• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မတိုးသာ မဆုတ်သာ ကော့ကရိတ်စစ်မျက်နှာ

by ဧရာဝတီ
26 May 2025
in သတင်း
A A
မတိုးသာ မဆုတ်သာ ကော့ကရိတ်စစ်မျက်နှာ

ကော့ကရိတ်တိုက်ပွဲများအတွင်း ပါဝင်နေသည့် ပူးပေါင်းတပ်ဖွဲ့ဝင်တချို့

5.1k
VIEWS
Share on FacebookShare on Twitter

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ပေါင်းစုက နယ်စပ်မျဉ်းနားမှ စခန်းများကိုသိမ်းနေသော်လည်း ခေတ်အဆက်ဆက် မြန်မာစစ်တပ်အတွက် ကရင်ပြည်နယ် စစ်ဆင်ရေးများ၌အရေးပါသော ကော့ကရိတ်စစ်မျက်နှာတွင်မူ တလကျော်ကြာ နေစဉ်တိုက်ပွဲပြင်းထန်နေသလို နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း များပြားနေသည်။

ဒေါနတောင်ခြေရှိ ကော့ကရိတ်မြို့တွင် မြန်မာစစ်တပ် အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ- ၁၂) အပြင် ခြေလျင်တပ်ရင်း ခလရ ၉ရ၊ ခလရ ၂၃၀၊ ခလရ ၂၃၁ အပြင် ကပ်လျှက်ရှိသည့် ကျုံဒိုး၌ ခမရ ၅၄၅၊ ခမရ ၅၄၆၊ ခမရ ၅၄၇၊ ခမရ ၅၄၈၊ ခမရ ၅၄၉ ခြေမြန်တပ်ရင်းများ၊ ဖားအံတွင် တပ်မ ၂၂ စသည်တို့ အခြေစိုက်ကာ အာရှလမ်းပိုင်း နယ်မြေစိုး မိုးရေး ပြုလုပ်ထားသည်။

ယခုအခါ ကော့ကရိတ်မြို့နယ်မှ စစ်စခန်းများ၊ ဂိတ်များကို ဧပြီ ၁၄ ရက်က စ၍ KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့က တိုက်ခိုက်နေပြီး တိုက်ပွဲများမှာ ကော့ကရိတ်မြို့အနောက်ဘက် ကျုံဒိုးကြားရှိ အာရှလမ်းပိုင်း၊ ကော့ကရိတ်မြောက်ဘက် ကော့ကရိတ်- မြဝတီ ဒေါနတောင် လမ်းဟောင်း၊ ကော့ကရိတ်မြို့ အရှေ့ဘက် အာရှလမ်းမကြီး တို့တွင် ပြင်းထန်စွာဖြစ်ခဲ့သည်။

KNU ၏ ကော့ကရိတ်စစ်ဆင်ရေးမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၃ ခု ဒီဇင်ဘာ ၁ ရက်ကလည်း မြို့ကို ဝင်စီးသော် လည်း စစ်ကောင်စီက မြို့ကို ပိတ်၍ ခံစစ်ပြင်သဖြင့် မြို့အဝင်ရှိ စကခ (၁၂)၊ ကျုံဒိုးနှင့် ကော့ကရိတ် အကြားရှိ ခမရ (၅၄၅)၊ (၅၄၆)၊ ကော့ကရိတ် နှင့် မြပတိုင်ကျေးရွာကြားက ခမရ (၅၄၇)၊ (၅၄၈)၊ ရင်ကွဲ တောင်စခန်း စသည့်နေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း တပ်ရင်းတပ်မဌာနချုပ်များကို သိမ်းပိုက်နိုင်ခြင်း မရှိပေ။ ကာကင်းစခန်းများကိုသာ သိမ်းယူ၍ ဖိအားပေးနိုင်ခဲ့သည်။

လက်ရှိ နယ်မြေခံတပ်ရင်းများ ပိတ်ဆို့ခံရရုံသာမက အာရှလမ်းပိုင်းကို ပြန်သိမ်းရန် လုပ်ဆောင်နေသည့် အောင်ဇေယျ စစ်ကြောင်း၏ ကာကင်းစခန်းများသိမ်းခံရကာ တတန်ကူးရွာထိပ် ရွှေကြက်မင်းဘုန်းကြီး ကျောင်းဝန်းရှိ အောင်ဇေယျ ကွပ်ကဲရေးစခန်းလည်း တိုက်ခိုက်ခံနေရပြီး ကော့ကရိတ်နှင့် ကျုံဒိုးကြား ၁၅ မိုင်ခန့်ရှိ အာရှလမ်းပိုင်းကို မိုင်တိုင် ၄ မှစ၍ စကခ ၁၂ အနီးရှိ မိုင်တိုင် ၉ အထိ စစ်ကူရိက္ခာ မပို့နိုင်အောင် KNLA တပ်ပေါင်းစုက ဖြတ်တောက်ထားကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်တဦးက ပြောသည်။

၎င်းက “၅ တိုင် (၅ မိုင်) လောက်ကနေ ဖြတ်ပြီးတိုက်တာ အခုဆိုရင် ကော့ကရိတ်ဘက် ၉ တိုင် (၉ မိုင်) လောက်အထိနဲ့ ကျုံဒိုးဘက် ၄ တိုင် (၄ မိုင်)လောက်ထိ ထိန်းထားတယ်။ အဲဒီတကြောမှာ အရင်က အင်အား ရာချီရှိသလို ဂိတ်တွေ၊ စခန်းတွေက ဆယ်ချီရှိတယ်” ဟု ပြောသည်။

ကော့ကရိတ်စစ်မျက်နှာပြ မြေပုံ (ဧရာဝတီ)

ကော့ကရိတ်မြို့ထဲရှိ အောင်ဇေယျစစ်ကြောင်း ခြေကုပ်ယူထားသည့် ရွှေကြက်မင်းဘုန်းကြီးကျောင်းနှင့် ကော့ကရိတ်မြို့ စောင့်တပ် ခလရ ၉ တပ်၊ စကခ ၁၂ စသည့် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၊ တပ်များ အနီးပတ်ပတ်လည်၌ ပူးပေါင်းတပ်များပိတ်ဆို့ထားပြီး နှစ်ဖက် စစ်ဆိုင်ထားသည့်အခြေအနေတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံတဦးက “ရွှေကြက်မင်းကို ကာထားတဲ့ ကာကင်းစခန်းက တခုလောက်ပဲရှိတော့တယ်။ တောနော် ရေတံခွန်နားမှာ ရောက်နေတဲ့ အောင်ဇေယျရှေ့တန်းတပ်ကလည်း အနောက်နဲ့အဆက် ပြတ်သွားပြီ။ ရိက္ခာတွေရော၊ ခဲယမ်းရော ပို့လိုမရ တော့ဘူး” ဟု ပြောသည်။

ကော့ကရိတ်မြို့စောင့်တပ် ခလရ ၉၇၊ ရဲစခန်း၊ ရွှေကြက်မင်း စသည့်နေရာများအပါအဝင် ကော့ကရိတ်မြို့ထဲ၌ စစ်ကောင်စီ အခိုင်အမာ တပ်စွဲထားသည့် နေရာ ၇ ခုခန့်ရှိပြီး ကော့ကရိတ်မှ ကျုံထိုးဘက်အထွက်၌ လှိုင်းဝတပ်၊ ခလရ ၂၃၀၊ ခလရ ၂၃၁ ၊ စကခ ၁၂ စသည့် တပ်များရှိသလို ကျိုးဒိုးမြို့၌ ခမရ ၅၄၅ ၊ ၅၄၆ တပ်များ ရှိသည်။

KNU တပ်ပေါင်းစု ထိုးစစ်အစ ကာကင်းများ သိမ်းပိုက်ကာ အဓိက တပ်စွဲထားသည့်နေရာများနှင့် တပ်ရင်းများကို အနီးကပ် ဝိုင်းပတ် ပိတ်ဆို့ထားနိုင်ခဲ့သော်လည်း အတွင်းထိ ဆက်လက်တိုက်ခိုက်ရာ ထိခိုက်ကျဆုံးမှုများ နှင့် ကြုံရပြီးရှေ့မတိုးသာ၊ နောက် မဆုတ်သာ ဖြစ်နေကြောင်း ပူးပေါင်းတပ်များထံက သိရသည်။

ပူးပေါင်းစစ်ကြောင်းများအား ထောက်ပံ့နေသည့် ကရင်စစ်ရေးသတင်းအရင်းအမြစ်တဦးက “အခုလက်ရှိက ထိခိုက်မှု အနည်းဆုံးနဲ့ လိုချင်တာရအောင် လုပ်နေတယ်။ အတင်းတိုးရင် ကိုယ့်လူပဲ အထိနာမယ်။ လိုချင်တဲ့အရာကို ရတာချင်း တူတူပဲ နှေးတာနဲ့ မြန်တာပဲ ကွာသွားမယ်။ မြေပြင်မှာ အမှည့်ခြွေပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော နည်းနည်းအချိန်ယူ လုပ်သွားရင် ထိခိုက်မှုလည်း နည်းမယ် လိုချင်တာလည်းရမယ် အဲဒီလိုလုပ်နေတယ်လို့ ယူဆတယ်” ဟု ပြောသည်။

ကော့ကရိတ်စစ်ဆင်ရေးအတွင်း ပူးပေါင်းတပ်များ ဗျူဟာပြောင်းဆောင်ရွက်နေသော်လည်း အချိန် ၂ လတာကာလ အတွင်း အပြောင်းအလဲကြီးကြီးမားမားမြင်တွေ့လာနိုင်ကြောင်း၊ မြို့တွင်းနှင့် မြို့ပြင်ဘက်ရှိ စစ်ကောင်စီတပ်များကို ဖြတ်တောက် ပစ်နိုင်ပြီး လက်ကျန်တပ်များအား သိမ်းပိုက်နိုင်မည့်အခြေအနေများ နီးစပ်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲများအတွင်း ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ဆေးကုသနေစဉ်

ကော့ကရိတ်သို့ စစ်ကူများပို့ရန် တနင်္သာရီတိုင်း ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံတပ်များ၊ ဘားအံအခြေစိုက် တပ်မ ၂၂ နှင့် ကျိုက်ထိုအခြေစိုက် တပ် ၄၄ လက်အောက်ခံ တပ်ရင်းများ အင်အားရာချီဖြင့် ကျုံးဒိုးဘက်မှ ကော့ကရိတ် ဘက် စစ် ကြောင်းထိုးခဲ့ရာ ကျုံဒိုးမြို့အထွက် နွားခြံကုန်းကျေးရွာအနီးတဝိုက်၌ ဧပြီလနောက်ဆုံးပတ်က တိုက်ပွဲပြင်း ထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များစွာဖြင့် တပ်များ ပြန်ဆုတ်ခဲ့ရသည်။

လက်ရှိ ကော့ကရိတ်ထိုးစစ်အတွင်း စစ်ကောင်စီဘက်က တန်ပြန်စစ်ကြောင်းထိုး လှုပ်ရှားခဲ့သည်မှာ ထိုတကြိမ်သာရှိခဲ့ပြီး ၎င်းတို့၏ တပ်များသည် အတွင်းမှခံစစ်အထိုင်ပြင်ထား၍သာ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်တို့ကြောင့် ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင်၂၀ ဦးဝန်းကျင်ထိ ကျဆုံး ထား ရကြောင်းနှင့် သံဃာတော်များအပါအဝင် ဒေသခံ ၂၀ ကျော် ထိခိုက်သေဆုံးမှုများရှိနေကြောင်း ပူးပေါင်းတပ်များ၊ စစ်ရှောင် ကူညီနေသူများနှင့် ဒေသခံများထံက သိရသည်။

ကော့ကရိတ်တိုက်ပွဲအတွင်း ပါဝင်နေသည့် CDM တပ်ကြပ်ကြီးတဦးက “ကလေးတွေက စခန်းတွေသိမ်းလိုဇောနဲ့ အတင်း ထိုးတက်တာ။ ဟိုက ခံစစ်က အသေပြင်ပြီး စောင့်ကြည့်နေတော့ ဒရုန်းတွေနဲ့က အကုန်မြင်နေရတယ်။ အဲဒီမှာ တချို့ ဒရုန်း တွေနဲ့ တိုက်ခိုက်ခံရပြီး ထိကုန်တယ်” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.5k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

သို့သော်လည်း စစ်ကောင်စီသည် စိုးမိုးထိန်းချုပ်နေရာများ ပိုကျဉ်းလာပြီး စစ်ကူများ ထပ်မပို့နိုင်သည့် အခြေအနေများ ကြောင့် ပူးပေါင်းတပ်များ၏ စစ်ရေးရည်မှန်းချက်များမှာ မကြာမီပြည့်မြောက်နိုင်မည်ဖြစ်ကြောင်းနှင့် ထိုအခြေအနေကို မှန်းဆထားသော စစ်ကောင်စီသည် ကရင်ပြည်နယ် မြို့တော် ဘားအံ၌ပါ ခံစစ်ပြင်ထားသည်ကို တွေ့နေရကြောင်း ဒေသခံ များနှင့် CDM အရာရှိများက ဆိုကြသည်။

လက်ရှိ ကော့ကရိတ်မြို့နယ်ထိုးစစ်အတွင်း စစ်ကောင်စီဘက်က ကျုံဒိုးမြို့ကို ဂျိုင်းတံတားမှတဆင့် စစ်ကူများပို့နိုင်သည့် လမ်းကြောင်းပွင့်နေသော်လည်း လက်ရှိတွင် ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်မှုများပြုလုပ်နိုင်သလို ကော့ကရိတ်နှင့် ကျုံဒိုးမြို့တို့ကို သိမ်းပိုက်ရရှိပြီးပါက ကျုံဒိုးမှ ဂျိုင်းမြစ်ဖြတ်၍လည်းကောင်း နဘူးဘက်၊ သာမညဘက် တို့မှ ဘားအံကို ထိုးဖောက်တိုက်ခိုက်နိုင်သည့် မြို့နယ်ချင်းဆက်၊ ရွာချင်းဆက်လမ်းကြောင်းများစွာရှိနေကြောင်း၊ လက်ရှိ ကော့ကရိတ်စစ်ဆင်ရေးသည် ဘားအံထိ ထိုးဖောက်ရန် ကရင်တပ်မဟာအစုံနှင့် ပူးပေါင်းစစ်ကြောင်းစုံတို့က လချီ အချိန်ယူပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

လတ်တလောတွင် ကရင်ပူးပေါင်းတပ်ဖွဲ့တို့ ယခုနှစ်ဆန်းမှစ၍ ထိုင်း-မြန်မာနယ်စပ်တလျှောက် တပ်မဟာ ၇ နယ်မြေအတွင်းရှိစခန်းများအပြင် တပ်မဟာ ၆ နယ်မြေရှိစခန်းများကိုပါ တိုက်ခိုက်လျက်ရှိပြီး မော်ဖိုးခီး (မော်ဖိုးကေ)၊ မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုလေးဝေါ် ၊ ဘလက်ဒိုစခန်း တို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

You may also like these stories:

ကော့ကရိတ် မြို့တွင်း၌ ပိတ်မိသူထောင်ချီ ရှိ

ကော့ကရိတ်ကို စစ်ကောင်စီ ဗုံးကြဲပြန်

PDF စခန်းတချို့ လက်လွှတ်ရသော်လည်း မိုးဗြဲကို စစ်ကောင်စီ မထိုးဖောက်နိုင်သေး

Your Thoughts …
Tags: KNLAကော့ကရိတ်ကျုံဒိုးထိုးစစ်အာရှလမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

Next Post
အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

AA ရဲ့ စစ်မှုထမ်း ပြဋ္ဌာန်းချက်မှာ ဘယ်သူတွေ ကင်းလွတ်ခွင့်ရလဲ (ရုပ်/သံ)

AA ရဲ့ စစ်မှုထမ်း ပြဋ္ဌာန်းချက်မှာ ဘယ်သူတွေ ကင်းလွတ်ခွင့်ရလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.5k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved