၂၀၂၄ ခုနှစ် တနှစ်လုံးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပေါ်လစီသည် မြန်မာစစ်အာဏာရှင်များကို အသက်ဆက်ရေးဖြစ်၏။ တရုတ်တို့၏ ပေါ်လစီကြောင့် မြောက်ပိုင်းအဖွဲ့များ၏ ထိုးနှက်မှုကို နှောင့်နှေးစေပြီး မြန်မာစစ်ကောင်စီတပ်အတွက် အတန်ငယ် သက်သာရာ ရစေခဲ့သည်။
သို့သော်လည်း မြန်မာလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက တရုတ်ပေါ်လစီအား လက်မခံဘဲ ဆန့်ကျင်ကြမှုကြောင့်လည်းကောင်း၊ စစ်ကောင်စီအနေနှင့် စစ်ရေးအရ ရှုံးပွဲဆက်နေသောကြောင့်လည်းကောင်း၊ တရုတ်နယ်စပ်ရှိ အဖွဲ့များ အပစ်ရပ်ရုံမျှနှင့် မြန်မာပြည်အခြေအနေ တည်ငြိမ်နိုင်မှု မရှိနိုင်သည်ကို ၂၀၂၄ နှစ်ကုန်တွင် ရှင်းလင်းစွာမြင်တွေ့ရ၍လည်းကောင်း၊ ဆီးရီးယား သင်ခန်းစာကြောင့်လည်းကောင်း ၂၀၂၅ ခုနှစ်တွင် တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာပေါ်လစီ အပြောင်းအလဲ ရှိ၊ မရှိ၊ အထူးသံတမန် အပြောင်းအလဲ ရှိ၊ မရှိကို ဂရုတစိုက် စောင့်ကြည့်သွားရန် လိုအပ်ပေမည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy