• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ

by မောင်ကဝိ
1 March 2025
in Politics, သူ့အတွေး သူ့အမြင်
A A
တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ

အခုချိန်အထိတော့ တရုတ်ကို ပျော်ရွှင်အောင် လုပ်ပေးရေးထက် အရေးကြီးတဲ့ကိစ္စဆိုတာ စစ်ကောင်စီမှာ ရှိပုံမရပါဘူး

2.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီဟာ မကြုံစဖူး စစ်ရေးရှုံးနိမ့်မှုတွေ ခံစားနေရချိန် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိဟာ ဗိုလ်ချုပ်တွေနဲ့တွေ့ဖို့ နေပြည်တော်ကို ရောက်လာတယ်။ အဲဒီအချိန်က စတင်ကာ စစ်ကောင်စီဟာ တရုတ်အလိုကျ လိုက်လုပ်နေပြီး မြောက်ပိုင်းအိမ်နီးချင်းရဲ့ ရုပ်သေးဖြစ်လာနေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံအစိုးကို ဖြုတ်ချပြီးတဲ့နောက် ကနဦးမှာ တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ ခပ်ကင်းကင်းနေခဲ့တယ်။ ဒါပေမယ့် မစ္စတာ ဝမ်ယိရဲ့ ခရီးစဉ်အတွင်း တရုတ်အစိုးရဟာ အဆိုပြုထားတဲ့ ရွေးကောက်ပွဲ အပါအဝင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ထောက်ခံဖို့ သူ့ရဲ့သြဇာကို အသုံးပြုပြီး ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ပါတယ်။

တရုတ်နိုင်ငံရဲ့ ထောက်ခံမှုဟာ နှောင်ကြိုးမဲ့ မဟုတ်ပါဘူး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း ချောမွေ့စွာ လည်ပတ်ရေး၊ တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ လုံခြုံရေးကို အာမခံရတယ်။ မြန်မာရှိ တရုတ်အကျိုးစီးပွားတွေကို အကာအကွယ်ပေးရေး ဖက်စပ်လုံခြုံရေးကုမ္ပဏီထောင်ဖို့ တရုတ်က အဆိုပြုပါတယ်။

တရုတ်နိုင်ငံရဲ့ ထောက်ခံမှုဟာ နှောင်ကြိုးမဲ့ မဟုတ်ပါဘူး။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း ချောမွေ့စွာ လည်ပတ်ရေး၊ တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ လုံခြုံရေးကို အာမခံရတယ်။ မြန်မာရှိ တရုတ်အကျိုးစီးပွားတွေကို အကာအကွယ်ပေးရေး ဖက်စပ်လုံခြုံရေးကုမ္ပဏီထောင်ဖို့ တရုတ်က အဆိုပြုပါတယ်။

မစ္စတာ ဝမ်ယိရဲ့ ခရီးစဉ်ပြီးနောက် မကြာမီမှာပဲ အဲဒီလို ကုမ္ပဏီထူထောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီတခုကို စစ်ကောင်စီက ဖွဲ့စည်းပါတယ်။ အဲဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်မှုဖြစ်တယ်လို့ အများက မြင်ကြတဲ့အတွက် လူထုဆန့်ကျင်မှုတွေ ဖြစ်စေတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ချီတက်လာတာကို ရပ်တန့်စေဖို့နဲ့ နိုင်ငံတကာဇာတ်ခုံမှာ သံတမန်ရေးထောက်ခံမှုအတွက် တရုတ်ရဲ့အကူအညီကို အသည်းအသန် လိုအပ်နေလို့ စစ်ကောင်စီဟာ တရုတ်ရဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ‘တရုတ်တနိုင်ငံလည်းမူ’ ကို ထောက်ခံကြောင်းဖော်ပြပြီး မြန်မာက တရုတ်စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေ လုံခြုံရေးကို ကာကွယ်မယ်လို့ ခိုင်းတဲ့အတိုင်း ပြောပါတယ်။

မြန်မာမှာ ပြည်တွင်းစစ်နဲ့ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေ ရှိနေပေမယ့် စစ်ကောင်စီဟာ ရပ်ဆိုင်းနေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်ဖို့ အပြင်းအထန် အားထုတ်ပါတယ်။ အဲဒီ စီမံကိန်းဟာ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်ကို မြန်မာကတဆင့် အိန္ဒိယ သမုဒ္ဒရာနဲ့ ချိတ်ဆက်ပေးမယ့် တရုတ်အစိုးရရဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) မှာ အရေးပါတဲ့ အဓိကအစိတ်အပိုင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်ကို သွားတဲ့အခါ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို ဖြစ်နိုင်တဲ့နေရာတွေမှာ စတင်မယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းကို အာမခံပါတယ်။ အဲဒီ ရထားလမ်းဟာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကတဆင့် ချိတ်ဆက်ပေးမယ့် ရထားလမ်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ CMEC အတွက် အရာရာလုပ်ဆောင်မယ်လို့ မင်းအောင်လှိုင်က ပြောပြီး တရုတ်ဝန်ကြီးချုပ်ကို မျက်နှာချိုသွေးပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မှာ ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီဟာ တရုတ်နှစ်သစ်ကူးကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကြေညာခဲ့ပါတယ်။

၂၀၀၁ ခုနှစ်က ထိုင်းနိုင်ငံနဲ့ ပဋိပက္ခတွေအတွင်း မြန်မာစစ်တပ်ထောက်ခံသူတွေဟာ တခါမှ ကိုလိုနီပြုမခံရလို့ ဒါမှမဟုတ် လွတ်လပ်ရေး မဆုံးရှုံးဖူးလို့ ဂုဏ်ယူတဲ့ ထိုင်းနိုင်ငံကို လှောင်ပြောင်ခဲ့ကြပါတယ်။ တကယ်တော့ ထိုင်းနိုင်ငံဟာ ၁၉ ရာစုမှာ ဗြိတိန်နဲ့ပြင်သစ်လို အင်အားကြီး နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေကို အလျှော့ပေးရတာဟာ ကျွန်ပြုခံရတာပဲလို့ သူတို့က လှောင်ပြောင်ကြပါတယ်။

ဒီနေ့ခေတ် မြန်မာဟာ အဲဒီ စစ်တပ်ထောက်ခံသူတွေ ထိုင်းနိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်ခေတ်ကို သရုပ်ဖော်သလို ဖြစ်နေတယ်လို့ ရန်ကုန်က အငြိမ်းစားတရားသူကြီးတဦးက နှိုင်းယှဉ်ပြောပါတယ်။ မြန်မာနဲ့ တရုတ်ဟာ စစ်ဖြစ်နေတာ မဟုတ်ပေမယ့် တရုတ်ဟာ မြန်မာက အခြေအနေကို ထိန်းချုပ်ထားတဲ့နိုင်ငံ ဖြစ်နေပြီး မင်းအောင်လှိုင်ဟာ တရုတ်အစိုးရက တောင်းဆိုသမျှ အရာရာကို လိုက်လျောနေရတယ်လို့ သူကပြောပါတယ်။

“အခု မြန်မာက လူသိရှင်ကြား သိမ်းပိုက်မခံရပေမယ့် တရုတ်ကို ကျိုးနွံရတဲ့ နိုင်ငံဖြစ်လာနေတယ်” လို့ သူက စိတ်ပျက်စွာ မှတ်ချက်ချပါတယ်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
145
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
103
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

၁၉၉၀ ပြည့်နှစ်များနဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ အနောက်တိုင်း အရေးယူပိတ်ဆို့မှုတွေ ခံရတာကြောင့် အရင် စစ်အာဏာရှင် သန်းရွှေရဲ့ စစ်အုပ်စုဟာ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ စစ်ရေး အထောက်အပံ့အတွက် တရုတ်ကို အားကိုးရတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ဟာ တရုတ်နှစ်သစ်ကူးကို ရုံးပိတ်ရက် လုပ်ပေးပြီး တရုတ်လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာမှာလုပ်ကိုင်ဖို့ ဥပဒေတောင် ပြဋ္ဌာန်းပေးရလို့ သူ့အရင် စစ်အာဏာရှင်တွေထက် အများကြီး ကျော်လွန်သွားပါတယ်။

၁၉၉၀ ပြည့်နှစ်များနဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ အနောက်တိုင်း အရေးယူပိတ်ဆို့မှုတွေ ခံရတာကြောင့် အရင် စစ်အာဏာရှင် သန်းရွှေရဲ့ စစ်အုပ်စုဟာ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ စစ်ရေး အထောက်အပံ့အတွက် တရုတ်ကို အားကိုးရတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ဟာ တရုတ်နှစ်သစ်ကူးကို ရုံးပိတ်ရက် လုပ်ပေးပြီး တရုတ်လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာမှာလုပ်ကိုင်ဖို့ ဥပဒေတောင် ပြဋ္ဌာန်းပေးရလို့ သူ့အရင် စစ်အာဏာရှင်တွေထက် အများကြီး ကျော်လွန်သွားပါတယ်။

တရုတ်နှစ်သစ်ကူးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မင်းအောင်လှိုင်ဟာ သူ့အာဏာချုပ်ကိုင်ရေးအတွက် အလဲအလှယ်အနေနဲ့ မြန်မာ့တည်တံ့ခိုင်မြဲရေးကို စတေးတယ်ဆိုတဲ့ ဝေဖန်မှုတွေဖြစ်စေပါတယ်။ ပြည်ပက အများပြည်သူ အားလပ်ရက်တွေကို မြန်မာက လိုက်ပါကျင်းပရတဲ့ အစောပိုင်းက ဥပမာတွေကို ရှာကြည့်မယ်ဆိုရင် လွတ်လပ်ရေး မတိုင်မီခေတ်ကို ကြည့်ရမှာဖြစ်ပါတယ်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးအတွင်းက မြန်မာဟာ Good Friday, Easter Monday, ဗြိတိန်ဧကရာဇ်မွေးနေ့နဲ့ အင်ပါယာနေ့ စတဲ့ အများပြည်သူ အားလပ်ရက်တွေကို တရားဝင် ကျင်းပရပါတယ်။ အလားတူပဲ ဂျပန်သိမ်းပိုက်ခံ ကာလမှာလည်း မြန်မာဟာ ဂျပန်အင်ပါယာ ထူထောင်တဲ့ နှစ်ပတ်လည်နေ့နဲ့ ဘုရင့်မွေးနေ့တွေကို အများပြည်သူ အားလပ်ရက်အဖြစ် ကျင်းပရတယ်။

စစ်ကောင်စီဟာ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေကို မကြာသေးမီက ပြဋ္ဌာန်းလိုက်ပြီး တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေ မြန်မာ့မြေမှာ ခြေချခွင့် ပေးလိုက်ပါတယ်။ အဲဒီလို ခွင့်ပြုရာမှာ သူဟာ မြန်မာမှာ နိုင်ငံခြားတပ်တွေ စခန်းချခြင်းကို တားမြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို လျစ်လျူရှုလိုက်ပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာကို အလားအလာရှိတဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ အများပြည်သူ စိုးရိမ်မှုတွေကို ထည့်ပြောစရာ မလိုတော့ပါဘူး။

တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့လမ်းအစီအစဉ် (BRI) ဟာ တရုတ်အမျိုးသားတိုးတက်မှုကိုသာမက မြန်မာအပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံများ တိုးတက်မှုကိုလည်း မြှင့်တင်ပေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ဆုံးကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးမှာ ပြောပါတယ်။ တရုတ်ကို ဒေသတွင်းခေါင်းဆောင်အဖြစ် သူက ချီးကျူးပြီး EMEC စီမံကိန်းအမျိုးမျိုးကို အကောင်အထည်ဖော်ဖို့ သူ့ရဲ့ ကတိကဝတ်ကို ပြောပါတယ်။

အပြန်အလှန်အားဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံတိုးတက်ရေး တရုတ်ရဲ့အကူအညီကို စစ်ခေါင်းဆောင်က တောင်းဆိုတယ်။

တရုတ်နိုင်ငံကလည်း ထင်ထားတဲ့အတိုင်းပဲ ညီနောင်မဟာမိတ်အဖွဲ့ အပါအဝင် သူ့နယ်စပ်နားက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တိုက်ခိုက်မှုရပ်ဖို့ ဖိအားပေးတယ်။ တိုက်ပွဲမှာ သူတို့ အထက်စီးရနေချိန်မှာ အဲဒီလို ဖိအားပေးတာပါ။ တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်ပစ်ပြီး သူတို့ဆီ ပို့ကုန် ကန့်သတ်လိုက်ကာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အတင်းအကျပ် လုပ်ပါတယ်။

ထိုးစစ်တွေရပ်မလား၊ ဒဏ်ခတ်တာကို ရင်ဆိုင်မလားလို့ တရုတ်က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ပြောပါတယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတယ်ဆိုတဲ့ မြန်မာပြည်သူလူထုရဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေ ပေါ်ပေါက်ပါတယ်။

မြို့တော်လားရှိုး အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့အများအပြားကို သိမ်းပိုက်ထားတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဟာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူရတယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေးကို ပြည်သူတွေက တရုတ်ရဲ့ကြေညာချက်ကနေပဲ သိရတော့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဟာ တရုတ်ရဲ့ ပြည်နယ်တခု ဖြစ်သွားပြီးလားလို့ ပြည်သူတွေအကြား မေးခွန်းထုတ်ပြီး ဝေဖန်မှုတွေ ဖြစ်စေတယ်။

စစ်ကောင်စီက တရုတ်ကို အချိုသတ်နေချိန်မှာ တချို့ တရုတ်လူပုဂ္ဂိုလ်တွေက ရိုင်းရိုင်းစိုင်းစိုင်း လက်လွတ်စပယ်တွေ လုပ်ကြတယ်။ သူတို့ထဲက တချို့ဆိုရင် မြန်မာအမျိုးသမီးတွေကို သူတို့မယားလုပ်ဖို့ ဖိတ်ခေါ်တာကို မြန်မာရဲ့ တော်ဝင်မြို့တော်ဟောင်း မန္တလေး နန်းတော်မြို့ရိုးရှေ့ကနေ တိုက်ရိုက် ဗီဒီယိုရိုက်လွှင့်ကြတယ်။

စစ်ကောင်စီက တရုတ်ကို အချိုသတ်နေချိန်မှာ တချို့ တရုတ်လူပုဂ္ဂိုလ်တွေက ရိုင်းရိုင်းစိုင်းစိုင်း လက်လွတ်စပယ်တွေ လုပ်ကြတယ်။ သူတို့ထဲက တချို့ဆိုရင် မြန်မာအမျိုးသမီးတွေကို သူတို့မယားလုပ်ဖို့ ဖိတ်ခေါ်တာကို မြန်မာရဲ့ တော်ဝင်မြို့တော်ဟောင်း မန္တလေး နန်းတော်မြို့ရိုးရှေ့ကနေ တိုက်ရိုက် ဗီဒီယိုရိုက်လွှင့်ကြတယ်။

တခြားတရုတ်တွေက ရန်ကုန်ရှိ ဆင်းရဲတဲ့မိသားစုတွေက ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ဖို့ ငွေနဲ့ ဖြားယောင်းဖို့ ကြိုးစားကြတယ်။ အဲဒီလို ဗီဒီယိုတွေကို တရုတ်လူမှုကွန်ရက်တွေမှာ မျှဝေကြပြီး မြန်မာပြည်သူတွေရဲ့ ခံစားချက်ကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေတယ်။

တချိန်တည်းမှာပဲ တရုတ် ရာဇဝတ်သားတွေနဲ့ ငွေလိမ်သူ အုပ်စုပေါင်းများစွာဟာ မြန်မာ့မြေမှာ မိုးရွာတုန်းရေခံ၊ နေပူတုန်း စပါးလှန်း လုပ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းကနေ ထိုင်း-မြန်မာနယ်စပ်အထိနဲ့ ရန်ကုန်၊ မန္တလေးအထိမှာ သူတို့ဟာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ အဲဒီလို အတင့်ရဲမှုတွေကို မြန်မာ-တရုတ် ဆက်ဆံရေးသမိုင်းမှာ အရင်က မကြားဖူးပါဘူး။

ဒီလိမ်လည်မှုတွေကို ကောင်းကောင်းသိတဲ့ စစ်ကောင်စီဟာ ကနဦးမှာ မသိချင်ယောင်ဆောင်နေပါတယ်။ တရုတ်အစိုးရက အာဏာပြလိုက်တဲ့အခါမှသာ စစ်ကောင်စီဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို စတင်ကိုင်တွယ်ပြီး ဒီကိစ္စဟာ အမျိုးသားရေးတာဝန်တခု ဖြစ်တယ်ဆိုပြီး တရုတ်ပြောခိုင်းတဲ့အတိုင်းပြောကာ ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းပါတယ်။

စစ်ကောင်စီရဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဟာ တရုတ်ခရီးသည်တွေ အလုံးအရင်း ဝင်လာမယ်ထင်လို့ တရုတ်သာသာစကား သင်တန်းတွေနဲ့ ခရီးစဉ်ဒေသတွေမှာ တရုတ်စားသောက်ဆိုင်တွေဖွင့်ပို့ ယူနန်က စားဖိုမှူးတွေ အကူအညီနဲ့ တရုတ်အစားအစာချက်နည်း သင်တန်းတွေ ပို့ချနေပါတယ်။ အခုချိန်အထိတော့ တရုတ်ကို ပျော်ရွှင်အောင် လုပ်ပေးရေးထက် အရေးကြီးတဲ့ကိစ္စဆိုတာ စစ်ကောင်စီမှာ ရှိပုံမရပါဘူး။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Shamelessly Dancing to Beijing’s Tune ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်လုံခြုံရေးတပ်များ ချထားနိုင်မည့် ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

တရုတ်ကိုပေးသည့် မင်းအောင်လှိုင် ကတိသည် ပရိယာယ်မျှသာဖြစ်

စစ်ကောင်စီကို အသက်ရှုပေါက် ဖြစ်စေတဲ့ တရုတ်ပေါ်လစီ (ရုပ်/သံ)

ကျားဖြန့်၊ အကျင့်ပျက် စစ်ကောင်စီနဲ့ တရုတ် ဖိအား

စစ်ကောင်စီ အားကိုးတဲ့ တရုတ်က လွတ်လပ်ရေးနေ့ သဝဏ်လွှာတောင် မပို့

စစ်ကောင်စီ ဘဏ္ဍာရေးနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို တရုတ်အကူအညီလည်း မကယ်နိုင်

တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ

Your Thoughts …
Tags: BRIEMECစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစင်္ကြံတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီပြည်တွင်းစစ်ဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲအပစ်အခတ်ရပ်စဲရေးအရေးယူပိတ်ဆို့မှုအွန်လိုင်းငွေကြေးလိမ်လည်မှု
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းတောင်ပိုင်း၌ တရားမဝင်လုပ်ငန်းများနှိမ်နင်းရေး စတင်

ထိုင်းတောင်ပိုင်း၌ တရားမဝင်လုပ်ငန်းများနှိမ်နင်းရေး စတင်

ဆွဲချခံလား…ခုံးဆင်းတာလား…အာဆီယံ…

ဆွဲချခံလား…ခုံးဆင်းတာလား…အာဆီယံ…

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved