ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) လက်အောက်ကျမသွားရေး အတွက် အာဏာသိမ်းစစ်တပ်က မြေပြင်၊ ဝေဟင် အင်အားတွေသုံးပြီး အပြင်းအထန်ခုခံနေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ လွန်ခဲ့တဲ့ ၅ လလောက် ကတည်းက စစ်ဆင်ရေး စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဗန်းမော်မြို့မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ကို ဦးတည် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဗန်းမော်မြို့ကျသွားခဲ့ရင် ကချင်ပြည်နယ် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း တခုလုံးကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲသွားမှာဖြစ်တာကြောင့် စစ်ကောင်စီဟာ အပြင်းအထန်ခုခံနေတာလို့ စစ်ရေးလေ့လာသုံးသပ်သူက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ဗန်းမော် #KIA #စကခ၂၁ #ဧရာဝတီမြစ် #ကချင်ပြည်နယ်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR