• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်လုံခြုံရေးတပ်များ ချထားနိုင်မည့် ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

by ဧရာဝတီ
20 February 2025
in သတင်း
A A
တရုတ် အဆိုပြု လုံခြုံရေးအစီအစဉ် မြန်မာမှာ အလုပ်ဖြစ်မလား
2.5k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံက မြန်မာပြည်တွင်းရှိ ၎င်း၏ အကျိုးစီးပွားများ ကာကွယ်နိုင်ရန် ပူးတွဲလက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ဖို့ တောင်းဆိုပြီးနောက် စစ်ကောင်စီက ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြဋ္ဌာန်းပေးလိုက်သည်။

ပြီးခဲ့သည့်နှစ်သြဂုတ်လ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော် ခရီးစဉ်၌ ပူးတွဲလက်နက်ကိုင် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရန် ပြောဆိုခဲ့ရာ အောက်တိုဘာလတွင် စစ်ကောင်စီက ပြည်ထဲရေး ဒုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဒုရဲချုပ်၊ ဆက်သွယ်ရေး ဒုညွှန်ကြားရေးမှူး ချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးမှ အရာရှိကြီးများ၊ မှုခင်းနှင့် ဥပဒေဋ္ဌာနမှ အရာရှိများ ပါဝင်ကာ လုပ်ငန်းကော်မတီဖွဲ့စည်းကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

ယခုပြဋ္ဌာန်းသည့် နိုင်ငံခြားလုံခြုံရေးကုမ္ပဏီအား လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်ပြုမည့် ဥပဒေတွင် နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက် အကြောင်းကြားပါက လုပ်ငန်းလိုင်စင်ရသူအနေဖြင့် ငြင်းပယ်ခြင်းမပြုရဟု ပါရှိသည်။

နိုင်ငံရေးလေ့လာသူတဦးက “ဒီဥပဒေပြဋ္ဌာန်းတာက တရုတ်က လုံခြုံရေးကုမ္ပဏီ ဝင်ချင်တယ်ဆိုလို့ တရုတ်အတွက် ရည်စူးပြီးဖွဲ့တဲ့ဥပဒေပေါ့။ တရုတ်လုံခြုံရေးကုမ္ပဏီတွေ၊ နိုင်ငံခြားလုံခြုံရေးကုမ္ပဏီတွေ ဝင်လာနိုင်အောင် ရည်ရွယ်ပြီး ရေးပေးတဲ့ ဥပဒေပါ။ တရုတ်ခိုင်းတာလုပ်တဲ့၊ တရုတ်တောင်းဆိုတာ လုပ်ပေးတဲ့ဥပဒေပါ။ တရုတ်ကလွဲလို့ ကျန်တဲ့နိုင်ငံ တွေ ဝင်လာ မယ်တော့မထင်ပါဘူး” ဟု ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
807
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ် ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းဒေသတို့ရှိ တရုတ်စီမံကိန်းများသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လုံခြုံရေးပေးနိုင်ခြင်း မရှိတော့ပေ။

ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်း ၁၁ ခုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပြီး ရှမ်းပြည်မြောက်ပိုင်း နှင့် မြန်မာပြည်အလယ်ပိုင်းရှိ မဟာဗျူဟာကျ တရုတ်စီမံကိန်း ၂၃ ခု အနက် ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များက အပြည့်အဝ ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအင်စတီကျု(ISP Myanmar)က ဇန်နဝါရီလက ဖော်ပြခဲ့သည်။

ထိုသို့ တရုတ်စီမံကိန်းများကို စစ်ကောင်စီက လုံခြုံရေးမပေးနိုင်တော့သည့် အခြေအနေအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကိုယ်တိုင် နေပြည်တော်ခရီးစဉ်၌ စစ်ခေါင်းဆောင်အား တရုတ်ဝန်ထမ်းနှင့် စီမံကိန်းများ ဘေးကင်းလုံခြုံရေး လက်တွေ့ကျကျ ကာကွယ်ရန်၊ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် အာမခံရန် ပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ်က တရုတ်၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောတစီး ဆိုက်ကပ်ထားသည်ကို တွေ့ရစဉ် (ဧရာဝတီ)

ယခုဥပဒေတွင် နိုင်ငံခြားကုမ္ပဏီအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် ကုမ္ပဏီ ရုံးချုပ်ရှိရာ နိုင်ငံအမည်ဖော်ပြရမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ကျပ်သိန်းတထောင်နှင့်ညီမျှသည့် နိုင်ငံခြားငွေအား စာရင်းသေအပ် ငွေအဖြစ် အပ်နှံထားရမည် ဖြစ်သည်။

ဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသားအနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ရမည်ဖြစ်ပြီး နိုင်ငံခြားသားဝန်ထမ်းဖြစ်ပါက အလုပ် သမားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီသူ၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာနိုင်ငံ၏ ထောက်ခံချက် ရရှိသူဖြစ်ရမည့်အပြင် ပြည်ပနိုင်ငံတခုခု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်မဟုတ်သူ ဖြစ်ရမည်ဖြစ်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

လုပ်ငန်းလိုင်စင်ရှိသူအနေဖြင့် လိုအပ်ချက်အရ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ တင်ပြကာ သဘောထားရယူရမည်ဖြစ်ပြီး လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။

ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးရန်မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်း (သို့မဟုတ်) လုပ်ငန်းခွဲအတွက် လုံခြုံရေးဝန်ထမ်း ၁၀ ဦး အထက် ခန့်အပ်ထားသူများအနေဖြင့်လည်း ဥပဒေပြဋ္ဌာန်းပြီး ၆ လအတွင်း ခွင့်ပြုမိန့်ပြန်လည်လျှောက်ထားရမည်ဟု ပါရှိ သည်။

ကိုယ်ပိုင်လုပ်ငန်းအတွက် ခန့်အပ်သည့် လုံခြုံရေးဝန်ထမ်းသည် လုံခြုံရေးအထောက်အကူပြုပစ္စည်းများ (တည်ဆဲဥပဒေ များနှင့်အညီ ဗဟိုကော်မတီက ခွင့်ပြုထားသော ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများ၊ နည်းပညာဆိုင်ရာ လုံခြုံရေးအထောက် အကူပြုပစ္စည်းများနှင့် လုံခြုံရေးနှင့်သက်ဆိုင်သော ပစ္စည်းများကိုဆိုသည်) ကိုင်ဆောင်ခြင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ ကိုင်ဆောင်ခြင်းတို့နှင့် သက်ဆိုင်ခြင်းမရှိစေရဟုလည်း ပုဒ်မ ၂၈(ခ)တွင် ဖော်ပြထားသည်။

ဥပဒေအရ ဗဟိုကော်မတီအား ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ရဲချုပ် ဒုဥက္ကဋ္ဌ၊ ဒုရဲချုပ် အတွင်းရေးမှူးနှင့် ရဲဦးစီးအရာရှိချုပ်က တွဲဖက်အတွင်းရေးမှူးအဖြစ်တာဝန်ယူကာ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တဦး အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများအဖြစ် သတ်မှတ် ပြဋ္ဌာန်းထားသည်။

ယခင်က မြန်မာနိုင်ငံအတွင်း တရုတ်လုံခြုံရေးကုမ္ပဏီများ ပါဝင်ပတ်သက်မှုနှင့်ပတ်သက်ပြီး ဝါရှင်တန်အခြေစိုက် အဆင့် မြင့်ကာကွယ်ရေးလေ့လာရေးဗဟိုဌာန(C4ADS) ၏ ၂၀၂၁ ခုနှစ် ထုတ်ပြန်သော အစီအရင်ခံစာ၌ မဲခေါင်ဒေသတွင်း နိုင်ငံ များဖြစ်သော မြန်မာနှင့် ကမော္ဘဒီးယားတို့တွင် လည်ပတ်နေသည့် နိုင်ငံခြားပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအနက် ၂၉ ခု၌ တရုတ်လုံခြုံရေးကုမ္ပဏီများ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြခဲ့ဖူးသည်။

You may also like these stories:

တရုတ် အဆိုပြု လုံခြုံရေးအစီအစဉ် မြန်မာမှာ အလုပ်ဖြစ်မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

Your Thoughts …
Tags: Sliderစစ်ကောင်စီတရုတ်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေလက်နက်ခဲယမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းနိုင်ငံရှိ AAC ရွှေ့ပြောင်းအလုပ်သမားရုံး ချိပ်ပိတ်ခံရ

ထိုင်းနိုင်ငံရှိ AAC ရွှေ့ပြောင်းအလုပ်သမားရုံး ချိပ်ပိတ်ခံရ

KK Park ကို ပိတ်ဆို့ထားပြီလို့ BGF ပြော (ရုပ်/သံ)

KK Park ကို ပိတ်ဆို့ထားပြီလို့ BGF ပြော (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved