• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး

by ဧရာဝတီ
12 March 2025
in ဆောင်းပါး
A A
မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး

၂၀၂၅ မတ် ၇ ရက်တွင် တွေ့ဆုံခဲ့သည့် စစ်ခေါင်းဆောင်နှင့် ဘီလာရုစ်သမ္မတ လူကာရှန်ကို/ CINCDS

2k
VIEWS
Share on FacebookShare on Twitter

အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တရားဝင်ဖိတ်ကြားမှုခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာ (သို့မဟုတ်) နောက်နှစ်ဇန်နဝါရီမှာ ကျင်းပမယ်လို့ အချိန်ကာလကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ရုရှားသမ္မတ ပူတင်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့ရဲ့ ထောက်ခံမှုဟာ နိုင်ငံရေးအရ အောင်မြင်မှုတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံမှာ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အစောဆုံးသည် ဒီဇင်ဘာလနောက်ဆုံးအပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလ ဒုတိယအပတ်လောက်မှာဖြစ်မယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံတွေအပြင် ကျန်တဲ့နိုင်ငံတကာတွေက ထောက်ခံပေးပါတယ်။ ရုရှားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံတွေက ထဲထဲဝင်ဝင် ဝင်ရောက်ထောက်ခံပေးတဲ့အပြင် လေ့လာစောင့်ကြည့်ရေးအဖွဲ့လည်း လွှတ်ပေးမယ်ဆိုတဲ့ ခံယူချက်မျိုး ရရှိခဲ့တယ်” လို့ ပြောပါတယ်။

စစ်တပ် အာဏာ စသိမ်းချိန်ကတည်းက နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကို ခံနိုင်ကြောင်းနဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ရှေ့ဆက် သွားမယ်ဆိုတဲ့ စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို ဆယ်စုနှစ်ချီ ချုပ်ကိုင်ထားကြတဲ့ ရုရှားသမ္မတနဲ့ ဘီလာရုစ်သမ္မတတို့ ရဲ့ အားပေးထောက်ခံမှုနဲ့ တိုင်းပြည်အကျပ်အတည်းတွေကြားမှာပဲ ရွေးကောက်ပွဲပြုလုပ်ဖို့ တာဆူနေတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာ စသိမ်းချိန်ကတည်းက နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကို ခံနိုင်ကြောင်းနဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ရှေ့ဆက် သွားမယ်ဆိုတဲ့ စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို ဆယ်စုနှစ်ချီ ချုပ်ကိုင်ထားကြတဲ့ ရုရှားသမ္မတနဲ့ ဘီလာရုစ်သမ္မတတို့ ရဲ့ အားပေးထောက်ခံမှုနဲ့ တိုင်းပြည်အကျပ်အတည်းတွေကြားမှာပဲ ရွေးကောက်ပွဲပြုလုပ်ဖို့ တာဆူနေတာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ စစ်ခေါင်းဆောင်ဟာ ရုရှားနဲ့ဘီလာရုစ်နိုင်ငံက လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပြီး လွှတ်တော်အချင်းချင်း ကြား ဥပဒေပြုဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လေ့လာရေးအဖွဲ့များစေလွှတ်ရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်ပါက ကဏ္ဍကောစ(ဆန့်ကျင်၊ ကန့်လန့်တိုက်) မလုပ်ဘဲ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီအားကိုးရှာတဲ့ ရုရှားသမ္မတပူတင်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့ဟာ တိုင်းပြည်အာဏာကို ဆယ်စုနှစ်ချီ ကြာအောင် နည်းမျိုးစုံနဲ့ ချုပ်ကိုင်စိုးမိုးထားတဲ့ အာဏာရှင်တွေဖြစ်ပြီး ပြိုင်ဘက်အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတာ၊ လွတ်လပ်တဲ့မီဒီယာတွေကို ပိတ်ပင်တာ စတဲ့ မျိုးစုံသော ပိတ်ပင်မှုတွေနဲ့ကျင်းပတဲ့ သူတို့ရဲ့ရွေးကောက်ပွဲတွေဟာလည်း လွတ်လပ်မျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲတွေအဖြစ် အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံတကာလေ့လာသူတွေက ဝေဖန်ထားပါတယ်။

၂၀၂၅ မတ် ၄ ရက်တွင် တွေ့ဆုံခဲ့သည့် စစ်ခေါင်းဆောင်နှင့် ရုရှားသမ္မတ ပူတင်/ CINCDS

ရုရှားသမ္မတပူတင်ဟာ ယမန်နှစ် မတ်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက်တွေကို အနိုင်ရကာ နိုင်ငံကို ၂၄ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သူ့ရဲ့အာဏာကို နောက်ထပ် ၆ နှစ် သက်တမ်းဆက်နိုင်ခဲ့ပါတယ်။

နိုင်ငံအာဏာကို သမ္မတ၊ ဝန်ကြီးချုပ်အဖြစ် အမျိုးမျိုး လှည့်ပတ်ချုပ်ကိုင်ထားတဲ့ ပူတင်ဟာ ၂၀၂၀ ခုနှစ်မှာလည်း နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက နှစ်ကြိမ်ဆက်သာ သမ္မတလုပ်ရမယ့် ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပါသေးတယ်။

ရုရှားသမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သလို လွှတ်တော်က ဥပဒေအဖြစ် အတည်မပြုရသေးတဲ့ ဥပဒေကြမ်းတွေကို ဗီတိုအာဏာနဲ့ ပယ်ဖျက်နိုင်တဲ့ အခွင့်အာဏာရှိသူ ဖြစ်ပါတယ်။

ရုရှားသမ္မတလိုပဲ ဘီလာရုစ်သမ္မတ လူကာရှန်ဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရခဲ့ကာ ၆ ကြိမ်ဆက်တိုက် သမ္မတအဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး ၂၀၃၀ ခုနှစ်အထိ ဆက်လက်အုပ်ချုပ်ခွင့်ရထားပါတယ်။

အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ် ဖိနှိပ်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးခွန်းထုတ်မှုအပေါ် “တချို့က အကျဉ်းထောင်ကို ရွေးတယ်၊ တချို့က ပြည်ပထွက်ပြေးဖို့ ရွေးတယ်၊ ကျနော်တို့က ဘယ်သူ့ကိုမှ နိုင်ငံကနေ ကန်မထုတ်ပါဘူး” လို့ တုံ့ပြန်ခဲ့သူ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မတ်လ ၇ ရက် တွေ့ဆုံစဉ်ကလည်း မြန်မာနိုင်ငံကို လာရောက်မယ်လို့ ပြောခဲ့ပြီး ကောင်းမယ်ထင်တဲ့အရာတွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့နဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်ရှိလာနိုင်ပေမယ့် အခွင့်အလမ်းကောင်းအဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လူကာရှန်ကိုက ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ပိတ်ဆို့ဒဏ်ခတ်မှု လုပ်ခံရတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အင်အားစုစည်းမှုတွေ ပိုမိုရရှိစေပြီး ပြိုင်ဆိုင်မှု ပိုပြင်းထန်လာစေမှာဖြစ်ကြောင်း၊ ပိတ်ဆို့ဒဏ်ခတ်ဖိအားပေးမှုတွေဟာ အောင်မြင်မှာမဟုတ်ဘဲ ပဋိပက္ခသာ ပိုကြီးမားလာစေမှာဖြစ်ကြောင်း၊ ဒါတွေကို နှစ်ယောက်ပူးပေါင်းကာ ရင်ဆိုင်ကျော်လွှာသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

ရုရှားနဲ့ ဘီလာရုစ်ကို အားကိုးတဲ့ မြန်မာစစ်ခေါင်းဆောင် ကိုယ်တိုင်ကလည်း အာဏာရှင်နည်းလမ်းဖြစ်တဲ့ အဓိက အတိုက်အခံပြိုင်ဘက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားတွေကို အာဏာသိမ်းကတည်းက ဖမ်းဆီး ထောင်ချထားကာ သူတို့ စိတ်တိုင်းကျစီမံမယ့် ရွေးကောက်ပွဲတရပ်ပြုလုပ်ဖို့ စိုင်းပြင်းနေတာ ဖြစ်ပါတယ်။

ရုရှားနဲ့ ဘီလာရုစ်ကို အားကိုးတဲ့ မြန်မာစစ်ခေါင်းဆောင် ကိုယ်တိုင်ကလည်း အာဏာရှင်နည်းလမ်းဖြစ်တဲ့ အဓိက အတိုက်အခံပြိုင်ဘက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားတွေကို အာဏာသိမ်းကတည်းက ဖမ်းဆီး ထောင်ချထားကာ သူတို့ စိတ်တိုင်းကျစီမံမယ့် ရွေးကောက်ပွဲတရပ်ပြုလုပ်ဖို့ စိုင်းပြင်းနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားနဲ့ ဘယ်လာရုစ်တို့နဲ့ မတူတာက မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းမှု လေးနှစ်တာကာလအတွင်း စစ်တပ်ဟာ မြို့ရွာပေါင်းများစွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ အုပ်ချုပ်ရေးယန္တရားလည်း အပြည့်အဝ လည်ပတ်နိုင်မှု မရှိတော့ပါ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
၂၀၂၅ မတ် ၄ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုတွင် တွေ့ဆုံစဉ် သမ္မတ ပူတင်ကို စာအုပ်လက်ဆောင်ပေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် / AFP

ယမန်နှစ် အောက်တိုဘာလက ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူရာမှာ မြို့နယ် ၃၃၀ ထဲက ၁၄၅ မြို့နယ်သာ ကောက်ယူနိုင်ခဲ့ပြီး တပိုင်းတစ ကောက်ယူနိုင်တာ ၁၂၇ မြို့နယ်နဲ့ လုံးဝ ကောက်ယူလို့မရတာ ၅၈ မြို့နယ် ရှိခဲ့ပါတယ်။

ဒီလိုအခြေအနေအောက်မှာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပမယ်လို့ ကြွေးကြော်နေတဲ့ စစ်ကောင်စီက မဲဆန္ဒနယ် ၁၁၀ မှာသာ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူကာ အာဏာလွှဲပြောင်းဖို့ ပြောဆိုသံတွေလည်း ကြားနေရပါတယ်။

ဒါဟာ ပြည်ထောင်စုလွှတ်တော်အတွင်း ရွေးကောက်ခံကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ သုံးပုံတပုံ ၂၅ ရာခိုင်နှုန်းဖြစ်ပြီး စစ်တပ်က ခန့်အပ်ခွင့်ရှိတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းကာ လွှတ်တော်ခေါ်ဖို့ စစ်ခေါင်းဆောင်ရဲ့ အကြံအစည် ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က “ပထမဆုံးကျင်းပမယ့် လွှတ်တော်အစည်းအဝေး အထမြောက်ဖို့ လိုအပ်တဲ့ ၅၀ ရာခိုင်နှုန်းသော ကိုယ် စားလှယ်တွေအတွက် တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်ပါတယ်။ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါတယ်” လို့ ၂၀၂၃ ဇူလိုင် ၃၁ ရက်၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာကတည်းက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲ အထမြောက်ရန် ဆန္ဒမဲ မည်မျှပေးရမည်ဟု ကန့်သတ်မထားကြောင်းနဲ့ အပြည့်အဝ မကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ တမြို့နယ်လုံးမဟုတ်ဘဲ လုံခြုံမှုရှိတဲ့နေရာတွေမှာ တစိတ်တပိုင်းကျင်းပဖို့ စဉ်းစားသင့်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး သုံးရက်အကြာမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အသက် ၆၅ နှစ် ကန့်သတ်ချက်ကို ပယ်ဖျက်ကာ တပ်ချုပ်ရာထူးကို ရာသက်ပန်ရယူခဲ့ပါတယ်။ ဒီအတွက် အထမြောက်ရုံ ဟန်ပြရွေးကောက်ပွဲတရပ် ကျင်းပကာ အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြ ပါတယ်။

ပါတီစုံဒီမိုကရေစီလို့ ကြွေးကြော်ပြီး အထမြောက်ရုံ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံ ရေးထွက်ပေါက်ရဖို့နဲ့ အာဏာဆက်လက်ချုပ်ကိုင်ထားရေးဖြစ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကချင်ပြည်နယ်အခြေစိုက် ရွေးကောက်ပွဲကိုယ်စားလှယ်ဟောင်းတဦးက ဝေဖန်ပြောဆိုပါတယ်။

၎င်းက “စစ်ကောင်စီက ဦးဆောင်ပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုတာက သူအာဏာကိုင်ဖို့လုပ်တာပဲ။ သူအာဏာကိုင်မှပဲ သူကလည်း မြဲမှာကိုး။ သူအာဏာကိုင်မယ် သူလုပ်မယ်၊ ဒါပေမယ့် လူထုကဒါကို လက်ခံမလား၊ လက်မခံဘူးလား။ ဒါပေမယ့် ဒီလိုအချိန်ကာလမှာလုပ်တဲ့ ရွေးကောက်ပွဲက အဓိပ္ပာယ်မရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်” လို့ ဆိုပါတယ်။

ဒါပြင် လက်ရှိအချိန်ထိ စစ်ကောင်စီဟာ မည်သည့်ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပမယ်၊ မဲဆန္ဒနယ်တွေ ဘယ်လိုသတ်မှတ် မယ်၊ လုံခြုံရေးအရ စိန်ခေါ်မှုတွေရှိနေတဲ့ နေရာတွေကို ဘယ်လိုတာဝန်ယူ ဆောင်ရွက်ပေးမလဲ ဆိုတာတွေကို ရေရေရာရာ ချပြဆောင်ရွက်နိုင်တာ မရှိသေးဘူးလို့လည်း ပဲခူးတိုင်းအခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

“ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို သိချင်တယ်၊ ဘာစနစ်ကိုသုံးမလဲဆိုတာ သိချင်တယ်၊ အဲဒါတွေ သိရမှ ဘာလုပ်ရမလဲ၊ ဘယ်မှာ ဝင်ပြိုင်ရမလဲဆိုတာ သိမှာပါ။ အခုက ဘာမှမသိရသေးပါဘူး။ ပဲခူးတိုင်းထဲမှာ မာရှယ်လော ထုတ်ထားတဲ့ မြို့တွေရှိတယ်၊ အဲဒီမြို့တွေကို ဘယ်လိုလုပ်ပေးမလဲ။ ရခိုင်နဲ့နယ်စပ်မှာလည်း တိုက်ပွဲဖြစ်နေ၊ အရှေ့ခြမ်း တောင်ငူခရိုင် ညောင်လေးပင်ခရိုင်တွေလည်း တိုက်ပွဲတွေဖြစ်နေတယ်”

၎င်းက “ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို သိချင်တယ်၊ ဘာစနစ်ကိုသုံးမလဲဆိုတာ သိချင်တယ်၊ အဲဒါတွေ သိရမှ ဘာလုပ်ရမလဲ၊ ဘယ်မှာ ဝင်ပြိုင်ရမလဲဆိုတာ သိမှာပါ။ အခုက ဘာမှမသိရသေးပါဘူး။ ပဲခူးတိုင်းထဲမှာ မာရှယ်လော ထုတ်ထားတဲ့ မြို့တွေရှိတယ်၊ အဲဒီမြို့တွေကို ဘယ်လိုလုပ်ပေးမလဲ။ ရခိုင်နဲ့နယ်စပ်မှာလည်း တိုက်ပွဲဖြစ်နေ၊ အရှေ့ခြမ်း တောင်ငူခရိုင် ညောင်လေးပင်ခရိုင်တွေလည်း တိုက်ပွဲတွေဖြစ်နေတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ပြောဆိုထားကြ ပြီး ပြည်သူလူထုအနေနဲ့လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်မှာ ပူးပေါင်းပါဝင်တာတွေ မလုပ်ကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။

You may also like these stories:

ပူတင်ပါလျှင် သေရွာအထိ လိုက်မည့် မင်းအောင်လှိုင်

ဆင်ခြောက်ကောင်၊ သောမ ကြွက်မင်းနဲ့ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီး

သမ္မတ ပူတင်ကို ဗျာဒိတ်တော်လာ မဟာမိတ်လို့ စစ်ခေါင်းဆောင်ပြော (ရုပ်/သံ)

ဗျာဒိတ်တော်အတိုင်း

Your Thoughts …
Tags: Sliderစစ်ခေါင်းဆောင်ပါတီစုံဒီမိုကရေစီဘီလာရုစ်ရုရှားရွေးကောက်ပွဲအာဏာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အမေလွတ်စေချင်တာက မီးတောက်လိုပြင်းပြတဲ့ ဆန္ဒပါ (ရုပ်/သံ)

အမေလွတ်စေချင်တာက မီးတောက်လိုပြင်းပြတဲ့ ဆန္ဒပါ (ရုပ်/သံ)

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးဖို့ JFM တိုက်တွန်း (ရုပ်/သံ)

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးဖို့ JFM တိုက်တွန်း (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved