• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ငလျင်ဒဏ်ခံနိုင်တဲ့ စံချိန်မီ အဆောက်အဦ ဆောက်ရာမှာ အဆင့်တိုင်းက အရေးကြီးတယ်

by ဧရာဝတီ
2 May 2025
in အင်တာဗျူး
A A
ငလျင်ဒဏ်ခံနိုင်တဲ့ စံချိန်မီ အဆောက်အဦ ဆောက်ရာမှာ အဆင့်တိုင်းက အရေးကြီးတယ်

စစ်ကိုင်းငလျင် အဖျားခတ်ပြီး ပြိုကျသွားသော ဘန်ကောက်က ဆောက်လက်စ အထပ်မြင့်တိုက် စီမံကိန်း

1.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့များစွာ ထိခိုက်ပျက်စီးမှုများပြားခဲ့ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းမြို့က အဆောက်အဦတွေ ပြိုကျပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး လူအသေအပျောက်လည်း များခဲ့ရပါတယ်။

ငလျင်သင့်ဒေသတွေမှာ ရှင်းလင်းရေး၊ ပြည်လည်ထူထောင်ရေးတွေ ယခုချိန်ထိ လုပ်ဆောင်နေရဆဲဖြစ်ပြီး ငလျင်ကြော ပေါ်ကျရောက်နေတဲ့ ဒေသတွေမှာဆိုရင် အဆောက်အဦတွေ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ဘယ်လို တည်ဆောက်သင့်သလဲ၊ မြေသားနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ ဆိုတာတွေကို ဘူမိနည်းပညာ အထူးပြုတဲ့ ဝါရင့် မြို့ပြ အင်ဂျင်နီယာတဦးဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ မြင့်ဝင်းဗိုလ်ကို ဧရာဝတီရဲ့ အယ်ဒီတာ ရဲနည်က မေးမြန်းထားပါတယ်။

ပါမောက္ခ ဒေါက်တာမြင့်ဝင်းဗိုလ်ဟာ အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ခဲ့တဲ့ သက်တမ်း ၄၆ နှစ်ရှိပြီဖြစ်ပြီး၊ နိုင်ငံတကာအဆင့်မီ ပညာရှင်တဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ Geotechnical Ground Investigation ၊ Geotechnical Instrumentation and Applications ၊ Soil Improvement: Prefabricated Vertical Drain Techniques ၊ Compressibility Of Ultra-Soft Soil စတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ ရေးသားထုတ်ဝေခဲ့သလို လက်ရှိမှာလည်း ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် Bo & Associates အင်ဂျင်နီယာအတိုင်ပင်ခံလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

မေး။ ။ မတ်လ ၂၈ ရက်က လှုပ်သွားတဲ့ စစ်ကိုင်းငလျင်ကြောင့် အသေအပျောက် အဆုံးအရှုံးတွေ မြန်မာလူထုတွေ မျက်ဝါးထင်ထင် ကြုံခဲ့ရပြီပေါ့ဆရာ၊ ဒီငလျင်က ဘာသင်ခန်းစာပေးလိုက်လဲဆိုတော့ ကျနော်တို့ ငလျင်ကြောပေါ်မှာ နေထိုင်နေကြရတယ်ဆိုတာ ဘဝနဲ့ယှဉ်ပြီး သိလိုက်ရပြီပေါ့၊ ငလျင်ကြောပေါ်နေတဲ့သူတွေ ဘယ်လို အသေအပျောက် အနည်းဆုံးဖြစ်အောင်လို့ အဆောက်အအုံ တည်ဆောက်‌ရေးဒီဇိုင်း ထုတ်နိုင်လဲ ဆရာ။

ကမ္ဘာပေါ်မှာ ငလျင်ကြောပေါ် နေထိုင်နေကြတဲ့သူတွေ အများကြီးပါ၊ ဥပမာ ကယ်လီဖိုးနီးယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ နယူးဇီလန်တို့ အဲဒီမှာလည်း ငလျင်ကြောပေါ်မှာ နေထိုင်နေကြတာပဲလေ၊ ငလျင်ကြောပေါ်မှာ အဆောက်အအုံ ဆောက် မယ်ဆိုရင် ပထမဦးဆုံးတော့ Seismic Site Classification ဆိုတာကို သိအောင် လုပ်ရပါတယ်၊ နိုင်ငံတော်တော်များများမှာ လည်း Site Classification Criteria ဆိုပြီး သူ့နိုင်ငံအလိုက် ရှိရပါတယ်။

ဖြေ။ ။ ကမ္ဘာပေါ်မှာ ငလျင်ကြောပေါ် နေထိုင်နေကြတဲ့သူတွေ အများကြီးပါ၊ ဥပမာ ကယ်လီဖိုးနီးယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ နယူးဇီလန်တို့ အဲဒီမှာလည်း ငလျင်ကြောပေါ်မှာ နေထိုင်နေကြတာပဲလေ၊ ငလျင်ကြောပေါ်မှာ အဆောက်အအုံ ဆောက် မယ်ဆိုရင် ပထမဦးဆုံးတော့ Seismic Site Classification ဆိုတာကို သိအောင် လုပ်ရပါတယ်၊ နိုင်ငံတော်တော်များများမှာ လည်း Site Classification Criteria ဆိုပြီး သူ့နိုင်ငံအလိုက် ရှိရပါတယ်။

ပါမောက္ခ ဒေါက်တာ မြင့်ဝင်းဗိုလ်

ပုံမှန်အားဖြင့် တနိုင်ငံနဲ့တနိုင်ငံတူပြီး နည်းနည်းပါးပါး လေးပဲ ကွဲပြားကြတယ်၊ များသောအားဖြင့် A ကနေ F ထိ Class ၆ ခု ရှိတယ်။ Class ဆိုတာ ဘာတွေပေါ်မူတည်ပြီး ခွဲလည်းဆိုတော့ မြေနဲ့ကျောက်တွေရဲ့ အမျိုးအစားတွေ အဲဒါတွေရဲ့ ခံနိုင်ရည်အား ရှိမှုတွေဘာတွေပေါ် မူတည်ပြီးခွဲတယ်။ ဥပမာ A ဆိုတာ အကောင်းဆုံးမြေအမျိုးအစားပေါ့၊ ကျောက်တို့ဘာတို့ပေါ့၊ F ဆိုတာ အညံ့ဆုံးပေါ့၊ သူက ရွှံ့မြေတွေ ဖြစ်ချင်ဖြစ်မယ်၊ တအားကြီး ကျစ်လျစ်မှုမရှိတဲ့ သဲမြေတွေ ဖြစ်ချင်ဖြစ်မယ်၊ အဲဒီလို အမျိုးအစားတွေကို Stie Classification ကိုသိဖို့ အရင် ကြိုးစားရတယ်။ အဲဒီအတွက် Geotechnical Ground Investigation Methods ဆိုပြီး ဆောင်ရွက်ရပါတယ်။

အဲဒီမှာလည်း နည်းလမ်း သုံးမျိုး ရှိတယ်ပေါ့လေ၊ Shear Wave Velocity Test တို့ Standard Penetration test, Field Vane Shear Test တို့ ဆောင်ရွက်ပြီးတော့ အဲဒီ Value တွေပေါ် မူတည်ပြီးတော့ Site Class ကို ခွဲကြရပါတယ်၊ အဲဒီ Value တွေ များလာလေ သူ့ရဲ့ Site Class က ကောင်းလာလေ သဘောပေါ့လေ၊ အဲဒါတွေ ပထမဦးဆုံး သိရှိရပါမယ်။ အဲဒီ Site Classification ကို Geotechnical Engineer တွေ ‌ဆောင်ရွက်ပြီးတဲ့အချိန်မှာ Structural Engineer ကို အဲဒီ Report တင်ပြလို့ရှိရင် Structural Engineer က Seismic Stie Class နဲ့ ကိုက်ညီတဲ့ Structural Elements နဲ့ ကိုက်ညီတဲ့ Structural arrangement ကို ငလျင်ဒဏ်ခံနိုင်တဲ့ဒီဇိုင်းလုပ်ပြီးတော့၊ ရှိနေတဲ့ National Building Code ဖြစ်ရင်ဖြစ်မယ်၊ Regional Building Code ဖြစ်ရင်ဖြစ်မယ်၊ အဲဒါတွေနဲ့ညီအောင် ဒီဇိုင်းလုပ်ပြီးတော့ ဆောင်ရွက်နိုင်လို့ရှိရင် ငလျင်ဒဏ်ကို ခံနိုင်တဲ့ အဆောက်အဦကို ရတယ်။

တတိယအချက်ကတော့ နည်းနည်းလေး အရေးကြီးတယ်၊ Structural Elements နဲ့ မဟုတ်ဘူး၊ အဆောက်အအုံကြီးတခုလုံး မြေအောက်ကို နစ်မြှုပ်မသွားအောင်၊ ဥပမာ Sky Villa လိုအဖြစ်မျိုးပေါ့ အဲဒါမျိုး ဖြစ်မသွားအောင်လို့ မြေကြီးက Liquefaction Potential မရှိတဲ့ မြေကြီးမျိုးဖြစ်ရမယ်။ Liquefied မဖြစ်နိုင်ဘူး၊ မြေကြီးက ရေတွေနဲ့ အရေပျော်သွားတယ်၊ သူ့ရဲ့စွမ်းအားတွေ ဆုံးရှုံးနိုင်တဲ့ မြေမျိုးမဖြစ်ရဘူး၊ အဲဒီလို မြေနေရာ Liquefaction Potential ရှိမရှိ သိအောင်လို့ အဲဒါလည်း Geotechnical Ground Assessment လုပ်ရမယ်၊ တကယ်လို့ Liquefaction Potential ရှိနေရင် အဲဒီအပေါ်မှာ ဆောက်လို့ မြေငလျင်လှုပ်ရင် မြေငလျင်ကြောင့် လှုပ်ခါပြီးတော့ ရေတွေက Pressure တွေ တက်လာပြီးတော့ မြေကြီးက အရေပျော် သလို ဖြစ်သွားပြီးတော့ စွမ်းအားတွေ လျော့ကျသွားတဲ့အတွက် အဆောက်အုံကြီးတခုလုံး မြေအောက်ကို နစ်မြုပ်သွားနိုင်ပါတယ်။ ဒါ Liquefaction ကြောင့်ဖြစ်တာ၊ အဲဒီလို Potential ရှိတဲ့ မြေမျိုးပေါ်မှာ ဆောက်ချင်တယ်ဆိုရင် အဲဒီမြေကို ပြုပြင်ရပါမယ်၊ Ground Improvement လို့ခေါ်တာပေါ့လေ၊ အဲဒီမြေကိုပြုပြင်ရမယ်၊ Liquefaction Potential လျော့ကျ သွားအောင် ပြုပြင်ရမယ်၊ အဲဒါကတော့ တတိယအချက်ပေါ့လေ။

စတုထ္ထအချက်ကတော့ Foundation အုတ်မြစ် ဒီဇိုင်းတွေ အခြေခံအဆောက်အအုံတွေ ဆောက်တဲ့အခါမှာ Foundation အုတ်မြစ် ဒီဇိုင်းပဲ ဖြစ်ဖြစ်၊ မြေသား တမံ Slope တွေပဲ ဖြစ်ဖြစ်၊ Retaining Structure တွေပေါ့၊ မြေကြီးတွေကို Retain လုပ်ထားတဲ့ ဒီဇိုင်းတွေ ဆောက်တဲ့အခါမှာ ရိုးရိုး Steep Slope တခုတည်းကိုပဲ မတွက်ဘဲနဲ့ မြေငလျင်ကြောင့် ဖြစ်ပေါ် လာမယ့် အားတွေကိုပါ ထည့်သွင်း စဉ်းစားတွက်ချက်ပြီးတော့ ဒီဇိုင်းကို ပြုလုပ်နိုင်မှသာ မြေငလျင်ဒဏ်ကို ခံနိုင်တဲ့ အဆောက်အဦမျိုးကို ရရှိမှာဖြစ်ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားရာ လူအသေအပျောက်များသည့် မန္တလေးက Sky Villa/AFP

မေး။ ။ ဆရာပြောတဲ့ထဲမှာ Seismic Stie Classification အဲဒါက ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ တည်ဆောက်ဖို့ မြေစမ်းသပ်ဖို့ အဲဒါကို ဘယ်လိုလုပ်ရမလဲ ဆရာ။

ဖြေ။ ။ အဲဒီလိုမြေစမ်းသပ်ဖို့က ပထမဦးဆုံး General Ground Investigation တို့ ဖောင်ဒေးရှင်း ဒီဇိုင်းလုပ်ဖို့တို့ ဘာတို့ မြေစမ်းတာတွေအပြင် သူက Seismic Stie Classification လုပ်ဖို့အတွက် အောက်ခံမြေကြီးရဲ့ ခံနိုင်ရည်ရှိမှုစွမ်းအားကို မြေအောက် ပေ ၁၀၀ အောက်အနက်ထိ တိုင်းတာပါ။ မီတာ ၃၀ လောက်ရှိတာပေါ့။အဲဒီ စွမ်းအားကောင်းလေလေ မြေ အမျိုးအစား Seismic Site Class က ကောင်းလေလေ ဖြစ်ပါတယ်။ Seismic Site Class ကောင်းတယ်ဆိုရင် Structural Engineer ကလည်း အဲဒီ Site Class အတွက် သင့်တော်တဲ့ တအားကြီး Strong ဖြစ်အောင် လုပ်စရာမလိုတဲ့ Building Structural Element မျိုးကို သူတို့ ပြုလုပ်နိုင်တာပေါ့။ Site Class က ဘာနဲ့ မူတည်လဲဆိုတော့ Shear Wave Velocity ဆိုတဲ့ လှိုင်းတွေရဲ့ သွားလာနိုင်တဲ့ နှုန်းတွေက များလေလေ မြေဆီလွှာနဲ့ ကျောက်သားက ကောင်းလေ၊ ဆိုတဲ့အခါ ကျတော့ Shear Wave Velocity တိုင်းပြီးတော့ Site Class ကို ခွဲခြားနိုင်ပါတယ်။

Geotechnical Ground Investigation က ကျင်းတူးပြီးတော့ အဲဒီထဲမှာ Standard Penetration ဆိုပြီးတော့ တူနဲ့ ရိုက်ပြီးတော့ မြေကြီးကို မာ မမာ စမ်းတာပေါ့။ များသောအားဖြင့် သဲမြေတွေကို စမ်းသပ်တဲ့ နည်းပေါ့။ အဲဒါကိုစမ်းသပ်ခြင်းအားဖြင့် သဲမြေက ကျစ်ကျစ်လျစ်လျစ် ရှိရဲ့လား၊ Loose ဖြစ်နေ လား၊ အဲဒါပေါ်မူတည်ပြီးတော့ Site Class ကို ခွဲတယ်၊

နောက်တခုက Geotechnical Engineering မှာ Carry out လုပ်တဲ့ Geotechnical Ground Investigation က ကျင်းတူးပြီးတော့ အဲဒီထဲမှာ Standard Penetration ဆိုပြီးတော့ တူနဲ့ ရိုက်ပြီးတော့ မြေကြီးကို မာ မမာ စမ်းတာပေါ့။ များသောအားဖြင့် သဲမြေတွေကို စမ်းသပ်တဲ့ နည်းပေါ့။ အဲဒါကိုစမ်းသပ်ခြင်းအားဖြင့် သဲမြေက ကျစ်ကျစ်လျစ်လျစ် ရှိရဲ့လား၊ Loose ဖြစ်နေ လား၊ အဲဒါပေါ်မူတည်ပြီးတော့ Site Class ကို ခွဲတယ်၊ တကယ်လို့ ကိုယ်က ဆောက်မယ့်နေရာက ရွှံ့မြေလို မြေမျိုးဖြစ်နေမယ်ဆိုရင် အကောင်းဆုံးကတော့ Field Vane Shear Test က စတားလိုမျိုးပေါ့ မြေကြီးထဲ ထိုးတဲ့ အဲဒါနဲ့လှည့်ပြီးတော့ စမ်းသပ်ပြီးတော့ Shear Strength ကို တိုင်းတာ၊ Shear Strength ပေါ် မူတည်ပြီးတော့ Site Class ကို သွယ်ဝိုက်တဲ့နည်းနဲ့ ခွဲခြား နိုင်ပါတယ်။

တခြား သွယ်ဝိုက်တဲ့နည်းတွေကတော့ နှစ် ၃၀ လောက်တော့ရှိပြီ ပေါ်နေတာ၊ ဒါပေမယ့် နည်းသစ်လို့ပြောရမှာပေါ့လေ။ Standard Penetration test က သံဂုံးအချွန်လေးကို မြေကြီးထဲ ထိုးတည့်ပြီး မြေကြီးက ဘယ်လောက်ခံနိုင်ရည်ရှိလဲ စမ်းသပ်တာတို့ နောက်တခုက Seismic wave ကို ထုတ်လွှတ်ပြီး အဲဒီဟာကို Receiver စမ်းပြီးတော့ Shear Wave Velocity ကို တိုင်းတာပြီး ဆောင်ရွက်တာတို့ အဲဒါတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။ အဲဒါကတော့ Primary Investigation for Seismic Site Classification ပေါ့လေ။

စင်ကာပူ ချန်ဂီလေဆိပ်တနေရာတွင် ၂၀၁၅ ခုနှစ်အတွင်း မြေစမ်းသပ်စဉ်

တကယ်လို့ အဲဒီမြေထုက ဘူမိဗေဒအနေအထားအရ သူ့မှာ သဲမြေတွေရှိနိုင်တယ်၊ အဲဒီသဲမြေတွေက Liquefaction Potential ရှိ မရှိကို ဆက်လုပ်ဖို့ လိုအပ်မယ်ဆိုရင် အပေါ်ကနည်းတွေနဲ့ ဆောင်ရွက်ပြီးတော့ Liquefaction Potential ကို တွက်ချက်ရပါမယ်။ တကယ်လို့ မြေကြောတွေက Liquefaction Potential ရှိမယ်ဆိုရင် ငလျင်ကြောင့်လာမယ့် Forces တွေလာတဲ့အချိန်မှာ Liquefaction Potential ကနေ မြေကြီးကိုခံနိုင်ရည်ရှိအောင် Ground Improvement Methods ခုနက ကျနော်ပြောခဲ့သလို ပြုပြင်ယူရပါမယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
54
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
35
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
159

မေး။ ။ ဆရာ ပြောတဲ့ Ground Improvement မှာ မြေကို ပြုပြင်လို့ ရလားဆရာ၊ မြေကို ဘယ်လို ပြုပြင်လို့ရလဲ။

ဖြေ။ ။ မြေကို ပြုပြင်လို့ရပါတယ်၊ အထူးသဖြင့် မြေကြီးက နှစ်မျိုးနှစ်စားပဲ ရှိတာပါ။ တခုကတော့ သဲမြေပေါ့၊ နောက်တခုကတော့ ရွှံ့မြေပေါ့၊ သဲမြေပဲဖြစ်ဖြစ် ရွှံ့မြေပဲဖြစ်ဖြစ် ပြုပြင်လို့ရပါတယ်၊ ပြုပြင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ အခု ရွှံ့မြေကိုပြောမယ့်အစား Liquefaction နဲ့ပတ်သက်နေတဲ့ သဲမြေကို ပြုပြင်တဲ့နည်းကိုပဲ ပြောပါမယ်။ Liquefaction ဖြစ် နိုင်ဖို့က အချက် နှစ်ချက်ကြောင့်ပါ၊ တခုက သဲမြေဖြစ်ပြီးတော့ သဲမြေက ကျစ်လျစ်မှုမရှိဘူးဆိုရင် Liquefaction ဖြစ်နိုင်တယ်။ ကျစ်လျစ်မှုမရှိတဲ့အတွက် သူ့မှာ အင်အားသိပ်မရှိဘူး၊ မရှိတဲ့အတွက် မြေငလျင်ကြောင့်လာတဲ့ အားတွေ ဖြစ်တဲ့အခါ Liquefied ဖြစ်နိုင်တယ်၊ အဲဒီလိုဖြစ်ဖို့ဆိုတာ အဲဒီထဲမှာ ရေရှိနေရမယ်၊ မြေအောက်ရေရှိမှ၊ အဝီစိတွင်းက ထုတ်တဲ့မြေမျိုး၊ မြေအောက်ရေရှိနေရမယ်၊ ကျစ်လျစ်မှုမရှိတဲ့ သဲမြေမျိုးဖြစ်ရမယ်၊ မြေအောက်ရေ ရှိနေရမယ်၊ Liquefied ဖြစ်နိုင်တဲ့ မြေကြီးကို ပြုပြင်ဖို့ဆိုရင် ဒီသဲမြေကို ကျစ်လျစ်အောင် လုပ်ပစ်ရမယ်။

ကျစ်လျစ်အောင်လုပ်မယ်ဆိုရင် လွယ်လွယ်လေးပဲ။ တခုကတော့ အလေးကြီးတွေ အပေါ် မပြီး အလေးကြီးတွေနဲ့ ထုထုချ လိုက်ရင် ဒီသဲမြေက ကျစ်သွားမှာပဲ၊ ဒါကို ကျနော်ထင်တယ် သာမန်လူလည်း နားလည်တယ်၊ နောက်တခုက မီးဖိုချောင်ထဲ သွားမယ်ဆိုရင် သကြားဗူး ရှိမယ်။ သကြားဗူးကို လှုပ်ကြည့်လိုက်လို့ရှိရင် လှုပ်ခပ်တဲ့အတွက် အဲဒီသကြားတွေက ကျစ်လျစ် သွားတယ်။ အဲဒီနည်းအတိုင်းပဲ Vibro compaction မြေကြီးထဲကို Flot တခုထည့်လိုက်ပြီး လှုပ်ပေးလိုက်လို့ရှိရင် ဒီမြေကြီး အမှုန်တွေက ကျစ်လျစ်သွားတယ်၊ နောက်တခုကတော့ အဲဒီ သဲကို ဘိလပ်မြေလိုဟာမျိုးနဲ့ ရောမွှေလိုက်လို့ရှိရင် ဒီကောင်က Solidified လုပ်တယ်လို့ခေါ်တယ်၊ Soil mixing လို့ခေါ်တယ်၊ အဲဒီလိုမျိုးလုပ်လိုက်ရင်လည်း မြေကြီးက ကျစ်လျစ်သွားတယ်၊ မရွှေ့လျား နိုင်တော့ဘူး၊ အဲဒီတော့ သူ့ရဲ့ အင်အားတွေက ကောင်းလာတယ်ပေါ့လေ။ ဒါတွေက ကျစ်လျစ်အောင်လုပ်တဲ့ နည်းတွေ။

Liquefied ဖြစ်တာ မြေအောက်ရေရှိမှဖြစ်တာဆိုတော့ နောက်တခုက မြေအောက်ရေ ကျသွားအောင် လုပ်တာ၊ တွင်းနဲ့တူးပြီး မြေအောက်ရေကို ထုတ်ပစ်တာ မြေအောက်ရေကို ၃၀ မီတာထိ အဲဒီမြေကြီးကို Liquefied မဖြစ်စေချင်ဘူးဆိုရင် မြေအောက်ရေကို ၃၀ မီတာ ထိရောက်အောက် ထုတ်ပစ်လိုက်လို့ရှိရင် သူက ကျစ်လျစ်မှု မရှိတောင်မှ ရေမရှိတဲ့အတွက် သူ့ကို တိုးထွက်မယ့် ဖိအားတွေ မရှိတော့ဘူး။

နောက်တခုက Liquefied ဖြစ်တာ မြေအောက်ရေရှိမှဖြစ်တာဆိုတော့ နောက်တခုက မြေအောက်ရေ ကျသွားအောင် လုပ်တာ၊ တွင်းနဲ့တူးပြီး မြေအောက်ရေကို ထုတ်ပစ်တာ မြေအောက်ရေကို ၃၀ မီတာထိ အဲဒီမြေကြီးကို Liquefied မဖြစ်စေချင်ဘူးဆိုရင် မြေအောက်ရေကို ၃၀ မီတာ ထိရောက်အောက် ထုတ်ပစ်လိုက်လို့ရှိရင် သူက ကျစ်လျစ်မှု မရှိတောင်မှ ရေမရှိတဲ့အတွက် သူ့ကို တိုးထွက်မယ့် ဖိအားတွေ မရှိတော့ဘူး။ အဲဒါက ရေကိုထိန်းတာ၊ နောက်တနည်းက ရေတွေ ဖိအားတက်လာဖို့ဆိုတာ တိုးထွက်ရတဲ့ အခြေအနေတွေကျမှ ဖိအားက ရှိတာ၊ အဲဒီတော့ တိုးထွက်စရာမလိုအောင် သူထွက်မယ့် လမ်းကြောင်းတွေကို Drainage improve လုပ်တာပေါ့ ရေထွက်တဲ့လမ်းကြောင်းတွေကို Improve လုပ်ပေးလို့ရှိရင် ဖိအား မတက်နိုင်တော့တဲ့အတွက် Liquefied မဖြစ်နိုင်တော့ဘူး။

ပါမောက္ခ ဒေါက်တာ မြင့်ဝင်းဗိုလ် ပြုစုရေးသားသော Geotechnical ground investigation စာအုပ်

သဲအနုတွေထဲမှာ Stone column တို့ တွင်းတူးပြီး ကျောက်တုံးတွေထည့်ပစ်တာ၊ ကျောက်တွေက အပေါက်တွေပါတဲ့အခါ ကျတော့ ရေအများကြီးထွက်နိုင်တယ်၊ ရေထွက်နိုင်တဲ့အတွက် ဖိအားမတက်တော့ဘူး၊ ဖိအားမတက်ရင် Liquefied မဖြစ်တော့ဘူး။ နောက်တခုကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ပေါ်တာပေါ့၊ Prefabricated vertical drains တို့က Manmade test soil နဲ့ Drainage ကို improve ဖြစ်အောင်လုပ်တာပေါ့။ ဖိအားကျအောင် လုပ်ပေးတာပေါ့၊ ဖိအားမတက်ရင် Liquefied မဖြစ်တော့ဘူး။ ဒါတွေက မြေပြုပြင်မှုလုပ်ငန်းတွေပေါ့၊ မြေပြုပြင်မှု လုပ်ငန်းအမျိုးမျိုး အကြောင်းကို ၂၀၀၄ ခုနှစ်က ကျနော် ရေးသားထုတ်ဝေခဲ့တဲ့ Soil Improvement တို့ Reclamation and Ground Improvement တို့ အဲဒီစာအုပ်တွေမှာ လေ့လာနိုင်ပါတယ်။

မေး။ ။ ဆရာပြောတဲ့ထဲမှာ စံ Standard တွေ နောက်ပြီးတော့ Building Code တွေ လိုက်နာဖို့တွေ ပြောသွားတဲ့အခါမှကျ တော့ ဒီ Standard Code တွေကို လိုက်နာလို့ရှိရင် ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံ ဖြစ်ပြီလို့ ပြောလို့ရလားဗျ။

ဖြေ။ ။ အဲဒီလိုတော့ တသွေမတိမ်းပြောလို့မရပါဘူး၊ Standard တွေ Building Code တွေ နဲ့ ကိုက်ညီအောင်ဆောက်တာ၊ ဆောင်ရွက်ထားပေမယ့် အဲဒီမှာ အဆင့်များစွာရှိတယ်၊ အဲဒီမှာ အဆင့်များစွာကို တိကျအောင် ဆောင်ရွက်နိုင်မှုမရှိဘူးဆိုရင် ငလျင်ဒဏ်ခံနိုင်တဲ့ ရည်မှန်းချက်ကို ပြည့်မီမှာ မဟုတ်ပါဘူး။ အဲဒီအဆင့်တိုင်းမှာ အရေးကြီးပါတယ်၊ Standard တွေ ရှိနေပေမယ့် တကယ်လို့ ဆောက်လုပ်ရေးပစ္စည်းတွေက သတ်မှတ်ထားတဲ့ စံချိန်ကို မမီဘူး၊ သတ်မှတ်ထားတဲ့ စံချိန်ရှိတဲ့ ပစ္စည်းတွေကို ဝယ်လို့ မရဘူး၊ မရတော့ အစားထိုးပစ္စည်းတွေ သုံးရမယ်၊ အဲဒါတွေကလည်း ဒီဇိုင်းကို ထိခိုက်သွားနိုင်တယ်၊ နောက်ပြီး ဆောက်လုပ်ရေးပစ္စည်းကို ဆောက်လုပ်တဲ့ နည်းစနစ်တွေက စံချိန်စံညွှန်းမညီလို့ရှိရင် Target လုပ်ထားတဲ့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦကို ရချင်မှရမယ်။

အားလုံး ကောင်းကောင်းမွန်မွန် ဆောက်ခဲ့ပေမယ့်၊ ဆောက်လုပ်ပြီးတော့ ဒီအဆောက်အဦတွေ အသုံးပြုရင် အသုံးပြုနေတဲ့အချိန်မှာ ပုံမှန်စစ်ဆေးမှု မလုပ်တာတို့၊ ပျက်စီးယိုယွင်းမှုတွေကို ပြင်ဆင်ထိန်းသိမ်းမှု မရှိတာတို့ ကလည်း ဒါတွေက နောက်မှာ ထိခိုက်လာနိုင်ပါတယ်။

နောက်ပြီး ဒီဇိုင်းနာက ဒီဇိုင်းလုပ်ပြီးတော့ ငလျင်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းကို ထုတ် ပေးလိုက်ပေမယ့် အဆိုပြုတဲ့ ဒီဇိုင်းအတိုင်း မတူညီဘဲ ကွဲပြားတဲ့ စံချိန်မမီတဲ့ ဒီဇိုင်းမျိုးနဲ့ ကန်ထရိုက်တာက ဆောက်လိုက် ရင်လည်း အဲဒါကလည်း ငလျင်ဒဏ်ခံနိုင်တဲ့ စံချိန်မီတဲ့ အဆောက်အဦ ရချင်မှ ရတယ်။ အားလုံး ကောင်းကောင်းမွန်မွန် ဆောက်ခဲ့ပေမယ့်၊ ဆောက်လုပ်ပြီးတော့ ဒီအဆောက်အဦတွေ အသုံးပြုရင် အသုံးပြုနေတဲ့အချိန်မှာ ပုံမှန်စစ်ဆေးမှု မလုပ်တာတို့၊ ပျက်စီးယိုယွင်းမှုတွေကို ပြင်ဆင်ထိန်းသိမ်းမှု မရှိတာတို့ ကလည်း ဒါတွေက နောက်မှာ ထိခိုက်လာနိုင်ပါတယ်။

ပါမောက္ခ ဒေါက်တာ မြင့်ဝင်းဗိုလ် ပူးတွဲရေးသားသော Geotechnical instrumentation and applications စာအုပ်

အဲဒါပြင် ဒီဇိုင်းလုပ်တုန်းက လိုအပ်တဲ့ ဒီဇိုင်းလုပ်ဖို့ အချက်အလက် စုဆောင်းရယူလေ့လာတဲ့အချိန်မှာ မှားယွင်းသွားတာတို့၊ မတိကျမှုတွေ တို့အဲဒါတွေကြောင့်လည်း ဒီဇိုင်းကိုယ်တိုင်က မှားယွင်းနေတာ ဖြစ်နိုင်တယ်။ နောက်ဆုံး ပိုအရေးကြီးတဲ့ တချက်ကတော့ Building Code ရဲ့ ခေါင်းစဉ်အောက်က ပြောရမယ်ဆိုရင် ကျနော်တို့ Construction နဲ့ Engineering တွေမှာ ဒေသအလိုက် နိုင်ငံအလိုက် နာမည်ကြီး Engineering Code တွေ ရှိပါတယ်၊ နံပါတ် ၁ က စပြောရရင် International Code တွေပေါ့လေ၊ နံပါတ် ၂ ကတော့ National Code တွေ‌ပေါ့ သူ့နိုင်ငံမှာရှိတဲ့ ဥပမာ British Standard တွေ တော်တော် နာမည်ကြီးတယ်၊ အမေရိကန်ကုဒ်တွေ ရှိတယ်။ Canadian Standard Association ကထုတ်တဲ့ CSA ဆိုတဲ့ Code တွေ ရှိတယ်။ ယူရိုပီယံနိုင်ငံတွေအားလုံး ပေါင်းစည်းပြီးတော့ ယူရိုပီယံ နိုင်ငံတွေ လိုက်နာဖို့ EURO Code ဆိုပြီး ရှိတယ်၊ သြစတြေးလျဆို Australian Standard Code (ASC) ဆိုပြီးရှိတယ်၊ နိုင်ငံအလိုက်တွေလည်း ရှိတယ်။

တချို့ တအားကြီးတဲ့နိုင်ငံတွေ ဥပမာ အမေရိကတို့၊ ကနေဒါတို့ဆို နိုင်ငံကြီးတွေက တအားကြီးလွန်းတော့ National Code တခုတည်းနဲ့ မလုံလောက်တော့ဘူး၊ သူ့ရဲ့ပထဝီအနေအထား၊ ဘူမိဗေဒ အနေအထား၊ ရာသီဥတု အနေအထား၊ အမျိုးမျိုး ကွဲပြားတော့ Province Code တွေရှိလာတယ်၊ ပြည်နယ် တခုချင်းစီရဲ့ United State ဆိုရင် State Code တွေ ရှိလာတယ် ပေါ့။ ဒါပေမယ့် ဒီ Code တွေရှိနေပေမယ့် အဲဒီ Code တွေက အားလုံးမှန်နေတဲ့ ကျမ်းစာမဟုတ်ဘူး၊ ပြောလို့မရဘူး၊ အဲဒီ Code တွေ တခုတခုနဲ့ တူညီကြပေမယ့် သူ့နိုင်ငံ သူ့ဒေသနဲ့ ကိုက်ညီအောင် အနည်းနဲ့အများ ကွဲပြားနေကြတယ်၊ ဘာလို့လဲဆို Code တွေက Engineering သီအိုရီ အရသာ အတူတူဖြစ်တာ၊ သူ့ဒေသ ပထဝီအနေအထား၊ ဘူမိဗေဒ အနေအထားနဲ့ ရာသီဥတု အနေအထားပေါ် မူတည်ပြီးတော့ ကိုက်ညီအောင် ဆွဲထားကြတာများတယ်၊ သဘာဝပတ်ဝန်းကျင် အနေအထား တို့နဲ့ ကိုက်ညီအောင် ဆွဲထားကြတာ၊ ဒါကြောင့် နိုင်ငံကြီးတွေမှာ National Code နဲ့ Regional Code တို့ နှစ်ခုလုံး လိုက်နာရပါတယ်။

ဒီအတွက် နမူနာ ပြောရရင် မြန်မာပြည်မှာ National Code ရှိတယ်ဆိုတာ ကျနော် သိတယ်၊ ဒါပေမယ့် မန္တလေးလို တိုင်းမျိုး၊ နေပြည်တော်လို တိုင်းမျိုး၊ တခြား ရှမ်းပြည်နယ်လို နေရာမျိုး ဒီလိုနေရာတွေမှာ ပထဝီအနေအထား၊ ဘူမိဗေဒ အနေ အထား၊ ရာသီဥတုတွေကွဲပြားသွားတယ်၊ မြေအမျိုးအစား ကွဲပြားသွားတယ် ဆိုတော့ Regional Code ဆိုပြီး ရှိနေသင့်တဲ့ သဘောပါပဲ။ ဒီ Code တွေ ရှိနေပေမယ့် အမြဲတမ်း တသမတ်တည်း အသုံးဝင်နေမယ်လို့ ပြောလို့မရဘူး၊ တသမတ်တည်း ဒီ Code တွေနဲ့ ဒီဇိုင်းလုပ်ဖို့ ဒီဟာတွေက အကုန်လုံးကောင်းကောင်းမွန်မွန် သုံးပြီးတော့ အန္တရာယ်ကင်းနိုင်တဲ့ Building တွေ ဆောက်နိုင်မယ်လို့ ပြောလို့မရဘူး။

နည်းပညာတွေက ပြောင်းလဲတယ်၊ အချိန်နဲ့အမျှ သဘာဝပတ်ဝန်းကျင် အနေအထားတွေကလည်း ပြောင်းလဲတယ်၊ ဆောက်လုပ်ရေးပစ္စည်း အမျိုးအစားကိုယ်တိုင်က နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာ အမျိုးမျိုးပြောင်းလဲလာတယ်၊ ဒီဇိုင်းရဲ့ Method တွေ ဆောက်လုပ်ရေး နည်းစနစ်တွေ အဲဒါတွေကလည်း ပြောင်းလဲသွားတာပဲ၊ အင်ဂျင်နီယာ တွေရဲ့ နားလည်မှုက ပိုပြီးတော့ မြင့်တက်လာတော့ မူလကတည်းက ဒီဇိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတာကို ရှာတွေ့ သွားနိုင်တယ်။ အဲဒါတွေမူတည်ပြီး Code ဆိုတာ မကြာခဏ Update လုပ်ရတယ်။ တခါရေးပြီးတာနဲ့ ရာစုနှစ် ခံနေတဲ့ဟာမျိုး မဖြစ်နိုင်ဘူး။

ဘာဖြစ်လို့လဲဆို‌တော့ နည်းပညာတွေက ပြောင်းလဲတယ်၊ အချိန်နဲ့အမျှ သဘာဝပတ်ဝန်းကျင် အနေအထားတွေကလည်း ပြောင်းလဲတယ်၊ ဆောက်လုပ်ရေးပစ္စည်း အမျိုးအစားကိုယ်တိုင်က နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာ အမျိုးမျိုးပြောင်းလဲလာတယ်၊ ဒီဇိုင်းရဲ့ Method တွေ ဆောက်လုပ်ရေး နည်းစနစ်တွေ အဲဒါတွေကလည်း ပြောင်းလဲသွားတာပဲ၊ အင်ဂျင်နီယာ တွေရဲ့ နားလည်မှုက ပိုပြီးတော့ မြင့်တက်လာတော့ မူလကတည်းက ဒီဇိုင်းတွေမှာ အားနည်းချက်တွေ ရှိနေတာကို ရှာတွေ့ သွားနိုင်တယ်။ အဲဒါတွေမူတည်ပြီး Code ဆိုတာ မကြာခဏ Update လုပ်ရတယ်။ တခါရေးပြီးတာနဲ့ ရာစုနှစ် ခံနေတဲ့ဟာမျိုး မဖြစ်နိုင်ဘူး။

Vibro compaction မြေကြီးထဲကို Flot တခုထည့်လိုက်ပြီး လှုပ်ပေးခြင်း နည်းပညာ

ဥပမာပြောရရင် American Standard of Testing Material မှာ ကျနော် ကော်မတီအဖွဲ့ဝင်အနေနဲ့ ၁၅ နှစ်လောက် လုပ်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ Code တွေ မကြာဏ ရီဗျူး လုပ်ပေးရပါတယ်၊ လတိုင်း Code တွေ Review လုပ်ပေးရပါတယ်၊ Section အလိုက် Section အလိုက် လိုအပ်တာတွေ Review လုပ်ပြီးတော့ update လုပ်ပေးရပါတယ်၊ သူတို့ အဲဒီ Code တွေမှာ ASTM ပေါ့ American Standard of Testing Material မှာ Approximately every Code ကို သူတို့က At least every 8 years မှာ (အနည်းဆုံး ၈ နှစ် မှာ) ပြန်ပြီး Review လုပ်ပြီးတော့ update လုပ်သင့်တယ် ဆိုပြီးတော့ Criteria ရှိတယ်။ ဒါ အနည်းဆုံးပေါ့လေ၊ များသောအားဖြင့် ၈ နှစ် မတိုင်ခင်မှာ ပြန်ပြီး စစ်ကြတာ များပါတယ်။

နောက်တခုက Code တွေက တော်တော်များများ Engineering Theory က တော်တော်တူတော့ တနိုင်ငံနဲ့ တနိုင်ငံ ကိုးကားပြီးတော့ Code တွေက ပွားလာကြတာပေါ့လေ၊ ဒါပေမယ့် တချို့ Code တွေက ပြည့်စုံမှု မရှိဘူး၊ Code တွေကို Develop လုပ်ပေမယ့် နောက်ပြီး သူတို့တွေမှာ တချို့က မပြည့်စုံတာတင် မဟုတ်ဘူး၊ နည်းနည်း မသေချာတဲ့ဟာတွေပါ ရှိနေတာ၊ တချို့ Code တွေက Up to Date မဖြစ်ဘူး၊ ခေတ်နဲ့ မလိုက်လျော်ညီတာတွေလည်း ရှိတယ်၊ ခေတ်နောက်ကျနေတာ၊ အဲဒီအချက်တွေကြောင့် Code ကို လိုက်နာပေမယ့်လည်း တခါတရံမှာ ကာကွယ်ဟန့်တားနိုင်မှုက နည်းပါးနေတာ၊ တချို့ အားနည်းချက်တွေဆိုရင် အဲဒီအားနည်းချက်ကို မြင်တဲ့ Contractor တွေ Developer တွေဆိုရင် Misused လုပ်ပြီးတော့ အရည်အသွေးနည်းတဲ့ အဆောက်အဦတွေ ဒဏ်မခံနိုင်တဲ့ အဆောက်အဦတွေ သူတို့ဆောက်သွားနိုင်တာပေါ့၊ ဆောက်လည်း ဆောက်ခဲ့တာပဲ၊ ဒါတွေက ဖြစ်နေတာပဲ။

ဒါတွေကို ငလျင်နဲ့ ပတ်သက်လို့ ဥပမာ တချို့ ပြောပြမယ်၊ ၁၉၉၉ ခုနှစ်က ချီချီဆိုတဲ့ ငလျင်ထိုင်ဝမ်မှာ ဖြစ်သွားတယ်၊ အဲဒီ ထိုင်ဝမ်မှာ ဖြစ်တဲ့အချိန်မှာ အင်မတန် ထူးဆန်းစွာပဲ အထပ် ၂၀ မြင့်တဲ့ အဆောက်အဦတွေက ပြိုကျတာ နည်းတယ်၊ သူ့ထက်နည်းတဲ့ ၁၂ ထပ် အဆောက်အဦတွေက ‌တော်တော်များများ အများကြီး ပြိုကျကြတယ်၊ အဲဒါ ဖြစ်နိုင်တဲ့ အကြောင်းက ဘာလဲဆိုတော့ Code နဲ့ Permit Process ကြောင့်ပဲ။ ထိုင်ဝမ်ရဲ့ Code မှာ ဘာရေးထားလဲဆိုတော့ ၁၂ ထပ် ထက်ပိုတဲ့ အဆောက်အဦကို ဆောက်ခွင့်တောင်းတဲ့အခါမှာ Special Engineering Committee ကို Approval တင်ရမယ်၊ ၁၂ ထပ်အောက်ဆိုရင် Approval တင်စရာမလိုဘူးဆိုတော့ Contractor တွေက ၁၂ ထပ်အောက် ဆောက်တယ်၊ ဆောက်ပြီး တော့ Approval တင်စရာမရှိတော့ ကွာလတီ Strong မဖြစ်တဲ့ဟာတွေနဲ့ ဆောက်တယ်၊ ဆောက်ပြီးတော့ သူတို့ Approval ရတယ်၊ ရတယ်ဆိုတော့ မြေငလျင်လည်း ဖြစ်ရော ၁၂ ထပ်တိုက်တွေက အပြိုဆုံးပဲ၊ အထပ် ၂၀ က မပြိုဘဲနဲ့ ၁၂ ထပ် တွေက အကုန်ပြိုဆိုတော့ ဒီဟာတွေက Code ရဲ့ အားနည်းချက်ပေါ့လေ။

မြို့ကြီးများ၏ စည်ပင်သာယာရေးကော်မတီများတွင် Geotechnical Engineer ရှိသင့်/AFP

ဥပမာ ၁၉၉၅ ခုနှစ်က ကိုဘေး(ဂျပန်) မှာဖြစ်တဲ့ ငလျင်မှာ အထပ် ၂၀ ထက် ပိုတဲ့တိုက်တွေ ပြိုတဲ့အခါမှာ ၅ ထပ်ရဲ့အထက်က Structural Element တွေက ပြိုတာ မဟုတ်ဘူး၊ ၅ ထပ်ရဲ့အောက်က Structural Element တွေက ပြိုကျတယ်၊ အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့ Building Code မကောင်းလို့၊ ၅ ထပ်ရဲ့အောက်မှာ Weak ဖြစ်တဲ့ Structural Element တွေ ထည့်ခွင့်ပြုထားတယ်၊ ငါးထပ်အောက်ကဟာတွေ ပြိုတာပဲ၊ တကယ့်ငလျင်ဆိုရင် အမြင့်ကြီးလှုပ်ရင် အပေါ်ဆုံးက Element တွေက ပိုပြီးလှုပ်တာပဲ၊ အပေါ်ဆုံးက ပိုလှုပ်တယ်၊ ဒါပေမယ့် သူကမခံရဘဲနဲ့ ငါးထပ်ရဲ့အောက်က ပိုပြီးခံရပြီးတော့ ပြိုကျတယ်၊ ဒါတွေက Code တွေရဲ့ အားနည်းချက်ပေါ့လေ။

Building Code ရှိနေတယ်၊ အင်ဂျင်နီယာတွေကလည်း Building Code နဲ့အညီ ဒီဇိုင်းလုပ်တယ်။ ဒါပေမယ့် အာဏာပိုင်တွေပေါ့လေ ဒါတွေကိုစိစစ်ရမယ့်သူတွေမှာ Qualified ဖြစ်တဲ့ အင်ဂျင်နီယာတွေ ရှိမနေဘူး၊ အဲဒီတော့ သူတို့သေသေချာချာ ကောင်းကောင်း မစစ်နိုင်ဘူး၊ Code နဲ့ မညီတာ သူတို့မသိဘူး။ ကျနော် အခုတော့ မသိဘူး၊ ကျနော် မြန်မာနိုင်ငံက ထွက်လာတာ ၃၅ နှစ်ရှိပြီ၊ ၁၉၉၂ ခုနှစ်က ထွက်လာတာပေါ့လေ၊ ကျနော် ရှိနေတဲ့ အချိန်က တော့ ဘယ်စည်ပင်သာယာမှာမှ Geotechnical Engineer ဆိုတာ မရှိဘူး။

နောက်ဆုံးအားနည်းချက်တခုကတော့ Building Code ရှိနေတယ်၊ အင်ဂျင်နီယာတွေကလည်း Building Code နဲ့အညီ ဒီဇိုင်းလုပ်တယ်။ ဒါပေမယ့် အာဏာပိုင်တွေပေါ့လေ ဒါတွေကိုစိစစ်ရမယ့်သူတွေမှာ Qualified ဖြစ်တဲ့ အင်ဂျင်နီယာတွေ ရှိမနေဘူး၊ အဲဒီတော့ သူတို့သေသေချာချာ ကောင်းကောင်း မစစ်နိုင်ဘူး၊ Code နဲ့ မညီတာ သူတို့မသိဘူး။ ကျနော် အခုတော့ မသိဘူး၊ ကျနော် မြန်မာနိုင်ငံက ထွက်လာတာ ၃၅ နှစ်ရှိပြီ၊ ၁၉၉၂ ခုနှစ်က ထွက်လာတာပေါ့လေ၊ ကျနော် ရှိနေတဲ့ အချိန်က တော့ ဘယ်စည်ပင်သာယာမှာမှ Geotechnical Engineer ဆိုတာ မရှိဘူး။ ဒီလို ငလျင်ဆိုရင် Geotechnical Engineer က အရေးကြီးဆုံးပေါ့။

နောက်ဆုံး Yangon City Development Committee မှာလည်း Geotechnical Engineer ဆိုတာမရှိဘူး၊ ဒါတွေက ရှိသင့်တယ်။ နောက်ဆုံးတခုကတော့ အဆောက်အဦကို အကောင်အထည်ဖော်မယ် ဆိုရင် အဖွဲ့အစည်းအဆင့်ဆင့်ပေါ့လေ၊ Approving Authority၊ Consultant ၊ Main Contractor ၊ Sub Contractor အဲဒါတွေမှာ Qualified Structural Engineer ၊ Geotechnical Engineer ရှိနေရပါမယ်၊ အဲဒီ Qualified ဖြစ်တဲ့ အင်ဂျင်နီယာတွေကလည်း Standard တွေကို Code တွေကို သဘောပေါက်နားလည်ပြီးတော့ မှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်မှသာ ရည်မှန်းထားတဲ့ ငလျင်ဒဏ်ကို ခံနိုင်တဲ့ အဆာက်အဦမျိုးကို ရနိုင်မယ်။

You may also like these stories:

ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ဆောက်ဖို့ဆို

ရန်ကုန်ကို ပြင်ဆင်ဖို့ အချိန်ရတယ် (ရုပ်/သံ)

နောက် ငလျင်က ရန်ကုန်ကို လာမလား (ရုပ်/သံ)

နေပြည်တော်က ရန်ကုန် ပြန်ရွှေ့ မရွှေ့ (ရုပ်/သံ ဆွေးနွေးခန်း)

သဘာ၀ဘေး နဲ့ စစ်တပ်ဘေး… ဘယ်ဘေး ပိုဆိုးလဲ

Your Thoughts …
Tags: Building Codeငလျင်ဒဏ်ခံစံချိန်မီအဆောက်အဦစစ်ကိုင်းငလျင်ပါမောက္ခ ဒေါက်တာ မြင့်ဝင်းဗိုလ်ဘူမိနည်းပညာမြို့ပြအင်ဂျင်နီယာမြေသား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”

“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”

by ဧရာဝတီ
1 May 2025
8.4k

ပြင်းအား ၇ ဒသမ ၇ ရှိသည့် မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနေရာများ ဆိုးရွားစွာပျက်စီးခဲ့သလို လက်ရှိအချိန်ထိ အကူအညီများ လိုအပ်လျက်ရှိသည်။

စစ်ကိုင်းငလျင်ကြီးမှာ စစ်တပ် ဘယ်လောက် ထိသလဲ

စစ်ကိုင်းငလျင်ကြီးမှာ စစ်တပ် ဘယ်လောက် ထိသလဲ

by မိုးစက်ငြိမ်းချမ်း
10 April 2025
6.3k

နေပြည်တော်ရှိ သမ္မတအိမ်၊ လွှတ်တော်၊ ဝန်ကြီးဌာနရုံးများ ဝန်ထမ်းအိမ်ယာများနှင့် အခြားအဆောက်အအုံများ ပျက်စီးမှုက မနည်းလှပေ။

စစ်ကိုင်းငလျင်လို့  အယူသည်း စစ်ကောင်စီ မခေါ်ချင်

စစ်ကိုင်းငလျင်လို့ အယူသည်း စစ်ကောင်စီ မခေါ်ချင်

by မောင်ကဝိ
12 April 2025
5.8k

ယတြာ အစီအရင်ဟာ အရင်စစ်အုပ်စု ခေါင်းဆောင်တွေလိုပဲ လက်ရှိဗိုလ်ချုပ်တွေကြားမှာ ပျံ့နှံ့နေတယ်။

အပြုံးမပျက် ရုံးမတက်နိုင်ကြတော့ပြီ

အပြုံးမပျက် ရုံးမတက်နိုင်ကြတော့ပြီ

by စုစုမြတ်
18 April 2025
3k

နေပြည်တော် ငလျင်ထိခိုက်မှုသတင်းသည် မန္တလေးထိခိုက်မှု၊ စစ်ကိုင်းထိခိုက်မှုအကြား သတင်းမှေးမှိန်နေသည်။ သတင်းမပေါက်စေရန် စစ်တပ်က နေပြည်တော် ဝင်လာမည့်သူများအား လုံခြုံရေးတင်းကြပ်ထားသည်။

ကိုယ်ကျိုးစီးပွားသာ ရှေးရှုသမျှ တရုတ်က ယုံကြည်စရာမဟုတ်

ကိုယ်ကျိုးစီးပွားသာ ရှေးရှုသမျှ တရုတ်က ယုံကြည်စရာမဟုတ်

by နွေနေ
9 June 2025
2.6k

ကိုယ်ကျိုးစီးပွားသာ အဓိကဖြစ်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်ဟာ အားပျော့နေပြီဖြစ်တဲ့ မြန်မာစစ်တပ်ဘက်က ရပ်လိုက်ပြီး လိုသလို ကစားလိုက်တာ ဖြစ်တယ်။

ငလျင်ကြောင့် မြန်မာပြည်တွင်းစစ် ချိန်ခွင်လျှာပြောင်းမလား

ငလျင်ကြောင့် မြန်မာပြည်တွင်းစစ် ချိန်ခွင်လျှာပြောင်းမလား

by Lorcan Lovett
23 April 2025
2.5k

မတ်လ ငလျင်မှ မြန်မာ နာလန်ထလာချိန်တွင် ပိုမိုကြီးမားသော ကပ်ဆိုးတခုက နိုင်ငံ၏ အနာဂတ်ကို ပုံဖေါ်နေပြီး ယခုတကြိမ်သည် လူလုပ်ကပ်ဆိုးဖြစ်သည်။

Next Post
ပြည်သူ့အာဏာကို စစ်တပ်လက်တုံ့ပြန်ခြင်း

ပြည်သူ့အာဏာကို စစ်တပ်လက်တုံ့ပြန်ခြင်း

ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး

ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved