• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဖရိကရှိ တရုတ်ကြေးစားစစ်သားများ

by ဧရာဝတီ
19 November 2024
in ဆောင်းပါး
A A
အာဖရိကရှိ တရုတ်ကြေးစားစစ်သားများ

တရုတ်သည် အာဖရိကတွင် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံနေပြီး ၎င်း၏အကျိုးစီးပွားများကို ကာကွယ်ရန် လိုလာနေသည်

1.8k
VIEWS
Share on FacebookShare on Twitter

တရုတ်လုံခြုံရေး ကုမ္ပဏီများသည် တရုတ်စီမံကိန်းများကို အကောင်အထည်ဖော်နေသည့် ပိုမိုများပြားလာသော အာဖရိကနိုင်ငံများတွင် လုပ်ငန်းဆောင်ရွက်နေသည်။

အာဖရိကတွင် ရုရှား၏ ဝဂ္ဂနာ ပုဂ္ဂလိက စစ်ဘက် ကန်ထရိုက်တာများ (PMC) လှုပ်ရှားမှုကို ကမ္ဘာက အာရုံစိုက်နေစဉ် အခြား PMC အုပ်စုတခုသည် အာဖရိကတိုက်တွင် ၎င်းတို့တည်ရှိမှုကို တိတ်တဆိတ် တိုးချဲ့နေသည်။ တရုတ်အစိုးရသည် ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အစိတ်အပိုင်းအဖြစ် အာဖရိကမှ ရင်းနှီးမြှုပ်နှံမှုများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် PMC များကို ပိုမို အသုံးပြုနေသည်။

တရုတ်၏ BRI သည် အခြေခံအဆောက်အအုံစီမံကိန်းများ၊ ကုန်သွယ်ရေး သဘောတူညီချက်များနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များမှတဆင့် အာရှ၊ ဥရောပ၊ အာဖရိကနှင့် အခြားဒေသများကို ဆက်သွယ်ရန် ရည်ရွယ်သည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး သေနင်္ဂဗျူဟာ ဖြစ်သည်။

တရုတ်သည် အာဖရိကနှင့် စွမ်းအင်၊ သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကဲ့သို့ ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်နေသည်။ ၂၀၁၈ ခုနှစ်အထိ တရုတ်အလုပ်သမား ၂ သိန်းကျော်သည် BRI အလုပ်အခွင့်အလမ်းရှာရန် အာဖရိကသို့ ပြောင်းရွှေ့ကြပြီး စုစုပေါင်း တရုတ် ရွှေ့ပြောင်းလုပ်သား အရေအတွက် ၁ သန်းအထိ ရှိလာသည်။ ထို့ပြင် ၂၀၁၇ ခုနှစ်အထိ တရုတ်ကုမ္ပဏီ ၁ သောင်းကျော်သည် အာဖရိကတိုက်တွင် လုပ်ငန်းလည်ပတ်နေကြသည်။

အာဖရိကတွင် တရုတ်၏ ကြီးထွားနေသော ပါဝင်ပတ်သက်မှုသည် ကြီးမားသော စိန်ခေါ်မှုများ၊ အန္တရာယ်များနှင့် ယှဉ်တွဲပါလာသည်။ တရုတ် ရင်းနှီးမြှုပ်နှံမှုများ၏ ၈၄ ရာခိုင်နှုန်းသည် အလယ်အလတ်နှင့် မြင့်မားသော အန္တရာယ်အဆင့်ရှိ နိုင်ငံများတွင်ရှိကြောင်း တရုတ်လူမှုသိပ္ပံများ အကယ်ဒမီ (CASS) က ဖော်ပြသည်။

သို့သော် အာဖရိကတွင် တရုတ်၏ ကြီးထွားနေသော ပါဝင်ပတ်သက်မှုသည် ကြီးမားသော စိန်ခေါ်မှုများ၊ အန္တရာယ်များနှင့် ယှဉ်တွဲပါလာသည်။ တရုတ် ရင်းနှီးမြှုပ်နှံမှုများ၏ ၈၄ ရာခိုင်နှုန်းသည် အလယ်အလတ်နှင့် မြင့်မားသော အန္တရာယ်အဆင့်ရှိ နိုင်ငံများတွင်ရှိကြောင်း တရုတ်လူမှုသိပ္ပံများ အကယ်ဒမီ (CASS) က ဖော်ပြသည်။

အကြမ်းဖက်ဝါဒ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ပင်လယ်ဓားပြတိုက်ခြင်း ပြဿနာများသည် အာဖရိကတွင် တိုးလာနေသည်။ အာဖရိကတွင် စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ တရုတ်၏ အကျိုးစီးပွားများသည် အမြဲတမ်း ခြိမ်းခြောက်ခံနေရသည်။ စီပွားရေးပူးပေါင်းဆောင်ရွက်မှု တခုတည်းဖြင့် ခရီမရောက်နိုင်ကြောင်း တရုတ်အစိုးရ သဘောပေါက်သည်။ သြဇာကို တိုးချဲ့လိုသော ဆန္ဒကြောင့် တရုတ်သည် အာဖရိကတွင် လုံခြုံရေးကို တောင့်တင်းအောင်လုပ်ရန် လိုအပ်လာသည်။

တရုတ်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေး သမိုင်းပုံရိပ်နှင့် အနောက်နိုင်ငံများက “ကိုလိုနီစနစ်လက်သစ်” စွပ်စွဲချက်များကို စိုးရိမ်သောကြောင့် လက်နက်ကိုင်တပ်များကို ပြည်ပတွင် ဖြန့်ကြက်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။ ထို့ကြောင့် တရုတ်သည် တရုတ်လုံခြုံရေးကုမ္ပဏီများကို အားကိုးရန် ဆုံးဖြတ်လိုက်သည်။ ထိုကုမ္ပဏီများသည် အာဖရိကမှ ၎င်း၏ စီမံကိန်းများ၊ နိုင်ငံသားများနှင့် သံတမန်များကို လုံခြုံရေးပေးသည့် အဓိက ပုဂ္ဂလိကစစ်ဘက် ကန်ထရိုက်တာ (PMC) များ ဖြစ်သည်။

ပထမဆုံးအနေဖြင့် အသုံးများသည့် ဝေါဟာရများကို အသုံးပြုရန်အတွက် မိမိတို့သည် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ (PSC) နှင့် ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ (PMC) အကြား ခွဲခြားနားလည်ရန် လိုအပ်သည်။

PSC သည် ပိုင်ဆိုင်မှု ထိန်းချုပ်ရေး၊ ခိုးမှုနှင့်အကြမ်းဖက်မှုကို ကာကွယ်ခြင်းကဲ့သို့သော ခုခံသည့် လုံခြုံရေးဝန်ဆောင်မှုများ ပေးသည်။

PMC သည် ဒေသခံတပ်များကို အကြံဉာဏ်နှင့် သင်တန်းပေးခြင်း၊ ထောက်လှမ်းရေးသတင်း စုဆောင်းခြင်း၊ ကယ်ဆယ်ရေးနှင့် လိုအပ်ပါက တိုက်စစ်ဆင်ခြင်းကဲ့သို့သော ဝန်ဆောင်မှုများ ပေးသည်။

သို့သော် PSC တခုသည် ကာကွယ်ရေးကိရိယာများ အသုံးပြုပြီး လုံခြုံရေးသင်တန်း ပေးသောအခါ ထိုကွဲပြားခြားနာချက်သည် မပြတ်မသားဖြစ်လာသည်။ ယခုဆောင်းပါးတွင် PMC, PSC နှင့် ကြေးစားစစ်သားများကို တူညီသောအဖွဲ့များအဖြစ် ရည်ညွှန်းသည်။

သင်္ဘောပေါ်တွင် လုံခြုံရေးလိုက်ပါစောင့်ကြပ်နေသော တရုတ် လုံခြုံရေး လက်နက်ကိုင်များ

တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် အာဖရိကတွင် တရုတ်လုပ်ငန်းအမှုဆောင်များနှင့်ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ကာကွယ်ပေးသော အကျိုးအမြတ်များသည့် အထူးဈေးကွက် ရှာဖွေတွေ့ရှိထားသည်။ ၎င်းတို့သည် တရုတ်သင်္ဘောများကို ပင်လယ်ပြင်တွင် ပင်လယ်ဓားပြ အန္တရာယ်မှလည်း အကာအကွယ် ပေးကြသည်။

တရုတ် PMC သည် ဆိုမာလီ ပင်လယ်ဓားပြများ၏ရန်မှ တရုတ်သင်္ဘောများကို ကာကွယ်ရန် အာဖရိကတွင် ၂၀၁၀ ပြည့်နှစ်က စတင်ပေါ်ပေါက်လာသည်။ ထိုအချိန်မှစတင်ပြီး တရုတ်လုံခြုံရေး ကန်ထရိုက်တာများသည် သေးငယ်ခဲ့သော်လည်း ယခုအခါ တိုးချဲ့လာနေသည်။

တရုတ် PMC သည် ဆိုမာလီ ပင်လယ်ဓားပြများ၏ရန်မှ တရုတ်သင်္ဘောများကို ကာကွယ်ရန် အာဖရိကတွင် ၂၀၁၀ ပြည့်နှစ်က စတင်ပေါ်ပေါက်လာသည်။ ထိုအချိန်မှစတင်ပြီး တရုတ်လုံခြုံရေး ကန်ထရိုက်တာများသည် သေးငယ်ခဲ့သော်လည်း ယခုအခါ တိုးချဲ့လာနေသည်။

တရုတ်လုံခြုံရေးကုမ္ပဏီ အနည်းဆုံး ကိုးခုသည် ဆာဟာရဒေသခွဲ အာဖရိကတွင် လုပ်ကိုင်နေပြီး ထိုဒေသတွင် တရုတ် BRI စီမံကိန်း ဒါဇင်ပေါင်းများစွာသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများအတွက် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၅၀ ဘီလီယံကျော် ရရှိစေသည်ဟု သေနင်္ဂဗျူဟာလေ့လာရေး အာဖရိကစင်တာ (ACSS) မှ သုတေသီ ပေါလ် နန်တူလ်ရာက ပြောသည်။

အာဖရိကမှ တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ (PSC) များသည် ပုဂ္ဂလိကလုပ်ငန်း ပီပီပြင်ပြင် မဟုတ်ပေ။ ၎င်းတို့ကို တရုတ်အစိုးရက အသိအမှတ်ပြုပြီး အဓိကအားဖြင့် နိုင်ငံတော်က ထိန်းချုပ်သည်။ ၎င်းတို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ စစ်သားဟောင်းများဖြင့် အဓိက ဖွဲ့စည်းထားသည်။

ထို PSC များသည် BRI အစိတ်အပိုင်းအဖြစ် အာဖရိကမှ တရုတ်စီမံကိန်းများ၊ နိုင်ငံသားများနှင့် သံတမန်များကို လုံခြုံရေးနှင့် အကာအကွယ်ပေးသည်။ သို့သော် ၎င်းတို့သည် တရုတ်လုပ်ငန်းများတွင်သာ သီးခြားလုပ်ကိုင်နေပြီး အာဖရိကနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက် မစွက်ဖက်ခြင်းဖြင့် ရုရှား၏ PMC ဝဂ္ဂနာ သို့မဟုတ် အမေရိကန် Blackwater ကဲ့သို့ အာရုံစိုက်ခံခြင်းနှင့် နှိုင်းယှဉ်ခံရခြင်းကို ရှောင်ရှားကြသည်။

တရုတ်၏ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ ကြီးထွားလာခြင်းသည် တရုတ်အစိုးရက အာဖရိကတွင် ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးလာချိန်နှင့် တိုက်ဆိုင်နေသည်။ တရုတ်သည် အာဖရိကတွင် သတ္တုတူးဖော်ရေး စီမံကိန်းများတွင်လည်း ရင်းနှီးမြှုပ်နှံနေသည်။

သို့သော် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဆူဒန်နှင့် တောင်ဆူဒန်တို့ကဲ့သို့သော နိုင်ငံများတွင် လက်ရှိ ဖြစ်ပွားနေသော မတည်ငြိမ်မှုကြောင့် အစိုးရလုံခြုံရေး ဝန်ဆောင်မှုများ ချို့တဲ့နေသည့်အဓိပ္ပာယ် ဖြစ်သည်။ သယံဇာတအတွက် ထိုနိုင်ငံများကို တရုတ်၏ မှီခိုမှုကြောင့် အာဖရိကမှ လုံခြုံရေးအတွက် ပိုမို စိုးရိမ်လာခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေး တွန်းအားပေးမှုနောက်ပိုင်း အာဖရိကတွင် တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ အလုပ်လုပ်နေသောကြောင့် တရုတ်အလုပ်သမားများ၊ သတ္တုမိုင်းများနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းသာမက ရထားလမ်းများနှင့် သင်္ဘောလမ်းကြောင်းများကဲ့သို့သော ပိုင်ဆိုင်မှုများလုံခြုံရေး ကာကွယ်ရေးသည် တရုတ်အစိုးရအတွက် စိုးရိမ်စရာ ဖြစ်လာသည်ဟု တောင်အာဖရိက အခြေစိုက် လွတ်လပ်သော လုံခြုံရေးအတိုင်ပင်ခံ ဂျက်စမင်း အော့ပါမန်က ပြောသည်။

အာဖရိကမှ တရုတ်အလုပ်သမားများကို ရာဇဝတ်ဂိုဏ်းများက ပြန်ပေးဆွဲရန် ပစ်မှတ်ထားခြင်းလည်း ပိုမို များပြားလာသည်။ ထိုခြိမ်းခြောက်မှုများ အားလုံးသည် အာဖရိကတွင် လုပ်ကိုင်သည့် PMC သို့မဟုတ် PSC အရေအတွက် တိုးလာစေသည်။

တရုတ်သည် ပြည်ပမှ ဖိအားပေးခြင်း မခံရမည့်၊ လုပ်ငန်းများကို ဆောင်ရွက်ရန် ယုံကြည်ရသည့် စစ်တပ်ပုံစံ တပ်ဖွဲ့စနစ်သစ်များ ဖန်တီးသည်။ ထိုသို့ဖွဲစည်းခြင်းသည် အရပ်သားဘဝတွင် နေရာရှာမရသည့်၊ အစိုးရ၏ ပုံမှန်ထောက်ပံ့ခြင်းကို မကျေမနပ်ဖြစ်နေသည့် စစ်သားဟောင်းများအတွက် အလုပ်အကိုင်များလည်း ဖန်တီးပေးသည်။

ထို့ကြောင့် တရုတ်သည် ပြည်ပမှ ဖိအားပေးခြင်း မခံရမည့်၊ လုပ်ငန်းများကို ဆောင်ရွက်ရန် ယုံကြည်ရသည့် စစ်တပ်ပုံစံ တပ်ဖွဲ့စနစ်သစ်များ ဖန်တီးသည်။ ထိုသို့ဖွဲစည်းခြင်းသည် အရပ်သားဘဝတွင် နေရာရှာမရသည့်၊ အစိုးရ၏ ပုံမှန်ထောက်ပံ့ခြင်းကို မကျေမနပ်ဖြစ်နေသည့် စစ်သားဟောင်းများအတွက် အလုပ်အကိုင်များလည်း ဖန်တီးပေးသည်။

ထို့ကြောင့် တရုတ်အစိုးရသည် လုံခြုံရေးစနစ် တစိတ်တပိုင်းအဖြစ် တရုတ်လုံခြုံရေး လုပ်ငန်းများကို ပိုမိုအားကိုးလာသည်။ တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုံခြုံရေးလုပ်ငန်း ၅ ထောင်ရှိပြီး PLA နှင့် ပြည်သူ့လက်နက်ကိုင် ရဲတပ်ဖွဲ့မှ စစ်သား၊ ရဲသားဟောင်း ၄ ဒသမ ၃ သန်းကို အလုပ်ပေးထားသည်။

ထိုလုပ်ငန်းများအနက် ၂၀ ကို ပြည်ပတွင် လုပ်ကိုင်ရန် ခွင့်ပြုထားပြီး ကန်ထရိုက်တာ ၃,၂၀၀ ကို အလုပ်ပေးထားကာ အင်အား ၂,၅၀၀ ခန့်သာရှိသော PLA ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖြန့်ကြက်မှုထက် ပိုမိုများပြားသည်။

တရုတ်အစိုးရ၏ စီမံကိန်းများ အကောင်အထည်ဖော်သည့် အာဖရိကနိုင်ငံများတွင် တရုတ်လုံခြုံရေးကုမ္ပဏီ အရေအတွက် ပိုမိုများပြားလာနေသည်။ သို့သော် သတင်းအချက်အလက် လျှို့ဝှက်မှုကြောင့် အာဖရိကတိုက် ပိုင်နက်တွင် တရုတ်ကြေးစားစစ်သား အရေအတွက် အတိအကျ တွက်ချက်ရန် မဖြစ်နိုင်ပေ။ တရုတ်မှ လုံခြုံရေးကုမ္ပဏီများသည် ၎င်းတို့၏ လှုပ်ရှားမှုများကို ကြေညာခြင်းမရှိဘဲ အစိုးရသတင်းအချက်အလက်များ ပေါက်ကြားခြင်းကို တားဆီးရန် အများစုကို ဖုံးကွယ်ထားကြသည်။

တရုတ်လုံခြုံရေးလုပ်ငန်း အများစုတွင် လုပ်ကိုင်သူများကို ပြည်တွင်း ပြည်ပ နှစ်ခုလုံး၌ လက်နက်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားပြီး ဒေသခံကုမ္ပဏီများ သို့မဟုတ် လုံခြုံရေးတပ်များနှင့် ပူးပေါင်းဆောင်ရွက်စေပြီး ၎င်းတို့ကို အခြေအနေ တိုးတက်အောင် ပြုလုပ်ခြင်း၊ သင်တန်းပေးခြင်း၊ နည်းပညာ၊ ထောက်လှမ်းရေးသတင်းနှင့် ပစ္စည်းကိရိယာများ ပေးသည်။ တရုတ် လုံခြုံရေးကုမ္ပဏီများသည် ဒေသခံစစ်တပ်နှင့် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်ပြီး သတ္တုမိုင်းများ၊ ရေနံချက်စက်ရုံများတွင် အလုပ်သမားများ၏ လုံခြုံရေးကို အာမခံရန် အချို့ စစ်ဆင်ရေးများ၌ ပါဝင်ကြသည်။

တရုတ်လုပ်ငန်းများ၊ အခြေခံအဆောက်အအုံများနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအတွက် အကာအကွယ်ကို စီစဉ်ခြင်းအပြင် တရုတ် လုံခြုံရေးကုမ္ပဏီများသည် ထောက်လှမ်းရေး၊ ငှားရမ်းထားသည့် အာဖရိက “ကြေးစားစစ်သားများ” ကို လေ့ကျင့်ပေးခြင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အကြံပေးဝန်ဆောင်မှုများ၊ အဆင့်မြင့်အရာရှိများနှင့် နိုင်ငံခြားရှိ သံရုံးများအတွက် လုံခြုံရေး၊ ပင်လယ်ဓားပြ တိုက်ဖျက်ရေးတို့တွင်လည်း ပါဝင်ကြသည်။

ထုံးစံအားဖြင့် တရုတ်ဥပဒေသည် နိုင်ငံသားများကို နိုင်ငံပိုင်နက်တွင်းနှင်ပြင်ပ နှစ်ခုလုံးတွင် လက်နက်ကိုင်ဆောင်ခြင်းကို ပိတ်ပင်ထားသည်။ ခြွင်းချက်အနည်းငယ်သာ ရှိသည်။ အကြောင်းရင်းမှာ တရုတ် PSC များကို အစိုးရထိန်းချုပ်မှု ပြင်ပတွင် လုပ်ကိုင်ပြီး ဒေသတွင်းတွင် ပါဝင်ပတ်သက်သူများ ဖြစ်လာတတ်သည့် Executive Outcomes ကဲ့သို့ PMC များ ဖြစ်မလာအောင် တားမြစ်ထားသည်။ ထိုသို့မဟုတ်လျှင် ထိုကုမ္ပဏီများသည် ရုရှား ဝဂ္ဂနာကဲ့သို့သော နိုင်ငံတော်၏ တိုးချဲ့အစိတ်အပိုင်းအဖြစ် မြင်ကြသည်။

အာဖရိကတွင် အထင်ရှားဆုံး တရုတ်လုံခြုံရေးကုမ္ပဏီများတွင် DeWe Security Service, Huaxin Zhongan နှင့် Shanghai Zhongwei တို့ ပါဝင်သည်။ ထိုကုမ္ပဏီများကို ပြည်ပတွင် လက်နက် ကိုင်ဆောင်အသုံးပြုခွင့် ပေးထားပြီး တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုင်စင်လည်း ပေးအပ်ထားသည်။

အာဖရိကတွင် အထင်ရှားဆုံး တရုတ်လုံခြုံရေးကုမ္ပဏီများတွင် DeWe Security Service, Huaxin Zhongan နှင့် Shanghai Zhongwei တို့ ပါဝင်သည်။ ထိုကုမ္ပဏီများကို ပြည်ပတွင် လက်နက် ကိုင်ဆောင်အသုံးပြုခွင့် ပေးထားပြီး တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုင်စင်လည်း ပေးအပ်ထားသည်။

အဆိုပါကုမ္ပဏီများသည် ပင်လယ်နှင့်ကုန်းမြေတွင် အစောင့်အကြပ်ပေးခြင်း၊ တရုတ်လုပ်ငန်းများ၊ အဆင့်မြင့်အရာရှိများနှင့် ပြည်ပမှ သံရုံးများကို ထိထိရောက်ရောက် အကာအကွယ်ပေးခြင်း၊ ပင်လယ်ဓားပြရန်မှ ကာကွယ်ခြင်း စသည့် ဝန်ဆောင်မှုမျိုးစုံပေးသည်။ လက်နက်ကိုင်ဆောင်ခွင့်နှင့် အင်အားအသုံးပြုခွင့်ကြောင့် ထိုကုမ္ပဏီများ၏ ဝန်ဆောင်မှုများကို ကုန်သည်သင်္ဘောများကို ဓားပြတိုက်သည့် အန္တရာယ်မြင့်မားသော ဂီနီပင်လယ်ကွေ့နှင့် အေဒင်ပင်လယ်ကွေ့တွင် အသုံးပြုမှု များကြသည်။

အာဖရိကတွင် ပြဿနာအများဆုံး ဒေသများဖြစ်သည့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဆိုမာလီ၊ ဆူဒန်၊ တောင်ဆူဒန်၊ မိုဇမ်ဘစ် စသည့်နိုင်ငံများတွင် တရုတ်လုံခြုံရေးကုမ္ပဏီများ လုပ်ကိုင်ကြသည်။ ထို့ပြင် တရုတ်နိုင်ငံသည် အာဖရိကတိုက်တွင် အာရုံစိုက်မခံရအောင် စစ်အင်အားအခြေအနေကို ထိန်းထားပြီး “ကိုလိုနီလက်သစ် အင်အားကြီးနိုင်ငံ” အဖြစ် ပုံရိပ်ဖန်တီးခြင်းကို နည်းလမ်းမျိုးစုံဖြင့် ရှောင်ရှားသည်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် လုံခြုံရေးလစ်ဟာသောနေရာများကို ဖြည့်ဆည်းပေးသည်။ ပုဂ္ဂလိက ကုမ္ပဏီအနေအထားဖြင့် ဖုံးကွယ်ကာ တရုတ်ကုမ္ပဏီများဖြင့် အဓိက အလုပ်လုပ်ကြသည်။

အာဖရိကတွင် လုပ်ကိုင်သည့် တရုတ် PMC သို့မဟုတ် PSC အရေအတွက် တိုးလာသည်

Beijing DeWe Security Service သည် ကင်ညာနိုင်ငံတွင် မွမ်ဘာဆာနှင့် နိုင်ဗရှာအကြား တရုတ်က တည်ဆောက်သည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ရထားလမ်းကို ကာကွယ်ရန် လုံခြုံရေးကန်ထရိုက်တာ ၂,၀၀၀ ခန့် ရှိသည်။

ထိုကုမ္ပဏီသည် တရုတ်ကျောထောက်နောက်ခံပြု ဒေါ်လာ ၄ ဘီလီယံတန် အီသီယိုးပီးယား၊ ဂျီဘူတီတို့နှင့် မျှဝေသည့် သဘာဝဓာတ်ငွေ့စီမံကိန်းကိုလည်း အကာအကွယ်ပေးသည်။ အခြားကုမ္ပဏီများသည် တောင်အာဖရိကမှ တရုတ်ပိုင် သတ္တုတွင်းများကို ကာကွယ်ပြီး ဆိုမာလီယာမှ BRI စီမံကိန်းများကို စောင့်ကြပ်ကာ ဂီနီနှင့် အေဒင်ပင်လယ်ကွေ့များမှ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို အကာအကွယ်ပေးကြသည်။

ဆူဒန်နှင့် တောင်ဆူဒန်တွင် VSS Security Group နှင့် DeWe Security Service သည် ဒေသခံ စစ်တပ်များနှင့် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်ပြီး တခါတရံ သတ္တုတွင်းများနှင့် ရေနံချက်စက်ရုံများမှ အလုပ်သမားများ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရာတွင် ပူးပေါင်းကြသည်။

တရုတ် လုံခြုံရေးကုမ္ပဏီများသည် ထောက်လှမ်းရေး၊ ငှားရမ်းထားသော အာဖရိက “ကြေးစားစစ်သားများ” ကို လေ့ကျင့်ပေးရေး၊ သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများကို အကြံပေးခြင်းနှင့် အဆင့်မြင့်အရာရှိများ၏ လုံခြုံရေးတို့ကိုလည်း လုပ်ကိုင်ကြသည်။

တရုတ်လုပ်ငန်းများ၊ အခြေခံအဆောက်အအုံများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ကာကွယ်ပေးသည့် လုပ်ငန်းအပြင် VSS Security Group, DeWe Security Service, Frontier Services Group, Shandong Huawei Security Group နှင့် China Security and Technology Group စသည့် တရုတ် လုံခြုံရေးကုမ္ပဏီများသည် ထောက်လှမ်းရေး၊ ငှားရမ်းထားသော အာဖရိက “ကြေးစားစစ်သားများ” ကို လေ့ကျင့်ပေးရေး၊ သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများကို အကြံပေးခြင်းနှင့် အဆင့်မြင့်အရာရှိများ၏ လုံခြုံရေးတို့ကိုလည်း လုပ်ကိုင်ကြသည်။

Zhongjun Junhong Security Service, China Overseas Security Group နှင့် Huaxin Zhong An Security Group တို့ကို တရုတ်အစိုးရကသာ အသိအမှတ်ပြုသည်မဟုတ်ဘဲ ‘ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုပေးသူများအတွက် နိုင်ငံတကာကျင့်ဝတ်အသင်း’ ကလည်း အသိအမှတ်ပြုသည်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ထိုအဖွဲ့အစည်းသည် အင်အားအသုံးပြုသည့် နယ်ပယ်တွင် နိုင်ငံတကာ ဥပဒေစံနှုန်းများ လိုက်နာစေရန်အတွက် နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းများကို သတ်မှတ်သည်။

Hua Xin Zhong An (HXZA) သည် အာဖရိက ကမ်းရိုးတန်းတွင် ပြေးဆွဲသည့် တရုတ်သင်္ဘောများကို လက်နက်ကိုင် စောင့်ကြပ်မှုပေးသည့် ပထမဆုံးတရုတ် PSC များအနက် တခုဖြစ်သည်။ ထိုလုပ်ငန်းသည် နိုင်ငံခြားသား အကြံပေးများကိုလည်း ငှားရမ်းထားပြီး နိုင်ငံတကာအသိအမှတ်ပြု စံနှုန်းများ (ISO-28000) ကို အကောင်အထည် ဖော်နိုင်ကြောင်းပြသည့် လုပ်ငန်းဖြစ်သည်။

Haiwei သည် အရည်အသွေး အသိအမှတ်ပြု အများအပြားရှိသည့် အခြား တရုတ်လုံခြုံရေးလုပ်ငန်းကြီးဖြစ်ပြီး တန်ဇနီးယားမှ အီသီယိုးပီးယားအထိ အာဖရိကနိုင်ငံ အများအပြားတွင် တရုတ်သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီများကို လုံခြုံရေးပေးသည်။ ထိုလုပ်ငန်း နှစ်ခုလုံးသည် နိုင်ငံတကာ ကျင့်ဝတ်အသင်း (ICOCA) အဖွဲ့ဝင်များဖြစ်သည်။

တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို အဓိကငှားရမ်းသူများမှာ အာဖရိကရှိ တရုတ်အစိုးရအေဂျင်စီများ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ တရုတ် သယ်ယူပို့ဆောင်ရေးနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ ဖြစ်သည်။

အာဖရိကတွင် တရုတ်စီးပွားရေးတိုးချဲ့မှု လက်ရှိစီးကြောင်းနှင့် အာဖရိကတိုက်မှ ကျယ်ပြန့်သော ခြိမ်းခြောက်မှု အမျိုးမျိုးကြောင့် တရုတ်လုံခြုံရေးလုပ်ငန်းများ တည်ရှိမှုသည် လာမည့်ဆယ်စုနှစ်အတွင်း ပိုမို ကြီးထွားလာမည်ဟုသာ မျှော်လင့်ရသည်။

အာဖရိကတွင် တရုတ် လုံခြုံရေးကုမ္ပဏီများ အသုံးပြုခြင်းသည် တရုတ်ပြည်တွင်းနှင့် ပြည်ပတွင် မေးခွန်းနှင့် စိုးရိမ်ပူပန်မှုအချို့ ဖြစ်ပေါ်စေသည်။ တရုတ်သည် ၎င်း၏ ဝင်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်ပြီး အာဖရိကမှ သေနင်္ဂဗျူဟာ အကျိုးစီးပွားနှင့် သြဇာကို ရှေ့တန်းတင်ရန် PMC များကို လက်ဝေခံအဖြစ် သုံးနေသည်ဟု ဝေဖန်သူများက ပြောသည်။

အာဖရိကတွင် တရုတ် လုံခြုံရေးကုမ္ပဏီများ အသုံးပြုခြင်းသည် တရုတ်ပြည်တွင်းနှင့် ပြည်ပတွင် မေးခွန်းနှင့် စိုးရိမ်ပူပန်မှုအချို့ ဖြစ်ပေါ်စေသည်။ တရုတ်သည် ၎င်း၏ ဝင်ရောက်မစွက်ဖက်ရေးမူကို ချိုးဖောက်ပြီး အာဖရိကမှ သေနင်္ဂဗျူဟာ အကျိုးစီးပွားနှင့် သြဇာကို ရှေ့တန်းတင်ရန် PMC များကို လက်ဝေခံအဖြစ် သုံးနေသည်ဟု ဝေဖန်သူများက ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
81
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
320

တရုတ်၏ PMC များသည် အာဖရိက နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်ကာ ၎င်းတို့သည် ပဋိပက္ခများ သို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်လာနိုင်ကြောင်း အခြားသူများက သတိပေးသည်။

ထို့ပြင် တရုတ် PMC များသည် လုပ်ထုံးလုပ်နည်း၊ ကြီးကြပ်မှုနှင့် တာဝန်ခံမှုကင်းမဲ့ပြီး တရုတ်နှင့် မိတ်ဖက်များအတွက် သံတမန်ရေးနှင့် ဥပဒေပြဿနာများ ဖန်တီးစေနိုင်သော မရေရာသည့်ဥပဒေဇုန်တွင် လုပ်ကိုင်နေကြောင်း လေ့လာသူများပြောသည်။

တဖက်တွင်လည်း တရုတ် PMC များသည် တရုတ်အစိုးရနှင့် ကုမ္ပဏီများအတွက် အဖိုးတန်သော ဝန်ဆောင်မှုပေးကာ အာဖရိကမှ တရုတ်နိုင်ငံသားများနှင့် အလုပ်သမားများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် အထောက်အကူပြုသည်ဟု ထိုလုပ်ငန်းများကို ထောက်ခံသူအချို့ ပြောသည်။

တရုတ် PMC များသည် အာဖရိကနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ ဥပဒေလုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာသည်ဟု ထိုသူများက ပြောသည်။

ထို့ပြင် တရုတ် PMC များသည် အာဖရိကတွင် လုံခြုံရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရာတွင် အပြူသဘောအခန်းကဏ္ဍမှ ပါဝင်နိုင်ပြီး အာဖရိကတိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အကျိုးပြု နိုင်သည်ဟု ထောက်ခံသူများက ပြောသည်။

စစ်အာဏာသိမ်းမှုများနှင့် ပဋိပက္ခများသည် အာဖရိကနိုင်ငံအချို့၏ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ဒုက္ခပေးနေချိန်တွင် တရုတ်သည် နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် အာဖရိကတိုက်သို့ ပိုများသော PMC များကို ဖြန့်ကြက်နိုင်သည်။ အစိုးရများအနေဖြင့် PMC လုပ်ကိုင်သူများကို ပိုမိုတင်းကျပ်စွာ ကန့်သတ်ရန် အာဖရိက လူမှုအခြေပြုအဖွဲ့အစည်များက ဖိအားပေးနေစေကာမူ တရုတ် PMC များ ပိုမို များပြားလာနိုင်သည်။

အာဖရိကမှ တရုတ် PSC များကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေး လှုပ်ရှားမှုအပေါ် မည်သည့် သက်ရောက်မှုများ ရှိသနည်း။ ၎င်းတို့သည် နိုင်ငံတော်အာဏာ ထူထောင်ရေးပုံစံသစ် သို့မဟုတ် အာဖရိကတွင် တရုတ်ရင်ဆိုင်နေရသည့် လုံခြုံရေးစိန်ခေါ်မှုများနှင့် အန္တရာယ်များကို လက်တွေ့ကျကျ တုံ့ပြန်သည့်နည်းလမ်း ဖြစ်ပါသလား။

အာဖရိကမှ တရုတ်ပုဂ္ဂလိက စစ်ဘက်ကန်ထရိုက်တာများသည် ပိုမိုစူးစမ်းလေ့လာ သရုပ်ခွဲသင့်သည့် အကြောင်းအရာသစ် ဖြစ်သည်။ ၎င်းတို့သည် အာဖရိကတွင် တရုတ်၏ ကြီးထွားနေသော အကျိုးစီးပွားနှင့် စိန်ခေါ်မှုများကိုသာမက တရုတ်လုံခြုံရေးသေနင်္ဂဗျူဟာ ဖြစ်ပေါ်တိုးတက်မှုကိုပါ ထင်ဟပ်နေသည်။

အာဖရိကမှ တရုတ်ပုဂ္ဂလိက စစ်ဘက်ကန်ထရိုက်တာများသည် ပိုမိုစူးစမ်းလေ့လာ သရုပ်ခွဲသင့်သည့် အကြောင်းအရာသစ် ဖြစ်သည်။ ၎င်းတို့သည် အာဖရိကတွင် တရုတ်၏ ကြီးထွားနေသော အကျိုးစီးပွားနှင့် စိန်ခေါ်မှုများကိုသာမက တရုတ်လုံခြုံရေးသေနင်္ဂဗျူဟာ ဖြစ်ပေါ်တိုးတက်မှုကိုပါ ထင်ဟပ်နေသည်။

တရုတ် PMC များသည် တရုတ်-အာဖရိက အနာဂတ်ဆက်ဆံရေးအပေါ်နှင့် ဒေသတွင်းနှင့်ကမ္ဘာ့လုံခြုံရေး လှုပ်ရှားမှုအပေါ် ထူးခြားသော သက်ရောက်မှုများ ရှိနိုင်သည်။ ၎င်းတို့သည် ကြီးထွားနေသော ခြိမ်းခြောက်မှုဖြစ်သည် သို့မဟုတ် သေနင်္ဂဗျူဟာကျသော မိတ်ဖက်ဖြစ်သည်ကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

(Military Africa ပါ China’s mercenaries in Africa: A Growing Threat or a Strategic Partner? ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်အားကိုး ပုဆိန်ရိုး (ရုပ်/သံ)

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား

တရုတ်စွက်ဖက်လည်း မြန်မာစစ်တပ် စစ်နိုင်အောင် မတိုက်နိုင်

Your Thoughts …
Tags: BRIPLAPMCPSCကြေးစားစစ်သားစီးပွားရေးတရုတ်ထောက်လှမ်းရေးပင်လယ်ဓားပြပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုရပ်ဝန်းနှင့်လမ်းအစီအစဉ်လုံခြုံရေးကုမ္ပဏီလူ့အခွင့်အရေးချိုးဖောက်မှုအာဖရိက
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီ ကျောက်စိမ်းတွဲ ပိုထုတ်ရောင်းလာ

နိုင်ငံခြားငွေလိုနေတဲ့ စစ်ကောင်စီ ကျောက်စိမ်းတွဲ ပိုထုတ်ရောင်းလာ

ဘန်ကောက် စစ်ရှောင်စခန်း ထပ်မံ ဗုံးကြဲခံရ (ရုပ်/သံ)

ဘန်ကောက် စစ်ရှောင်စခန်း ထပ်မံ ဗုံးကြဲခံရ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved