နိုင်ငံတကာရဲ့ အသိအမှတ် ပြုမှုကို ငတ်မွတ်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကို ခံထားရတဲ့ ရုရှားသမ္မတပူတင်က စက်တာဘာ ၇ ရက် (ဒီကနေ့မှာ) လက်ခံတွေ့ဆုံခဲ့ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ရယူပြီးချိန်ကနေ ယနေ့ချိန်ထိ ရုရှားနိုင်ငံကို ၁၀ ကြိမ်ထက်မနည်း သွားရောက်ခဲ့တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ရုရှားသမ္မတပူတင်က ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အခု ခရီးစဉ်မှာ နျူကလီးယားစွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာချွန်လွှာကို မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် အဏု မြူကော်ပိုရေးရှင်း တို့အကြား စက်တင်ဘာ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
အကျိုးစီးပွားကိုသာ ရှေ့တန်းတင်တဲ့ ရုရှားသမ္မတပူတင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အိမ်မက် တွေကို အမှန်တကယ် ဖြည့်ဆည်းပေးပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတကာအရေး လေ့လာစောင့် ကြည့်သူတွေက သံသယ ရှိနေကြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup