျက်စီးတယ်။ သီလရှင် ခြောက်ပါး ပျံလွန်တော်မူပြီး ဒါယိကာမ သုံးဦးသေဆုံးတယ်။ ပျံလွန်တဲ့ သီလရှင်တပါးက ကျောင်းထိုင်ဆရာလေးပဲ။ တခြားဆရာလေး နှစ်ပါးလည်း အပြင်းအထန် ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်” ဟု ဒါးမောက်တက္ကသိုလ်မှ မြန်မာဗုဒ္ဓဘာသာကျွမ်းကျင်သူ အမ်ကေ လောင်က ပြောသည်။

မယ်နုအုတ်ကျောင်း
မဟာအောင်မြေဘုံစံကျောင်းဟုလည်း ခေါ်သည့် မယ်နုအုတ်ကျောင်းလည်း အကြီးအကျယ် ပျက်စီးသည်။ မယ်နုအုတ်ကျောင်းကို ဘုန်းကြီးကျောင်းအဖြစ် အသုံးမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း အရေးပါသော သမိုင်းအမွေအနှစ်နေရာတခုနှင့် လူသိများသည့် ခရီးသည်များ လာရောက်ရာနေရာ ဖြစ်သည်ဟု မြန်မာတွင် ဗုဒ္ဓဘာသာလေ့လာခဲ့သူ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ နစ်ကလပ်စ် ဖေ့ာစီးယပ်က ပြောသည်။
၁၈၂၂ ခုနှစ်တွင် မိဖုရားကြီး နန်းမတော် မယ်နုက ၁၈၂၂ ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သည့် ထိုကျောင်းသည် ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) ၏ အထင်ကရ အဆောက်အအုံဖြစ်သည်။ ထိုမင်းဆက်သည် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် အရှုံးပေးရပြီးနောက်ပိုင်း ထိုဘုန်းကြီးကျောင်းသည် ၁၈၃၈ ခုနှစ်က ပြင်းထန်သောငလျင် ခံရသော်လည်း ပြည်တွင်းပဋိပက္ခများနှင့် သဘာဝတရား၏ ဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့သည်။
မယ်နုအုတ်ကျောင်းအဝင်ဝမှ ဆိုင်းဘုတ်တွင် ထိုနေရာသည် ကုန်းဘောင်ခေတ် မြန်မာဗိသုကာလက်ရာ၏ အကောင်းဆုံး နမူနာအဖြစ် ရေးသားထားသည်။ ထိုဘုန်းကြီးကျောင်း၏ လက်ရာမြောက်သော အဆင်တန်ဆာများနှင့် ပြာသာဒ်ပုံအမိုးသည် အနီးရှိ ကုန်းဘောင်မင်းဆက် သစ်သားဘုန်းကြီးကျောင်းများ၏ ဒီဇိုင်းကို ထင်ဟပ်နေပြီး ထိုအုတ်ကျောင်းနှင့် ပတ်ဝန်းကျင်မှ ကျောင်းများသည် ကုလသမဂ္ဂ ယူနက်စကို (UNESCO) ပဏာမ စာရင်းတွင် ပါဝင်သည်။
မယ်နုအုတ်ကျောင်းအဝင်ဝမှ ဆိုင်းဘုတ်တွင် ထိုနေရာသည် ကုန်းဘောင်ခေတ် မြန်မာဗိသုကာလက်ရာ၏ အကောင်းဆုံး နမူနာအဖြစ် ရေးသားထားသည်။ ထိုဘုန်းကြီးကျောင်း၏ လက်ရာမြောက်သော အဆင်တန်ဆာများနှင့် ပြာသာဒ်ပုံအမိုးသည် အနီးရှိ ကုန်းဘောင်မင်းဆက် သစ်သားဘုန်းကြီးကျောင်းများ၏ ဒီဇိုင်းကို ထင်ဟပ်နေပြီး ထိုအုတ်ကျောင်းနှင့် ပတ်ဝန်းကျင်မှ ကျောင်းများသည် ကုလသမဂ္ဂ ယူနက်စကို (UNESCO) ပဏာမ စာရင်းတွင် ပါဝင်သည်။

မစိုးရိမ်တိုက်သစ်
မန္တလေးမှ မစိုးရိမ်တိုက်သစ်သည် ထိုဒေသမှ ဗုဒ္ဓဘာသာဝင်များအတွက် လူမှုအသိုက်အဝန်း စုဝေးရာနေရာဖြစ်ပြီး ဦးပဉ္ဇင်း၊ ရှင်သာမဏေ ရာပေါင်းများစွာကို ဆွမ်း၊ နေရာထိုင်ခင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သာသနာ့ပညာရေး စသည်တို့ ပံ့ပိုးသည့်နေရာဖြစ်သည်။ မတ်လ ၂၈ ရက်နေ့က သံဃာတော်များ ဘုန်းတော်ကြီး ပညာရေးစာမေးပွဲ ဖြေနေစဉ် ငလျင်လှုပ်သောကြောင့် ထိုကျောင်းမှ လိမ္မော်နုရောင် ခေတ်မီနာရီစင် ပြိုကျသည်။
“ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေဟာ ပြည်သူတွေအတွက် လူစုလူဝေးနဲ့ သီလယူကြပြီး တရားနာတဲ့ နေရာတွေပဲ။ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေနဲ့ အဲဒီဆက်စပ်မှုဟာ မြန်မာပြည်သူအများစုရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုဘဝမှာ အဓိကဖြစ်တယ်” ဟု အောက်စဖို့ဒ်တက္ကသိုလ်မှ ဗုဒ္ဓဘာသာလေ့လာရေး ပါမောက္ခ ကိတ် ခရော့စ်ဘီက ပြောသည်။
မစိုးရိမ်တိုက်သစ်သည် တက္ကသိုလ်အဆင့်ရှိ ဗုဒ္ဓစာပေ သင်ကြားပို့ချရာဌာန ဖြစ်သောကြောင့် အထူးသဖြင့် အရေးပါကြောင်း တွဲဖက် ပါမောက္ခ ဖော့စီးယပ်က ပြောသည်။ ကံကောင်းသည်မှာ ထိုတိုက်သစ်၏ အပျက်အစီးသည် မပြင်းထန်ဘဲ မကြာမီ အနာဂတ်တွင် အတိုင်းအတာတခုအထိ ပြန်လည် လည်ပတ်နိုင်ကြောင်း ၎င်းကပြောသည်။
ယဉ်ကျေးမှုနှင့် ဘာသာရေးအထိမ်းအမှတ်များကို ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်မည်လော
ရှေးဟောင်းအဆောက်အအုံများကို သံကူသည့် ပန်းရန်ပညာဖြင့် တည်ဆောက်ထားသောကြောင့် ၎င်းတို့ကို ပြန်လည် ပြင်ဆင်ခြင်း လုပ်ငန်းစဉ်မှာ ရှုပ်ထွေးသည်။
“ကံမကောင်းချင်တော့ ပန်းရန်ပညာဟာ ခေတ်သစ် သံမဏိနဲ့ ကွန်ကရစ် အဆောက်အအုံတွေကို ချိတ်မထားတော့ ဒီအဆောက်အအုံတွေဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်လွယ်တယ်။ ပန်းရန်နဲ့ဆောက်တဲ့ အဆောက်အအုံတွေ တစိတ်တပိုင်း ပျက်စီးရင် ပြန်ပြင်ပြီး တောင့်တင်းအောင် လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလို တောင့်တင်းအောင် လုပ်ရတာ အများအားဖြင့် ရှုပ်ထွေးခက်ခဲတယ်”
“ကံမကောင်းချင်တော့ ပန်းရန်ပညာဟာ ခေတ်သစ် သံမဏိနဲ့ ကွန်ကရစ် အဆောက်အအုံတွေကို ချိတ်မထားတော့ ဒီအဆောက်အအုံတွေဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်လွယ်တယ်။ ပန်းရန်နဲ့ဆောက်တဲ့ အဆောက်အအုံတွေ တစိတ်တပိုင်း ပျက်စီးရင် ပြန်ပြင်ပြီး တောင့်တင်းအောင် လုပ်လို့ရတယ်။ ဒါပေမယ့် အဲဒီလို တောင့်တင်းအောင် လုပ်ရတာ အများအားဖြင့် ရှုပ်ထွေးခက်ခဲတယ်” ဟု အာရှ-ပစိဖိတ် ဆောက်လုပ်ရေးလုပ်ငန်း Beca မှ နည်းပညာ ဒါရိုက်တာ ဂျရတ် ကီးန်က ပြောသည်။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း တက္ကသိုလ်၊ မြန်မာသုတေသနကွန်ရက်မှ ညှိနှိုင်းရေးမှူး တာမတ်စ် ဝဲလ်စ်ကလည်း အလားတူ စိုးရိမ်ပူပန်မှုမျိုး ထုတ်ဖော်ပြောဆိုသည်။
“အဓိက ဘာသာရေးနေရာတွေကို ပြုပြင်ထိန်းသိမ်းရေးမှာ အရေးကြီးတဲ့ စိန်ခေါ်မှုက ပြန်လည် တည်ဆောက်ရေးနည်းပညာ အသေးစိတ်တွေ မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ရဲ့ နောက်ခံသမိုင်းပဲ ဖြစ်တယ်” ဟု တာမတ်စ် ဝဲလ်စ်က ပြောသည်။
ပျက်စီးသွားသော နေရာများ ပြန်လည်ပြင်ဆင်ရေးသည် မြန်မာပြည်တွင်းစစ်ကြောင့် နှောင့်နှေးနိုင်ကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေး ကော်မရှင် အဖွဲ့ဝင်ဟောင်း မစ္စတာ ခရစ် ဆီဒေါ့တီက ပြောသည်။
“စစ်မှန်တဲ့ ပြန်လည် တည်ဆောက်ရေး ဖြစ်မလားဆိုတာကို ခန့်မှန်းလို့တောင် မရဘူး၊ စစ်ပွဲမပြီးရင် အရပ်ဘက် အခြေခံအဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ ယဉ်ကျေးမှုနေရာတွေ ဘယ်ဟာမှ ပြန်ဆောက်နိုင်မယ်လို့ မထင်ဘူး” ဟု မစ္စတာ ခရစ် ဆီဒေါ့တီက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး မြန်မာအပစ်အခတ်ရပ်စဲရေးသည် မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်သန်းလာသည်။ သို့သော် ငြိမ်းချမ်းသောအချိန်တွင်ပင် ထိုအဖိုးတန်သော ဘာသာရေး အဆောက်အအုံများ ပြန်လည် ထိန်းသိမ်းခြင်းသည် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှု၊ ညံ့ဖျင်းသော အခြေခံအဆောက်အအုံနှင့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် လွန်စွာရှုပ်ထွေးသောကိစ္စ ဖြစ်သည်။
(National Geographic ပါ Ronan O’Connell ၏ Centuries of history and culture reduced to rubble after Myanmar earthquake ကို ဘာသာပြန်သည်။)
You may also like these stories:
ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်
စစ်ကိုင်းငလျင်လို့ အယူသည်း စစ်ကောင်စီ မခေါ်ချင်
ငလျင်ကို ကောင်းကင်ဘုံ၏ သတိပေးမှုအဖြစ် ရှေးတရုတ်များ ယုံကြည်
ပြင်းထန်ငလျင်ကြောင့် အဆောက်အအုံနှင့် ဘုရားစေတီ ၅ သောင်းကျော် ပျက်စီး