ဇွန်လ ၈ ရက်မှာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်တာ ၇၅ နှစ်ပြည့်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှာမှာ စတင်တည်ထောင်တာဖြစ်ပြီး မြန်မာက ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်မှာ တရုတ်ကွန်မြူနစ်အစိုးရကို တရားဝင် အသိအမှတ်ပြုခဲ့တာဖြစ်လို့ တရုတ်နိုင်ငံ တည်ထောင်ပြီး တနှစ်မပြည့်ခင်မှာ မြန်မာက မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်နိုင်ငံကို အသိအမှတ်ပြုခဲ့တယ်လို့ ဆိုရမယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးစ၊ မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ အခြေအနေမှာ တရုတ်ရော မြန်မာပါ နိုင်ငံရေး၊ စီးပွားရေး ရုန်းကန်နေရချိန်ပါ။ တရုတ်ထက်စာရင် ဗြိတိသျှလက်အောက်က လွတ်မြောက်လာခါစ မြန်မာက လူလူသူသူ ဖြစ်နေချိန်လို့ ပြောလို့ရတယ်။
တရုတ်က ပြည်တွင်းစစ်ကြောင့် တနိုင်ငံလုံး အတိဒုက္ခရောက်နေပြီး မော်စီတုန်း၊ ချူအင်လိုင်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေး ဆင်နွှဲနေချိန်ဖြစ်တယ်။ ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ကြောင်း ကြေညာချိန်မှာပဲ ချန်ကေရှိတ် ဦးဆောင်တဲ့ တရုတ်ကူမင်တန်အစိုးရဟာ ထိုင်ဝမ်ကို ထွက်ပြေးပြီး အခြေချခဲ့ရတယ်။
တရုတ်နိုင်ငံဟာ နိုင်ငံတခုအဖြစ် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို အလျင်စလို လိုအပ်နေချိန်မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ မြန်မာအစိုးရက ပထမဦးဆုံး ကွန်မြူနစ် မဟုတ်တဲ့ (ဆိုဗီယက်အုပ်စု အပြင်က) နိုင်ငံတခုအနေနဲ့ တရုတ်ကို အသိအမှတ်ပြုခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်က သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့တဲ့ တရုတ်နဲ့မြန်မာဟာ ဒီနှစ်မှာ ၇၅ နှစ် ပြည့်ပါတယ်။ မြန်မာဟာ တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုတဲ့နိုင်ငံ ၁၆ နိုင်ငံမြောက်ပါ။
နှစ်ပေါင်း ၇၅ နှစ် ကြာတဲ့အခါ နှစ်နိုင်ငံရဲ့ အခြေအနေဟာ လုံးဝ ပြောင်းပြန်ဖြစ်သွားပါတယ်။ တရုတ်ဟာ ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံတခု ဖြစ်လာပြီး မြန်မာကတော့ ကမ္ဘာမှာရော၊ အရှေ့တောင်အာရှမှာပါ အဆင်းရဲဆုံး၊ အစုတ်ပြတ်ဆုံး၊ ပြည်တွင်းစစ်တွေနဲ့ နပန်းလုံးနေတဲ့ အိုးခြမ်းပဲ့နိုင်ငံ ဖြစ်နေပါပြီ။ ဒါတင်မက အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု၊ အနိုင်အထက်ပြုမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။
နှစ်ပေါင်း ၇၅ နှစ် ကြာတဲ့အခါ နှစ်နိုင်ငံရဲ့ အခြေအနေဟာ လုံးဝ ပြောင်းပြန်ဖြစ်သွားပါတယ်။ တရုတ်ဟာ ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံတခု ဖြစ်လာပြီး မြန်မာကတော့ ကမ္ဘာမှာရော၊ အရှေ့တောင်အာရှမှာပါ အဆင်းရဲဆုံး၊ အစုတ်ပြတ်ဆုံး၊ ပြည်တွင်းစစ်တွေနဲ့ နပန်းလုံးနေတဲ့ အိုးခြမ်းပဲ့နိုင်ငံ ဖြစ်နေပါပြီ။ ဒါတင်မက အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု၊ အနိုင်အထက်ပြုမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။
ပစ္စက္ခအခြေအနေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ အကြိမ်ကြိမ် အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကြောင့် ဖွတ်ကျောပြာစုဘဝကို ရောက်ရှိနေပြီး တနေ့တခြား အင်အားချိနဲ့လာနေခြင်းက အိမ်နီးချင်း တရုတ်အတွက် နိုင်ချင်တိုင်း နိုင်လို့ရနေတဲ့ အနေအထားကို ရောက်ရှိနေရပြီဖြစ်တယ်။
အနီးဆုံး ဥပမာက ဒီနှစ်အတွင်း လားရှိုးမြို့ သိမ်းပိုက်ခံရပြီး လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ မြန်မာစစ်တပ်က ပြန်ရယူခဲ့တာပဲ ဖြစ်တယ်။ ဒါဟာ သမိုင်းအရ အင်မတန် ရှက်စရာကောင်းတယ်လို့ ဆိုရမယ်။ လားရှိုးမြို့ကြီးနဲ့ မြန်မာစစ်တပ်ရဲ့ အင်အားတောင့်တင်းတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားအောင် တိုက်ယူသိမ်းပိုက်ခဲ့တာ တရုတ်ကျောထောက်နောက်ခံပြု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖြစ်ပြီး လားရှိုးမြို့ကို စစ်တပ်လက်ထဲ ပြန်ထည့်ပေးခဲ့တာလည်း တရုတ်ပဲဖြစ်တယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်က အနိုင်တိုက်ပြီး ပြန်လည်ရယူခဲ့တာ မဟုတ်ဘဲ တရုတ်အစီအစဉ်နဲ့ ပြန်ဝင်လာခဲ့တာ ဖြစ်တယ်။ တရုတ်ဟာ မီးစတဖက်၊ ရေမှုတ်တဖက်နဲ့ သူ့အကျိုးစီးပွားအတွက် လိုသလို ကစားနေခဲ့တယ်။
တကယ်တော့ ၁၀၂၇ စစ်ဆင်ရေး အစပိုင်းမှာ မြန်မာနယ်စပ်က ကျားဖြန့်နှိမ်နင်းရေးနဲ့ တရုတ်ပါဝင်ခဲ့ပြီး လိုချင်သလို အနေအထားတခု ရောက်တဲ့အခါ နောက်ဆုတ်သွားတာ ဖြစ်တယ်။ အခုချိန်မှာ တရုတ်ဖြစ်ချင်နေတဲ့ဆန္ဒက နယ်စပ်ဂိတ်အားလုံး ပြန်ဖွင့်ရေး၊ နယ်စပ်ကုန်စည်လမ်းကြောင်းအားလုံး ပြန်ပွင့်ရေးနဲ့ စစ်ကောင်စီကို အားပေးအားမြှောက်ပြုရေးပဲ ဖြစ်တယ်။
လက်ရှိ မြန်မာပြည်တွင်းရေး အခြေအနေကို လေ့လာအကဲခတ်ပြီးတဲ့နောက် တရုတ်ဟာ စစ်ကောင်စီဘက်ကနေ ပေါ်ပေါ်တင်တင် ရပ်တည်လိုက်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ အခြေအနေကို စောင့်ကြည့်နေရာကနေ ၂၀၂၄ ခုနှစ်မှာ သိသိသာသာ မြန်မာ့ပြည်တွင်းရေးထဲ တရုတ် ဝင်ပါလာခဲ့တယ်။ အရာအားလုံးဟာ ကိုယ်ကျိုးစီးပွားပဲ ဖြစ်တယ်။
တရုတ်ဟာ အနောက်ဘက် အိမ်နီးချင်းမြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားသလို အနောက်ဘက် သမုဒ္ဒရာထွက်ပေါက် အပါအဝင် ရပ်ဝန်းနဲ့လမ်းမ (BRI) ခေါင်းစဉ်အောက်မှာ စီမံကိန်းတွေ အများကြီး လုပ်ထားတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရအထိ စီမံကိန်းတွေအားလုံး ရှောရှောရှူရှူဖြစ်နေချိန် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ဒီတိုင်းပြည်ဟာ လုံးဝ ချောက်ထဲကျ ကမောက်ကမ ဖြစ်သွားတယ်။
တရုတ်ဟာ အနောက်ဘက် အိမ်နီးချင်းမြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားသလို အနောက်ဘက် သမုဒ္ဒရာထွက်ပေါက် အပါအဝင် ရပ်ဝန်းနဲ့လမ်းမ (BRI) ခေါင်းစဉ်အောက်မှာ စီမံကိန်းတွေ အများကြီး လုပ်ထားတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရအထိ စီမံကိန်းတွေအားလုံး ရှောရှောရှူရှူဖြစ်နေချိန် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ဒီတိုင်းပြည်ဟာ လုံးဝ ချောက်ထဲကျ ကမောက်ကမ ဖြစ်သွားတယ်။
တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် ဒေသတွင်းနိုင်ငံတွေအပါအဝင် တကမ္ဘာလုံး ဖြန့်ကြက်မယ့် စီမံကိန်းတွေကို BRI ခေါင်းစဉ်နဲ့ အကောင်အထည်ဖော်နေတယ်။ လာအိုတနိုင်ငံလုံး၊ ကမ္ဘောဒီးယားတနိုင်ငံလုံး တရုတ်စီမံကိန်းတွေ အကောင်အထည်ပေါ်နေတယ်။
လာအိုက အမြန်ရထားလမ်း၊ ကမ္ဘောဒီးယားက အားကစားကွင်းသစ်ကြီး၊ ဆိပ်ကမ်း၊ မော်တော်ကားလမ်း၊ တံတား စတဲ့ အခြေခံအဆောက်အအုံတွေနဲ့ စည်ပင်နေချိန်မှာ မြန်မာဘက်ခြမ်းက တရုတ်စီမံကိန်းတွေဟာ မြန်မာစစ်တပ်ကြောင့် ပျက်သွားတဲ့တိုင်းပြည်မှာ ဘာမှ ဆက်လုပ်မရဖြစ်နေချိန် တရုတ်ဟာ မြန်မာစစ်တပ်ဘက်က မားမားမတ်မတ် ရပ်လိုက်တာဖြစ်တယ်။ ကိုယ်ကျိုးစီးပွားသာ အဓိကဖြစ်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်ဟာ အားပျော့နေပြီဖြစ်တဲ့ မြန်မာစစ်တပ်ဘက်က ရပ်လိုက်ပြီး လိုသလို ကစားလိုက်တာ ဖြစ်တယ်။
အစောပိုင်းကာလတုန်းက တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေနဲ့ ထိတွေ့မှု မလုပ်ဘဲ နေခဲ့သေးတယ်။ အခြေအနေတွေဟာ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ လာပြီးချိန်ကစလို့ ပြောင်းလဲသွားတယ်။ မစ္စတာ ဝမ်ယီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် စစ်ခေါင်းဆောင်ဟာ ယူနန်မှာလုပ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တယ်။ တကယ်တော့ ၂၀၂၄ ခုနှစ်ဟာ စစ်အာဏာရှင်ဖြုတ်ချရေး နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန် အမြင့်မားဆုံးကာလပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်နဲ့ ရခိုင်ပြည်နယ်တခုလုံး ကချင်၊ ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး အပါအဝင် နိုင်ငံအနှံ့မှာ စစ်ကောင်စီက စစ်ရှုံးခဲ့ပြီး သမိုင်းမှာ မကြုံဖူးတဲ့ လက်နက်ချ၊ အလံဖြူထောင်၊ စစ်ဌာနချုပ်ဆုံးရှုံး၊ ဗိုလ်မှူးချုပ်အဆင့် အရာရှိတွေ ဖမ်းဆီးခံရတဲ့အဖြစ်တွေ ရှိခဲ့တယ်။ ခြုံငုံပြောရရင် စစ်ကောင်စီ မရှုမလှ အရေးနိမ့်နေချိန်လို့ ဆိုရမယ်။
ဒီအချိန်မှာ တရုတ်က ကယ်တင်ရှင်အဖြစ် စစ်ကောင်စီဘက်က ရပ်ပြီး ဝင်လာတာဖြစ်တယ်။ တချိန်တည်းမှာပဲ ပူတင်ရဲ့ ရုရှားကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုပြီး မော်စကိုသို့ ဖိတ်ခေါ် တွေ့ဆုံလိုက်တယ်။ မတ်လဆန်းမှာ သမ္မတ ပူတင်နဲ့ မော်စကိုမှာ တွေ့ဆုံပြီးတဲ့နောက် မေလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မော်စကို စစ်ရေးပြအခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ခွင့်ရခဲ့ပြန်တယ်။
မစ္စတာ ရှီကျင့်ဖျင်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှာတော့ လေးနှစ်တာကာလအတွင်း စစ်ခေါင်းဆောင်နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ဘဲ ရုရှားစစ်ရေးပြခရီးစဉ်ကျမှ ကြားဖြတ်တွေ့ဆုံခဲ့တာဖြစ်တယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခြင်းဟာ အားကိုးရာမဲ့နေသူ၊ အသိအမှတ်ပြုမခံရသူတဦးအတွက် ကျေနပ်စရာ အခွင့်အရေးကောင်းတခု ဖြစ်ခဲ့တယ်။ စစ်အာဏာသိမ်းပြီး လေးနှစ်အတွင်း ပထမဦးဆုံးအကြိမ် တရုတ်သမ္မတက သူ့ကို လက်ဆွဲနှုတ်ဆက်တာ ဖြစ်တယ်။ တရုတ်ဟာ နောက်ဆုံးမှာ ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ထောက်ခံလိုက်တာ ဖြစ်တယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခြင်းဟာ အားကိုးရာမဲ့နေသူ၊ အသိအမှတ်ပြုမခံရသူတဦးအတွက် ကျေနပ်စရာ အခွင့်အရေးကောင်းတခု ဖြစ်ခဲ့တယ်။ စစ်အာဏာသိမ်းပြီး လေးနှစ်အတွင်း ပထမဦးဆုံးအကြိမ် တရုတ်သမ္မတက သူ့ကို လက်ဆွဲနှုတ်ဆက်တာ ဖြစ်တယ်။ တရုတ်ဟာ နောက်ဆုံးမှာ ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ထောက်ခံလိုက်တာ ဖြစ်တယ်။
မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံး စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့လို့ အပျက်အစီး အသေအပျောက် ကြီးမားခဲ့တယ်။ ကမ္ဘာ့နိုင်ငံများရဲ့ ကရုဏာများနဲ့ ထိတွေ့ဆက်ဆံမှု၊ အကူအညီပေးမှုတွေက စစ်ကောင်စီကို အသက်ရှူချောင်စေခဲ့တယ်။
တကယ်တော့ စစ်ကိုင်းငလျင်ဟာ စစ်ဘေးသင့်နိုင်ငံတခုကို မြွေပူရာ ကင်းမှောင့် ဆိုးကျိုးတွေသာ သယ်ဆောင်ခဲ့တာ ဖြစ်တယ်။ ဒီလို အခြေအနေမျိုးမှာတောင် စစ်ကောင်စီဟာ နိုင်ငံအနှံ့ လက်လွှတ် ဆုံးရှုံးနယ်မြေတွေမှာ ကြုံသလို ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူတွေ အတုန်းအရုံးသေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေ နေ့စဉ်ဖြစ်ပေါ်နေခဲ့တယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးဆိုတဲ့ တရုတ်ဟာ အခုဆိုရင် စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးနေပြီး ပြည်တွင်းစစ်ကို တာရှည်အောင် မီးမွှေးပေးနေတယ်။ မြန်မာပြည်သူတွေဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ ခါးသီးတဲ့ဘဝတွေကို နေ့စဉ် ရင်ဆိုင်ဖြတ်သန်းနေကြရတယ်။
ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနဲ့ လူနေရပ်ကွက်တွေ ဗုံးကြဲခံရ၊ မီးရှို့ဖျက်ဆီးခံရ၊ အပြစ်မဲ့ အရပ်သားတွေ သေဆုံးရ၊ နေရပ်အိုးအိမ် စွန့်ခွာထွက်ပြေးနေရ။ စစ်ကြောင့် အတိဒုက္ခရောက်နေတဲ့ နိုင်ငံတနိုင်ငံက ပြည်သူတွေကို စာနာထောက်ထားရမယ့်အစား တရုတ်က မသိကျိုးကျွံပြု မြန်မာစစ်တပ်ကို ထောက်ခံအားပေးနေခဲ့တယ်။
ဝမ်ယိ၊ ရှီကျင့်ဖျင်တို့က စစ်ကောင်စီနဲ့ တွေ့ဆုံတိုင်း မြန်မာစစ်ကောင်စီကို တောင်းဆိုတာ မြန်မာပြည်က တရုတ်အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့၊ မထိခိုက်စေဖို့ပဲ ဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်က စစ်ဆင်ရေးရဲ့ ဦးဆောင် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ပိတ်ဆို့ဖြတ်တောက် အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ချိန်ကစလို့ အရှိန်အဟုန်တန့်သွားတယ်။
ပထမဆုံး ကိုးကန့် MNDAA ကို ဖိအားပေးခဲ့ပြီး သိပ်မကြာခင်မှာ တရုတ်ဦးဆောင်တဲ့ ကူမင်းသဘောတူညီချက်နဲ့ ကိုးကန့်ဒေသ ရှမ်းမြောက်မှာ ငြိမ်သက်သွားတယ်။ တရုတ်ဟာ ဆက်လက်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ဖိအားပေးနေတယ်။ TNLA ကတော့ တရုတ်ဩဇာ မခံဘဲ ဆက်ပြီး တောင့်ခံနေတယ်။
တကယ်တော့ တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်၊ ရှမ်းအရှေ့တကြောဟာ ခုဆိုရင် တရုတ်ဩဇာခံနယ်မြေတွေ ဖြစ်နေပါပြီ။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲသွားချိန်ကစလို့ မြန်မာစစ်တပ်နဲ့ ဟန်ပြငြိမ်းချမ်းရေး (စစ်မတိုက်ကြေး၊ လုပ်ချင်ရာလုပ်ခွင့်ရရေး) စာချုပ်ဆိုပြီး ဒီဒေသတွေဟာ သီးခြားလွတ်လပ်တဲ့ဒေသတွေလို ဖြစ်လာတယ်။
တကယ်တော့ တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်၊ ရှမ်းအရှေ့တကြောဟာ ခုဆိုရင် တရုတ်ဩဇာခံနယ်မြေတွေ ဖြစ်နေပါပြီ။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲသွားချိန်ကစလို့ မြန်မာစစ်တပ်နဲ့ ဟန်ပြငြိမ်းချမ်းရေး (စစ်မတိုက်ကြေး၊ လုပ်ချင်ရာလုပ်ခွင့်ရရေး) စာချုပ်ဆိုပြီး ဒီဒေသတွေဟာ သီးခြားလွတ်လပ်တဲ့ဒေသတွေလို ဖြစ်လာတယ်။
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ MNDAA, အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) အစရှိတဲ့ အထူးဒေသများဟာ မြန်မာ့မြေပုံထဲ ရှိနေပေမယ့် တရုတ်နဲ့သာ အဓိက ကူးလူးဆက်ဆံပြီး တရုတ်ငွေကြေး၊ တရုတ်စာကိုသာ ရုံးသုံးအဖြစ် သုံးနေခဲ့တာ ဒီနေ့အထိပါ။
မြောက်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေများကနေ တောင်ဘက် NDAA မိုင်းလားဒေသအထိ တရုတ်နဲ့ ထိစပ်နေတဲ့ နယ်မြေတလျှောက်မှာ တရုတ်ဟာ မြန်မာပြည်တွင်းက သယံဇာတတွေကို ဆယ်စုနှစ် သုံးစုကျော်မက တခါးမရှိ ဓားမရှိ ထုတ်ယူသုံးစွဲခဲ့တယ်။
အကျင့်ပျက်ခြစားမှုနဲ့ ယဉ်ပါးနေတဲ့ မြန်မာစစ်တပ်ဟာ တရုတ်နယ်စပ်တလျှောက် တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းအားလုံးကို မသိကျိုးကျွံပြုနေခဲ့တယ်။ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူ အပစ်အခတ်ရပ်စဲထားတဲ့ UWSA ဟာ ဆယ်စုနှစ်တခုကျော်အတွင်း စီးပွားရေးရေးအင်အား၊ လက်နက်ကိုင်အင်အား အံ့မခန်း တောင့်တင်းလာခဲ့တယ်။
ဝကိုယ်ပိုင်ချုပ်ခွင့်ရပြည်နယ်လို့ ဆိုနေတဲ့ ဝဒေသဟာ မြန်မာနိုင်ငံမြေပုံထဲမှာ ပါဝင်နေပေမယ့် တရုတ်ရဲ့ လက်ဝေခံဒေသတခုလို တရုတ်ဩဇာခံ ဖြစ်လာတယ်။ ယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်လုံး တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု တနေ့တခြား ကြီးထွားလာနေတာကို လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေက သက်သေထူနေတယ်။
တရုတ်နိုင်ငံထူထောင်ပြီး ၇၅ နှစ်ကျော် ကြာတဲ့အခါ တရုတ်ဟာ ကမ္ဘာမှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး ဖြစ်လာခဲ့တယ်။ စီးပွားရေးအင်အား ကြီးမားလာသလို စစ်ရေးမှာလည်း အင်အားကြီးထွားလာတယ်။ စစ်အေးကာလက ဆိုဗီယက် ဦးဆောင်ခဲ့တဲ့ ကွန်မြူနစ်ကမ္ဘာဟာ ဆိုဗီယက်ပြိုကွဲအပြီး အင်အားချိနဲ့သွားချိန် ၂၀ ရာစုအကုန်မှာ တရုတ်ဟာ ယခင် ဆိုဗီယက်နေရာကို အစားထိုးဝင်ရောက်လာခဲ့တယ်။ ဒါဟာ တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒကြောင့်ပဲဖြစ်တယ်။ ဒီမူဝါဒနဲ့အတူ အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ နည်းပညာတွေ ဝင်ရောက်လာခဲ့တယ်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ထဲ ဝင်ခွင့်ပြုခဲ့တာကအစ တရုတ်အပေါ် ဖြေလျှော့ပေးမှုကလည်း တရုတ်ရဲ့ ကုန်သွယ်ရေးဖွံ့ဖြိုးမှုကို တွန်းအားပေးခဲ့တယ်။ တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့အတူ တရုတ်ကျောင်းသား အမြောက်အများ အမေရိကန်တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားခဲ့ကြတယ်။
၂၁ ရာစုရောက်လာချိန်မှာ တရုတ်ဟာ စီးပွားရေးမှာရော နည်းပညာမှာမှာပါ အမေရိကန်ကို ပခုံးချင်းယှဉ်လာနိုင်တဲ့အထိ ရောက်ရှိလာတယ်။ တရုတ်နိုင်ငံ အခုလို ရှေ့တန်းရောက်လာတာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ကျေးဇူး မကင်းဘူး။
၂၁ ရာစုရောက်လာချိန်မှာ တရုတ်ဟာ စီးပွားရေးမှာရော နည်းပညာမှာမှာပါ အမေရိကန်ကို ပခုံးချင်းယှဉ်လာနိုင်တဲ့အထိ ရောက်ရှိလာတယ်။ တရုတ်နိုင်ငံ အခုလို ရှေ့တန်းရောက်လာတာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ကျေးဇူး မကင်းဘူး။
အခုဆိုရင် တရုတ်ဟာ BRI လို တကမ္ဘာလုံး ဩဇာဖြန့်ကြက်လွှမ်းမိုးရေး စီမံကိန်းတွေ အကောင်အထည် ဖော်နေတယ်။ မကြာခင်က Lowy institute ကနေ ထုတ်ပြန်လိုက်တဲ့စာရင်းအရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာပေါ်က ဆင်းရဲတဲ့ ၇၅ နိုင်ငံအပေါ် တရုတ်က ရစရာအကြွေး ၂၂ ဘီလီယံရှိတယ်လို့ သိရတယ်။
အိမ်ရှင် စင်ကာပူ ကာကွယ်ရေးဝန်ကြီး မစ္စတာ ချန်ချွန်ဆင်း ပြောခဲ့တဲ့စကားကတော့ မှတ်သားစရာ ကောင်းပါတယ်။ စင်ကာပူလို နိုင်ငံသေးသေးလေးတခုအနေနဲ့ အင်အားကြီးနိုင်ငံနှစ်ခုအကြား ဘယ်သူ့ကို ရွေးမလဲလို့ မေးလာခဲ့ရင် နိုင်ငံတကာကျင့်ဝတ်၊ စံနှုန်း၊ အခြေခံမူတွေကို လိုက်နာကျင့်သုံးတဲ့ဘက်ကိုပဲ ရွေးရပါလိမ့်မယ်လို့ ပြောကြားသွားခဲ့တယ်။ ဒါဟာ တရုတ်ကို မရွေးချယ်ဘူးလို့ ပြောလိုက်တာပဲဖြစ်တယ်။
ဒါဟာ ရပ်ဝန်းနဲ့လမ်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ ချေးငွေတွေ ဖြစ်တယ်။ တရုတ်ဟာ ချေးငွေထုတ်ပေးတဲ့ နိုင်ငံမဟုတ်တော့ဘဲ ကြွေးရှင်နိုင်ငံဖြစ်လာတယ်။ နိုင်ငံငယ်တွေအနေနဲ့ တရုတ်ရဲ့ အကြွေးထောင်ချောက်ထဲ ကျရောက်လာတယ်။
အမေရိကန်ကို ပခုံးချင်းယှဉ်လာတဲ့ တရုတ်ဟာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်တို့နဲ့ ထိစပ်နေတဲ့ တောင်တရုတ်ပင်လယ်တခုလုံး ပိုင်ဆိုင်တယ်လို့ ကြေညာထားသလို အာဆီယံနိုင်ငံတွေကိုလည်း ဩဇာလွှမ်းမိုးဖို့ ကြိုးစားလာတာ တွေ့ရတယ်။
မကြာခင်က စင်ကာပူမှာ ကျင်းပပြီးစီးသွားတဲ့ “ရှန်ဂရီလာ ဆွေးနွေးပွဲ” မှာ တရုတ်နဲ့ ရေပြင်ပိုင်နက် အငြင်းပွားနေတဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက “ကျနော်တို့အတွက် အကြီးမားဆုံးအန္တရာယ်ဟာ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ အမေရိကန်နဲ့သာမက တခြားသောနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်” လို့ ပြောကြားခဲ့တယ်။
ဒီဆွေးနွေးပွဲမှာပဲ အိမ်ရှင် စင်ကာပူ ကာကွယ်ရေးဝန်ကြီး မစ္စတာ ချန်ချွန်ဆင်း ပြောခဲ့တဲ့စကားကတော့ မှတ်သားစရာ ကောင်းပါတယ်။ စင်ကာပူလို နိုင်ငံသေးသေးလေးတခုအနေနဲ့ အင်အားကြီးနိုင်ငံနှစ်ခုအကြား ဘယ်သူ့ကို ရွေးမလဲလို့ မေးလာခဲ့ရင် နိုင်ငံတကာကျင့်ဝတ်၊ စံနှုန်း၊ အခြေခံမူတွေကို လိုက်နာကျင့်သုံးတဲ့ဘက်ကိုပဲ ရွေးရပါလိမ့်မယ်လို့ ပြောကြားသွားခဲ့တယ်။ ဒါဟာ တရုတ်ကို မရွေးချယ်ဘူးလို့ ပြောလိုက်တာပဲဖြစ်တယ်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ
စစ်ကောင်စီကို တရုတ်ထောက်ခံမှု ဒေါသက ငလျင်အကူအညီ ကျေးဇူးကို ဖုံးလွှမ်း
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်
တရုတ်ကူလို့ လားရှိုးမြို့ပေါ် စစ်ကောင်စီ ခြေပြန်ချခွင့်ရ (ရုပ်/သံ)
တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ
ကျားဖြန့်၊ အကျင့်ပျက် စစ်ကောင်စီနဲ့ တရုတ် ဖိအား
စစ်ကောင်စီ အားကိုးတဲ့ တရုတ်က လွတ်လပ်ရေးနေ့ သဝဏ်လွှာတောင် မပို့














