• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

by မောင်ကဝိ
7 May 2025
in ဆောင်းပါး
A A
အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း
5.8k
VIEWS
Share on FacebookShare on Twitter

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးဟာ မြန်မာ့ခေတ်သစ်သမိုင်းမှာ အပြင်းထန်ဆုံးနဲ့ အပျက်အစီး အများဆုံးဖြစ်ပြီး အသက်ဆုံးရှုံးမှု အများဆုံးနဲ့ ဘာသာရေးနေရာတွေ၊ အိမ်တွေ၊ အခြားအဆောက်အအုံတွေ အကြီးအကျယ် ပျက်စီးမှုဖြစ်စေတယ်။ ပြင်းအား ၇.၇ ရှိတဲ့ အဲဒီငလျင်ဟာ ငလျင်လှုပ်ပြီး တလကြာတဲ့ ဧပြီလ ၂၈ ရက်နေ့ စာရင်းအရ အသက်ပေါင်း ၃,၇၇၀ သေဆုံးစေပါတယ်။

မန္တလေးတိုင်းမှာ သေဆုံးမှုအများဆုံးရှိပြီး ၂,၀၀၀ ကျော် သေဆုံးကာ အဲဒီနောက် နေပြည်တော်မှ ၆၀၀ နဲ့ ၇၀၀ ကြားနဲ့ စစ်ကိုင်းတိုင်းမှာ လူ ၅၀၀ ကျော် သေဆုံးကြောင့် ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်တဲ့ တရားဝင် စာရင်းအရ သိရပါတယ်။ စစ်ကောင်စီဟာ အဲဒီအချိန်က စတင်ပြီး ထိခိုက်သေဆုံးမှု နောက်ဆုံးစာရင်း မထုတ်ပြန်တော့ဘဲ လွန်ခဲ့တဲ့ အပတ်တွေအတွင်း အရေအတွက်တွေ သိသိသာသာ မြင့်တက်လာဖွယ် ရှိပါတယ်။

မင်းကွန်းခေါင်းလောင်းကြီး / Lord Henry Rawlinson

ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးပြီး ပြန်လည် တည်ဆောက်ရေး စတင်ပြီလို့ စစ်ကောင်စီက ပြောပေမယ့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်နေပြီး ရှင်ကျန်သူတွေဟာ တလကြာတဲ့အထိ လမ်းဘေးမှာ ယာယီတဲတွေနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

အခုကပ်ဆိုးကို မြန်မာရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ဖို့ ပျက်စီးမှုနဲ့ သေဆုံးမှုတွေကို အဓိကထားပြီး ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) ကနေ ဒီနေ့အထိ မြန်မာမှာ လှုပ်ခဲ့တဲ့ အဓိက ငလျင်တွေကို လေ့လာကြည့်ပါမယ်။

၁၈၃၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ အင်းဝငလျင်ကြောင့် ဖြစ်တဲ့အပျက်အစီးတွေကို အဲဒီတုန်းက ပညာရှင်တွေက မှတ်တမ်းတင်ထားပါတယ်။ ပြင်းအား ၇.၃ ရှိတဲ့ အဲဒီငလျင်ဟာ အင်းဝ (ယနေ့ခေတ် မန္တလေးတိုင်း၊ တံတားဦး) ကို ဗဟိုပြုလှုပ်ပြီး သေဆုံးမှု ၄၀၀ လောက်ရှိပါတယ်။ အဲဒီတုန်းက မန္တလေးမြို့ မတည်ဆောက်သေးလို့ အလွန်များတဲ့ သေဆုံးမှုနှုန်း ဖြစ်ပါတယ်။

အဲဒီငလျင်ဟာ ပုဂံမင်း (မင်းတုန်းမင်း၏ အကို) လက်ထက်မှာ ဖြစ်ပွားပြီး အိမ်တွေ၊ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ အကြီးအကျယ် ပျက်စီးပါတယ်။ တခါက ကမ္ဘာမှာ အကြီးဆုံးဖြစ်ခဲ့တဲ့ မင်းကွန်းခေါင်းလောင်းကြီးနဲ့ ဧရာဝတီမြစ် တဘက်ကမ်းက မင်းကွန်းပုထိုးတော်လည်း ပျက်စီးပါတယ်။ အင်းဝက မယ်နုအုတ်ကျောင်းက ၁၈၃၉ ငလျင်မှာ အသေးစား အက်ကြောင်းလေးတွေပဲဖြစ်ပြီး လွန်ခဲ့တဲ့လက ငလျင်မှာတော့ အဲဒီအုတ်ကျောင်းဟာ တခြား သမိုင်းဝင်ဘာသာရေး အဆောက်အအုံအများအပြားနဲ့ အတူ အုတ်ပုံဖြစ်သွားပါတယ်။

၁၈၃၉ ခုနှစ်တွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် မင်းကွန်း ပုထိုးတော်

၁၉၁၂ နဲ့ ၁၉၃၀ မေမြို့၊ ပဲခူးနဲ့ ဖြူးငလျင်များ (ဗြိတိသျှကိုလိုနီခေတ်)

၁၉၁၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့ မေမြို့ (ယခု ပြင်ဦးလွင်) ငလျင်ဟာ ရစ်ချက်တာစကေး ၈.၀ ရှိပြီး မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင် မတိုင်မီက မြန်မာမှာလှုပ်တဲ့ အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။ ဒါပေမယ့် မေမြို့ငလျင်ဟာ တောင်ကြီးမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ လောက်က လူနေနည်းတဲ့ သစ်တောဒေသမှာ ဖြစ်ပြီး ယှဉ်ကြည့်ရင် ထိခိုက်ပျက်စီးမှုနည်းတယ်လို့ မြန်မာဘူမိဗေဒပညာရှင် ဒေါက်တာ ဦးသိန်းက ပြောပါတယ်။

၁၉၁၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့ မေမြို့ (ယခု ပြင်ဦးလွင်) ငလျင်ဟာ ရစ်ချက်တာစကေး ၈.၀ ရှိပြီး မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင် မတိုင်မီက မြန်မာမှာလှုပ်တဲ့ အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။ ဒါပေမယ့် မေမြို့ငလျင်ဟာ တောင်ကြီးမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀ လောက်က လူနေနည်းတဲ့ သစ်တောဒေသမှာ ဖြစ်ပြီး ယှဉ်ကြည့်ရင် ထိခိုက်ပျက်စီးမှုနည်းတယ်လို့ မြန်မာဘူမိဗေဒပညာရှင် ဒေါက်တာ ဦးသိန်းက ပြောပါတယ်။

အထိခိုက်ဆုံးဒေသတွေကတော့ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်းနဲ့ မုံရွာခရိုင် ဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင် ဂျွန် ကော့ဂင် ဘရောင်းက အဲဒီငလျင်ရဲ့ ဗဟိုချက်ဟာ ပြင်ဦးလွင်အနီးက ကျောက်ကြမ်းမှာလို့ ပြောပါတယ်။ အဲဒီပြတ်ရွေ့က ရှမ်းကုန်းမြေမြင့်ကို မြောက်ကနေ တောင်ဘက်ကို ကီလိုမီတာ ၅၀၀ ဖြတ်သန်းပြီး ယခုတိုင် တက်ကြွလှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက် ငလျင်ကြောင့် ပျက်စီးခဲ့သည့် မယ်နုအုတ်ကျောင်း

၁၉၃၀ ပြည့်နှစ်၊ မေလ ၅ ရက်မှာ အမည်ဆိုးကျော်ကြားတဲ့ ပဲခူးငလျင်ဟာ လူဦးရေ ၂,၀၀၀ ရှိတဲ့ ပဲခူးမှာ လှုပ်ပြီး ပြင်းအား ၇.၃ ရှိကာ လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ငလျင်ဗဟိုချက်က အဲဒီမြို့နဲ့ နီးကပ်ပြီး ငလျင်ကြောင့် လောင်တဲ့မီးဟာ အပျက်အစီး ပိုမိုဆိုးရွားစေတယ်။

စာရေးဆရာ မောရစ် ကောလစ်က အဲဒီဖြစ်ရပ်ကို မှတ်တမ်းတင်ပြီး ကိုလိုနီအစိုးရကို အစီရင်ခံရတဲ့ ဗြိတိသျှ အရာရှိတွေထဲက တယောက်ဖြစ်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းလို ထင်ရှားတဲ့ မြန်မာ စာရေးဆရာတွေကလည်း သူတို့အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားကြပြီး မြေကြီးဟာ လှိုင်းထနေသကဲ့သို့ ဖြစ်တယ်လို့ ရေးသားကြတယ်။

မြန်မာရဲ့ အရေးပါဆုံး ဘာသာရေး အထိမ်းအမှတ်တခုဖြစ်တဲ့ ရွှေမော်တောစေတီ ပြိုကျတယ်။ အဲဒီ စေတီတော်ဟာ ငလျင်ကြောင့် ယိမ်းယိုင်သွားပြီး ပြိုကျတယ်လို့ သတင်းတွေမှာ ဖော်ပြကြတယ်။ ကယ်ဆယ်ရေးအတွက် ကိုလိုနီအစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး အကူအညီပေးဖို့ အနီးရှိ ရန်ကုန်ကနေ ဆရာဝန်တွေကို စေလွှတ်ရတယ်။ ရန်ကုန်မှာလည်း အဲဒီငလျင် ရိုက်ခတ်ပြီး အဆောက်အအုံ ပြိုကျတာကြောင့် လူ ၅၀ နီးပါး သေပါတယ်။

၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပဲခူးတိုင်း၊ ဖြူးငလျင်ဟာ ပဲခူးငလျင်အပြီး ၇ လမျှသာ အကြာမှာ လှုပ်ခတ်ပြီး ပြင်းအား ၇.၃ ရှိပါတယ်။ လူ ၃၀ ကျော်သေဆုံးပြီး အဲဒီမြို့က အုတ်အဆောက်အအုံ အများစု ပြိုကျတယ်။

အဲဒီမြို့ဘူတာရုံက ရထားတွေ လမ်းချော်ကုန်ပြီး မီးလည်း ချက်ချင်းလောင်တယ်။ အကူအညီပေးပို့ ပဲခူးနဲ့ တောင်ငူက ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ရတယ်။ ရန်ကုန်က သတင်းသမားများတွေကလည်း ငလျင်က လွတ်မြောက်လာသူတွေကို တွေ့ဆုံမေးမြန်း သတင်းတင်ပြကြတယ်။ ကျော်ကြားတဲ့ စာရေးဆရာကြီး ဒဂုန်ရွှေမျှားက သူ့မိသားစုတွေဟာ နောက်ဆက်တွဲ ငလျင်တွေကို စိုးရိမ်လို့ ကွင်းပြင်မှာ ရက်အတန်ကြာ အိပ်ရတယ်လို့ မှတ်တမ်းတင်ထားတယ်။

၁၉၃၀ ပြည့်နှစ်၊ မေလ ၅ ရက်နေ့က ငလျင်ကြောင့် ပျက်စီးသွားသည့် ပဲခူး ရွှေမော်ဓော ‌စေတီတော်

၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်

၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ဖြစ်ရပ် မတိုင်မီ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမှာလှုပ်တဲ့ အကြီးမားဆုံး ငလျင်ကတော့ စစ်ကိုင်း ပြတ်ရွေ့တလျှောက်က လှုပ်ရှားမှုကြောင့် ဖြစ်တယ်။ ခန့်မှန်းခြေပြင်းအားက ၇.၁ ရှိပြီး လူ ၃၀ လောက်သေကာ အများစုက စစ်ကိုင်းမှာ အဆောက်အအုံပြိုလို့ ပိမိကုန်တာဖြစ်တယ်။ အဲဒီမြို့ဟာ ဗုံးကြဲခံရသလိုမျိုးဖြစ်သွားပြီး အဆောက်အအုံ ၈၀ ရာခိုင်နှုန်းပြိုကာ ကျန် ၂၀ ရာခိုင်နှုန်းက အက်ကွဲပြိုကျတယ်လို့ ပြည်သူ့သတင်းစာနဲ့ မန္တလေးသူရိယလို မန္တလေးသတင်းစာတွေ အဆိုအရ သိရတယ်။

စစ်ကိုင်းတံတားကြီးရဲ့ ပင်မသံဘောင်တွေဟာ ၇.၅ စင်တီမီတာလောက် နေရာရွေ့သွားပြီး ရထားသွားလာမှု ရပ်စဲလိုက်ရတယ်။ အဲဒီငလျင်ကြောင့် မန္တလေးမှာလည်း အဆောက်အအုံတွေ ပြိုကျတယ်။ ဒါပေမယ့် မန္တလေးက သတင်းသမားတွေဟာ ငလျင်အဓိကဇုန် ဖြစ်တဲ့ စစ်ကိုင်းကို အပြေးအလွှား သွားရောက်လို့ ဆရာတော် ရွှေကိုင်းသားရဲ့ ချီးကျူးမှုခံရတယ်။ အဲဒီငလျင်ကြောင့် ဆရာတော်ဟာ တော်ဝင်မှတ်တမ်းတွေက ရှေးဟောင်းငလျင်တွေကို သုတေသနပြုပြီး မြန်မာ့ငလျင်သမိုင်းအကြောင်း ကိုးကားလောက်တဲ့ မှတ်တမ်းတခု ပြုစုခဲ့တယ်။

ဒါပေမယ့် ၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်က လွန်ခဲ့တဲ့လက စစ်ကိုင်းတမြို့တည်းမှာတင် လူ ၅၀၀ လောက် သေဆုံးပြီး ဒေသတခုလုံးမှာ ကျော်ကြားတဲ့ဘုရားစေတီတွေကို ပျက်စီးစေတဲ့ ငလျင်နဲ့ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး။ လွန်ခဲ့တဲ့လက ငလျင်ရဲ့အဖျက်အားကို မီးမောင်းထိုးပြနေတာကတော့ စစ်ကိုင်းတံတား ကျိုးကျတာပဲ။

ဒါပေမယ့် ၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်က လွန်ခဲ့တဲ့လက စစ်ကိုင်းတမြို့တည်းမှာတင် လူ ၅၀၀ လောက် သေဆုံးပြီး ဒေသတခုလုံးမှာ ကျော်ကြားတဲ့ဘုရားစေတီတွေကို ပျက်စီးစေတဲ့ ငလျင်နဲ့ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး။ လွန်ခဲ့တဲ့လက ငလျင်ရဲ့အဖျက်အားကို မီးမောင်းထိုးပြနေတာကတော့ စစ်ကိုင်းတံတား ကျိုးကျတာပဲ။

၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ပုဂံတွင် ပြင်းအား ၆.၈ ရှိသည့် ငလျင်လှုပ်ပြီးနောက် မြင်ကွင်း

တချိန်တည်းမှာပဲ ၁၉၅၆ ခုနှစ်က အလယ်အလတ်သာ ထိခိုက်တဲ့ မန္တလေးမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးပြီး အပျက်အစီး အရမ်းကျယ်ပြန့်တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာငလျင်သမိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်တယ်။

၁၉၇၀ ပြည့်နှစ်များက ရန်ကုန်နဲ့ ပုဂံငလျင်တွေ

၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ၁၉၃၀ ပြည့်နှစ်က ပဲခူးငလျင်ကြောင့် အနည်းငယ်သာ လှုပ်ခါတဲ့ ရန်ကုန်ကို နောက် နှစ် ၄၀ ကြာတဲ့အခါ ပြင်းအား ၇ ရှိတဲ့ ငလျင်လှုပ်တယ်။ မျက်နှာကြက်တွေနဲ့ နံရံတွေ အက်ကွဲလာလို့ ကျောင်းသူ ကျောင်းသားတွေနဲ့ ရုံးဝန်ထမ်းတွေ အဆောက်အအုံတွေကနေ ထွက်ပြေးကြတယ်။

သမိုင်းဝင် ကိုလိုနီခေတ် အတွင်းဝန်ရုံး၊ စာတိုက်နှင့်ကြေးနန်းရုံးနဲ့ သမ္မတအိမ်တော်အပါအဝင် ကြို့ကုန်းက ဆေးဝါးစက်ရုံနဲ့ အဆောက်အအုံ ၆၀ ကျော် ပျက်စီးတယ်။ ရွှေတိဂုံစေတော်ရဲ့စိန်ဖူးတော်လည်း ပြုတ်ကျသလို စေတီငယ်တွေရဲ့ ခေါင်းလောင်းတွေ၊ မီးဆိုင်းတွေလည်း ပြုတ်ကျတယ်။

ကံကောင်းချင်တော့ ၁၉၃၀ ပြည့်နှစ်က လူ ၅၀ သေဆုံးစေတဲ့ ငလျင်နဲ့မတူဘဲ ရန်ကုန်မှာ လူသေဆုံးတယ်လို့ မဆိုကြဘူး။ ရန်ကုန်ဒေသခံတွေဟာ မြို့စွန်က တထပ်အိမ်တွေမှာ ခိုလှုံခဲ့ကြတယ်။ နက္ခတ်ဗေဒင်ဆရာတွေက ပိုမိုပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်လာမယ်လို့ ဟောခဲ့ပေမယ့် အဲဒီငလျင်တွေ မဖြစ်ခဲ့ဘူး။

၁၉၇၅ ခုနှစ် ဇူလိုင်လ ငလျင် အပျက်အစီးများကို ပုဂံတွင် တွေ့ရစဉ်

ပင်မ ငလျင်ကြီးတွေ မတိုင်ခင်နဲ့နောက်ပိုင်း ငလျင်ငယ်တွေ အများအပြားဟာ ပင်မငလျင်ရဲ့ အင်အားကို ချိ့နဲ့စေပြီး ကြီးမားတဲ့ ကပ်ဆိုးကို ရှောင်ရှားနိုင်စေတယ်လို့ ဆိုကြတယ်။ ရန်ကုန်ဟာ နောက်ထပ် ဆယ်စုနှစ် ၅ ခုအတွင်း ပြင်းထန်တဲ့ငလျင် မခံစားရတော့ဘူး။ ဒါပေမယ့် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်မှာတော့ ရန်ကုန်က အထပ်မြင့် အဆောက်အအုံတွေမှာ နေထိုင်သူတွေဟာ ထိတ်လန့်တုန်လှုပ်ပြီး ညဘက်ဆို လမ်းတွေမှာ နေကြတယ်။

၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှာ ပြင်းအား ၆.၈ ငလျင် ပုဂံကို ဗဟိုပြုလှုပ်ပြီး သမိုင်းဝင်ရှေးဟောင်း ဘုရားစေတီတွေပျက်စီးကာ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်ခဲ့တယ်။ ငလျင်တွေဟာ သက်တမ်း ၈၀၀-၉၀၀ လောက်ရှိတဲ့ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံတွေရှိရာ နုန်းတင်မြေနု အုတ်မြစ်ကို လှုပ်ခါပြီး သဗ္ဗေညု၊ ဂေါတော့ပလ္လင် (ကန်တော့ပလ္လင်)၊ အာနန္ဒာနဲ့ ထီးလိုမင်းလို ဘုရားတွေလို အဓိက ဘုရားတွေကို အကြီးအကျယ် ပျက်စီးစေတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီငလျင်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ ဘုရားတွေကနေ ပြန်လည် ထွက်ခွာသွားတဲ့ ညနေ ၆ နာရီနောက်ပိုင်းမှ လှုပ်ခဲ့တာဖြစ်ပါတယ်။

အရင်က ပုဂံမှာ ငလျင်အကြီးအကျယ် လှုပ်ခဲ့တဲ့မှတ်တမ်း မရှိတာကြောင့် အဲဒီငလျင်ဟာ ပုဂံမှာ နှစ်ပေါင်း ၉၀၀ အတွင်းလှုပ်တဲ့ အင်အားအပြင်းဆုံး ငလျင်ပဲလို့ ရှေးဟောင်းသုတေသနပညာရှင် ဦးအောင်သော်က ပြောပါတယ်။ အဲဒီကို ရောက်ခဲ့တဲ့ ဂျာမန် ကမ္ဘာလှည့်ခရီးသည် ငါးဦး ပြောတာကတော့ တောင်ဗီယက်နမ်မှာ ဗုံးကြဲခံနေရတဲ့အတိုင်းပဲလို့ ဆိုပါတယ်။

အဲဒီငလျင်မှာ မြေကြီးတွေ အပြင်းအထန် လှုပ်ခါနေစဉ် အရမ်းကျယ်တဲ့ တော်လဲသံလည်း ပူးတွဲပါတယ်။ သတင်းဌာနတွေဟာ အဲဒီသတင်းကို ဖော်ပြဖို့ အလုအယက် ကြိုးစားပြီး ဂျာမန်ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ကိုယ်တွေ့ အတွေ့အကြုံကိုဖော်ပြဖို့ အင်းယားလိတ်ဟိုတယ်ကိုတောင် လာကြတယ်လို့ဆိုပါတယ်။

တာချီလိတ်အနီး တာလေတွင် ငလျင်လှုပ်ခဲ့သည့် မြင်ကွင်း / AFP

၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာဆူနာမီ

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ပြင်းအား ၉.၁ ရှိတဲ့ငလျင်တခု အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြားကျွန်းအနီး အိန္ဒိယသမုဒ္ဒရာမှာ လှုပ်ပြီး မြန်မာအထိရောက်တဲ့ ဆူနာမီလှိုင်းတွေ ဖြစ်လာတယ်။ ငလျင်ဗဟိုချက်နဲ့ ဝေးတာကြောင့်နဲ့ အဲဒီလှိုင်းတွေဟာ ကြားခံကျွန်းတွေ၊ ဒီရေတောတွေကို ဖြတ်သန်းရတာကြောင့် နှိုင်းယှဉ်ချက်အားဖြင့် အပျက်အစီး အနည်းငယ်သာ ခံစားရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီဆူနာမီကြောင့် တောင်နဲ့ အရှေ့တောင်အာရှမှ လူသိန်းချီ သေဆုံးတယ်။

စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းတွင် သပိတ်ကျင်းငလျင်ကြောင့် တံတားကျိုးကျမှုကို ကူညီကယ်ဆယ်ရန် ဆောင်ရွက်နေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က တွေ့ရစဉ် / AFP

၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်က တာလေနဲ့ သပိတ်ကျင်း ငလျင်များ

၂၀၁၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှာ ပြင်းအား ၆.၈ ရှိတဲ့ငလျင်တခု တာချီလိတ်အနီးက တာလေမှာ လှုပ်ပြီး အိမ်တွေပြိုလို့ လူ ၇၄ ဦး သေဆုံးပါတယ်။ တချို့ကလည်း သေဆုံးသူအရေအတွက် ရာချီရှိတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံဘက်မှာလည်း တယောက် သေတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြင်းအား ၆.၈ ရှိတဲ့ငလျင်တခု သပိတ်ကျင်းမှာလှုပ်ပြီး လူ ၂၆ ဦး သေဆုံးကာ အိမ်တွေ၊ အစိုးရအဆောက်အအုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးတယ်။ ဆောက်လုပ်ဆဲ ရတနာသိင်္ခ တံတားလည်း တစိတ်တပိုင်း ပြိုလဲပြီး လူများအပြား ထိခိုက်သေဆုံးတယ်။ သပိတ်ကျင်းက ရွှေမိုင်းတွေလည်း ပြိုကျတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လက ပုဂံရှိ မြောက်ဂူနီ စေတီ ငလျင်ကြောင့် ပျက်စီးစဉ် / AFP

၂၀၁၆ ခုနှစ် ချောက်ငလျင်

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်မှာ ပြင်းအား ၆.၈ ရှိငလျင်တခု မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမှာလှုပ်ပြီး လူ အနည်းဆုံး သုံးဦးသေဆုံးကာ ပုဂံဘုရား အများအပြား ပြိုကျတယ်။ ၁၉၇၅ ခုနှစ် ပုဂံငလျင်နဲ့မတူဘဲ အခုတကြိမ်မှာ ဘုရားတွေပြိုတာကို ပြည်သူတွေက လူမှုကွန်ရက်ကနေ အချိန်နဲ့ တပြေးညီ ကြည့်ရတယ်။ ပျက်စီးသွားတဲ့ ဘုရား ၁၆၈ ဆူမှာ ကျော်ကြားတဲ့ စူဠာမဏိ၊ လောကနန္ဒာနဲ့ ထီးလိုမင်းလို ဘုရားတွေလည်း ပါဝင်တယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
0
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
184
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
112

နောက်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ပေမယ့် ဘယ်ငလျင်မှ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်လောက် မပြင်းထန်ဘဲ အဲဒီငလျင်ဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ငလျင်အဖြစ် သတ်မှတ်ကြတယ်။

နောက်ပိုင်းမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ပေမယ့် ဘယ်ငလျင်မှ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်လောက် မပြင်းထန်ဘဲ အဲဒီငလျင်ဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ငလျင်အဖြစ် သတ်မှတ်ကြတယ်။

၂၀၂၅ ငလျင်ကြောင့် ပျက်စီးသည့် စစ်ကိုင်းတံတားကို မှတ်တမ်းတင်နေသည့် ရဟန်းတပါး / AFP

၂၀၂၅ ခုနှစ် စစ်ကိုင်းငလျင်ကြီး

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးဟာ ၁၉ ရာစုက အမည်ဆိုးကျော်ကြားတဲ့ အင်းဝ ငလျင်ထက် အများကြီး ပြင်းထန်ပြီး မကြုံစဖူး ပျက်စီးဆုံးရှုံးမှုတွေနဲ့ အသက် ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။

စစ်ကောင်စီ အာဏာအခြေစိုက်ရာ နေပြည်တော်မှာ သမ္မတအိမ်တော်၊ လွှတ်တော်၊ စစ်ရုံးတွေ၊ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အိမ်တွေ၊ ဝန်ထမ်းအိမ်ရာတွေ၊ ဘုရားတွေ၊ အားကစားရုံတွေ၊ လမ်းတွေ၊ တံတားတွေ၊ ဆည်တွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေ၊ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက် အဓိကအားဖြင့် အထင်ကရ အဆောက်အအုံအကုန် အပြင်းအထန် ပျက်စီးတယ်၊ ပြိုကျတယ်။

၂၀၂၅ ငလျင်ကြောင့် ပျက်စီးနေသည့် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာနရုံး / MOI

တမြို့လုံးက ခရိုင်တွေကို ပြန်လည် တည်ဆောက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

အဲဒီလို အများအပြား ပျက်စီးပေမယ့် စစ်ကောင်စီဟာ တော်လှန်ရေး ထိန်းချုပ်ဒေသက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး ငလျင်ကယ်ဆယ်ရေး အားထုတ်မှုတွေကို ချက်ချင်း စနစ်တကျ တုံ့ပြန်ဖို့ ပျက်ကွက်နေပါတယ်။

၂၀၂၅ ငလျင်ကြောင့် မန္တလေး အပျက်အစီး / AFP

ထောင်နဲ့ချီတဲ့ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ လူသားချင်းစာနာမှုအကူအညီနဲ့ ပြည်တွင်း ပရဟိတအဖွဲ့တွေနဲ့အတူ လိုအပ်သူတွေကို ကူညီဖို့ အလျင်အမြန်ရောက်လာကြတယ်။ အိမ်ပေါင်း ၆၄,၀၀၀ ပျက်စီးတယ်လို့ စစ်ကောင်စီက ဧပြီလ ၂၄ ရက်နေ့မှာ အကြမ်းဖျဉ်း ခန့်မှန်းပါတယ်။

မြန်မာရဲ့ ရှည်လျားတဲ့ သဘာဝဘေးအန္တရာယ် သမိုင်းတလျှောက် ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ၂၀၂၅ စစ်ကိုင်း ငလျင်ကြီးဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်တွေအောက်မှာ ဖြစ်ခဲ့ပြီး ပြည်သူတွေခံစားရတဲ့ ဒုက္ခတွေ၊ အဖျက်အဆီးတွေနဲ့ အသက်ဆုံးရှုံးမှုတွေကို ပိုမိုဆိုးရွားစေပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Seismic Shifts: A Timeline of Myanmar’s Deadliest Quake Disasters ကို ဘာသာပြန်သည်။)

You may also like these stories:

လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်

အပူပေါ်အပူဆင့်တဲ့ ငလျင်သင့်မန္တလေး

ငလျင်ထူထောင်ရေး တလကြာအထိ မလုပ်နိုင်သေး (ရုပ်/သံ)

မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်

ငလျင်ဒဏ်ခံနိုင်တဲ့ စံချိန်မီ အဆောက်အဦ ဆောက်ရာမှာ အဆင့်တိုင်းက အရေးကြီးတယ်

စစ်ကိုင်းငလျင်က စစ်ကောင်စီ အရှိုက်ကို ထိုးလိုက်သည်

Your Thoughts …
Tags: Sliderငလျင်စစ်ကောင်စီစစ်အာဏာသိမ်းမှုနာဂစ်မုန်တိုင်းလူသားချင်းစာနာမှုအကူအညီလေကြောင်းတိုက်ခိုက်မှုသဘာဝဘေးအန္တရာယ်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗန်းမော်မြို့မကျရေး စစ်ကောင်စီအပြင်းအထန် ခုခံနေ (ရုပ်/သံ)

ဗန်းမော်မြို့မကျရေး စစ်ကောင်စီအပြင်းအထန် ခုခံနေ (ရုပ်/သံ)

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved