မတ်လ ၃ ရက်နေ့က စတင်သည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ခရီးစဉ်ကို စစ်သားဟောင်း တယောက်အနေဖြင့် စောင့်ကြည့်မိသည်။ စစ်တပ်အတွင်းတွင် “အဘတပ်ချုပ်ကြီး ရုရှားကိုသွားပြီ”၊ “ထားဝယ်ရေနက်ဆိပ်ကမ်းလည်း ပေါင်းပြီးလုပ်တော့မှာဖြစ်တာကြောင့် အခြေအနေ ကောင်းလာတော့မယ်” ဆိုသည့် စကားသံများ ထွက်ပေါ်လာပြန်သည်။
တနည်းအားဖြင့် ယခုအခြေအနေသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက စစ်ခေါင်းဆောင်၏ တရုတ် ခရီးစဉ်တုန်းက အခြေအနေနှင့် ခပ်ဆင်ဆင်တူနေသည်။ “အဘ တပ်ချုပ်ကြီးက တရုတ်နဲ့ ညှိလိုက်ပြီ၊ မကြာခင် လားရှိုးကို ပြန်ရတော့မည်” ဟု ဝါဒဖြန့်မှုနှင့် ဆင်တူနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်ပထွက်တိုင်း လက်အောက်ကို ဝါဒဖြန့် အားပေးစည်းရုံးတတ်သည့် ထုံးစံအတိုင်း စစ်တပ်လော်ဘီများက လုပ်ဆောင်သည်ဟု ယူဆရသည်။ တကယ်တမ်း၌ တရုတ်ခရီးစဉ်အပြီးတွင်လည်း စစ်ကောင်စီဘက်က အခြေအနေ မကောင်းခဲ့ကြောင်း တွေ့ရသည်။ လားရှိုးကို ပြန်မရသည့်အပြင် ပြန်ရောက်အပြီး မကြာမီတွင် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုပါ လက်လွှတ်ခဲ့ရသည်။
စစ်ခေါင်းဆောင်၏ ယခု ရုရှားခရီးစဉ်သည် စစ်အာဏာသိမ်းကာလအတွင်း သူ့အတွက် ဒုတိယမြောက် ခရီးစဉ်လည်းဖြစ်သည်။ တိုက်ဆိုင်စွာပင် စစ်ခေါင်းဆောင်ခရီးစဉ် မတိုင်မီ ယူကရိန်း သမ္မတ ဇယ်လန်စကီး၏ အမေရိကန်ခရီးစဉ်လည်း ရှိနေခဲ့သည်။
စစ်ခေါင်းဆောင်၏ ယခု ရုရှားခရီးစဉ်သည် စစ်အာဏာသိမ်းကာလအတွင်း သူ့အတွက် ဒုတိယမြောက် ခရီးစဉ်လည်းဖြစ်သည်။ တိုက်ဆိုင်စွာပင် စစ်ခေါင်းဆောင်ခရီးစဉ် မတိုင်မီ ယူကရိန်း သမ္မတ ဇယ်လန်စကီး၏ အမေရိကန်ခရီးစဉ်လည်း ရှိနေခဲ့သည်။
ယူကရိန်းသမ္မတ၏ ထိုခရီးစဉ်တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ငြိမ်းချမ်းရေးကို အကြောင်းပြကာ ရုရှားဘက်ကို အလေးပေးပြီး သမ္မတ ဇယ်လန်စကီးကို ကောင်းကောင်း နှိပ်ကွပ်ခဲ့သည်။ ထို့ကြောင့် သမ္မတ ထရမ့်အနေဖြင့် ရုရှားဘက်ကို ရပ်တည်လိုက်ပြီလားဆိုသည့် ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။
နောက်တခု တိုက်ဆိုင်သည်မှာ မတ်လ ၅ ရက်တွင် သမ္မတ ထရမ့်က လွှတ်တော်၌ မြန်မာကျောင်းသားများအတွက် DISP ပညာတော်သင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်းကို ရပ်ဆိုင်းနိုင်ခဲ့မှုအပေါ် အရေးပါသော ငွေကြေးဖြတ်တောက်မှုတခုအဖြစ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရုရှား၏ အရေးပေးမှုနှင့်အတူ မြန်မာစစ်ကောင်စီအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အသိအမှတ်ပြုမှုရပြီး လက်ရှိ စစ်ရှုံးမှု သံသရာထဲမှ ရုန်းထွက်နိုင်တော့မည်လားဟု စစ်ကောင်စီ ထောက်ခံသူများဘက်က စိတ်ကူးယဉ်လာခဲ့ကြသည်။

“အဘ တပ်ချုပ်ကြီးက နိုင်ငံတော်ကောင်းဖို့အတွက် အသက်အရွယ်နှင့် မလိုက်အောင် ရုရှားအထိသွားပြီး သဘောတူညီချက်တွေရအောင် လုပ်နေသည်” ဟုလည်း စစ်လော်ဘီအချို့က ပြောနေခဲ့ကြပြန်သေးသည်။ အမှန်က သူ့အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံက ရှိသမျှ အရင်းအမြစ်များကို ရုရှားထံ ထိုးအပ်နေခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်သည် စစ်ကောင်စီဘက်က ဝါဒဖြန့်၍ကောင်းသည့် ခရီးစဉ်ဖြစ်သည့်အတွက် သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုများကို စစ်သားဟောင်းတယောက်အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည်။
မတ်လ ၄ ရက်က ကရင်မလင်နန်းတော်တွင် မစ္စတာ ပူတင်နှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောခဲ့သည့်စကားများ၊ အပြုအမူများတွင် သတိထားမိခဲ့သည်မှာ “လိုတာထက်ပိုပြီး ရို့ကျိုးဖားယားခဲ့သည်” ကို တွေ့ရသည်။
မတ်လ ၄ ရက်က ကရင်မလင်နန်းတော်တွင် မစ္စတာ ပူတင်နှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောခဲ့သည့်စကားများ၊ အပြုအမူများတွင် သတိထားမိခဲ့သည်မှာ “လိုတာထက်ပိုပြီး ရို့ကျိုးဖားယားခဲ့သည်” ကို တွေ့ရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားကို မြန်မာက သံတမန်ဆက်ဆံရေး နှစ်ပတ်လည် အထိမ်းအမှတ် ဆင် ခြောက်ကောင် လာဘ်ထိုးပေးကမ်းခဲ့သည့်ကိစ္စနှင့် စပြီး ပြောသည်။ မြန်မာနိုင်ငံမှ ဆင်များသည် အပူပိုင်းဒေသ ဆင်များဖြစ်သည့်အတွက် ရုရှားက အေးသည့် ရာသီဥတုအတွင်း အဆင်မပြေမှာ စိတ်ပူသည်ဟု သူ့ဘက်က ပြောခဲ့ကြောင်း၊ သူထိုသို့ ပြောသည့်အခါ ဘာမှ စိတ်ပူစရာမလိုကြောင်းနှင့် ရုရှားတွင် အားလုံး လုပ်နိုင်ပါသည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြန်ပြောကြောင်း ပြောသည်။ စစ်ခေါင်းဆောင် အနေဖြင့် ရုရှားနိုင်ငံနှင့် မစ္စတာ ပူတင်သည် ဘာမဆိုလုပ်နိုင်သည်ဆိုပြီး မြှောက်ပင့်သည့်သဘောနှင့် တွေ့ဆုံစကားပြောမှုကို အစပျိုးသွားကြောင်း တွေ့ရသည်။
ထို့နောက် မော်စကိုသို့ ဖိတ်ကြားခြင်းအတွက် အထူးကျေးဇူးတင်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြုံးရွှင်ပျော်မြူးစွာနှင့် ပြောသည်။ ထိုအပြုံးမျိုးသည် ပြည်တွင်း၌ မင်းအောင်လှိုင်၏ လှုပ်ရှားမှုများကို ဖော်ပြလေ့ရှိသည့် စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများမှာပင် တွေ့ရခဲသည့် အပြုံးမျိုး ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တရုတ်နိုင်ငံတွင် မဲခေါင် ထိပ်သီးဆွေးနွေးပွဲ တက်ခွင့်ရခဲ့စဉ်က ခရီးစဉ်တွင် တွေ့ရသည့် အပြုံးများကို ပြန်တွေ့ရသည်ဟုပင် ပြောနိုင်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ပြည်တွင်း ခရီးစဉ်များ၊ အခမ်းအနားများနှင့် မိန့်ခွန်းပြောသည့်အခါများတွင် ဟန်ဆောင်ပြုံးသည့် အပြုံးကိုသာ တွေ့ခဲ့ရသည်။ စစ်ရှုံးမှုများအတွက် ရင်ထဲက ကြောက်ရွံ့မှုကို ဖုံးကွယ်ထားပြီး ပြုံးနေခဲ့ရသည်။ ထို့ကြောင့် အပြုံးက အသက်မဝင်ခဲ့ဘဲ မျက်နှာက ပြုံးနေရသော်လည်း မျက်လုံးကမူ မှိုင်းနေတတ်ကြောင်း သတိထားမိခဲ့သည်။
ယခုအကြိမ် သမ္မတ ပူတင်နှင့် တွေ့ခွင့်ရသည့်အချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မျက်လုံးများမှာ တောက်ပနေသည်ကို တွေ့ရသည်။ မည်သည့်နှင့် အလားသဏ္ဍန် တူသနည်းဆိုပါက “ဖခင်နှင့် အချိန်အကြာကြီး ခွဲခွာနေရသည့် ကလေးငယ်တယောက် ဖခင်နှင့် ပြန်ဆုံရသလို” အားကိုးရာ၊ ယုံကြည်ရာကို ပြန်ရှာတွေ့သည့်ပုံစံ တွေ့ရသည်။
စစ်ခေါင်းဆောင်က သမ္မတ ပူတင်ကို ၂၀၂၂ ခုနှစ် အရှေ့ဖျား စီးပွားရေးဖိုရမ် (Eastern Economic Forum) အစည်းအဝေးတွင် တွေ့ဆုံပြီးနောက်ပိုင်း ကရင်မလင်နန်းတော်တွင် ဒုတိယအကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်သည့်အတွက် သူ့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မတွေ့ရသည့် နှစ်နှစ်တာ ကာလအတွင်း သမ္မတ ပူတင်နှင့် ပြန်တွေ့ရန် ဆုံမည့်ရက်ကို ကာလရှည်ကြာစွာ စောင့်စားခဲ့ရကြောင်း ပြောချင်ပုံရသည်။ ထိုသို့ အားကိုးရာ အာဏာရှင် စီနီယာကြီးကို တွေ့ခွင့်ရရန် ရုရှား စီးပွားရေးဝန်ကြီး ခရီးစဉ်တွင် ရုရှား လိုချင်သမျှ သဘောတူညီချက် စာချုပ်များ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုရုရှားဝန်ကြီးခရီးစဉ် အပြီးမှာပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသွားမည့်ခရီးစဉ် ထွက်ပေါ်ခဲ့ခြင်းကြောင့်လည်း အခုကဲ့သို့ ယူဆမိခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခု ခရီးစဉ်သည် ရုရှားနိုင်ငံကို လာခွင့်ရသည့် ၁၁ ကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် သူ့အတွက် အင်မတန်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံ၊ ညီအကိုနိုင်ငံအဖြစ် ပြောလျှင်ရကြောင်း၊ သူ့အနေဖြင့် ရုရှားနိုင်ငံသို့ လာရသည်ကို ဧည့်သည်လို့ မခံစားရကြောင်း ပြောဆိုခဲ့သည်။
သူ့အနေဖြင့် ရုရှားနှင့် အရမ်း ရင်းနှီးပါကြောင်း အလွန် ပြသချင်နေပုံရသည်။ ဆိုဗီယက်ခေတ်မှသည် ယခု ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနှင့် စိတ်တူကိုယ်တူ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်ကို တွေ့ရသည်။ သမ္မတ ပူတင်ကို စီနီယာတင်ပြီး မင်းအောင်လှိုင်က ဂျုနီယာပါဟု ဖော်ကျုးနေခြင်းဟု မြင်မိသည်။
သူ့အနေဖြင့် ရုရှားနှင့် အရမ်း ရင်းနှီးပါကြောင်း အလွန် ပြသချင်နေပုံရသည်။ ဆိုဗီယက်ခေတ်မှသည် ယခု ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနှင့် စိတ်တူကိုယ်တူ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်ကို တွေ့ရသည်။ သမ္မတ ပူတင်ကို စီနီယာတင်ပြီး မင်းအောင်လှိုင်က ဂျုနီယာပါဟု ဖော်ကျုးနေခြင်းဟု မြင်မိသည်။
ထို့နောက် စစ်ခေါင်းဆောင်သည် မီဒီယာများတွင် လူပြောများစေခဲ့သည့် “ကြွက်မင်း” အကြောင်းကို ပြောသည်။ အခါအခွင့်ကြုံသည့်အချိန်တွင် ထူးခြားသည့် သမိုင်းကြောင်းလေးတခုကို ပြောလိုကြောင်း အစချီကာ ကြွက်မင်းဇာတ်လမ်းကို ဇာတ်စုံခင်းတော့သည်။
၁၉၃၈ က ထုတ်ခဲ့သည့် စာအုပ်ဖြစ်ကြောင်း စာမျက်နှာကို ကြိုးထိုးမှတ်သားထားပြီး ရုရှားလို ဘာသာပြန်ထားကြောင်း ပြောသည့်အချိန် သမ္မတ ပူတင်က ရှာမတွေ့သဖြင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ထပြီး ပြခိုင်းသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထလာချိန် ရုရှားဘက်က ဘာသာပြန်ပေးသူက သမ္မတ ပူတင်ကို ကူရှာပေးသဖြင့် တွေ့သွားသည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလည်း ပြန်ထိုင်သွားသည်။ ထိုလုပ်ရပ်ကြောင့် စစ်ခေါင်းဆောင်အနေဖြင့် သူ့အထက်အကြီးအကဲ တယောက်လို သမ္မတ ပူတင်ကို ဆက်ဆံခဲ့ကြောင်း သိသာစေခဲ့၏။
သူ့တပည့် ဗိုလ်ချုပ်ကြီးကိုပင် စာရွက်လှန်ပေးဖို့ ခိုင်းခဲ့သည်။ ဗိုလ်ချုပ်ကြီးများ ပေါများသည့် စစ်တပ်အတွက် တပ်ချုပ်တယောက်အနေဖြင့် လက်အောက်က ဗိုလ်ချုပ်ကြီးကို နိုင်ငံတကာ အခမ်းအနားတွင် အလေးထားဆက်ဆံစရာ မလိုသလို လုပ်ပြသွားကြောင်း တွေ့ရခြင်းလည်း ဖြစ်သည်။
ကြွက်မင်းဇာတ်လမ်းကို ရှင်းပြသည့်အခါ သမ္မတ ပူတင်ကို ကြွက်ဟု ရည်ရွယ်ပြီး ပြောရဲသည်ကို အံ့ဩမိသည်။ “ကြွက်” ဆိုသည်မှာ စစ်တပ်တွင်း ခိုးဝှက်ဖြတ်တောက် စားသောက်သူများကို ရည်ညွှန်း ပြောတတ်သည့် စကားလည်းဖြစ်သဖြင့် နားထောင်ရင်း ပြုံးမိပါသည်။

ဗျာဒိတ်တော်အရ သမ္မတ ပူတင်ကို ရည်ညွှန်းပြီး ရုရှားလူမျိုးများ၏ ဧကရာဇ်မင်း ဖြစ်လာလိမ့်မည်၊ ပါပမင်း (မင်းဆိုးမင်းညစ်) လက်ထက် သိုးဆောင်းလူမျိုး ၁၂ မျိုးတွင် ရုရှားလူမျိုး၏ ဧကရာဇ်မင်း ဖြစ်လာလိမ့်မည်ဟု ပြောသည်။ လက်နက်အရာတွင် တဖက်ကမ်းခပ်တတ်ပြီး အတုမရှိသည့် လက်နက်ဝိဇ္ဇာဧကရာဇ်ဖြစ်မည်၊ မြန်မာ ဘုရင်မင်းမြတ်တို့နှင့် ချစ်ကြည်ရင်းနှီးသည့် မဟာမိတ်များ ဖြစ်လာမည်ဟု ရှင်းပြပြန်သည်။
သမ္မတ ပူတင်ကို နိုင်ငံ့ခေါင်းဆောင်ဘုရင်ဟုဆိုကာ တင်စားပြောဆိုသလို သူ့ကိုယ်သူလည်း “မြန်မာဘုရင်” ဆိုသည့်သဘော ပြောခြင်းဖြစ်သည်။ ဉာဏ်နည်းသည့် စစ်ခေါင်းဆောင်သည် နေရာတကာတွင် သူ ယုံကြည်သည့် ဘာသာနှင့် လိုက်တိုင်းပြီး ခမ်းနားကြောင်း အဆင်အခြင်မဲ့ သက်သေပြကာ ဖားချင်သည့်စိတ်ကို တွေ့ရသည်။
သမ္မတ ပူတင်ကို နိုင်ငံ့ခေါင်းဆောင်ဘုရင်ဟုဆိုကာ တင်စားပြောဆိုသလို သူ့ကိုယ်သူလည်း “မြန်မာဘုရင်” ဆိုသည့်သဘော ပြောခြင်းဖြစ်သည်။ ဉာဏ်နည်းသည့် စစ်ခေါင်းဆောင်သည် နေရာတကာတွင် သူ ယုံကြည်သည့် ဘာသာနှင့် လိုက်တိုင်းပြီး ခမ်းနားကြောင်း အဆင်အခြင်မဲ့ သက်သေပြကာ ဖားချင်သည့်စိတ်ကို တွေ့ရသည်။
ထို့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုဗီယက်နှင့် ရုရှားကိုရောထွေးပြီး သမိုင်းနှင့်ချီကာ ချီးကျူးပြောဆို အမွှမ်းတင်လေသည်။ သို့သော် ဆိုဗီယက်ပြိုကွဲမှုကို ရှောင်ကွင်း ပြောဆိုသွားခဲ့သည်။
နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ်နိုင်ငံသားများ၏ အချုပ်အခြာအာဏာနှင့် ကိုယ့်နိုင်ငံ အကျိုးစီးပွား လုံခြုံရေးအပေါ် ထိပါးလာလျှင် ကာကွယ်ရန် အပြည့်အဝရှိကြောင်း၊ ရုရှားနိုင်ငံ၏ နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားအောင် လုပ်သူများအပေါ် တုံ့ပြန်သည့် အထူးစစ်ဆင်ရေးများကို အပြည့်အဝ နားလည်ကြောင်း မစ္စတာ ပူတင်၏ ခိုင်မာပြတ်သားသည့် ခေါင်းဆောင်မှုအောက်တွင် မုချ အောင်မြင်မည်ဟု ပြောလိုကြောင်း၊ “မြန်မာ စကားပုံရှိပါတယ် တရားသောစစ် အောင်ရမည်၊ ကျနော်တို့နိုင်ငံလည်း ဒီအတိုင်းပါပဲ” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
“စီနီယာပါလျှင် သေရွာလိုက်ရဲတယ်” ဆိုသည့် စစ်တပ်အတွင်းက ဆိုရိုးစကားကို သတိရမိသည်။ ထိုစကားအတိုင်း မစ္စတာ ပူတင်ကသာ ခေါ်မည်ဆိုပါက သေရွာအထိလိုက်မည့် ဂျူနီယာ အာဏာရှင် အပုလေးကို ရုရှားခရီးစဉ်တွင် တွေ့လိုက်ရလေသည်။
အမှန်က တရားသောစစ် အောင်ရမည်ဆိုသည်မှာ စကားပုံ မဟုတ်ဘဲ ဆိုရိုးစကားသာ ဖြစ်သည်။ စကားပုံလား၊ ဆိုရိုးစကားလား ခွဲမသိဘဲ အတင်း အမွှမ်းတင်နေသည်ကို တွေ့ရသည်။ (“တ” နှင့် စသည့် စကားပုံ ၂၂ ခုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောသည့် စကားပုံကို ရှာမတွေ့ခဲ့ပေ။)
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဆက်ပြီးပြောသည်မှာ မြန်မာတွင် နယ်ချဲ့ရန်ကစပြီး ပြည်တွင်း ပြည်ပ အဖျက်သမားရန်ကိုလည်း အများကြီး တွန်းလှန်တိုက်ခိုက်ခဲ့ရကြောင်း၊ တိုင်းပြည်ကောင်းအောင်၊ တိုင်းသူပြည်သားတွေ ကြီးပွားတိုးတက်အောင် လုပ်ဆောင်နေရသည်မှာ တရားသည့်နည်းလမ်းဖြစ်ကြောင်း ပြောဆိုသည်။
ပြည်သူများကို ဒုက္ခပင်လယ်ဝေအောင် လုပ်ထားသည့် စစ်ခေါင်းဆောင်က သူ့ကိုယ်သူ ပန်းနုသွေး လုပ်သွားခြင်းဟု မြင်မိသည်။ ပြည်တွင်း၌ အခက်အခဲ အများကြီး ကြုံရကြောင်း ဝန်ခံခဲ့သည်။ ထို့နောက် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံ၏ အားပေးကူညီ ထောက်ခံမှုများကြောင့် နိုင်ငံတကာတွင် ရင်ဆိုင်နိုင်ခြင်းဖြစ်ကြောင်း၊ တရားသောစစ် အောင်ရမည်ဟု ထပ်ပြောခဲ့သေး၏။
တွေ့ဆုံမှုကို အကျဉ်းချုပ်ကြည့်ပါက စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်ကို အမွှမ်းတင် မြှောက်ပင့်ဖားယားခဲ့ပြီး သူကြုံနေရသည့် အခက်အခဲများကို ရုရှားကပါ ဝိုင်းပြီး ဖြေရှင်းပေးပါဟု တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“စီနီယာပါလျှင် သေရွာလိုက်ရဲတယ်” ဆိုသည့် စစ်တပ်အတွင်းက ဆိုရိုးစကားကို သတိရမိသည်။ ထိုစကားအတိုင်း မစ္စတာ ပူတင်ကသာ ခေါ်မည်ဆိုပါက သေရွာအထိလိုက်မည့် ဂျူနီယာ အာဏာရှင် အပုလေးကို ရုရှားခရီးစဉ်တွင် တွေ့လိုက်ရလေသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ရုရှားသမ္မတပူတင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံ (ရုပ်/သံ)
မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်
ရုရှားမှာ နားလည်မှုစာချွန်လွှာများသာ မြန်မာစစ်ခေါင်းဆောင် လက်မှတ်ထိုးနိုင်
ရုရှား- မြန်မာ သဘောတူညီချက် ၁၀ ခုလက်မှတ်ရေးထိုး
သမ္မတ ပူတင်ကို ဗျာဒိတ်တော်လာ မဟာမိတ်လို့ စစ်ခေါင်းဆောင်ပြော (ရုပ်/သံ)