• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

by သက်ထားမောင်
19 November 2024
in Military, သူ့အတွေး သူ့အမြင်
A A
တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်ပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် ထူထောင်ထားသည့် လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီမှ တရုတ်စစ်သားများ

10.7k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သော တနှစ်ကျော်ကာလအတွင်း တရုတ်အထူးသံတမန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နှင့် စစ်ကောင်စီတာဝန်ရှိသူများ တွေ့ဆုံရာတွင် တရုတ်တို့ဘက်က အလေးထား၍ ပြောဆိုသောအချက်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရေးနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးကိစ္စ ဖြစ်၏။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ လာစဉ်က ထပ်မံပြောဆိုခဲ့သည်ကို တွေ့ရသကဲ့သို့ နိုဝင်ဘာလ ၇ ရက် မဲခေါင်အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းက ထပ်လောင်းပြောဆိုသည်ကို တွေ့ရ၏။

မစ္စတာ ဝမ်ယိ ခရီးစဉ်တွင် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် ရွေးကောက်ပွဲကို ထောက်ခံပြီးနောက် တရုတ်တို့ပြောနေသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးအတွက် တရုတ်တို့၏ လုံခြုံရေးအစီအမံအား သဘောတူလက်ခံသည့် ဆောင်ရွက်ချက်များကို စစ်ကောင်စီက စတင်ခဲ့သည်ကို တွေ့ရ၏။

တရုတ်က မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနှင့် ပူးပေါင်း၍ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့စည်းရန် ကမ်းလှမ်းလာသည်ကို စစ်ကောင်စီက နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းကာ လေ့လာနေသည်ဟုဆို၏။

တရုတ်က မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနှင့် ပူးပေါင်း၍ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့စည်းရန် ကမ်းလှမ်းလာသည်ကို စစ်ကောင်စီက နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းကာ လေ့လာနေသည်ဟုဆို၏။

လုပ်ငန်းကော်မတီကို စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဋ္ဌတာဝန်ယူကာ အမြဲတမ်းအတွင်းဝန်၊ ဒုရဲချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးမှ အရာရှိကြီး တဦးနှင့် မှုခင်းနှင့်ဥပဒေဌာနမှ ရဲအရာရှိများဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယခု စစ်ကောင်စီ ဖွဲ့စည်းလိုက်သည့် လုပ်ငန်းကော်မတီအနေဖြင့် လက်နက်ကိုင်ကုမ္ပဏီ ထားရှိခြင်းကြောင့် နိုင်ငံအချုပ်အခြာနှင့် ကာကွယ်ရေး၊ လုံခြုံရေး ထိပါးနိုင်မှု ရှိ မရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ မရှိစသည့် အချက်များအား စိစစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။

လုံခြုံရေးကုမ္ပဏီဟူ၍ မည်သည့်ခေါင်းစဉ်တပ်သည်ဖြစ်စေ၊ နိုင်ငံခြားသား လက်နက်ကိုင်တပ်ဖွဲ့သာဖြစ်ရာ နိုင်ငံခြားစစ်တပ် ခြေချခွင့်မပြုဆိုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်တလုံးခြားလုပ်ရန် ကြံစည်နေပုံရ၏။ စစ်ရေးအကျပ်အတည်း ဆိုက်နေသည့်အတွက် ဝဂ္ဂနာကဲ့သို့ ရုရှားကြေးစားစစ်တပ်ကိုပါ ခေါ်ယူသင့်သည်ဟူ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ (USDP) ဥက္ကဋ္ဌ စစ်ဗိုလ်ချုပ်ဟောင်း ကိုယ်တိုင်က ပြောဆိုနေရာ ၂၀၀၈ အခြေခံဥပဒေသည် ၎င်းတို့အတွက် လိုရာသုံးဖြစ်ပုံရ၏။

ထို့ပြင် ပူးတွဲတည်ထောင်မည့် လုံခြုံရေးကုမ္ပဏီအတွက် ပြည်ပမှ သွင်းလာမည့် လက်နက်များ၊ အထူး ကိရိယာတန်ဆာပလာများ (ဆက်သွယ်ရေးစက်များ အပါအဝင် အခြား ကြီးကြပ်ကန့်သတ်ပစ္စည်းများ) နှင့် ပတ်သက်ပြီး မည်ကဲ့သို့ တင်သွင်းခွင့်ပြုမည်၊ ထိန်းချုပ်သုံးစွဲစေမည်ဆိုသော အချက်ကို နားလည်မှုစာချွန်လွှာတွင် ထည့်သွင်းရန် လို၊ မလိုကိုလည်း ကော်မတီက စိစစ်မည်ဟု ဆိုသည်။

တရုတ်လုံခြုံရေးကုမ္ပဏီများ

နိုင်ငံတကာ နိုင်ငံကြီးများတွင် ပြည်တွင်း၌သာမက နိုင်ငံတကာအထိပါ လုပ်ငန်းတာဝန်ထမ်းဆောင်မှုများ၊ ဖြန့်ကြက်မှုများ၊ တာဝန်ယူမှုများရှိသည့် ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ (PMC) သို့မဟုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ (PSC) များကို ဖွဲ့စည်းထားကြသည်။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ (Private Security Companies) ဖွဲ့စည်းခွင့်ကို တရုတ်၏ ဥပဒေစိုးမိုးရေးကို အထောက်အကူပြုရန် နှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ၁၉၉၃ ခုနှစ်တွင် စတင်ခွင့်ပြုခဲ့ပါသည်။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ (Private Security Companies) ဖွဲ့စည်းခွင့်ကို တရုတ်၏ ဥပဒေစိုးမိုးရေးကို အထောက်အကူပြုရန် နှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ၁၉၉၃ ခုနှစ်တွင် စတင်ခွင့်ပြုခဲ့ပါသည်။

ထို့ပြင် ၂၀၀၉ ခုနှစ်တွင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများနှင့် ပတ်သက်သည့်ဥပဒေကို ထုတ်ပြန်ပြီး ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပေးခဲ့သည်။ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို လက်နက်ကိုင်ဆောင်ခွင့်ပြုပေးခဲ့သည်။

လက်ရှိ တရုတ်ပြည်တွင် China Security & Protection Group (CSP)၊ Shandong Huawei Security Group၊ China City Guard Security၊ Frontline Security Service (FSS)၊ G4S China၊ Dewei International Security Limited၊ Haiwei၊ Huaxinzhongan၊ Kunlun Lion Security နှင့် Frontier Services Group စသည့် လုံခြုံရေးကုမ္ပဏီ (PSC) များ များစွာရှိသည်ကို တွေ့ရ၏။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်းများသည် နိုင်ငံတွင်းရှိ အဆောက်အဦလုံခြုံရေး၊ ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများကာကွယ်ရေး၊ နိုင်ငံခြားရှိ တရုတ်စီးပွားရေးလုပ်ငန်းများ ကာကွယ်ရေး၊ အရေးကြီးပုဂ္ဂိုလ်များ လုံခြုံရေး စသည်ဖြင့် အခန်းကဏ္ဍအလိုက် အရေးပါစွာ တာဝန်ယူနေကြ၏။

တရုတ်လုံခြုံရေးကုမ္ပဏီများသည် ၂၀၁၀ ပြည့်နှစ် အလယ်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံပြင်ပတွင် တာဝန်ယူမှုများ ပြုလုပ်ခဲ့ကြသည်။ အစောဆုံးစတင်ခဲ့သည့် နိုင်ငံထဲတွင် အာဖဂန်နစ္စတန် ပါဝင်ပြီး ထိုသို့ ပြည်ပတွင် စတင် တာဝန်ယူရသည့် အကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) စီမံကိန်းများနှင့် ဆက်စပ်ထားသော ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ရန်၊ လုံခြုံရေးပံ့ပိုးမှုများ အာမခံရန် ဖြစ်သည်။

ထို့ပြင် တရုတ်ကုမ္ပဏီများ၏ အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် တာဝန်ရှိဝန်ထမ်းများအား ကာကွယ်ရန်အတွက်လည်း တရုတ်လုံခြုံရေးကုမ္ပဏီများသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင်လည်း တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။

အမေရိကန်ရှိ Blackwater၊ Xe၊ Academi နှင့် ရုရှားရှိ ဝဂ္ဂနာတို့ကို နမူနာယူပြီး ၎င်းတို့အား ယှဉ်နိုင်သည့် လုံခြုံရေးကုမ္ပဏီကြီးများ တရုတ်တွင်လည်း ဖွဲ့စည်းနိုင်ရန် စီမံဆောင်ရွက်ခဲ့ကြပြီး ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ တိုးဝင်လာသည်ကို တွေ့ရ၏။

တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ တရုတ် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဘဏ် (CITIC) သည် အမေရိကန် ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီတခုဖြစ်သည့် Blackwater ကို တည်ထောင်သူ အမေရိကန်ရေတပ်အရာရှိဟောင်း အဲရစ်ပရင့်စ်နှင့် ပူးပေါင်း၍ ၂၀၁၄ ခုနှစ်ခန့်က Frontier Services Group ကို တည်ထောင်ခဲ့သည်ကို တွေ့ရ၏။ ၂၀၁၇ ခုနှစ်တွင် လက်နက်မဲ့ အီရတ်ပြည်သူ ၁၄ ယောက်ကို ဘဂ္ဂဒက်တွင် သတ်ဖြတ်ခဲ့သော ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ Blackwater ကြောင့် အဲရစ်ပရင့်စ်ကို လူသိများပါသည်။

တရုတ်တို့သည် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ထူထောင်ရာတွင် နောက်ကျသည်ဖြစ်ရာ ၎င်းတို့ထက်စောပြီး အတွေ့အကြုံများသော အမေရိကန်၊ ရုရှားတို့၏ အားသာချက်၊ အားနည်းချက်များကို လေ့လာခြင်း၊ ပူး‌ပေါင်းဆောင်ရွက်ခြင်းများ ရှိသော်လည်း နိုင်ငံတကာတွင် ဝန်ဆောင်မှုများ ပေးလျက်ရှိကြသည့် တရုတ် လုံခြုံရေးကုမ္ပဏီများသည် အမေရိကန်နှင့် ရုရှားကုမ္ပဏီများ၏ စစ်ရေးအခြေခံထားသည့်လုပ်ငန်းများ သို့မဟုတ် ပုဂ္ဂလိက စစ်တပ်ပုံစံများ မဟုတ်‌သေးဟု ဆိုကြသည်။

တရုတ်တို့သည် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ ထူထောင်ရာတွင် နောက်ကျသည်ဖြစ်ရာ ၎င်းတို့ထက်စောပြီး အတွေ့အကြုံများသော အမေရိကန်၊ ရုရှားတို့၏ အားသာချက်၊ အားနည်းချက်များကို လေ့လာခြင်း၊ ပူး‌ပေါင်းဆောင်ရွက်ခြင်းများ ရှိသော်လည်း နိုင်ငံတကာတွင် ဝန်ဆောင်မှုများ ပေးလျက်ရှိကြသည့် တရုတ် လုံခြုံရေးကုမ္ပဏီများသည် အမေရိကန်နှင့် ရုရှားကုမ္ပဏီများ၏ စစ်ရေးအခြေခံထားသည့်လုပ်ငန်းများ သို့မဟုတ် ပုဂ္ဂလိက စစ်တပ်ပုံစံများ မဟုတ်‌သေးဟု ဆိုကြသည်။

အမေရိကန်၏ Blackwater, Xe, Academi နှင့် ရုရှား၏ ဝဂ္ဂနာ တို့သည် စစ်ဆင်ရေးအတွက် တိုက်ရိုက်သုံးသော ပုဂ္ဂလိကစစ်တပ်ပုံစံ ဖြစ်သည်။ တရုတ်၏ လုံခြုံရေးကုမ္ပဏီများကမူ စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍သာ လုပ်ဆောင်ကြသည်ဟု ဆိုကြ၏။

နိုင်ငံရပ်ခြားတွင် တရုတ် လုံခြုံရေးကုမ္ပဏီများ ဝင်ရောက်သည်ကို အာဖရိက၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာရှအခြားဒေသများ အများအပြားတွင် တွေ့ရပြီး အနောက်နိုင်ငံများ၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့တွင် အနည်းအကျဉ်း တွေ့ရ၏။

အမေရိကန်၏ Blackwater နှင့် ရုရှား၏ ဝဂ္ဂနာတို့ကဲ့သို့ စစ်ရေးဆိုင်ရာပဋိပက္ခများ၌ နာမည်ပျက်ဖြစ်စေသည့် အချက်အလက်များကို တရုတ် လုံခြုံ‌ရေးကုမ္ပဏီများတွင် ယခုထိ မတွေ့ရသေးဟု သိရ၏။ တရုတ်ကုမ္ပဏီများသည် လုံခြုံရေးယူပေးခြင်း၊ ပင်လယ်ဓားပြရန်မှ ကာကွယ်ပေးခြင်းတွင် အထူးလုပ်ဆောင်ပြီး ပြည်ပ ပဋိပက္ခများတွင် တိုက်ရိုက်ပါဝင်မှု မရှိသေးဟု သုံးသပ်ကြသည်ကို တွေ့ရ၏။

တရုတ် လုံခြုံရေးကုမ္ပဏီများ၏ လုပ်ပိုင်ခွင့်သည် သက်ဆိုင်ရာ တိုင်းပြည်၏ ခွင့်ပြုသည့်အတိုင်းအတာ၊ အားကိုးအားပြုသည့် အတိုင်းအတာပေါ်တွင် မူတည်ပေလိမ့်မည်။ အာဖရိကနှင့် အချို့ဒေသများတွင် သာမန်လုံခြုံရေးထက် ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသည့် အာဏာပိုင်များ၏ အာဏာခိုင်မြဲရေးတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်နေသည်ဟု ဆိုပါသည်။

တရုတ်တို့၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်း (BRI) စီမံကိန်းများ တိုးချဲ့လာသည်နှင့်အမျှ တရုတ်တို့၏ လုံခြုံရေးကုမ္ပဏီများသည် ကမ္ဘာအနှံ့ ပိုမိုဖြန့်ကြက် နေရာယူလာလိမ့်မည်ဟု သုံးသပ်ကြသည်။

တရုတ် လုံခြုံရေးကုမ္ပဏီများသည် ပုဂ္ဂလိကကုမ္ပဏီဟု အမည်တပ်ထားသော်လည်း တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ စသည့် လုံခြုံရေးတပ်ဖွဲ့များမှ အနားယူထားသူများ၊ ခေါ်ယူထားသူများနှင့် ဖွဲ့စည်းထား၏။

ခေတ်မီ လက်နက်ငယ်မျိုးစုံ တပ်ဆင်ထားပြီး သတင်းထောက်လှမ်းရေး၊ ဆက်သွယ်ရေးတို့နှင့် ပတ်သက်၍ အဆင့်မြင့်နည်းပညာများ အသုံးပြုထားသည်။ ပြောရလျှင် တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဆိုသည်မှာ တရုတ်စစ်တပ် စေလွှတ်ရန် မသင့်တော်သည့် ပြည်ပနေရာများသို့ စေလွှတ်ရန် အသွင်ပြောင်းထားသည့် တရုတ်စစ်တပ် ပုံစံငယ်ဖြစ်သည်ဟု ဆိုရပါမည်။

အထက်တွင် ဖော်ပြခဲ့သည့် တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ Frontier Services Group (FSG) သည် အဓိကအားဖြင့် အာဖရိကကို အာရုံစိုက်သော်လည်း ၂၀၁၉ ခုနှစ်ခန့်က မြန်မာနိုင်ငံတွင် လုပ်ငန်းတခု ထူထောင်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး FSG အဖွဲ့သည် တရုတ်နိုင်ငံ၏ နိုင်ငံပိုင် CITIC Group က ထောက်ပံ့မှုပေးထားကာ အဲရစ်ပရင့်စ် ဦးစီးသည့် ပုဂ္ဂလိကပိုင် လုံခြုံရေးလုပ်ငန်း ဝန်ဆောင်မှု အဖွဲ့အစည်းဖြစ်သည်ဟု ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် Global Witness က ထုတ်ဖော်ရေးသားထားသည်ကို တွေ့ရ၏။

အဲရစ်ပရင့်စ်သည် ၂၀၂၁ ခုနှစ်တွင် FSG မှ နုတ်ထွက်သွားပြီး လက်ရှိ FSG ကို အဓိကတာဝန်ယူသည့် CEO မှာ တုန်ယိဟွာ ဖြစ်သည်ဟု သိရ၏။

သို့ဖြစ်ရာ တရုတ်တို့သည် ၎င်းတို့ လုံခြုံရေးကုမ္ပဏီအား မြန်မာပြည်သို့ စေလွှတ်ရန် ၂၀၁၉ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်မှုများရှိပြီး ယခု လက်တွေ့အကောင်အထည် ဖော်လာသည်ဟု ဆိုရမည်။

ယခုအခြေအနေတွင် မြန်မာစစ်ကောင်စီကမူ တရုတ် လုံခြုံရေးကုမ္ပဏီများအား သေချာပေါက် ခွင့်ပြုမည်ဖြစ်သော်လည်း နိုင်ငံခြားလက်နက်ကိုင် တပ်တတပ် တိုင်းပြည်တွင်း ခြေချခွင့်ပြုသည်ဖြစ်ရာ အပြောလွတ်အောင် ပြင်ဆင်မှုပြုလုပ်နေပြီး လူမြင်ကောင်းသည့် စည်းကမ်းတချို့ ချမှတ်မည့်ပုံပေါ်သည်။

ယခုအခြေအနေတွင် မြန်မာစစ်ကောင်စီကမူ တရုတ် လုံခြုံရေးကုမ္ပဏီများအား သေချာပေါက် ခွင့်ပြုမည်ဖြစ်သော်လည်း နိုင်ငံခြားလက်နက်ကိုင် တပ်တတပ် တိုင်းပြည်တွင်း ခြေချခွင့်ပြုသည်ဖြစ်ရာ အပြောလွတ်အောင် ပြင်ဆင်မှုပြုလုပ်နေပြီး လူမြင်ကောင်းသည့် စည်းကမ်းတချို့ ချမှတ်မည့်ပုံပေါ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
993
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
637
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.5k

သို့သော် စစ်အစိုးရနှင့် မည်သို့ စာချုပ် ချုပ်ဆိုထားသည်ဖြစ်စေ၊ ဝန်ကြီး၊ ညွှန်ချုပ်၊ တိုင်းမှူးတို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်လျှင် စာချုပ်တွင် မပါလည်း မြေပြင်တွင် လုပ်ချင်တိုင်း လုပ်ခွင့်ရသည်ကို တရုတ်ကုမ္ပဏီများက ကောင်းစွာသိပြီး ဖြစ်၏။

တရုတ် ရင်းနှီးမြှုပ်နှံမှုများ အတွင်းစည်းလုံခြုံရေးအတွက်ဆိုလျှင် MOU အသစ်ထိုးရန် လိုအပ်ဖွယ် မရှိပေ။ လက်ရှိ မဒေးကျွန်းရှိ တရုတ်ရေနံသိုလှောင်ကန်နှင့် ပင်မရေနံတွန်းပို့စခန်း၏ အပြင်စည်းလုံခြုံရေးကို မြန်မာရဲများက တာဝန်ယူပြီး အတွင်းစည်းလုံခြုံရေးအား တရုတ် လုံခြုံရေးကုမ္ပဏီက တာဝန်ယူထား၍ဖြစ်၏။ သို့ဖြစ်ရာ တရုတ် လုံခြုံရေးကုမ္ပဏီများအား မည်သည့်အတိုင်းအတာအထိ ခွင့်ပြုမည်ဆိုသည်ကို စောင့်ကြည့်ရန် လိုအပ်သည်။

ထို့ပြင် တရုတ် လုံခြုံရေးကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား လုံခြုံရေးအရ ကာကွယ်ရန်ဆိုရာတွင် စစ်ကောင်စီ၏ ဥပဒေပြဌာန်းချက်များကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆို ခံယူမည်ဆိုသည်မှာ ယခုအချိန်တွင် လွန်စွာအရေးကြီး၏။

စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားရာ တရုတ် လုံခြုံရေးကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို လုံခြုံရေးတာဝန်ယူရာတွင် ထိုအဖွဲ့အစည်းများကို မည်သို့ သဘောထားမည်ဆိုသည်ကို အလေးထားစောင့်ကြည့်ရန် လိုအပ်သည်။

အလားတူပင် တရုတ် ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးအပြင် မြန်မာပြည် ပြည်တွင်းပဋိပက္ခတွင် တရုတ်လုံခြုံရေးကုမ္ပဏီများ ပါဝင်စွက်ဖက်မှု ရှိ၊ မရှိဆိုသည်မှာလည်း မပြတ်လေ့လာစောင့်ကြည့်ရမည့် ပြဿနာတရပ် ဖြစ်လာပေလိမ့်မည်။

မြန်မာ့အနာဟောင်း

လုံခြုံရေးကုမ္ပဏီဆိုသဖြင့် ပေါ့ဆ၍တော့ မရပေ။ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဟု ဆိုသော်လည်း ပုဂ္ဂလိကစစ်တပ်ဟု ဆို၍ရသကဲ့သို့ လက်နက်ကိုင်ထားသော နိုင်ငံခြားသားတပ်ဖွဲ့ ဖြစ်၏။

ရှေးယခင်က ထီးနန်းပျောက်၍ သူ့ကျွန်ဘဝရောက်ခဲ့ရပြီး ကိုလိုနီနိုင်ငံဖြစ်ခဲ့သည်မှာ ဗြိတိသျှတို့၏ လက်နက်ကိုင်ထားသည့် အရှေ့အိန္ဒိယကုမ္ပဏီကြောင့် ဖြစ်သည်ဆိုသည့် အနာဟောင်းကို သတိပြုဖို့ လိုပါသည်။

ရှေးယခင်က ထီးနန်းပျောက်၍ သူ့ကျွန်ဘဝရောက်ခဲ့ရပြီး ကိုလိုနီနိုင်ငံဖြစ်ခဲ့သည်မှာ ဗြိတိသျှတို့၏ လက်နက်ကိုင်ထားသည့် အရှေ့အိန္ဒိယကုမ္ပဏီကြောင့် ဖြစ်သည်ဆိုသည့် အနာဟောင်းကို သတိပြုဖို့ လိုပါသည်။

(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် မတိုက်နိုင်

တရုတ်အားကိုး ပုဆိန်ရိုး (ရုပ်/သံ)

စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

Your Thoughts …
Tags: BRINUGPDFPLAPMCPSCစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးတရုတ်ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဖွဲ့စည်းပုံအခြေခံဥပဒေရင်းနှီးမြှုပ်နှံမှုရပ်ဝန်းနှင့်လမ်းအစီအစဉ်
သက်ထားမောင်

သက်ထားမောင်

မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဖရိကရှိ တရုတ်ကြေးစားစစ်သားများ

အာဖရိကရှိ တရုတ်ကြေးစားစစ်သားများ

နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီ ကျောက်စိမ်းတွဲ ပိုထုတ်ရောင်းလာ

နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီ ကျောက်စိမ်းတွဲ ပိုထုတ်ရောင်းလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved